အရင်ပါလီမန်ခေတ်နဲ့ ယနေ့ခေတ်ကွာတာက အခုခေတ်မှာ လူထုလူတန်းစားကိုယ်စားပြု
အဖွဲ့အစည်းကြီးတွေ၊ သမဂ္ဂတွေ ပြောပလောက်အောင် မရှိတာပဲ။
အရပ်ဘက်လူ့အဖွဲ့အစည်း ရယ်လို့ ခြုံငုံရောကျိတ်ထားတဲ့
အန်ဂျီအိုတွေ၊ အရေးကိစ္စတစ်ခုထဲအတွက်ပဲ ဖွဲ့စည်းဝန်းရံထားတဲ့
မဟာမိတ်အဖွဲ့တွေပဲ များနေတယ်။ နောက်ပြီး ငွေကြေးအထောက်အပံ့ပေးထားတဲ့
အလှူရှင်တွေကလဲ လစ်ဘရယ် အနောက်အုပ်စုနိုင်ငံတွေပဲ ဖြစ်နေတော့
တစ်လေထဲထွက်တဲ့ အသံ၊ တစ်ခေါင်းထဲကထွက်တဲ့ ဉာဏ်တွေပဲ ဖြစ်နေတယ်။
လက်ဝဲသမဂ္ဂတွေက တော်လှန်ရေးပဲ ခေါ်မှာလို့တော့ မပြောနဲ့။
ဒီမိုကရေစီနိုင်ငံတွေမှာလဲ လူထုအဖွဲ့ကြီးတွေ ရှိတယ်။
စကင်ဒီနေးဗီးယားနိုင်ငံတွေမှာဆို သမဂ္ဂတွေဟာ အုပ်ချုပ်မှုဖွဲ့စည်းပုံ
အဆင့်ဆင့်မှာ နေရာယူထားတယ်။ အစိုးရရော အတိုက်အခံပါ မိမိတို့မှာရှိတဲ့
ကိုယ်စားပြုမှုပြဿနာကို ရှင်းချင်ရင် လူထုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို
တရားဝင် အသိအမှတ်ပြုပြီး သူတို့အဖွဲ့အစည်းတွင်း ဒီမိုကရေစီနည်းကျ
ရွေးကောက်တင်မြှောက်မှုတွေ ပေါ်ပေါက်လာအောင် အားပေးရမယ်။
အာဏာရအသိုင်းအဝိုင်းနဲ့ပဲ လုံးပြီး ဟိုဘက်လိုလိ၊ု ဒီဘက်လိုလို၊
လော်ဘီလိုလိုနဲ့ သွားနေရင်တော့ တစ်ဦးချင်းစီရဲ့ ပန်းတိုင်လဲပျောက်၊
အဖွဲ့အစည်းနဲ့ တိုင်းပြည်ရဲ့ အနာဂတ်လဲ ငါးပါးတင်မက သံဃာစင်ပါ မှောက်မှာပဲ။
အဲဒီကျမှ လူပြိန်းကြိုက်နိုင်ငံရေးနဲ့ မျိုးချစ်တွေကို အပြစ်မတင်ကြနဲ့တော့။
ကိုယ့်မှာက အိုင်ဒီအိုလိုဂျီကလဲ မပြတ်သား၊၊ လုပ်ငန်းစဉ်တွေကလဲ
ဝေဝါးနေတာမဟုတ်လား။ နောက်ဆုံးတော့ အမေရိကန်ဦးဆောင်နေသော ကမ္ဘာကြီးဟာ
ဒါပါပဲ။