Tuesday, November 21, 2017

အဖြေမရနိုင်သော လမ်းသုံးသွယ်



 ရခိုင်ပြည်အရေး (ဝါ) ဘင်္ဂါလီ/ရိုဟင်ဂျာအရေးကို ဖြေရှင်းရာမှာ (၁) သမိုင်းဆိုင်ရာ (၂) ဥပဒေကြောင်းဆိုင်ရာ (၃) ဘာသာရေးဆိုင်ရာ ချဉ်းကပ်မှု သုံးမျိုးလုံး ရလဒ်တစ်စုံတစ်ရာ ပေးနိုင်မယ် မထင်ပါဘူး။

ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ်ဆိုသလိုပဲ ရခိုင်သမိုင်းကို ဆွေးနွေးကြတဲ့အခါမှာလဲ အကျယ်ကျယ်မငြိမ်းဖွယ် ဖြစ်လာဖို့သာရှိတယ်။ သမိုင်းဆိုတာက ပြတ်ပြတ်သားသား အဖြေမပေးနိုင်ဘဲ လမ်းဆုံးမှာ မတိုး မဆုတ်သာ ဖြစ်စေတဲ့သဘောရှိတယ်။

ဥပဒေကြောင်းအရ သေသေချာချာ စကားပြောကြမယ်ဆိုရင် ဘယ်အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့မှ အမှန်တကယ် အံမဝင်ကြောင်း တွေ့ရလိမ့်မယ်။ 

ဘာသာရေးအရ ပြောမယ်ဆိုရင် ဘာသာတရားတိုင်းမှာ ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ပါ ဒွန်တွဲ ရှိစမြဲပဲ။ လူ့ရဲ့ လောဘ ဒေါသတွေကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေအတွက် ယဉ်ကျေးမှုတစ်ခုလုံး၊ ကိုးကွယ်မှုတစ်ရပ်လုံးအပေါ် သိမ်းကြုံး အပြစ်ရှာတာမျိုးက မလုပ်သင့်ဘူး။ တစ်ဖက်မှာ ဒီလိုမလုပ်သင့်ဘူးထင်ရင် တခြားတစ်ဖက်မှာလဲ ဆင်ခြင်ကြဖို့လိုတယ်။

Sunday, November 19, 2017

မြန်မာနိုင်ငံသားများဟာ အရူးတွေမဟုတ်

လွန်ခဲ့တဲ့ရက်ပိုင်းက မိတ်ဆွေတစ်ယောက်က ကျွန်တော် သူ့ကို ပြောလိုက်တဲ့ စကားတစ်ခွန်းကို မကျေနပ်လို့ "ကျွန်တော်က အရူးမဟုတ်ဘူးဗျ။"လို့ တုံ့ပြန်ပါတယ်။ ပြောဖြစ်တဲ့ အကြောင်းအရာကလဲ အခုအချိန်ထိ အတော်လေး ပူပူနွေးနွေးဖြစ်နေဆဲ ရခိုင်အရေး (ဝါ) ဘင်္ဂါလီ/ရိုဟင်ဂျာအရေး ဖြစ်ပါတယ်။ သူနဲ့ သဘောတူတာ မတူတာ ခဏထားလို့ သူပြောလိုက်တဲ့စကားနဲ့ ဆက်စပ်ပြီး ကျွန်တော့်ခေါင်းထဲ ဖြတ်ခနဲ ဝင်လာတဲ့ အတွေးတစ်ခု ရှိတယ်။ အဲဒါကတော့ "မြန်မာနိုင်ငံသားများဟာ အရူးတွေမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးဟာ မောဟဖုံးလွှမ်းနေတဲ့ ဥာဏ်ထုံထိုင်းတွေမဟုတ်ဘူး" ဆိုတာပဲ။ 

လူခြောက်သိန်းလောက် ဒုက္ခပင်လယ်ဝေနေတာကို မသနားရကောင်းလားဆိုပြီး ကျွန်တော်တို့ကို ကမာ့္ဘနိုင်ငံအမြောက်အမြားက ပြစ်ချက်ပေါင်းစုံနဲ့ စွပ်စွဲနေတဲ့အပြင် လူမျိုးရေးခွဲခြားသူတွေ၊ ရက်စက်သတ်ဖြတ်မှုကို အားပေးတဲ့ ဖျက်စီးရေးသမား ဗုဒ္ဓဘာသာမျက်ကန်းမျိုးချစ်များအဖြစ် သရုပ်ဖော်လျက်ရှိပါတယ်။ သူတို့ကသာ အကြမ်းဖက်သမားတချို့ လုပ်ရပ်ကြာင့် သူတို့သနားတဲ့သူတွေကို လူမျိုးနဲ့ချီပြီး တစ်အုပ်လုံး မနှိပ်ကွပ်ဖို့ ပြောနေပေမယ့် ကိုယ်တွေကိုကျတော့ ကိုးကွယ်တဲ့ဘာသာအပါအဝင် တစ်နိုင်ငံလုံးကို လူဆိုးလူယုတ်မာဖြစ်အောင် သိမ်းကြုံးပြီး သားပုတ်လေလွင့် လုပ်နေကြတာပဲ။

အပြောခံရတဲ့အထဲမှာ တိုင်းပြည်ခေါင်းဆောင်တွေကအစ၊ သတင်းစာဆရာများ၊ ကာတွန်းဆရာများအလယ် ဘုန်းကြီးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများပါ မကျန်ဘူး။ အများညီရင် ဤကို ကျွဲဖတ်တယ်ဆိုတာ ဒီလိုပါလားဆိုတာ အခုမှ မျက်မြင်ကြုံတွေ့ရတယ်။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်ဆိုတဲ့ မြန်မာဆိုရိုးစကားဟာလဲ ဒီအရေးမှာ လွဲနေဟန်တူတယ်။

ဗုဒ္ဓဘာသာတို့၊ အမျိုးသားရေးဝါဒ အစွန်းရောက် မရောက်တို့ကို မစဉ်းစားနဲ့ဦး။ မဟုတ်တမ်းတရားတွေ ကြားလာရင် ခံပြင်းတတ်တာ၊ မနှစ်မြို့တာ လူ့သဘာဝ ဖြစ်ပါတယ်။ အဲဒါဟာ လူသားရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်က ပေါက်ဖွားလာတဲ့ ဇာတိစိတ်သာ ဖြစ်တယ်။အချို့သော အကြောင်းခြင်းရာများမှာ ဖြစ်ရပ်မှန်ဟာ တစ်မျိုးသာရှိနိုင်တဲ့အတွက် မဟုတ်ရင် မခံချင်တဲ့စိတ်ဓာတ်နဲ့ တုံ့ပြန်ကြတာ အများကြီးပါတယ်။ မုသားကို ရွံ့မုန်းကြသူတွေထဲမှာ မြန်မာဟာ ခြွင်းချက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။

စစ်အာဏာရှင်အဆက်ဆက်ရဲ့ ရာစုဝက်လောက် လှည့်ဖြားအုပ်ချုပ်မှုအမျိုးမျိုးကို ယဉ်ပါးပြီးသား လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီအစိုးရခေတ်မှာမှ မောဟတိမ်သလ္လာတွေကြောင့် ထုံထိုင်း မိုက်မဲသွားရတယ်လို့ ထင်ကြရင်တော့ အဲဒီလို ထင်သူတွေဟာ ကျွန်တော်တို့ရဲ့ အသိဥာဏ်အဆင့်အတန်းကို သိပ်စော်ကားလွန်းရာကျနေပြီလို့ပဲ ပြောပါရစေ။ အထူးသဖြင့် မြန်မာလူငယ်တွေကို တဒင်္ဂ ထင်ပေါ်ကျော်ကြားမှုနောက်ကိုမလိုက်ဘဲ အစစ်အမှန် အနှစ်သာရရှိသူများဖြစ်အောင် ကြိုးစားစေချင်တယ်။

မြန်မာနိုင်ငံသားများဟာ အရူးတွေမဟုတ်ဘူးဗျ။

Thursday, October 26, 2017

သမီးလေး ရှင်လင်းဦး (၂) နှစ်ကျော်က ရိုက်ထားတဲ့ ဗွီဒီယို (၂၇ နိုဝင်ဘာ ၂၀၁၄)


Wednesday, October 18, 2017

Francis Wade ရဲ့ Myanmar's Enemy Within စာအုပ်ကိုလဲ ဖတ်နေတာ တစ်ဝက်ကျိုးနေပြီ။ မြန်မာနိုင်ငံအကြောင်းရေးတဲ့ တခြားစာအုပ်အများစုနဲ့ ယှဉ်ရင် မျှမျှတတရှိပြီး သေသေချာချာ သုတေသနလုပ်ထားတဲ့ စာအုပ်ဖြစ်တယ်။ စာအုပ်သုံးသပ်ချက် အပြည့်အစုံကို ရေးချင်ပေမယ့် အချိန်မရဘူး။ သို့သော် ဖတ်ပြီးသလောက်မှာ ဘဝင်မကျတာ သုံး၊ လေးချက်တော့ရှိတယ်။ စာရေးဖို့ အပျင်း နည်းနည်းထူတာနဲ့ လွယ်လင့်တကူပဲ ဒီလို အတိုချုပ် ရေးမယ်။

၁) ၂၀၁၂ ခုနှစ် တောင်ကုပ်မှာ မွတ်စလင်ခရီးသည်တွေ အသတ်ခံရပြီးနောက် ရခိုင်မြောက်မှာ ဘင်္ဂါလီမွတ်စလင်တွေ ထသောင်းကျန်းတဲ့အကြောင်းကို စာတစ်ကြောင်းလောက်ပဲရေးတယ်။ ဒီလိုဖြစ်လာဖို့ ဘယ်လို လှုံ့ဆော် တိုက်တွန်းမှုတွေ ရှိခဲ့တယ်ဆိုတာ မစူးစမ်းထားဘူး။ နာဇီရွာကို ရခိုင်တွေက တိုက်ခိုက်တဲ့ အကြောင်းကိုတော့ ပူးပေါင်းကြံစည်မှု သရုပ်ပေါ်အောင် တဖွဲ့တနွဲ့ရေးတယ်။

၂) သူ့စာအုပ်ထဲမှာ လှလှ ဆိုတဲ့ အမျိုးသမီးဟာ မှတ်ပုံတင် မရမှာစိုးလို့ မွန်လူမျိုးဖြစ်ရက်နဲ့ ဗမာလို့ လဝက ကို ညာခဲ့တယ်လို့ဆိုတယ်။ ဒါဟာ ပြည့်စုံတဲ့ ဇာတ်လမ်းလို့မထင်ဘူး။

၃) ရခိုင်က နတလရွာတွေမှာ နေသူအားလုံးဟာ လျှော့ရက်ရ ရာဇဝတ်အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေချည်းပဲလို့ ထင်မြင်ရအောင် ရေးထားတယ်။ ချင်းပြည်နယ်က နတလ စာသင်ကျောင်းတွေကို ပုံဖော်ရာမှာလဲ ဗုဒ္ဓဘာသာကို မကောင်းပြောချင်တဲ့ သဘောနဲ့ ရေးတယ်။

၎) ၂၀၁၃ ထဲဖြစ်တဲ့ မွတ်စလင်ဘာသာဝင်တွေနဲ့ဖြစ်တဲ့ အဓိကရုဏ်းတွေမှာလဲ ဘက်တစ်ဖက်အကြောင်းကိုသာ တွေ့ရတယ်။ အတိုက်ခိုက်ခံ၊ အကျူးလွန်ခံရသူတွေလို့ ယူဆတာမို့ ကရုဏာသက်ပြီး ပိုနားထောင်သင့်တယ်လို့ ယူဆဟန်တူတယ်။ ဒါပေမဲ့ သူဆောက်ချင်တဲ့ ပဓာနစောဒနာကလဲ ရှိနေတော့ ဇာတ်လမ်းတစ်ခြမ်းကို ဘာကြောင့် အပင်ပန်းခံမရှာသလဲ ဆိုတာကိုလဲ နားလည်လို့ရတယ်။

စာအုပ်ရဲ့ ခေါင်းစဉ်ငယ်ကိုက Buddhist Violence and the Making of a Muslim 'Other' ဖြစ်ပါတယ်။
အခုတလော ဒေါက်တာမောင်မောင်ရဲ့ The 1988 Uprising in Myanmar စာအုပ်ကို ပြီးအောင် ဖတ်ဖြစ်တယ်။ ဖတ်နေတုန်း ရခိုင်အရေးဖြစ်နေတာနဲ့ ကြုံကြိုက်တဲ့အတွက် အစိုးရတစ်ရပ်အနေနဲ့ ပြည်တွင်းပြည်ပ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ရတဲ့အချိန်မှာ elite collective action ဘယ်လိုပေါ်ပေါက်တယ်၊ မပေါ်ပေါက်ဘူးဆိုတာ သတိထားပြီး လေ့လာကြည့်တယ်။ စိတ်ဝင်စားစရာတွေ တွေ့ရတယ်။ စဉ်းစားစရာအချက်တွေ အများကြီး ရတယ်။

သူလိုရာ သူဆွဲရေးတဲ့ သူ့အကြောင်း၊ သူ့ဇာတ်လမ်း (His Story) လို့ ခပ်လွယ်လွယ် ပယ်ချင်ရင်လဲ ရပါတယ်။ တခြားသူတွေရဲ့ အထုပ္ပတ္တိတွေထဲ ပြန်ပေါ်တဲ့ ဒေါက်တာမောင်မောင် ထိန်ချန်ထားခဲ့တဲ့ အကွက်တွေ ရှိနေတာလဲ အမှန်ပါ။ ဒါပေမဲ့ ဒီစာအုပ်ကို တခြားတစ်နည်း ဖတ်ပြီး သင်ခန်းစာယူ၊ ဆက်တွေးလို့ရတဲ့ ရှုထောင့်တွေလဲ ရှိနေတယ်။

Tuesday, October 17, 2017

Many books on Burma (politics, society, religion, conflicts, gender, ad nauseum) have been produced in English since the political opening. These have been read and reviewed in English only among English-speaking crowds who share more or less similar worldviews and group think.

Perhaps, some curious Burmese would buy a copy from Pansodan bookshops but might never manage to read in its entirety, let alone analyze it. A few may even be delighted to find their life stories in print in what is considered a universal language. Parts of academic or journalistic writings would eventually be translated in Burmese. Again, for the vast majority of people, the works are to be saved for possible reading later.

In the mean time, Burmese scholarship itself has become a rather marginalized movement. Of course, those educated Anglophone Burmese are writing and publishing stuff but to what extent their message is heard or representative? Hearing them doesn't necessarily follow 'getting' the Burmese right because the voice of the people who do not speak the language would have been lost -- in translation and interpretation. What complicates things further is the fact that outsiders study Burma with a wide range of different interests and motives. Being a multifaceted society frozen in time capsule, Burma is a place to confirm or refute any preconceived theories.

The political implication thus sometimes leads to the country and society being abused, harassed, and even insulted, just as it had once been indulged and pampered. Is there an equilibrium to get out of this? I do not know. Lots of good factors need to converge with some luck for that to happen.

Tuesday, October 10, 2017

ရန်ကုန်မြို့မှာ ၂၀၁၅ ခုနှစ်၊ မေလက လုပ်သွားတဲ့ ပါမောက္ခ ဖိလစ်၊ စီ၊ ရှမစ်တာ (Phillipe C. Schmitter) ရဲ့ 'အသွင်ကူးပြောင်းမှုပုံစံအမျိုးမျိုးနှင့် ၎င်းတို့၏ ပြဿနာများ' (Modes of Transition and Their Respective Problems) ဟောပြောပွဲရဲ့ ဗီဒီယိုဖိုင်ကလေးတွေကို အခုမှပဲ ကြည့်ဖြစ်တယ်။ ကိုယ်သိတဲ့ ဆရာကို ကိုယ်ထောင်ခဲ့တဲ့ အဖွဲ့က ဖိတ်ပြီး ပြောခိုင်းတဲ့ပွဲဖြစ်ပေမယ့် ပွဲစီစဉ်တဲ့အချိန်က နော်ဝေမှာ ရောက်နေလို့ မတက်နိုင်ခဲ့ဘူး။ နောက်ကျတော့လဲ မအားတာရယ်၊ ဗီဒီယိုထဲပါတဲ့ တချို့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရဲ့ မျက်နှာကို မကြည့်ချင်တာရယ်ကြောင့် တော်တော်နဲ့ ကြည့်ဖြစ်တဲ့ဆီ မရောက်ခဲ့ဘူး။

ရှမစ်တာ ဟာ အသွင်ကူးပြောင်းမှုသီအိုရီဘက်မှာ နာမည်ကျော်သလောက် သူ့ရဲ့ ဟောပြောမှုကလဲ ရှင်းလင်းပြီး စနစ်ကျတယ်။ သူခွဲခြားပြတဲ့ အသွင်ကူးပြောင်းမှုပုံစံ လေးမျိုးအနက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ စည်းကြပ်ကူးပြောင်းမှုပုံစံ (imposed transition) လို့ ရှမစ်တာ က သုံးသပ်တယ်။ ပုံစံလေးမျိုးဟာ စံပြုအမျိုးအစားတွေ (ideal-types) သာဖြစ်ကြောင်းလဲ စကားခံထားတယ်။

ဒါပေမဲ့ imposed transition ကို ဖွင့်ဆိုရာမှာ သွေးထွက်သံယိုဖြစ်မှု (violence) ပါတဲ့ အထက်တန်းလွှာ (elites) ဦးဆောင်တဲ့ပုံစံလို့ ပြောတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နည်းနည်းတော့ အံမဝင်ဘဲ ဖြစ်နေတယ်လို့ ပြောရမယ်။ ၂၀၁၀ နီးကပ်လာတာနဲ့အမျှ အဲဒီတုန်းက စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဒီမိုကရေစီအတိုက်အခံတစ်ရပ်လုံးရဲ့ အင်အားဟာ ညီမှ မညီမျှတော့ပဲ။ အတိုက်အခံက စစ်အစိုးရဘက်ကို ခြစ်ရာကလေးတောင် ထင်အောင် မလုပ်နိုင်တော့သလို အစိုးရဘက်ကလဲ သူ့လမ်းပြမြေပုံ အဆုံးပိုင်းရောက်နေပြီမို့ တိုင်းရင်းသားလက်နက်ကိုင်အများစုကိုတောင် ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပဲ ရှိတော့တယ်။ ကချင်မှာတော့ အတန်အသင့် impose လုပ်တယ်ပေါ့လေ။

နဂိုကမှ အင်အားမမျှတဲ့အခါကျတော့ ပဋိဥာဉ်ကူးပြောင်းမှုပုံစံ (pacted transition) လဲ မဖြစ်နိုင်တော့ဘူး။ ပြန်လည်တည်ဆောက်ရေး နည်းလမ်း (reconstructive techniques) ကိုသုံးတဲ့ တတိယအုပ်စု (third force) ကတော့ ပဋိဥာဉ် (pact) ဖြစ်ဖို့ကို မျှော်တယ်။ ဒါကြောင့်လဲ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေါင်းမာဂိုဏ်း (hardliners)၊ ခေါင်းပျော့ဂိုဏ်း (softliner) သဘောတရားကို အယောင်ပြပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို တရားဝင်လာအောင် လုပ်လို့ရသွားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း (agency) အနေနဲ့ အခန်းကဏ္ဍကလဲ ကြီးမားတယ်။ သူသာမရှိခဲ့ရင် ဒီအသွင်ကူးပြောင်းမှုတစ်ခုလုံးဟာလဲ ဒီပုံစံ ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုကျပြန်တော့လဲ သူနဲ့ ဗိုလ်ချုပ်ကြီးတွေ ဘာပြောလို့ ဘာလုပ်ခဲ့မှန်း မသိရတာကိုက မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုရဲ့ တစ်ဒုက္ခဖြစ်နေတယ်။ ပဋိဥာဉ်ကူးပြောင်းမှုပုံစံ မရှိခဲ့ဘူး။ မဖြစ်သေးဘူးလို့ အကြမ်းအားဖြင့် ယူဆလို့ရနိုင်ပေမယ့် ဖြစ်လာရင်ရော တိုင်းပြည်အတွက်၊ ဒီမိုကရေစီအရေးအတွက် အကျိုးရှိပါ့မလားလို့ စဉ်းစားစရာရှိတယ်။

သီအိုရီရှုထောင့်က ရှမစ်တာ ထောက်ပြသွားတာမှာလဲ နိုင်ငံရေးသမားတွေဟာ ပဋိဥာဉ်ကို သိပ်ကြိုက်တယ်။ (Politicians like it too much!) အာဏာခွဲဝေတဲ့ အစီအမံဟာအပြင်လူ ဘယ်သူမှ ဝင်လို့မရတော့တဲ့ အနေအထားမျိုးဖြစ်လာတဲ့အခါ ငွေရှင်ကြေးရှင်လူတစ်စုက ကြီးစိုးအုပ်ချုပ်တဲ့ အော်လီဂါခီ (oligarchy) ဖြစ်သွားတတ်တယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုတော့ ideal-types တွေဖြစ်တဲ့ imposed transition အနေနဲ့ ကျွန်တော်မမြင်သလို pacted transition လို့လဲ မထင်ဘူး။ စပ်ကြားအစိုးရ (hybrid regime) လို့ ပြောဖို့ရာကလဲ အသွင်ကူးပြောင်းရေးဘောင် (transition paradigm) ထဲက မထွက်နိုင်ဘူးဖြစ်နေမယ်။ ဒါဆိုရင် တောမတ်စ်၊ ကာရိုးသားစ် (Thomas Carothers) ပြောသလို အဖြူမဟုတ် အမည်းမဟုတ် ထာဝရစပ်ကူးမတ်ကူးကာလ မီးခိုးရောင်ဇုံ (grey zone) အတွင်းက မထွက်နိုင်ရင်လဲ မဖြစ်သေးဘူး။ လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ ရှိထားပြီးသားပုံစံ ဘယ်တစ်ခုနောက်ကိုမှ မလိုက်ဘဲ လေးကွက်ဇယားအလည်မှာ ရှမစ်တာ ဆွဲပြတဲ့ တွင်းမည်းကြီး (Black Hole) ထဲကိုသာ တဖြည်းဖြည်း မြောပါ နစ်မြုပ်နေပြီလို့ ယူဆရဖွယ် ရှိပါတယ်။

Saturday, October 7, 2017

ငြိမ်းချမ်းရေးကမ်းလှမ်းမှုလား။ အကျပ်ကိုင်ခြိမ်းခြောက်မှုလား။

ARSA က သူတို့အနေနဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့ ရက်ကုန်တော့မယ်ဆိုတာရယ်၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးချင်တယ်လို့ ပြောတာရယ်ကို နိုင်ငံတကာမီဒီယာတွေက ဒီနေ့ သတင်းထုတ်လွှင့်သွားတယ်။ ဒါဟာ ခပ်ပါးပါးအုပ်ထားတဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှု (blackmail) ဆိုတာ မျက်ခြေမပြတ်ကြဖို့ လိုပါတယ်။
အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ARSA ကျူးလွန်ထားတဲ့ အလွန်ကြီးမားတဲ့ သွေးထွက်သံယို လုပ်ရပ်တွေ ရှိနေရက်နဲ့တောင် အနောက်နိုင်ငံအစိုးရတွေ၊ အသင်းအဖွဲ့တွေနဲ့ သတင်းဌာနကြီးတွေက ပြစ်တင်ရှုတ်ချမှု မပြုတဲ့အပြင် မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ/ဘင်္ဂါလီအရေးကို လိုက်လျောပေးဖို့ တောင်းဆိုနေတာဟာ သဘောရိုး မဟုတ်ဘူး။

အနောက်နိုင်ငံကြီးတွေဟာ 'မင်းတို့ ဒီကိစ္စကို ဖြေရှင်းမပေးရင် ရိုဟင်ဂျာ/ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ပုန်ကုန်ထကြွမှုတွေ ထပ်ဖြစ်လာမယ်၊ ဆက်ဖြစ်လာမယ်' စသဖြင့် နိမိတ်ပြစကားတွေကိုပဲ တတွင်တွင်ပြောနေပြီး အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကနေ မြန်မာနိုင်ငံကို ကာကွယ်ရေးအတွက်တော့ ဘာတစ်ခုမှ မကူညီပါဘူး။ မီးလောင်ရာ လေပင့်သာ လုပ်တယ်။ နောက်တစ်ချက်က 'တို့ပြောတဲ့အတိုင်း မင်းတို့မလုပ်ရင် နောက်ထပ် ဒီထက်ကြီးမားတဲ့ နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်ရမယ်။ မင်းတို့ဘာသာ တာဝန်ယူရမယ်။' ဆိုပြီး သတိပေးနေတဲ့ သဘောမျိုးလဲ ဖြစ်တယ်။

ဒါကြောင့် ARSA ရဲ့ ကြေညာချက် နဲ့ ကမာ့္ဘ့မီဒီယာတွေရဲ့ ဒီသတင်းကို တင်ဆက်ပုံဟာ ငြိမ်းချမ်းရေးကမ်းလှမ်းမှုလား။ အကျပ်ကိုင်ခြိမ်းခြောက်မှုလား စေ့စေ့တွေးရင် ရေးရေးမက ပေါ်နိုင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကိုလဲ သစ်ပင်တစ်ပင်ချင်းပဲ မြင်ပြီး တောအုပ်ကို မမြင်တာမျိုး မအကြစေချင်ဘူး။

Tuesday, October 3, 2017

The ability of Burmese society to think critically and make quality arguments and counter-arguments is creduously deficient.

The self-styled liberal camp mainly driven by western funders' agenda would just vomit any monkey meat being fed to them and ape any rhetorics or actions of the benefactors. The dogmatic nationalist groups, on the other hand, would gleefully and insensitively take part in low and resentful speech and assaults, often to their own detriment.

The result is that Burma's antagonists (including some of our regional neighbors) think we are stupid or blindfolded and that they could manipulate what they want. Those external contenders have become emboldened due to the lack of nuanced and worthy discussion in Burmese media and public forum. 

Burmese intellectuals can also be found at the two extremes. Living abroad, some are only using the country's woes and challenges for their own intellectual masturbation. Others do not live up to the level of producing balanced and truthful analyses.

Thursday, September 21, 2017

မစင်ကနေ သောက်သုံးလို့ရတဲ့ရေအဖြစ် ပြောင်းလို့ရပြီဆိုတာကို သင်သိပါသလား။
မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်စ်ရဲ့ ဂိတ်စ်ဖောင်ဒေးရှင်းဟာ ကမ္ဘာ့ကျန်းမာရေးသုတေသန လုပ်ငန်းတွေအတွက်ဒေါ်လာသန်းပေါင်းများစွာ စိုက်ထုတ် လှူဒါန်းလျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုရော သိပါသလား။

ဖောင်ဒေးရှင်းရဲ့နာမည်အပြည့်စုံက 'ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်း' လို့ခေါ်ပြီး ဘီလ် ဂိတ်စ်ရယ်၊သူ့ဇနီး မလင်ဒါ ဂိတ်စ်ရယ်၊ သန်းကြွယ်သူဌေးကြီး ဝါရင် ဘတ်ဖက် တို့ သုံးဦးက ရှယ်ယာဝင်လူကြီးများအဖြစ် ပါဝင်ကြပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေးသုတေသနကို စိတ်ဝင်စားတာ မဆန်းဘူးဆိုနိုင်ပေမယ့် ဘီလ်ရဲ့ တီထွင်ခိုင်းတဲ့ တချို့နည်းပညာတွေကတော့ ထူးဆန်းပါတယ်။

၂၀၁၅ ခုနှစ်မှာ ဘီလ် ဂိတ်စ်ဟာ သူတီထွင်ခိုင်းခဲ့တဲ့ မစင်ကနေ သောက်ရေအဖြစ်ပြောင်းပေးတဲ့ စက်ကနေ ထွက်လာတဲ့ရေကို ကိုယ်တိုင် သောက်ပြခဲ့ပါတယ် (ပုံ ၁)။ နောက်ပြီး အိမ်သာစိန်ခေါ်ပွဲ ဆိုတဲ့ ဒေါ်လာ တစ်သိန်းဆုပေးတဲ့ ပြိုင်ပွဲတစ်ခု လုပ်တယ်။ အဲဒီပွဲမှာ အိမ်သာကနေပြီး မိသားစုတစ်စုစာ လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင်ထုတ်ပေးနိုင်တဲ့ ကာလီဖိုးနီးယား နည်းပညာတက္ကသိုလ်အသင်းရဲ့ အိမ်သာဒီဇိုင်း (ပုံ ၂) က အနိုင်ရသွားတယ်။ တခြားပြိုင်ပွဲဝင်အသင်းတွေရဲ့ ဒီဇိုင်းအမျိုးမျိုးမှာလဲ ရေသန့်နဲ့ ဓာတ်သတ္တုတွေ ထွက်တဲ့ အိမ်သာတွေကို တွေ့ခဲ့ရတယ်။ ကွန်ဒုန်း တီထွင်ပြိုင်ပွဲကိုလဲ လုပ်ခဲ့ပါသေးတယ်။ ဒီလို ဆန်းဆန်းပြားပြား နည်းပညာတွေကို တီထွင်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရဘူး။

လက်တွေ့မှာ မြင်တွေ့နေရတာကတော့ ဂိတ်စ်ဖောင်ဒေးရှင်းဟာ ဆေးကုမ္ပဏီကြီးတွေ၊ ဆေးသုတေသနလုပ်ငန်းတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့ကို အကြီးအကျယ် ငွေကြေးထောက်ပံ့ပေးနေတာပဲ။ သူထောက်ပံ့တဲ့ အဖွဲ့တွေ၊ ကုမ္ပဏီတွေမှာလဲ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ ကိုယ်စားလှယ်ရုံးခန်းတွေ ထားရှိပြီး သုတေသနလုပ်ငန်းတွေကို အနီးကပ် စောင့်ကြည့်တယ်။ သူ့ဆီကပိုက်ဆံရတဲ့ ကုမ္ပဏီနဲ့ သုတေသနအဖွဲ့တွေက အာဖရိကတိုက်နဲ့ အာရှတိုက်မှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံက ဆင်းရဲသားလူတန်းစားတွေကို ဆေးဝါးအသစ်တွေ၊ ကာကွယ်ဆေးအသစ်တွေ စမ်းသပ်ဖို့အတွက် သုံးတယ်။ ဒီလိုစမ်းသပ်မှုမျိုးလုပ်ဖို့ ကာယကံရှင်တွေရဲ့ သဘောတူညီချက်လိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း ရပ်ရွာလူကြီးက စည်းရုံးလို့ ဘာမှန်းသေချာမသိဘဲ အစမ်းသတ်ခံသူတွေလဲရှိတယ်။ ဆေးသောက်တာ၊ ထိုးတာ အဆင်မပြေတဲ့အခါကျတော့ တရားရုံးတွေ ရောက်၊ ပြဿနာတွေတက်ကြတယ်။

မကြာသေးခင်ကတော့ ဖောင်ဒေးရှင်းကနေ 'ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ကျန်းမာရေးသုတေသန သိပ္ပံ' ဆိုပြီး ကျန်းမာရေးသုတေသန အဖွဲ့သစ်တစ်ခု ထပ်မံ တည်ထောင်လိုက်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးနယ်ပယ်မှာ ဘီလ် ဂိတ်စ်အနေနဲ့ ကြီးစိုးလွှမ်းမိုးဖို့ ကြိုးစားနေပြီလားလို့ ဝေဖန်သူတွေက သံသယရှိကြတယ်။ သူလျှောက်ထွင်ခိုင်းခဲ့တဲ့ နည်းပညာတွေကလဲ ဆင်းရဲတဲ့ လူ့အဖွဲ့အစည်းက လူမှုအခြေအနေတွေနဲ့ ဆီလျော်မှုမရှိဘူး။ အသုံးမဝင်ဘူးဆိုပြီး ထောက်ပြကြတယ်။

နည်းပညာဆိုလို့ ယေးလ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ မနုဿဗေဒပညာရှင် ဂျိမ်း စီ စကော့ ရေးထားတာလေးကိုလဲ သွားသတိရမိတယ်။ သိပ္ပံနဲ့နည်းပညာ အမျိုးမျိုး ဘယ်လိုပဲ တိုးတက်တယ်ဆိုစေ လူသားရဲ့ အရေးကြီးဆုံးတွေ့ရှိတဲ့ နည်းပညာကတော့ မီး ပါပဲ။ မီးကိုမွှေးပြီး ချက်ပြုတ် စားသောက်နိုင်လာတဲ့အချိန်ကစပြီး လူဟာ စားတဲ့ အစားအစာကနေ စွမ်းအင် ပိုထုတ်လုပ်နိုင်လာတယ်။ ဒါကြောင့် လူရဲ့အစာအိမ်ဟာကျုံ့သွားပြီး ဦးနှောက်က ပိုကြီးလာတယ်။ မီးဟာ ပတ်ဝန်းကျင်ကို ပိုမြင်လာအောင် အလင်းရောင်ပေးရုံသာမက သားကောင်တွေကို ရှင်းလင်း ခြောက်လှန့်လာနိုင်စေတယ်။ အာဖရိကတိုက် တောင်ပိုင်းက တချို့ဂူနံရံတွေရဲ့ ကျောက်လွှာအထပ်ထပ်မှာ ကျန်ခဲ့တဲ့ အရိုးစုတွေကို သုတေသီတွေ လေ့လာကြည့်တယ်။ မီးကို မတွေ့ရှိခင်အချိန်က ကျောက်လွှာတွေမှာ တခြားအသားစားသတ္တဝါတွေက စားထားတဲ့ လူရိုး အပိုင်းအစတွေကို တွေ့ရတယ်။ စားတဲ့အကောင်တွေရဲ့ အရိုးစုကတော့ အပြည့်တွေ့ရတယ်။ မီးကို အသုံးပြုတတ်ပြီးတဲ့ကာလမှာတော့ လူတွေရဲ့ အရိုးစုတွေက အပြည့်ရှိပြီး အသားစားသတ္တဝါတွေရဲ့ အရိုးကတော့ အကြွင်းအစလောက်ပဲ ကျန်တော့တယ်။ မီးမွှေးတဲ့နည်းပညာဟာ စားတာနဲ့ အစားခံရတာကို ခွဲခြားပေးလိုက်တာပါပဲ။

Wednesday, September 20, 2017

အပြည်ပြည်ဆိုင်ရာနိုင်ငံရေးမှာ ခေါင်းဆောင်တွေ ဘာကြောင့် လိမ်ကြသလဲ ဆိုတဲ့အကြောင်းကို ရှီကာဂိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျွန် ဂျေ မီယာရှိင်းမားက လေ့လာထားတာရှိတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ လိမ်လည်ကြတဲ့ အကြောင်းအရာကိုတော့ လေ့လာထားတာ မတွေ့ရသလောက်ပဲ။ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို လူသားချင်း စာနာပြီး ကရုဏာသက်တာကြောင့်လဲ ဖြစ်မယ်။ မိမိအိုးအိမ်နဲ့ နေရပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် မယုံသင်္ကာစိတ်ဖြစ်ရမှာကိုတောင် နိုင်ငံရေးအရ မမှန်ကန်ဘူးလို့သော်လည်းကောင်း၊ ကျင့်ဝတ်သိက္ခာနဲ့ မညီဘူးလို့သော်လည်းကောင်း ယူဆကြလို့ဖြစ်တယ်။

ဒါပေမဲ့ အခုဖြစ်နေတဲ့ ရခိုင်အရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးသွားတဲ့ ဒုက္ခသည်တချို့ရဲ့ စွပ်စွဲချက်တွေကို သေသေချာချာ လေ့လာပြီး မေးခွန်းထုတ်စရာဖြစ်လာတယ်။ လူတွေကို သတ်ပြီး အပိုင်းပိုင်း ဖြတ်တယ်၊ ကလေးတွေကို မီးပုံထဲ ပစ်ချတယ်၊ အုပ်စုလိုက် မုဒိန်းကျင့်တယ်ဆိုပြီး ပြောနေတာတွေမှာ အမှန်တရား ဘယ်လောက်ပါမလဲ၊ ချဲ့ကားတာ သို့မဟုတ် မမှန်မကန် လီဆည်တာ ဘယ်လောက်ပါမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး သူတို့ထင်တာကို လျှောက်ပြောတဲ့အထဲမှာ အမှားတွေ၊ ရှေ့နောက်မညီ အဆီအငေါ်မတည့်တာတွေ အများကြီးပဲ။

မီဒီယာနဲ့ ပညာရှင်အသိုင်းအဝိုင်းတချို့ကတော့ ဒါဟာ စာမတတ် ပေမတတ်၊ အဖိနှိပ်ခံ နင်းပြားတွေရဲ့ တော်လှန်မှု၊ အားနည်းသူတွေရဲ့ လက်နက်လို့ သုံးသပ်ကောင်း သုံးသပ်မယ်။ သို့သော် မျက်မှောက်ခေတ်ကမ္ဘာရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံကိုလဲ ထည့်စဉ်းစားဖို့ လိုလိမ့်မယ်။ ရိုဟင်ဂျာ/ဘင်္ဂါလီဒုက္ခသည်တွေဟာ သီးခြားတည်ရှိနေတဲ့ အစုအဖွဲ့တွေမဟုတ်ဘူး။ သူတို့ရဲ့ အမည်လက္ခဏာကို အချိန်ယူ တည်ဆောက်ပေးထားတဲ့၊ သူတို့ပြောဆိုလုပ်ကိုင်သမျှကို ဆပွားပေးမယ့် အင်အားကြီး နိုင်ငံတကာ အဖွဲ့အစည်း၊ အစိုးရ၊ လူပုဂ္ဂိုလ်နဲ့ မီဒီယာကုမ္ပဏီတွေရှိတယ်။ ဒါကြောင့် သူတို့ပြောတာ လုံးဝ အမှားတွေ ဖြစ်နေရင်တောင် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေက လျှော့တွက်လို့မရအောင် ကြီးမားတယ်။ အကြောင်းအရာတစ်ခုအပေါ်မှာ အာရုံစူးစိုက်မှုကာလ အင်မတန်တိုတောင်းတဲ့ နိုင်ငံတကာမီဒီယာဟာ ရိုဟင်ဂျာအရေးမှာတော့ အခုအထိ အသံဆူလောင်လို့ ကောင်းဆဲပဲ။

တစ်နည်းပြောရရင် မြန်မာနိုင်ငံအတွက် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ဖိအားဟာ အောက်ခြေကရော အထက်ကပါ လာနေတာဖြစ်တယ်။ အောက်ခြေမှာ သိန်းနဲ့ချီတဲ့ လူဦးရေ ထွက်ပြေးရတယ်၊ အစာရေစာပြတ်လတ်နေပြီဆိုတာနဲ့တင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီးတစ်ခုကို လက်တွေ့မျက်တွေ့ ပုံဖော်ပြီး ဖြစ်နေတယ်။ အထက်က တက်ကြွလှုပ်ရှားသူတွေကတော့ ပြဿနာကို သူတို့လိုချင်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေဘောင်တွေထဲ ဆွဲထည့်တာ၊ ဘာသာရေးလူမျိုးရေးလှုံ့ဆော်ပြီး ဆင်တူရာ အမည်လက္ခဏာအုပ်စုတွေကို ခေါ်သွင်းလှုံ့ဆော်တဲ့ နည်းလမ်းကို သုံးတယ်။ ဒီကြားထဲ အကြမ်းဖက်မှုကို ကျင့်သုံးတဲ့ နိုင်ငံတကာနဲ့ အချိတ်အဆက်ရှိတဲ့ စစ်သွေးကြွတွေကလဲ ရှိနေတယ်။
ရိုဟင်ဂျာ/ဘင်္ဂါလီတွေကို နိုင်ငံမဲ့တွေလို့ သရုပ်ဖော်လေ့ရှိတဲ့အတွက် ဥရောပသားတွေက တစ်ခါတစ်လေ သူတို့ဆီမှာရှိတဲ့ ရိုမာ/ဂျစ်ပဆီလူမျိုးတွေလိုမျိုး မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ ရိုမာတွေဟာ နိုင်ငံတစ်ခုခုကို အချည်နှောင်မခံဘဲ နေကြတာဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ အမည်လက္ခဏာကို မရှက်မရွံ့ ဂုဏ်ယူလာကြဖို့၊ အခြေတကျနေထိုင် လုပ်ကိုင်စားသောက်ဖို့ တိုက်တွန်းကြရတာဖြစ်တယ်။ ရိုဟင်ဂျာဆိုသူတွေကတော့ သူတို့ဟာ နယ်မြေတစ်ခုမှာ နေထိုင် အသက်မွေးချင်တယ်။ ဒါ့အပြင် သူတို့နေတဲ့ နေရာဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်ပိုင်မြေဆိုတဲ့ တောင်းဆိုမှုမျိုးကိုလဲ လုပ်တယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ဟာလဲ နိုင်ငံရေးနဲ့ လူမှုရေးရည်ရွယ်ချက်အတွက် ဖန်တီးတည်ဆောက်ခဲ့တဲ့ အရာသာဖြစ်တယ်။ သူတို့ဟာ ခေတ်သစ် အမျိုးသားနိုင်ငံသဘောတရားကနေ စွန့်ခွာ ထွက်ပြေးသူတွေ မဟုတ်ဘူး။ သူတို့လှုပ်ရှားမှုကို ဦးဆောင်သူတွေရဲ့ စဉ်းစားတွေးခေါ်ပုံဟာ နိုင်ငံအခြေပြု/နိုင်ငံဗဟိုပြု စဉ်းစားတွေးခေါ်မှုသာ ဖြစ်တယ်။

အမျိုးသားနိုင်ငံအားလုံးဟာ အနည်းနဲ့အများ သွေးထွက်သံယိုမှုတွေ၊ လိမ်ညာ လှည့်ဖြားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအကြပ်ကိုင်မှုတွေနဲ့ တည်ဆောက်ခဲ့တာလို့ တချို့က ဆိုကြတယ်။ သို့တစေ နိုင်ငံတစ်နိုင်ငံက လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုမှုကို ခံလိုတဲ့၊ နိုင်ငံသားအဖြစ် တောင်းဆိုချင်သူများအတွက် အဲဒီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေဓလေ့ထုံးတမ်းတွေကိုတော့ လေးစားလိုက်နာကြောင်း ပြသဖို့ လိုလိမ့်မယ်။ အမုန်းတရားနဲ့ ကြောက်ရွံ့မှုမှာ အခြေတည်ထားတဲ့ လူမျိုးစုအချင်းချင်း ဆက်ဆံရေးသော်လည်းကောင်း၊ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းဆက်ဆံရေးသော်လည်းကောင်း ရေရှည်မှာ မကောင်းနိုင်ဘူး။

Wednesday, September 13, 2017

ရခိုင်အရေးကို ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ပတ်မှ စကားထွက်ပြောမယ်ဆိုရင် နောက်တောင် နောက်ကျနေပြီ။ နိုင်ငံတော်အခြေပြ (State of the Union) မိန့်ခွန်းလို့ဆိုပြန်တော့ တခြားအကြောင်းအရာတွေပါ လုံးထွေး ပါလာဦးမလားလဲ မသေချာဘူး။

အခုအချိန်အထိ ဒေါ်စုရဲ့ အမှား တော်တော်များများဟာ လုပ်ခြင်းအမှား (errors of commission) ထက် မလုပ်ခြင်းအမှားတွေ (errors of omission) ဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ နိုင်ငံရေးအလုပ်လုပ်ရမယ်။ ပဋိပက္ခကြီး ဖြစ်လာတဲ့အခါမှာလဲ ကိုယ့်ရဲ့ နိုင်ငံရေးမူဘောင်ထဲ ဝင်လာအောင် ပုံဖော်ရ၊ စည်းရုံးရမယ်။
ရခိုင်အရေးမှာ ARSA နဲ့ တပ်ရဲ့ စစ်ရေး၊ လုံခြုံရေးအသွင် ဖော်ဆောင်မှုကို ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောပြီး နိုင်ငံရေး အမှုကိစ္စ လုပ်ခဲ့သင့်တယ်။

အဆုံးမတော့ သူ့ရဲ့ တိတ်ဆိတ်ခြင်းဟာ ရန်သူပြိုင်ဖက်များကို လက်နက်တပ်ဆင်ပေးလိုက်သလို ဖြစ်စေရုံသာမက မိတ်ဆွေများက ခုခံကာကွယ်ပေးဖို့လဲ ခက်ခဲစေတယ်။ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေရဲ့အာရုံကို လက်နက်ကိုင်တွေရဲ့ ကစားကွင်းဖြစ်တဲ့ လုံခြုံရေးနယ်ပယ်ထဲက ဆွဲမထုတ်နိုင်ဘဲ ဖြစ်သွားစေတယ်။

Tuesday, September 12, 2017

တွေးမိသမျှ နိုင်ငံရေးသိပ္ပံ ပညာရေး (political science education)

ECPR ညီလာခံမှာ "နိုင်ငံရေးသိပ္ပံ ပညာရေး အပြည်ပြည်ဆိုင်ရာဖြစ်လာခြင်း၏ အကျိုးဆက်များ" (The Consequences of the Internationalisation of Political
Science Education) ဆိုတဲ့ ခေါင်းစဉ်နဲ့လဲ အထူးဆွေးနွေးပွဲတစ်ခု ပါပါတယ်။ အဲဒီမှာ ဝင်ဆွေးနွေးသူတစ်ယောက်အဖြစ် ပါဝင်တဲ့ ဖင်လန်နိုင်ငံက ဆရာပြောတာက သူအလုပ်လုပ်တဲ့ တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံကို သီးခြားဋ္ဌာန ထားမပေးတော့ကြောင်း၊ နိုင်ငံရေးသိပ္ပံဆရာတွေဟာ မက်ခရိုဘောဂဗေဒ ဆန်းစစ်လေ့လာရေး (Macroeconomic Analysis) ဒါမှမဟုတ် လူမှုသုတေသန (Social Research) ဌာနတစ်ခုခုအောက် သွားနေရကြောင်း ပြောပါတယ်။ နောက်ပြီး နိုင်ငံရေးသိပ္ပံပညာဟာ တခြားဘာသာရပ်တွေနဲ့ နှိုင်းယှဉ်ရင် သက်တမ်းနုတဲ့ ဘာသာရပ်ဖြစ်တယ်။ ၁၉ ရာစုလောက်မှာမှ အမေရိကန်မှာ စတင် ပေါ်ပေါက်ခဲ့ပြီး ဥရောပမြောက်ပိုင်း စကင်ဒေနေးဗီးယားနိုင်ငံတွေမှာ ရောက်ရှိ ထွန်းကားခဲ့တယ်။ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ နိုင်ငံရေးသိပ္ပံပညာအပေါ်ထားတဲ့ သတ်မှတ်ချက် သဘောထားကလဲ အမေရိကန်၊ စကင်ဒေနေးဗီးယားနဲ့ မတူပြန်ဘူး။

ဒီဆရာ ပြောသွားတဲ့အတိုင်း ဗြိတိသျှပညာရှင်တွေက နိုင်ငံရေးသိပ္ပံကို နိုင်ငံရေးအတွေးအခေါ်သမိုင်းနဲ့ ခွဲပြီး လေ့လာနိုင်တယ်၊ လေ့လာသင့်တယ်လို့ မထင်ဘူး။ ပြင်သစ်အစဉ်အလာမှာလဲ နိုင်ငံရေးသိပ္ပံများ (political sciences) ဆိုပြီး ဗဟုဝုဒ်အသုံးကို သုံးစွဲခဲ့တယ်။ အခုခေတ် လူမှုသိပ္ပံများ (social sciences) လို့ သုံးသလိုမျိုးပဲ။ ပြင်သစ်ရဲ့ နိုင်ငံရေးလေ့လာမှုဟာ သမိုင်းဆိုင်ရာ လူမှုဗေဒ (historical sociology)၊ လူမှုမနုဿဗေဒ (social anthropology) နဲ့ ဥပဒေပညာ (law) တွေကို ဦးစားပေးတယ်။ အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (constitutional law) ရဲ့ လွှမ်းမိုးမှု အတော်များကြောင်း တွေ့ရတယ်။ ကျွန်တော် ပြင်သစ်မှာ နေခဲ့တဲ့ တက္ကသိုလ်အဆောင်က လေ့လာရေးအဖွဲ့တွေမှာတောင် ဥပဒေ နဲ့ နိုင်ငံရေးသိပ္ပံကို တစ်ဖွဲ့ထဲ အတူတူထားပြီး Law and Political Sciences Study Group လို့ ခေါ်တယ်။
ဒါပေမဲ့ ကမ္ဘာမှာ လွှမ်းမိုးထားတာကတော့ အမေရိကန်ပုံစံ နိုင်ငံရေးသိပ္ပံပညာ ဖြစ်ပါတယ်။ ဒီပုံစံမှာ လွယ်လွယ်ပြောရရင် စာရင်းအင်း ခွဲခြမ်းစိပ်ဖြာမှုတွေ (statistical analysis)၊ ဆင်ခြင်နည်းကျရွေးချယ်မှုသီအိုရီတွေ (rational choice theories)၊ သင်္ချာတွက်ပုံသေနည်းထုတ်တာတွေ (formal modeling) အများကြီး ပါတယ်။ ကျွန်တော့်ဆရာတစ်ယောက်ပြောတဲ့ စကားအရဆိုရင်တော့ counting ပေါ့။ ဒီလိုနည်းနဲ့ နိုင်ငံရေးကို လေ့လာရင် ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှလဲ ကိုယ်တိုင်ရောက်ဖူးဖို့ မလိုဘူး။ စာရင်းလုပ်လို့ရမယ့် ကိန်းဂဏန်း (data set) ကောင်းကောင်း ရှိဖို့ပဲလိုတယ်။ နောက်တစ်ချက် ပညာရှင်အချင်းချင်းကြား ကဲ့ရဲ့လွတ်အောင် နည်းနာ (method) မှန်ဖို့လိုတယ်။ သချာင်္တွက်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင်များအတွက် လူမှုဖြစ်စဉ်တွေရဲ့ ကြောင်းကျိုးဆက်စပ်မှု (causal relations) ကို ရှာဖို့က အဓိကဖြစ်တယ်။အော်စလိုတက္ကသိုလ်၊ နိုင်ငံရေးဌာနမှာလဲ စာရင်းကြည့် သချာင်္တွက်တဲ့ဆရာက ၉၀% လောက်ရှိတယ်။ အမေရိကန်က နာမည်ကျော်တက္ကသိုလ်တွေရဲ့ နိုင်ငံရေးသိပ္ပံဌာနတွေမှာလဲ အလားတူပဲ။ သချာင်္တွက်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင်က အနည်းဆုံး ၆၀%-၇၀% တော့ ရှိလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသိပ္ပံပညာအကြောင်း ပြန်သုံးသပ်ကြည့်ရင် လူမှုရေးသိပ္ပံတွေအတွက် နေရာရှိရဲ့လားက စရမယ်။ အနောက်နိုင်ငံတွေမှာ လူမှုရေးသိပ္ပံခေါင်းစဉ်အောက် ထည့်ကြတဲ့ ဘောဂဗေဒ (economics) ဟာ မြန်မာပြည်မှာ သီးသန့်တက္ကသိုလ်တစ်ခု ဖြစ်တယ်။ ပြည်သူ့ရေးရာမူဝါဒ (public policy) တို့၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးပညာ (public administration) တို့ကိုလဲ မဟာဘွဲ့သင်တန်းတွေ ဖွင့်ထားတယ်။ တခြားတစ်ဖက်က ကြည့်ပြန်တော့ အခု နိုင်ငံရေးသိပ္ပံကို သင်နေတဲ့ နိုင်ငံတကာဆက်ဆံရေးဌာနတွေဟာ ဝိဇ္ဇာဘာသာတွဲအောက် ဝင်နေတယ်။ မနုဿဗေဒနဲ့ ပထဝီဝင်လဲ ထိုနည်းတူပဲ။ လူမှုဗေဒဘာသာရပ်ရယ်လို့ သီးခြား ပြန်သင်လာရင်လဲ ဝိဇ္ဇာအောက် ထည့်ဦးမှာပဲ။ အော်စလိုတက္ကသိုလ်မှာ မနုဿဗေဒနဲ့ မနုဿပထဝီဝင် (human geography) ကို လူမှုသိပ္ပံများအဖြစ် သတ်မှတ်ပါတယ်။ သမိုင်း (history)၊ ဘာသာစကား (languages) နဲ့ ဒေသိယလေ့လာရေး (area studies) တွေကိုတော့ Faculty of Humanities ထဲ နေရာပေးပါတယ်။ ကျွန်တော်ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ လူမှုသိပ္ပံများဆိုတဲ့ ပညာရပ်အတွဲတစ်ခုလုံး မထင်မရှား ဖြစ်နေရတဲ့အခြေအနေပါ။
နိုင်ငံရေးသိပ္ပံပညာကို မျိုးဆက်သစ် လူငယ် ကျောင်းသားတွေ သင်ယူချင်စိတ်လဲ အများကြီးရှိတာတွေ့ရပါတယ်။ လက်ရှိ သင်ရိုးတွေကလဲ စာကျက်လို့ရဖို့ စာဖတ်သင်နေရတဲ့ အတော် သာမန်အဆင့်ပဲရှိပါတယ်။ ဒီကြားထဲ သမိုင်းဌာနနဲ့ နိုင်ငံတကာဆက်ဆံရေးဌာနတို့ ဘာသာရပ်သင်ရိုးတချို့အပေါ် အငြင်းပွားကြ၊ လုကြတာတွေ ကြားရပါတယ်။ ဥပမာ၊ နိုင်ငံရေးအတွေးအခေါ်သမိုင်း ဆိုရင် သမိုင်းဆရာတွေကလဲ သမိုင်းမို့ ဆက်သင်ချင်တယ်။ နိုင်ငံတကာဆက်ဆံရေးဆရာတွေကလဲ နိုင်ငံရေးဖြစ်လို့ ယူသင်ချင်တယ်။ အတွေးအခေါ်ပဲဆိုပြီး ဒဿနိကဗေဒ (philosophy) ဌာနက မတောင်းလို့ တော်သေးတယ်။

ဘယ်သူပဲ သင်သင် နိုင်ငံရေးသိပ္ပံ ပီပီပြင်ပြင်ဖြစ်အောင်တော့ လုပ်ဖို့ အရေးကြီးတယ်။ သချာင်္မတွက်ခိုင်းချင်ရင်တောင် အနည်းဆုံးတော့ အထောက်အထား အခြေပြုတဲ့ သုတေသန (evidence-based research)၊ ကြောင်းကျိုး ယန္တရား (causal mechanisms) ရှာတဲ့ လေ့လာမှုမျိုးလောက်တော့ ဖြစ်လာဖို့၊ ဝေဖန်ဆန်းစစ်မှု (critical thinking) ရှိတဲ့ စောဒနာတွေ ထုတ်နိုင်လာအောင် လေ့ကျင့် သင်ကြားပေးဖို့လိုတယ်။ ဇာတ်ကြောင်းကို အဖြောင့်ကြီးပြော၊ အသေးစိတ်အချက်တွေ ပြွတ်သိပ်ထည့်၊ ပြီးတော့ ဘာကြောင်းကျိုးသုံးသပ်မှုမျိုးမှ မပါတဲ့ လေ့လာမှုမျိုးတွေနဲ့ကတော့ ပညာရပ်လဲ သိပ်ကြာကြာခံမှာ မဟုတ်ဘူး။ "တို့အရပ်မှာတော့ ဒီလိုဇာတ်ပဲ ကတယ်"ဆိုပြီး အတ္တနောမတိဘက် သိပ်လိုက်သွားရင်လဲ နိုင်ငံရေးသိပ္ပံဆိုပြီး နတ်ပွဲတွေ၊ အသုဘတွေ၊ ပူးပေါင်းကြံစည်မှုတွေ (conspiracies) ကို လေ့လာတဲ့ မနုဿဗေဒဆန်ဆန် ဖြစ်သွားမှာပဲ။ မနုဿဗေဒဆိုရင်တောင် ကိုယ်ပြောချင်တာကို ယုံအောင်ပြောနိုင်ဖို့ အရည်အချင်း လိုသေးတယ်။ ဒါကြောင့် အော်စလိုတက္ကသိုလ်မှာ မနုဿဗေဒကျောင်းသားတွေကိုလဲ လူမှုသိပ္ပံဆိုင်ရာ ဒဿနိကဗေဒ (philosophy of social science) တက်ခိုင်းတယ်။

Monday, September 11, 2017

ဥရောပတိုက်မှာ နိုင်ငံရေးသိပ္ပံပညာရှင်တွေ အများဆုံး ဆုံတွေ့ကြတဲ့ပွဲလို့ဆိုတဲ့ European Consortium for Political Research (ECPR) ရဲ့ လေးရက်ကြာ ညီလာခံကို တက်ဖြစ်လိုက်ပါတယ်။ နိုင်ငံရေးသုတေသန အကြောင်းအရာအလိုက် ကဏ္ဍ (section) အမျိုးမျိုး၊ စာတမ်းဖတ်ပွဲ (panel) အထွေထွေရှိတဲ့အထဲကမှ ရွေးပြီးတက်ဖြစ်ခဲ့တာက အာဏာရှင်စနစ်နဲ့ အကြမ်းဖက်မှုခေါင်းစဉ်တွေ အများဆုံးပဲ။ နိုင်ငံတစ်ခုထဲကို လေ့လာတဲ့ စာတမ်းဖတ်ပွဲတွေထဲမှာ တူရကီနိုင်ငံအကြောင်း ပွဲအားလုံးနီးပါး တက်ခဲ့တယ်။

ပညာရပ်ဆိုင်ရာညီလာခံဖြစ်တဲ့အတွက် အကြောင်းခြင်းရာတစ်ခုထဲကိုပဲ ရှုထောင့်မျိုးစုံ၊ သုံးသပ်ဆန်းစစ်ချက်မျိုးစုံက ချဉ်းကပ်ကြတာကို တွေ့ရတယ်။ ဥရောပနိုင်ငံတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး (counter-terrorism) လုပ်ဆောင်တဲ့အခါ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရင် သေချာ စစ်ဆေးမေးမြန်းမှုမလုပ်ဘဲ နေရာမှာတင် ပွဲချင်းပြီး ပစ်သတ်တဲ့ အမှုအရေအတွက်တွေ များလာတယ်လို့ဆိုတယ်။ အဲဒီလို ပစ်သတ်ခံရသူအများစုဟာလဲ ဥရောပနိုင်ငံသားတွေ ဖြစ်တယ်။ ဒါ့အပြင် ဗြိတိန်လို နိုင်ငံမျိုးမှာ လူမှုရေးလုပ်သားတွေ၊ ဆရာဆရာမတွေအနေနဲ့ အကြမ်းဖက်မှုလုပ်ဆောင်မယ်လို့ သူတို့သံသယရှိတဲ့ အစွန်းရောက်သမားတွေကို သတင်းပို့ဖို့ တာဝန်ရှိတယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတယ်။ ပြင်သစ်မှာဆိုလဲ အစွန်းရောက်လာခြင်း (radicalization) ဆိုတဲ့ အသုံးအနှုန်းကို ၂၀၀၅ လောက်မှာ မူဝါဒအသုံးကျမှုအတွက် စတင်သုံးစွဲတယ်။ အစွန်းရောက်မှုတိုက်ဖျက်ရေး (de-radicalization) လုပ်ဖို့အတွက် အရင်က သီးခြားစီ လှုပ်ရှားခဲ့တဲ့ စုံစမ်း ထောက်လှမ်းရေးရုံးနှစ်ခုကို အတူတူပေါင်းလုပ်ခိုင်းတယ်။ အစွန်းရောက်အများစု ပေါက်ဖွားရာဖြစ်တဲ့ ပြင်သစ်မြို့ကြီးတွေရဲ့ ဆင်ခြေဖုံးတွေမှာ သတင်းပေးတွေ ချထားတယ်။

အစိုးရတွေဟာ အကြမ်းဖက်သမားဆိုရင် မူအားဖြင့် မညှိဘူး။ စာရင်းအင်းသုံးသပ်ချက်နဲ့ တင်သွင်းတဲ့ စာတမ်းတစ်စောင်ရဲ့ တွေ့ရှိချက်အရ အကြမ်းဖက်မှုတွေ တိုးလုပ်လာတဲ့အတွက် အစိုးရက ညှိနှိုင်းဖို့ ပိုကမ်းလှမ်းတာမျိုး မရှိဘူး။ အားနည်းတဲ့ အကြမ်းဖက်အဖွဲ့မျိုးတွေ ဆိုရင်တော့ ညှိနှိုင်းမယ့် အခွင့်အရေး ပိုပြီး ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုတယ်။ အကြမ်းဖက်ဝါဒ (terrorism) သုတေသနအတွက် သုံးတဲ့ ကိန်းဂဏန်းစာရင်းတွေ (data set) နဲ့ လက်နက်ကိုင်ပဋိပက္ခ (armed conflicts) မှာ သုံးရတဲ့ ကိန်းဂဏန်းစာရင်းတွေကလဲ သီးသန့်စီဖြစ်နေတယ်။ ဒီနှစ်မျိုးကို ပေါင်းလုပ်ထားတဲ့ စာရင်းမျိုး မရှိသေးဘူး။ အကြမ်းဖက်မှုအတွက် လိုအပ်တဲ့စာရင်းကို Global Terrorism Database က ရနိုင်တယ်။ အစိုးရတွေက အကြမ်းဖက်အဖွဲ့တွေနဲ့ မညှိဘူးဆိုပေမယ့် လက်တွေ့မှာ လက်ဝေခံတွေ (proxy) သုံးပြီး အချင်းချင်း ပြန်တိုက်ခိုင်းတာ၊ လုပ်ကြံခိုင်းတာ၊ ဖျက်ခိုင်းတာတွေ ရှိတယ်။ အကြမ်းဖက်အဖွဲ့တွေကလဲ အပြင်ပန်းမှာ တင်းမာပြပေမယ့် ရေရှည်မှာ သူတို့ ဘယ်လိုမှ မနိုင်နိုင်မှန်းသဘောပေါက်လို့ ဗျူဟာ (strategic action) အရ ညှိနှိုင်းဖို့ လမ်းကြောင်းရှာတယ်။ ဒီလိုမျိုးတင်ပြတဲ့ စာတမ်းလဲ နှစ်စောင်လောက် ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုတာ လူမျိုးရေးခွဲခြားမှု (racism) ပဲ မဟုတ်ဘူးလားလို့ စာတမ်းဖတ်ပွဲမှာ မေးကြတာလဲရှိတယ်။ လက်ရှိ ဥရောပထောင်တွေထဲမှာ မူစလင်အကျဉ်းသားက အများစုဖြစ်နေတယ်။ ဥပမာ၊ ဘယ်ဂျီယမ်မှာ ၆၅% လောက်ရှိတယ်၊ ပြင်သစ်မှာ ဒီထက်တောင် ပိုများတယ်လို့ဆိုပါတယ်။ စာတမ်းဖတ်သူတွေက ပြန်ဖြေရာမှာ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မီဒီယာက ရေးသား ဖော်ပြချက်တွေကြောင့် လူမျိုးရေးခွဲခြားခံရတယ်ဆိုတဲ့ ခံစားချက်မြင့်တက်လာတာ ပိုများတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေ သူတို့ဝန်းကျင်မှာ နိစ္စဓူဝ လုပ်ဆောင်နေပေမယ့် သာမန်ပြည်သူက ခွဲခြားတယ်မယူဆဘဲ အမှုမဲ့အမှတ်မဲ့ပဲ ရှိကြတယ်လို့ ဆိုတယ်။

အစွန်းရောက်မှုတိုက်ဖျက်ရေး (de-radicalization) လို့ ပြောလိုက်ရင် အနောက်နိုင်ငံ (အထူးသဖြင့် ဥရောပ) အစိုးရတွေက စာသင်ကျောင်း၊ အလုပ်ခွင်၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကတစ်ဆင့် ငွေကြေးအထောက်အပံ့တွေသုံးပြီး အစွန်းရောက်သူတွေကို လိမ္မာပြုပြင်လာအောင် သိမ်းသွင်းတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်လျက်ရှိကြောင်း ဝေဝေဆာဆာ ဖော်ပြ ကြေညာလေ့ရှိပါတယ်။ တစ်ပြိုင်ထဲမှာပဲ နိုင်ငံသားအခွင့်အရေးတွေကို စမ်းသပ် စိန်ခေါ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို သူတို့ကိုယ်တိုင်က လုပ်ဆောင်နေတာတွေ ရှိတာကို ထုတ်ပြောလေ့မရှိဘူး။ သူတို့ပညာရှင်တွေကလဲ ခပ်ကုပ်ကုပ်နဲ့ စောင့်ကြည့် သုတေသနလုပ်နေတာပဲ။ သူတို့ အခု စမ်းသပ် လုပ်ကိုင်နေသမျှဟာ အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ နောင်တစ်ချိန်ကျရင် တိုးတက်ဖွံ့ဖြိုးဖို့ ရုန်းကန်နေဆဲ နိုင်ငံလေးတွေအပေါ် ဒီအကျင့်တွေနဲ့ပဲ ဆရာလုပ်ဖို့ မြားဦးလှည့်လာဦးမှာ ဖြစ်ပါတယ်။

Thursday, August 31, 2017

Leadership Change in Myanmar and its Implications for Foreign Policy By Soe Myint Aung | 31 August 2017

Flickr Creative Commons: KX Studio, Bagan Temples


The National League for Democracy (NLD)’s astounding victory in the 2015 general election and a clear mandate that emerged offered tremendous political capital for its leader Aung San Suu Kyi to reshape Myanmar’s various policies. Although she was constitutionally barred from becoming president, the NLD-dominated parliament created a State Counsellor position exclusively for her. The formation of a competent NLD-led cabinet faced the difficulty of finding suitable and qualified individuals. At the outset, Aung San Suu Kyi held four ministerial positions but retained only two later, including foreign affairs. The NLD eventually could appoint most key executive positions of state institutions, except the portfolios for the three security-related Ministries. Aung San Suu Kyi took the office of Foreign Minister so that she could participate in the meetings of the National Defence and Security Council (NDSC), a vital state body that deals with national security and foreign policy. Both domestic and international expectations were exorbitant on the NLD government. Did Aung San Suu Kyi make good use of her accumulated mandate to live up to those expectations? To what extent the NLD government has been successful in implementing its foreign policy?
 
The West had considered Myanmar under the military regime (1988-2010) as a pariah state, with the US and the EU maintaining a long list of diplomatic and economic sanctions. For the USDP government (2011-2015) led by President Thein Sein, rapprochement with Western countries, particularly the US, and reintegrating Myanmar into the world community was an important, if not urgent, task. The then leadership’s strategy was to use liberalization and democratization in order to legitimize the new governing structure – the military-sponsored 2008 constitution – and to normalize relations with the West. This approach had some success as it came to converge with the Obama administration’s “Pivot to Asia” to engage with the Asia-Pacific, including Southeast Asia and Thein Sein’s decision to suspend the Myitsone dam project, an act of public defiance to China. Thein Sein also took advantage of multilateralism to craft his image as a reformist, peace-making president, no less with the help of international actors. Myanmar assumed the chairmanship of ASEAN in 2014 and became an active country again in international relations. Nonetheless, the presidency of Thein Sein was marred, halfway through its term, by stalled reforms, ethno-religious violence, and intra-elite power rivalry. As   Thein Sein’s domestic political reforms decelerated, his government fell short of convincing the US to completely remove the sanctions.
 
The NLD government (2016-) realized the importance of international relations due to its decades-long struggle for democracy and the popularity of Aung San Suu Kyi, both steadfastly backed by the West and multilateral organizations. In its 2015 election manifesto, the NLD stated that it would “pursue an active and independent foreign policy” and “establish friendly and close political relations.”  Prioritizing national reconciliation and internal peace, the new government took over the pending peace process from its predecessor. Before State Counsellor Aung San Suu Kyi’s visit to the US in September 2016, her government established the Advisory Commission on Rakhine State, chaired by Kofi Annan; and convened the first session of the Union Peace Conference, more widely known as the 21st century Panglong. Despite protests from domestic opponents (Rakhine and Burman nationalists, political monks, and rival USDP), the Annan-led commission obviously reflected Aung San Suu Kyi’s consideration of the Rakhine issue as an international one. When Obama lifted US economic sanctions on Myanmar in October, it was seen as an achievement of the NLD government. The economic opening allowed Myanmar to start having commercial attachés.  
 
In her speech on the one-year anniversary of the NLD-led government, Aung San Suu Kyi clearly stated her thinking on the linkage between domestic and international politics (30th March 2017). She said, “Our goal is peace. Our goal is national reconciliation. Striving for these goals, we highly appreciate and value the support, assistance and understanding we have received from our friends from around the world. Yet we must be the master of our own destiny.” Since the end of 2016, domestic security concerns have preoccupied the government’s foreign policy. In Rakhine State, armed attacks on the police border outposts in Maungdaw triggered a series of violent acts and subsequent allegations of human rights abuses. In March 2017 the UN Human Rights Council adopted a resolution calling for an independent international fact-finding mission to Myanmar. Stating that it was not in accord with the situation on the ground and the national circumstances, Myanmar dissociated itself from the resolution. In northern Myanmar bordering China, there has been an escalation of conflicts between the Tatmadaw (Myanmar Armed Forces) and the Northern Alliance-Burma  (comprising of ethnic armed groups in the north). To address the border security issues following the fighting, the mechanism of (2+2) high-level meetings between China and Myanmar, involving bilateral foreign affairs and defence ministries was created. The ongoing conflict in northern Myanmar led to the increasing role of China in Myanmar’s peace process.
 
 
Aung San Suu Kyi brings significant pride and confidence to Myanmar’s Ministry of Foreign Affairs, but her dual representational role as State Counsellor and Foreign Minister is  overwhelming and double-edged. While she appointed veteran career diplomats in crucial positions such as Minister of the State Counsellor Office and National Security Adviser, they have been deputized merely in operational tasks. Following the non-alignment tradition of Myanmar foreign policy, she has made a careful balancing of relations – through both multilateral and bilateral platforms – with China, the US, and regional organizations such as ASEAN. However, her government has also been criticized for not giving adequate focus on the relations with the US and ASEAN. Her numerous responsibilities and role as the ultimate decision-maker apparently resulted in information and implementation gaps, moving her away from a “people-centred foreign policy” she had announced soon after taking office as Foreign Minister. The conflicts in Rakhine and Shan States have made her foreign policy more reactive rather than proactive. The NLD government has been increasingly torn between the demands for more transparency exacted by normalizing foreign relations on the one hand and the presumed necessity to accommodate domestic concerns on the other.
 
Foreign Affairs is Aung San Suu Kyi’s natural strength and a relatively successful portfolio under the NLD-led government. Myanmar’s foreign policy has been restricted both by domestic and international factors which raised high expectations on the new leadership. The policy of prioritizing peace and reconciliation over economy and constitutional change has ironically allowed ample space for the armed stakeholders (the Tatmadaw and ethnic armed organizations) to maintain control and offset the political change. This sequencing logic of Aung San Suu Kyi in domestic politics makes peace even more far-fetched. It has enhanced the role of some domestic actors and majors powers to reconfigure their strategic positions but has placed the civilian government in a political cul-de-sac. The emerging political setting also enabled the Myanmar Armed Forces to expand bilateral and multilateral defence diplomacy and cooperation, including military-to-military relations. The policy linkage between national and international politics is not without risks, as security imperatives have come to the fore and the government appears to be relying on its relations with the military.

Tuesday, March 21, 2017

အာရှအစဉ်အလာနှင့် တီထွင်ဖန်တီးနိုင်စွမ်း

စိုးမြင့်အောင်

တစ်ခါက အာရှ၏စာသင်ခန်းတစ်ခုအတွင်း ဆရာမသင်ကြားမှု ပြီးဆုံးချိန်တွင် ကျောင်းသားတစ်ဦး က မေးရိုးမေးစဉ်မဟုတ်သည့် အတန်ငယ်လေးနက်၍ အတွေးပါသောမေးခွန်းတစ်ခုကို မေးလိုက်၏။ ဆရာမသည် ကျောင်းသား၏ ပြန်လှန်အမေးကို မျှော်လင့်မထားသည့်အတွက် ကြောင်အမ်းအမ်းဖြစ်ကာ မျက်နှာတင်းမာသွားခဲ့သည်။ထိုအခါ မေးသူကျောင်းသားငယ်သည်ပင်လျှင် မလုပ်သင့်၊ မလုပ်အပ်ရာတစ်ခုကို လုပ်မိသူအဖြစ် အပြစ်မကင်းသလို ခံစားမိရတော့သည်။ ဤဖြစ်ရပ်နှင့် စပ်လျဉ်း၍ မိမိထက် အသက်အရွယ်၊ ပညာ၊ ဂုဏ်၊ ရာထူးကြီးသူများကို မေးခွန်းထုတ်ခြင်း အလေ့အထသည် ကျွန်ုပ်တို့ အရှေ့ကမ္ဘာခြမ်းတွင် နည်းပါးနေခြင်းဖြစ်သလောဟူသည့် ပြဿနာကို စဉ်းစားမိလာစေပါသည်။

မဂ္ဂဇင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မျက်မှောက်ခေတ် လူမှုဖြစ်စဉ်အထွေထွေကို လေ့လာနေသူ ဖရန်စစ်ဖူကူယားမားက “အမေရိကန်တို့က တာဝန်ရှိသူကို မေးခွန်းထုတ်ပါ (Question Authority) ဟု ကြွေးကြော်နေချိန်၌ စင်္ကာပူသားတို့က တာဝန်ရှိသူကိုလေးစားပါ (Respect Authority) ဟုဆိုပေ လိမ့်မည်။”ဟူ၍မှတ်ချက်ချခဲ့၏၊ (၁) စင်စစ် စင်္ကာပူတို့၏ အပြုအမူသည် တာဝန်ရှိသူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အာရှတိုက်သားအများဆုံး ထားရှိသည့် အမြင်ကိုလည်းထင်ဟတ်လျှက်ရှိသည်။

မြန်မာစာ၊ မြန်မာစကားတွင် “ချစ်ကြောက် ရိုသေ” ဟူသောကောင်းသော အနက်အဓိပ္ပါယ်ဆောင်သည့် အသုံးအနှုန်းတစ်ခု၏ ကျွန်ုပ်တို့သည် ကြောက်ရွံ့မှုနှင့်ရိုသေလေးစားမှုတို့ကို ရှေ့တန်းတင် လွမ်းမိုးခံ၍ ချစ်ခြင်းနှင့်ယှဉ်သောပွင့်လင်းစိတ် (open mind ) ထွက်မပေါ်လာအောင် တားဆီးပိတ်ပင်ခြင်းမပြုမိကြစေရန် အလွန်အရေးကြီးသည်။ အထူးသဖြင့် အာရှ၏တာဝန်ရှိသူကို လေးစားလိုက်နာတတ်သောအစဉ်အလာသည် စိတ်ကူးဖန်တီးမှု အသစ်များအတွက် အဟန့်အတား မဖြစ်စေသင့်ပေ။

တီထွင်နိုင်စွမ်းသည် ကျွမ်းကျင်တတ်မြှောက်မှုနှင့် ခြားနား၏။ ဆိုလိုသည်မှာ ဂျပန်ပြည်သည် ကမ္ဘာပေါ် တွင် အကောင်းဆုံး အင်ဂျင်နီယာ ပညာဖြင့် ဆီမီးကွန်ဒတ်တာများ (Semiconductors) ကို ထုတ်လုပ်ကောင်းထုတ်လုပ်နိုင်၍ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာကို တရုတ်သိပ္ပံရှင်များက တစ်ဖက်ကမ်းခတ် တတ်မြောက်ကောင်း တတ်မြှောက်နိုင်သည်။ သို့ရာတွင် ယင်းဖြစ်ပေါ်တိုးတတ်မှု များသည် အနောက်တိုင်းမှလာသောနယူတန် ရူပဗေဒ (Newtonian Physics)နှင့် ကွမ်တမ်မက္ကင်းနုစ်(Quantuာ Mechanics) တို့၌ အခြေခံထားရခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ မမေးသင့်ပေ။ (၂) လက်တွေ့အားဖြင့် အာရှသည် မိမိတို့ နိုင်ငံရေးစနစ်ကို အဓိပ္ပါယ်ဖော်ဆောင်ရန် အတွက် အနောက်တိုင်း အတွေးအခေါ်နှင့် နည်းစနစ်များကို ယခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် ရည်ရွယ်သုံးစွဲနေရဆဲ ဖြစ်လေသည်။

သို့သော် အနောက်နိုင်ငံမှ လာသည့်အတွေးအခေါ်များသည် အရှေ့တိုင်းသားတို့ မတွေးခေါ်မကြံဆဖူးခြင်းက မဟုတ်ချေ။ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်( Sun- Yat-sen)၏ အလိုရ နောက်တိုင်းနှင့်အလားတူ နိုင်ငံရေး၊ စီးပွားရေးစနစ်ကို အရှေ့ကမ္ဘာ၌ တစ်ခေတ်တစ်ခါက ကြံစည်စဉ်းစားဖူးကြ၏။ ထို့ကြောင့် ၁၉ ရာစုတွင် ဥရောပက အာရှအပေါ် သာလွန်ကျော်ဖြတ်သွားမှုသည်ရုပ်ဝတ္ထုယဉ်ကျေးမှု(Material Civilization)နယ်ပယ်၌သာ ဖြစ်လေသည်။ (၃) ထိုမျှမက ခေတ်သစ်သိပ္ပံလေ့လာမှုအတွက် အခြေခံကျသော တီထွင်မှုများသည် အာရှတိုက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သတိရသင့်သည်။

အရှေ့တိုင်းသားတို့ အနေဖြင့် အနောက်တိုင်းတွေးခေါ်အယူအဆများ မိမိတို့မြေပေါ်တွင် အဘယ် ကြောင့်နေရာရ နေသနည်းဟု စဉ်းစားမိပါက အာရှ၏အထူးချွန်ဆုံးပညာရှင်များ အဘယ်ကြောင့်အနောက် တိုင်းသို့ ရောက်ရှိဖြစ်ပွားနေရသနည်းဟူသော မေးခွန်းကိုလည်း အလားတူစဉ်းစားဆင်ချင်သင့်ကြ လေ သည်။ ပြည်ပရောက် အာရှတိုက်သား ဥာဏ်ကြီးရှင်အများအပြားက သူတို့အာရှမှထွက်လာခဲ့သည်မှာ ဥာဏ်ပညာထွန်းပေါက်မှုထက် ရာထူး၊ဝါစဉ်(Seniority)နှင့် တည်ရှိပြီး ထက်အောက်ဖွဲ့စည်းပုံ (The Established Hierarchy) ကိုလေးစားရမည့် မွန်းကြပ်ဖွယ် ပညာအသိုင်းအဝိုင်းကြောင့်ဟု အကြောင်းပြ ပြောဆိုကြ၏။ ထင်ရှားသောသာဓကမှာ ၁၉၈၇ ခုနစ်တွင် အမေရိကန် မက်ဆာချူးဆက် စက်တက္ကသိုလ် (Massachusetts Institute of Technology)မှဂျပန်လူမျိုးဆုဆုမူတိုနဲဂါဝ (Susumu Tonegawa) သည် ဆေးပညာ နိုဗယ်ဆု(Nobel Prize of Medicine)ကို ဆွတ်ခူးရရှိခဲ့သည်။ တိုနဲဂါဝက အကယ်၍သူသာ တီထွင်ဖန်တီးမှုကို အားပေးသည့် နိုင်ငံခြားတက္ကသိုလ်တစ်ခုခုသို့ ရောက်ရှိသုတေသနခွင့် မရခဲ့လျှင် ဤဆုကိုလည်း ရယူနိုင်မည် မဟုတ်ပါဟု ပွင့်ပွင့်လင်းလင်းပြောကြားခဲ့၏။ (၄) ဂျပန်ပြည်တွင်မူ သုတေသီ တစ်ဦးသည် ပညာရပ်နယ်ပယ်အတွင်း မိမိနေရာ အဆင့်ကို သိရှိနားလည်ကာ အုပ်စုသဟဇာတဖြစ်မှု (Group Harmony)ကိုဦးစားပေးရသောကြောင့် ပင်ကိုစွမ်းဆောင်ချက်များ ကွယ်မြုပ်နေတတ် လေသည်။

အမှန်စင်စစ်သိပ္ပံပညာနှင့်ပတ်သက်၍ မည်သည့်နိုင်ငံက မည်သည့်တွေ့ရှိသိမြင်မှုမဆို လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်၏။ ထို့ကြောင့်ကမ္ဘာကြီး၌ ပေါင်းစည်း လိုက်ပါနိုင်နိုင်ရန် အရေးကြီးလှသော ကမ္ဘာမှုပြုခေတ် (Globalization Era)တွင် အာရှ၏ တီထွင်ဖန်တီး နိုင်စွမ်းကိုသီးခြားအမွန်းတင်ကြရန် မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ အာရှသည် ယခုရာစုအတွင်း သာလွန်ကောင်းမွန်သည့်ဆော့ဖ်ဝဲလ်(Software)များကို ရေးထုတ်လိုလျှင် သော်လည်းကောင်း ကင်ဆာ ပျောက်ဆေး ကျထုံးကို ရှာဖွေတွေရှိလိုလျှင် သော်လည်းကောင်း၊ ကွမ်တမ်မက္ကင်နစ်ထက် နက်နဲ အဆင့်မြင့်သည့် ရူပဗေဒ သီအိုရီအသစ်များကိုထုတ်ဖော်လိုလျှင်သော်လည်းကောင်း၊ စိတ်ကူးတီထွင် ဥာဏ်ကို ယခုထက် ပိုမိုထက်သန်အောင်ကြိုးပမ်းအားထုတ် ရပေလိမ့်မည်။ ဤနေရာ၌ ရုပ်ဝတ္ထုပစ္စည်းများ ကြွယ်ဝချမ်းသာမှုများ အရေးပါသည့်နည်းတူ စိတ်ကူးဖန်တီးစွမ်းပကားကို ကြီးပွားအောင် ပျိုးထောင်ရန်မှာ လည်း အခြေခံသုတေသန (fundamental research)လုပ်ငန်းများသည် ပဓာနကျကြောင်း အသိအမှတ် ပြုသင့်သည်။ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားသော အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်နိုင်ရန်အတွက် ပညာရေးနှင့်ပတ်သက်၍ အာရှတိုက်သားတို့၏ သဘောထားနှင့်စဉ်းစားတွေးခေါ်မှု(thinking) ထက် အလွတ်ကျက်မှတ်မှု (memorization)ကို ဦးစားပေးသော ပညာရေးစနစ်တို့ကို ပြန်ပြောင်းသုံးသပ်ရန် လိုအပ်ပေမည်။ အာရှသားတို့ပညာရေးကို တန်ဖိုးထားကြသည်ဟူသော သမာရိုးကျ အမြင်သည် အခါခပ်သိမ်း အမှန်ကန်ပေ။ ရှေးခေတ် အခါက အာရှတွင် ဘုရင့်စာမေးပွဲများ ဝင်ရောက် ဖြေဆိုခဲ့ကြ ခြင်းမှာ လစာဝင်ငွေကောင်းသော အုပ်ချုပ်ရေးရာထူး ဌာနများ ရယူရန် အခွင့်အလှမ်းပွင့်စေသောကြောင့် ဖြစ်သည်။ ယခုခေတ်တွင်လည်း ထိုနည်းတူပင်ဖြစ်၍ ဝင်ငွေကောင်းသည့် အလုပ်အကိုင်များကိုသာ အာမခံချက်ပေးနိုင်ပါက အသိပညာသက်သက်အတွက်ဆည်းပူးခြင်း(Learning for its own Sake) ကို အရှေ့တိုင်းသားတို့ငွေဖြုန်းတီးမှုဟု မသတ်မှတ်စေကာမူ ဇိမ်ခံအခွင့်အထူးတစ်ရပ်အဖြစ် ရှုမြင်ထင်မှတ် ကြသည်။ ၁၉ရာစုကတရုတ်ပညာရှိ လျန်ချီချောင်း(Liang Qichao) သည်အကြောင်းအရာငယ်ကလေးများ ကိုပင်လျှင် စိတ်ဝင်တစားအထူးပြုလေ့လာသော ပညာရှင်တို့ (Scholars) ၏သဘာဝကိုချီးကျူးရေးသား ခဲ့၏။ ဤကဲ့သို့သော ပညာဆည်းပူးလိုသည့် စိတ်ဓာတ်မျိုးကို ယခု ၂၁ ရာစု၌လည်း အားပေးချီးမြှောက်ရန် လိုအပ်ဆဲဖြစ်ပေသည်။

ကိန်းဂဏန်းအချက်အလက်များကို နားလည် ကြေညက် အာဂုံဆောင်ရုံမျှဖြင့် အနာဂတ်၏ လျှမ်းလျှမ်းတောက် သိပ္ပံပညာရှင်များ ထူးချွန်ထက်မြက်သော နိုင်ငံရေး၊ စီးပွားရေးခေါင်းဆောင်ကြီးများ အဖြစ် ပေါ်ထွန်းမလာနိုင်။ ပညာရှာမှီးသူတို့က မိမိတို့သင်ယူနေရသော ဘာသာရပ်များ၏ တန်ဖိုးနှင့် အသုံးပြုပုံကို သေသေချာချာသိရှိ မွေ့လျော်နိုင်မှသာ ပညာရေးစနစ်၏ ရည်မှန်းချက် ပြည့်စုံပေမည်။

သို့ဖြစ်၍ တာဝန်ရှိသူကိုလေးစားလိုက်နာခြင်း နှင့် ရိုးရာစဉ်လာနီတိ သွန်သင်ချက်များက နုနယ်ပျိုမြစ်သော စိတ်ကူးဖန်တီး စွမ်းအားကို အတားအဆီးမဖြစ်စေသင့်။ ထာဝရမှန်ကန်သော အဖြေများ ကို ကျမ်းစာအုပ်များထဲမှသော်လည်းကောင်း၊ ဆရာသမားများထံမှသော်လည်းကောင်း ရရှိနိုင်သည် ဟူသော အရှေ့တိုင်းသားတို့၏ စွဲမှတ်ယူထားမှုကို ဖယ်ရှားထုတ်ပစ်ရန် လိုအပ်သည်။ ဤသို့မှတ်ထင်မှု၏ လွဲမှားပုံကို ဗိုလ်ချုပ်အောင်ဆန်းက “လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပါယ်ဆန့်ကျင်ဘက်ပေတည်း။” ဟုပြတ်ပြတ်သားသားထောက်ပြခဲ့လေသည်။ ထိုမျှသာမက ဗိုလ်ချုပ် သည် သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိတွင်လည်း ပညာနှင့်ပတ်သက်၍ သူ၏အမြင်ကို- “(ပညာသည်) ရာဇဝင်သိရုံသာမဟုတ်၊ ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊ သည်ထက်ကောင်းသော လောက ကို ဖန်ဆင်းနိုင်စေရမည်” ဟုဖော်ပြခဲ့ရာတီထွင်ဖန်တီးနိုင်စွမ်း၏ အရေးကြီးပုံကို ကနဦးကပင် သိမြင် လမ်းညွှန်သွားခဲ့သောအာရှခေါင်းဆောင်တစ်ဦးဟု ဆိုနိုင်ပါသည်။ (၅)

တစ်ဖန်အာရှ၏ ရှိရင်းစွဲ ကောင်းမြတ်သည့် အစဉ်အလာများနှင့်စပ်လျဉ်း၍လည်း မိမိလိုရာဆွဲ အဓိပ္ပါယ်ကောက် မလွဲသင့်ကြ။ အာရှသားတို့စီးပွားရေးအအောင်မြင်မှုမှာ အာဏာပိုင်အတွေးအခေါ်များ ကြောင့်မဟုတ်ဘဲ လူမှုတန်ဖိုးများအပေါ် ၎င်းတို့ထားရှိသည့် အမြင်ကြောင့်ပင်ဖြစ်သည်။ (၆)

ခေတ်သစ်တွင် မြန်လည်းမြန်၍ မှန်လည်းမှန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အထူးအရေးကြီးလာ၏။ ထိုသို့ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ခြုံငုံသုံးသပ်နိုင်စွမ်း၊သမူဟပြု(Synthesize)နိုင်စွမ်းစသည် အရည်အချင်းများ ပိုင်ဆိုင်ရပေမည်။ ထိုစွမ်းရည်များသည် စဉ်ဆက်မပြတ်သည့် ဝေဖန်ဆန်းစစ်စဉ်းစား ချက်များ (Critical Thinking) အလေ့အကျင့်ရှိမှ ဖွံ့ဖြိုးတိုးတတ်နိုင်မည် ဖြစ်သည်။ ထိုကြောင့် ပညာရေး တွင် ဝေဖန်ဆန်းစစ်မှု၏ ပဓာနကျပုံကို ဗိုလ်ချုပ်အောင်ဆန်းက- “ပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကိုမွေးရန်လို၏။

ဤအချက်ကိုပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက ပညာသင်ကြားရေး လွတ်လပ်ခွင့် (Academic Freedom) ဟုခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာရာဇဝင်ကို တစ်မျိုးတစ်မည် ပြောင်းလဲစေသည့် ရီနေဆန်နှင့်ရီဖောင်မေရှင်းခေါ် ခေတ်သစ်ဝါဒ၊လောကဓာတ်ပညာပြန့်ပွားရာ အကြောင်း အရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမ သုတ္တန် သဘောအရပင်တည်း” ဟူ၍ “ကျောင်းသားဝတ္တရား”ဆောင်းပါး၌ရေးသားခဲ့လေသည်။ (၇)စင်စစ် ဗုဒ္ဓဝါဒသည် လူသား၏ အတွေးအခေါ်လွတ်လပ်မှု အားပေးပြီး အမှန်တရားကို သိမြင်နိုင်ရန်အတွက် စီစစ်ဝေဖန်ရသောဝိဘဇ္ဇဝါဒပင်ဖြစ်၏၊ ထို့အပြင် ယနေ့ခေတ်တိုင် အရှေ့တိုင်းသားတို့ အနောက်နိုင်ငံများတွင် သွားရောက်ပညာသင်ယူကြသည့်အကြောင်းတရားတစ်ရပ်မှာလည်း ဗိုလ် ချုပ် ထောက်ပြခဲ့သည့် ပညာရေးလွတ်လပ်ခွင့်ပင် ဖြစ်တော့သည်။

လက်တွေ့အားဖြင့်ဝေဖန်ဆန်းစစ်စဉ်းစားခြင်းသည် ဆုံးဖြတ်ချက်ချရန်နှင့် တီထွင်ဖန်တီးရာ၌ သာမကလူ့အဖွဲ့အစည်း (Civil Society) တွင် တတ်ကြွစွာ ပါဝင်ဆောင်ရွက်သော နိုင်ငံသားများဖြစ်လာနိုင် စေရန်လည်းအထောက်အကူပြုလေသည်။ မည်သူမျှ အဆုံးအဖြတ်မပေးရဲ၊ တာဝန်မယူတတ် မယူရဲသော လူ့အဖွဲ့အစည်းသည် ခေတ်အခါက တောင်းဆိုလာသည့် စွမ်းဆောင်ရည် ထိရောက်မှုကိုလည်း မရရှိ မပိုင် ဆိုင်နိုင်။ ခေတ်သစ်တွင် ကျွန်ုပ်တို့သည် တာဝန်သိတတ်သူများကိုသာမက တာဝန်ယူတတ်သူ၊ တာဝန်ယူ ရဲသူများကိုလည်း လိုအပ်ပေသည်။ တာဝန်ယူတတ်ခြင်းသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု (Self-Confidence)၊ အမှီခိုကင်းစွာရပ်တည်နိုင်မှု (Independence)၊ မိမိ အခွင့်အရေးများကို လေးစားမှုတို့နှင့် လည်း ယှဉ်တွဲလျှက်ရှိ၏။ဤအရည်အချင်းများမဖွံ့ဖြိုးသေးလျှင် ဒီမိုကရေစီ၏ အကျိုးကျေးဇူးကို အပြည်အဝ ကျင့်သုံးခံစားနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်ဆန့်ကျင်ဘက် အယူအဆများကို သည်းခံနားထောင်မှု၊ အပြန်အလှန်ဝေဖန်ဆွေးနွေးမှုများမှာ နိုင်ငံရေးဒီမိုကရေစီသဘောမျှသာ ဆောင်သည်မဟုတ်၊ တီထွင် ဖန်တီးနိုင်စွမ်းအတွက် အရေးကြီးလှသော အုတ်မြစ်လည်းဖြစ်သည်။ တစ်နည်းဆိုရလျှင် လူ့အတွေးခေါ်ကို ဘောင်ခတ် အကျဉ်းချထားခြင်းကိုဆန့်ကျင်ဖောက်ထွက်သောပွင့်လင်းစိတ်နှင့် လွတ်လပ်မှုကို မြတ်နိုးခြင်း တို့သည် ဆက်နွယ်နေကြလေသည်။ သို့ဖြစ်၍ကမ္ဘာပေါ်တွင် အဖွံ့ဖြိုး၊အတိုးအတတ်ဆုံး တိုင်းပြည်အများစု သည် ပွင့်လင်းလွတ်လပ်သည့်တိုင်းပြည်များ ဖြစ်နေကြသည်မှာ အကြောင်းတိုက်ဆိုင်မှု သက်သက်မျှ မဟုတ်နိုင်ပေ။

အကယ်၍ အာရှသားတို့သည် အသိပညာမူပိုင်ရှင်များအဖြစ် ကမ္ဘာအားအကျိုးပြုလိုကြလျှင် ဆန်းသစ်တီထွင်ဥာဏ်ကို အချို့သော အစဉ်အလာလောင်းရိပ်တို့၏ အလွှမ်းအမိုးမခံစေဘဲ လွတ်လပ်စွာ စဉ်းစားဝေဖန်ခြင်းကို အားပေးရပေမည်။ အိန္တိယ၏ ထူးခြားထက်မြက်သည့် ကွန်ပျူတာ အစီအစဉ်ရေး သူများ (Computer Programmers) သည်လည်းကောင်း၊ ဂျပန်ပြည်မှ အဆက်မပြတ်ထွက်ပေါ်နေသည့် အီလက်ထရွန်းနစ် ပစ္စည်းဆန်းများသည်လည်းကောင်း၊ အာရှတိုက်၏ တီထွင်ဖန်တီးမှု အလားလာကောင်း ကို သက်သေပြုမီးမောင်းထိုးလျက်ရှိကြသည်။ ဆင်းရဲမွဲတေမှုနွံထဲမှ ဆယ်စုနှစ်အနည်းငယ်အတွင်း ကြိုးစား ရုန်းထွက်နိုင်ခဲ့သော အာရှသည် ၎င်း၏ဥာဏ်ပညာ ရေသေကိုလည်းအသစ်တဖန် တသွင်သွင်ပြန်လည် စီးဆင်းလာအောင် အားထုတ်ရပေမည်။

သို့မှသာ တစ်ချိန်က ကမ္ဘာ့အယဉ်ကျေးဆုံး၊အတိုးတတ်ဆုံးနိုင်ငံတော်များနှင့် ဘာသာတရားများ ပေါ်ထွန်း ခဲ့ရာဘူမိနက်သန်ဖြစ်သော ကျွနှ်ပ်တို့ အရှေ့တိုင်းသည် နောင်တစ်ခေတ်၏အံ့မခန်း ဥာဏ်ကြီးရှင်၊ သိပ္ပံပညာရှင်များလူမှုစီးပွားတွေးခေါ်ရှင်များကို မိမိမြေပေါ်၌ပင် ဖွားမြင်သန့်စင်ပေးနိုင်ပေလိမ့်မည်။

စိုးမြင့်အောင်

မှတ်စုများ(Notes)
(၁) Francis Fukuyama,The Culture of Prosperity “NPO(Winter1995).P.7.
(၂) Sin-ming Shaw, “Its True,Asians Can’t Think”, Time(May 31,1999),P.23.
(၃) Price,Frank W. trans, Sun Yat-sen,San Min Chu I; The Three Principles Of The People (Sha- Nghai Institute Of Pacific Relations,1927),PP.97-98.
(၄)Sin-ming Shaw, “Values True and Flase,” Newsweek(December 15,1997),
(၅) မြဟန်(တည်း)၊ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ ရန်ကုန်၊ တက္ကသိုလ်များ၊ သမိုင်းသုတေသနဌာန၊ ၁၉၉၈၊ စာ ၁၅၃။
(၆) ဤအချက်ကို စင်္ကာပူ ခေတ်ပြိုင်ကွန်ဖျူးရှပ် ပညာရှင် တုဝေမင်း(Tu Wei-Ming)ကထောက်ပြခဲ့ခြင်းဖြစ် သည်။ စိုးမြင့်အောင်၊ “ကွန်ဖျူးရှပ် ဒီမိုကရေစီဖြစ်နိုင်ပါမည်လော” အတွေးအမြင်စာစဉ် ၁၂၄၊ မတ်+ဧပြီလ ၁၉၉၇၊ စာ ၈၅ တွင်ကြည့်ပါ။
(၇) ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ၊ စာ ၈၆။


စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၅)၊ သြဂုတ်၊ ၂၀၀၆

Cheap Offers: http://bit.ly/gadgets_cheap

Monday, March 20, 2017

ယနေ့ ကျောင်းသားနှင့် စာခိုးမှုပြဿနာ



 မြန်မာပြည် ပညာရေးနှင့် ပတ်သက်၍ ကြောင့်ကြစိုက်သူတိုင်း စာခိုးချခြင်းသည် ယခုအခါ ကျောင်းသားထုအတွင်း ပိုမိုရေပန်းစားတွင်ကျယ်လျက်ရှိပြီး လုပ်ရိုးလုပ်စဉ်တစ်ခုလည်း ဖြစ်လာနေပေပြီ။
ဤခေတ်၌ တိုးတက်လာသော ကွန်ပျူတာ စာစီနည်းပညာနှင့် မိတ္ထူ ချုံ့ကူးနိုင်ခြင်းသည် စာခိုးသူများအတွက် ခိုးချရန် ပြင်ဆင်ရာတွင် ကြီးစွာ အထောက်အကူပြုနေသည်မှာ ၀မ်းနည်းဖွယ်ပင်ဖြစ်၏။ အဆုံး၌ စာခိုးချသော ကျောင်းသား/သူများသာ ဘာမျှ မဖြစ်ပဲ ဤနည်းဖြင့် တစ်တန်းပြီးတစ်တန်းတက်၍ ဘွဲ့များ ရရှိသွားပေလိမ့်ဦးမည်။ သူ သင်ယူအထူးပြုခဲ့သော ဘာသာရပ်ကိုအမှန်တကယ် တတ်ကျွမ်းသည်ဖြစ်စေ၊ မတတ်ကျွမ်းသည်ဖြစ်စေ သူ့ကိုယ်သူ ဘွဲ့ရပညာတတ်တစ်ဦးဖြစ်သည်ဟု ၀ံ့ကြွား ပြောဆိုပေလိမ့်ဦးမည်။ အချို့မှာမူ စာသင်နှစ်တစ်နှစ်လျင် ရက်ပေါင်း သုံးဆယ်မျှပင် သူမှန်မှန် မတက်ရောက်ခဲ့သော တက္ကသိုလ်ကြီးကို ညွှန်ပြ၍ သူ၏ အမိကျောင်းတော်ကြီးပါဟု ဂုဏ်ယူကြွားဝါနေပေဦးတော့မည်။ 

ကျွန်ုပ်၏ ဆရာတစ်ဦးက ထိုသူများသည် တစ်ချိန်ချိန်၌ မိမိနှင့် မထိုက်တန်ပဲ ရယူခဲ့သော ဘွဲ့ကိုလည်းကောင်း၊ ဘွဲ့ရဓာတ်ပုံကိုလည်းကောင်း ကြည့်၍ ရှက်စိတ်ဝင်လိမ့်မည်ဟု ဆို၏။ ကျွန်ုပ် မထင်ပါ။ ဘွဲ့လက်မှတ်ဆိုသည်မှာ နာမည်နောက် အမြီးတပ်ရရုံ ဂုဏ်အဆောင် အယောင် တစ်ခုအဖြစ်သာ တန်ဖိုးထားခံနေရချိန်တွင် ထိုစိတ်မျိုး ပေါ်ပေါက်ရန် အလွန်ခဲယဉ်း ပေသည်။ ယင်းသို့ မသမာသောနည်းမျိုးစုံဖြင့် စာမေးပွဲအောင် ဘွဲ့ရသွားသူတစ်ယောက်သည် နောင်တစ်ချိန်၌ သူ၏ ဆယ်ကျော်သက်ရွယ် သားသမီးတစ်ယောက် စာခိုးချရန် ပြင်ဆင်နေသည်ကို သိမြင်လျှင်လည်း တားမြစ်ရန် အထူးကြိုးစားလိမ့်မည် မဟုတ်ချေ။ ကျောင်းသားသဘာဝ လုပ်ရိုးလုပ်စဉ် ဟုသာ အလွယ်တကူ သဘောထားပေလိမ့်မည်။

 စင်စစ် ယခုခေတ် တက္ကသိုလ် ကျောင်းသား/သူတစ်ဦး၏ စာကြည့်ချိန်(သို့) လေ့လာရသော သင်ခန်းစာ ၀န်ထုပ်ဝန်ပိုးသည် အထက်တန်းကျောင်း/သူတစ်ယောက်ထက် များစွာ လျော့နည်း သက်သာလေသည်။ ထို့ပြင် ဇွန်းခွံ့ကျွေးသင်ကြားမှုကို မစွန့်လွှတ်နိုင်သေးသောကြောင့် တစ်ပြေးညီ အမေးအဖြေ ပုံစံကိုသာ အများအားဖြင့် အသုံးပြုရလျက်ရှိရာ အရေးကြီး မေးခွန်းပုစ္ဆာများကိုသာ ဂရုတစိုက် မှန်မှန် လေ့ကျင့် ပြင်ဆင် ထားလျှင် အောင်မှတ်မရစရာ အကြောင်းမရှိချေ။ ထိုမျှသာမက စာမေးပွဲနီးကပ်လာချိန်တွင် လည်း သာသာရပ်အလိုက် သက်ဆိုင်ရာ ဆရာ/မများက အရေးကြီးအပိုင်းနှင့် မေးခွန်းများကို ရွေးချက်ပေးတတ်မြဲဖြစ်၏။

သို့သော်လည်း ဤပုစ္ဆာဤမေးခွန်း စာမေးပွဲ၌ တပ်အပ်ပါမည်ကို ကြိုတင်မှန်းဆ၍ ရနေပါ လျက် စာခိုးကျောင်းသား/သူများသည် ကျက်သင့်သော စာကို ၀ီရိယ စိုက်မကျက်မှတ်ဘဲ သူတို့၏ စာမေးပွဲနီး အဖိုးတန်အချိန်ကလေးများကို စာခိုးရန် နည်းမျိုးစုံ ကြံစည်ပြင်ဆင်ခြင်း ဖြင့် ကုန်လွန်စေကြလေသည်။ စာကျက်ရန်(သို့) တွက်ချက်လေ့ကျင့်ရန် အချိန်မရတော့ဟူသော အကြောင်းပြချက်သည် ကျေနပ်ဖွယ်မရှိလှချေ။ တစ်ပတ်မျှလောက် သော အချိန်သည်ပင် ယနေ့တက္ကသိုလ်ကျောင်းသား/သူ တစ်ယောက်အတွက် စာမေးပွဲ ပြင်ဆင်ရန် လုံလောက်နိုင်ပေသည်။

စာမေးပွဲနေ့သို့ရောက်သောအခါ စာခိုးမည့် ကျောင်းသား/သူများသည် ကြိုတင်ပြင်ဆင်ထား သော ဘောပင်၊ စက္ကူ၊ ကပ်ခွာ သသည့် အတိုအထွာမျိုးစုံကို စာမေးပွဲခန်းဆီသို့ ဖြစ်သည့်နည်း ဖြင့် ကိုယ်ခန္ဓာအနှံ့သယ်ဆောင်သွားပြီး ခိုးခွင့်ရရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြလေ တော့သည်။ စာမေးပွဲခန်းစောင့် ဆရာ/မ ကိုလည်း မိမိတို့အလိုကျ ပြုမူ၍ ရမည့်သူ ဟုတ် မဟုတ် အကဲခတ်ကြသေးရာ စည်းကမ်းတင်းကြပ်သည့် ဆရာဆရာမနှင့် ကြုံတွေ့လျှင် စိတ်ဆိုးတတ်ကြလေသေးသည်။ ခိုးချရင်း ဖမ်းမိသော ကျောင်းသားကျောင်းသူ အများစုမှာ မိမိတို့ ကြံရာပါပစ္စည်းကို အသာတကြည် ပေးအပ်လေ့ရှိသော်လည်း အနည်းငယ်မှာမူ စာမေးပွဲစောင့် ဆရာဆရာမကိုပင် ခြိမ်းခြောက် ရန်ပြုလိုသေးရာ ကျွန်ုပ်တို့နိုင်ငံ၌  ’စာခိုးမှု’ သာမက နောက်ဆုံးပေါ် ’စာဓမြမှု’၊ ’စာအနုကြမ်းမှု’ များပင် စတင်ဖြစ်ပွားနေပြီဟု  ဆိုရမည်ကဲ့သို့ ရှိ၏။ စာမေးပွဲချိန်အပြီး စာသူခိုးများ မြိန်ရည်ယှက်ရည် ပြောဆိုလေ့ရှိသော အကြောင်းအရာမှာလည်း သူတို့မည်သို့မည်ပုံ မည်ရွေ့မည်မျှ အလစ်သုတ် ခိုးချနိုင်ခဲ့ကြောင်း စွန့်စားခန်းအတွေ့အကြုံများပင် ဖြစ်တော့သည်။ 

အမှန်အားဖြင့် စာခိုးခြင်းသည် စာခိုးသူကိုသာ အကျိုးယုတ်စေသည်မဟုတ်၊ ရိုးသားမှန်ကန်စွာ ဖြေဆိုသူများကို ပို၍ပင် ထိခိုက်နစ်နာစေလေသည်။ ကျွန်ုပ်၏ အသိတစ်ယောက်ဆိုလျှင် စာမေးပွဲကြီးတစ်ခု၌ ခိုးချရန် စာငါးပုဒ်လျှို့ဝှက်ယူဆောင်သွားရာ မေးခွန်းလွှာတွင် ထိုငါးပုဒ်လုံး ကွက်တိတိုးခဲ့၏။ လေးပုဒ်ကူးရေးပြီးချိန်တွင် ဆက်၍ ကူးချင်စိတ်လည်း မရှိတော့။ အခန်းပြင်ရောက်နှင့်နေသော သူငယ်ချင်းများကလည်း လှမ်းခေါ်နေပြီဖြစ်သောကြောင့် ကျန်တစ်ပုဒ်ကို မကူးဘဲထားခဲ့သည်ဟု ဆို၏။ ငါးပုဒ်လုံးကိုသာ စိတ်ရှည်လက်ရှည် ကူးရေးခဲ့လျှင် ပုဒ်စေ့ဖြေရာလည်း ရောက်၍ ဂုဏ်ထူးပင် ရချင်ရနေပေဦးတော့မည်။ 

အလွတ်ကျက်မှတ်သွားသူကမှ မှတ်ဥာဏ်ချွတ်ချော်၍ စာပိုဒ် အနည်းငယ်မေ့နေမှု၊ ကျက်ထားသည်နှင့် မတိုးမှု ဖြစ်နိုင်သေး၏။ ခိုးချသူမှာမူ ကြည့်၍ ကူးရသည်ဖြစ်ရာ ’သည်’
’၏ ’ မရွေးပင် စေ့စပ်နိုင်ပေသေးသည်။ ထို့ပြင် ပုံစံတူအဖြေတစ်မျိုးတည်းကိုသာ စစ်မေးသော စာမေးပွဲမျိုးတွင် ထိုသူနှစ်ဦး၏ စာဖြေလွှာသည် များစွာ ကွဲပြားခြားနားမှု ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခါ ရိုးသားစွာ ပြောဆိုသူနှင့် လိမ်လည် ပြောဆိုသူကို မဝေခွဲနိုင်သော စာစစ်ဆရာသည် မည်သူ့ကို ဂုဏ်ထူးပေးရန် (သို့) အအောင်ပေးရန် မည်သို့တွက်ဆမည်နည်း။ စာလည်းကြိုးစား၍ ရိုးရိုးသားသားလည်း ဖြေဆိုပါလျက် စာမေးပွဲ၌ အကြောင်းအမျိုးမျိုး ကြောင့် ရည်မှန်းချက် မပြည့်ဝခဲ့သူများအတွက်သော်လည်းကောင်း၊ ပညာကိုလည်း အလေး အနက်မထား၊ ကြိုးလည်း မကြိုးစားပဲ ခိုးချ၍ အောင်မြင်ပေါက်မြောက်သွားသူများအတွက် သော်လည်းကောင်း၊ လက်ရှိအခြေအနေ၌ ကျွန်ုပ်တို့ မည်သို့ ခွဲခြားစဉ်းစားပေးကြမည်နည်း။ လူတကာ မိုးခါးရေသောက်နေကြသည့် လူ့အဖွဲ့အစည်းတွင် တန်ဖိုးများ ပျောက်ဆုံးမည့် အန္တရာယ် ရှိပေသည်။

စာခိုးသူအတွက် ဆင်ခြေဆိုသည်မှာ ပညာရေးစနစ်မှသည် ဆရာများအသင်အပြညံ့ဖျင်းမှု၊ မိုးခါးရေသောက်ရမှုအထိ တစ်သီတစ်တန်းကြီး ရှိနေမည်သာဖြစ်၏။ အချက်အလက်များ၏ မှန်ကန်နိုင်မှုကို ကျွန်ုပ်တို့ လုံးလုံးလျားလျား ငြင်းဆို၍ မဖြစ်။ သို့ရာတွင် စာခိုးသူများလာ၍ လည်း ပညာရေးအဆင့်အတန်း ပိုနှိမ့်ကျရုံသာရှိပေလိမ့်မည်။ တည်ဆောက်ရန် ခက်ခဲ သလောက် ဖျက်ဆီးရန်ကား လွယ်ကူလှ၏။ နောက်မျိုးဆက်အတွက် ကျွန်ုပ်တို့ အကောင်းဆုံး လက်ဆင့်ကမ်း ပေးနိုင်သည်မှာ ဤပညာရေးသာဖြစ်သည်ဟု မျှော်လင့်ချက် ထားရှိသေးပါလျှင် ကျွန်ုပ်တို့ လက်ထက်၌လည်း လက်လွတ်စပယ် မပြုမူသင့်ပေ။

စာမေးပွဲ၌ မရိုးသားသော နည်းလမ်းသုံးခြင်းကို မြန်မာစကား၌ ခိုးချသည်ဟု ဆိုကြပြီး အင်္ဂလိပ်ဘာသာ၌ လိမ်လည်သည် (cheat) ဟူ၍ သုံးစွဲလေ့ရှိ၏။ မည်သို့ပင်ခေါ်စေ ယင်းအပြုအမူသည် ကျင့်ဝတ်ချိုးဖောက်မှုတစ်ရပ်သာဖြစ်၏။ ကျောင်းသားဘ၀ကပင် ကျောင်းသား ကျင့်ဝတ်စည်းကမ်းကို မလိုက်နာ၊ ကျောင်းသားဂုဏ်သိက္ခာကို မငဲ့ညှာသူတစ်ဦးသည် လူမှုဘ၀၌လည်း စည်းမျဉ်းဥပဒေများကို လက်တစ်လုံးခြားလုပ်ရန်သော်လည်းကောင်း၊ ရှောင်လွှဲကျူးလွန်ရန်သော်လည်းကောင်း ၀န်လေးတော့မည် မဟုတ်ချေ။ ပို၍ မသိဆိုးရွားနိုင်မှုကား သူ့၌ အမြစ်တွယ်ပါသွားမည့် ရေသာခိုအချောင်လိုက် စိတ်ဓါတ်ပင် ဖြစ်၏။ တန်းတးညီမျှအခွင့်အရေးတွင် အခြေတည်ခဲ့သော ကျွန်ုပ်တို့၏ ပညာရေးစနစ်သည် မသမာသူတို့၏ ၀ိုင်းဝန်းအမြတ်ထုတ် အသုံးချမှုကို လိုက်လျောခြင်းဖြင့် အဆုံးသတ်ရမည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်ကောင်းလှပေသည်။

မျိုးဆက်နှင့်ချီ၍ ဆင်ခြင်သုံးသပ်ကြည့်လျှင် ဤပြဿနာသည် ပိုမိုနက်ရှိုင်းသွားလေသည်။ ကျွန်ုပ်တို့သည် ယခင်မျိုးဆက်များရယူခဲ့ကြသည့်ဘွဲ့များနှင့် ယခုမျိုးဆက် ရရှိလာကြမည့် ဘွဲ့များကို ညီမျှခြင်း ဆွဲယူနိုင်မည်လော။ ဘွဲ့တစ်ခုရရန် ကြိုးစားရုန်းကန် အားထုတ်ခဲ့ရသော လုံ့လ၀ီရိယ ပမာဏတွင်တော့ အနည်းဆုံး ကွာခြားသွားမည်သာဖြစ်၏။ B.A B.Sc M.A M.Sc စသည့် အမည်ရည်များကတော့ အတူတူပင်။ မွေးထုတ်ပေးလိုက်သော မိခင်ကျောင်းတော်ကြီးကလည်း အတူတူပင်။ 

ပညာရေး၏ ပဓာနရည်ရွယ်ချက်မှာ တတ်သိလိမ္မာမှုနှင့် ဆင်ခြင်တုံတရားကို လေ့ကျင့် ပျိုးထောင်ပေးရန်ဖြစ်၏။ ဤရည်မှန်းချက်ကို နှိမ့်ချမှု မြင်လာသောအခါ ကျောင်းသားများ အသိပညာသက်သက်အတွက် ဆည်းပူးလိုစိတ် နည်းပါးလာသည်။ ထိုအခါ စာမေးပွဲဦးတည် သင်ယူမှုနှင့် အတန်းအောင်ရန်သာ အဓိက ထားမှု အရိပ်မည်းကြီးများသည် ပညာရေးစနစ် အပေါ် ထိုးကျလာခဲ့လေတော့သည်။ ’အရေအတွက်မှ အရည်အချင်းသို့’ ဟူသော ဆောင်ပုဒ် ၏ ဖြစ်နိုင်ချေ တစ်စိတ်တစ်ပိုင်းကို ကျွန်ုပ်တို့ လက်ခံရပါမည်။ သို့ရာတွင် အရေအတွက် များပြားမှုသည် အရည်အချင်း တိုးတက်မြင့်မားမှုနှင့် အခါခပ်သိမ်း ထပ်တူမညီကြောင်း အလွန်ထင်ရှား၏။ ပညာရေး၏လုပ်ငန်းတာဝန်မှာ ရုပ်ဝတ္ထု အဆောက်အဦးများကို ဖြည့်ဆည်း ပေးရုံသာမက ဥာဏ်ပညာအရည်အသွေးကို ပျိုးထောင်လင်းလက် စေရန်လည်း ဖြစ်သည်။ တန်ဖိုး နိမ့်ကျအောင် ပြင်ပမှ မည်မျှအားထုတ်နေပါစေ ကျောင်းသားများအနေဖြင့် မိမိတန်ဖိုး ကို မိမိသိနားလည်ရန် ပို၍ အရေးကြီး၏။

နိုင်ငံခြားသားအများဆုံးသည် တက္ကသိုလ်ပညာရေးကို တန်ဖိုးထား မြတ်နိုးကြ၏။ တက္ကသိုလ် ကျောင်းသားဟုဆိုလျှင် အထင်ကြီးလေးစားတတ်ကြ၏။ သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံ၏ စာသင်ခန်းတွင်း၊ ပြင် ဖြစ်ပွားလျက်ရှိသော မသမာမှုများကိုသာ သိရှိသွားခဲ့ပါလျှင် ကျွန်ုပ်တို့၏ အဆင့်မြင့် ပညာရေးကို မည်သို့ ထင်မြင်ယုံမှတ်သွားမည်နည်း။ စာမေးပွဲမသမာမှုဟူသည်မှာ ခေတ်အဆက်ဆက်က အနည်းနှင့် အများရှိခဲ့သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤသည်ကို စည်းကမ်းချိုးဖောက်မှု၊ ကျင့်ဝတ်ပျက်ယွင်းမှုဟု အလေးအနက် သဘောမထားဘဲ ထမင်းစား ရေသောက်လုပ်ရိုးလုပ်စဉ် တစ်ရပ်လို သိက္ခာမဲ့ပြုသူက ပြု၍ သိသူကလည်း မျက်ကွယ်ပြုနေရ မည်မှာ များစွာ မလျော်ကန်လှချေ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် ကျောင်းသား ဦးရေနည်းသော ကောလိပ်၊ တက္ကသိုလ်အချို့တွင် စာခိုးသူရာခိုင်နှုန်း အလွန်နည်းပါးသေး သော်လည်း အထက်တန်းကျောင်းများ၌ပင် ဤပြဿနာသည် ယခင်ကထက် ကြီးမားကျယ် ပြန့်လာနေပြီဟု ယူဆရန် ရှိပါသည်။ 

ပုံစံကိုက် အမေးအဖြေများကို ထုံးစံအတိုင်း စစ်မေးပြီး အမှတ်အများအနည်းအလိုက် စီချ၍ အအောင်အရှုံးနှင့် ထူးချွန်မှု သတ်မှတ်ကာ အောင်စာရင်း ထုတ်ပြန်ပေးနေရုံဖြင့် စာခိုး ပြဿနာ ပြေလည်သွားစရာ အကြောင်းမမြင်ပေ။ အရေးကြီးသည့် အချက်တစ်ခုမှာ ကျောင်းသားစုအတွင်း တိမ်မြုပ်ကွယ်ပျောက်လုပြီဖြစ်သော ဝေဖန် ဆန်းစစ်စဉ်းစားခြင်း (critical thinking) အလေ့အကျင့်ကို ဖြည်းဖြည်းချင်း ပြန်လည် ပျိုးထောင်ပေးရန်ပင်ဖြစ်သည်။ ထို့ပြင် ပညာရေးစနစ်၌ ပင်ကိုစွမ်းရည်ရှိပြီး အမှန်တကယ် ထူးချွန်သည့် ကျောင်းသားများကို အစဉ်မပြတ် ဖော်ထုတ်ချီးမြှောက်နိုင်စေရန် မက်လုံးများလည်း ရှိနေရပေမည်။ 

ထိုမျှသာမက ကာလအလျောက် ဘွဲ့၏ တန်ဖိုး နိမ့်လျောကျဆင်းခြင်း၊ စာသင်နှစ် တိုတောင်း ခြင်း၊ ကျောင်းသားများ မိမိ စိတ်ကြိုက် ဘာသာရပ်ကို သင်ယူခွင့် မရခြင်း၊ သင်ယူနေရသော ဘာသာရပ်၏ လက်တွေ့ အသုံးဝင်မှုမပေါ်လွင်ခြင်း၊ ဆရာများ၏ လစာ၊ စာအုပ်စာတမ်းနျင့် ပစ္စည်းကိရိယာမပြည့်စုံခြင်း၊ အထက်တန်းနှင့် အဆင့်မြင့် ပညာရေး ပေါင်းကူး၌ အခြား ရွေးချယ်စရာ လမ်းကြောင်းများ ပိုလိုအပ်ခြင်း အစရှိသော ဤပြဿနာနှင့် ဆက်စပ်၍ ထည့်သွင်း တွက်ချက်ရမည့် အချက်အလက်များစွာလည်း ရှိနေပေသေးသည်။ ယင်း အခက် အခဲများကို အားလုံးက စုပေါင်း အဖြေရှာ ကျော်လွှားရမည် ဖြစ်ကြောင်း အလွန်ထင်ရှား၏။

စားခိုးမှုပပျောက်ရန်မှာ စာမေးပွဲ နီးကပ်ချိန်၌ အနည်းငယ် ပြောဆို ခြောက်လှန့်ရုံမျှဖြင့် မလုံ လောက်ချေ။ ပြစ်မှုအကြီးအသေးအလိုက် ထိထိရောက်ရောက် အရေးယူပြခြင်းဖြင့်သာ ကျွန်ုပ်တို့ ပညာရေးစနစ်၏ ရေရှည်ပြဿနာများကို တတ်စွမ်းသမျှ ဟန့်တားပေးရာ ရောက်ပေလိမ့်မည်။