Thursday, October 26, 2017
Wednesday, October 18, 2017
Francis Wade ရဲ့ Myanmar's Enemy Within စာအုပ်ကိုလဲ ဖတ်နေတာ
တစ်ဝက်ကျိုးနေပြီ။ မြန်မာနိုင်ငံအကြောင်းရေးတဲ့ တခြားစာအုပ်အများစုနဲ့
ယှဉ်ရင် မျှမျှတတရှိပြီး သေသေချာချာ သုတေသနလုပ်ထားတဲ့ စာအုပ်ဖြစ်တယ်။
စာအုပ်သုံးသပ်ချက် အပြည့်အစုံကို ရေးချင်ပေမယ့် အချိန်မရဘူး။ သို့သော်
ဖတ်ပြီးသလောက်မှာ ဘဝင်မကျတာ သုံး၊ လေးချက်တော့ရှိတယ်။ စာရေးဖို့ အပျင်း
နည်းနည်းထူတာနဲ့ လွယ်လင့်တကူပဲ ဒီလို အတိုချုပ် ရေးမယ်။
၁) ၂၀၁၂ ခုနှစ် တောင်ကုပ်မှာ မွတ်စလင်ခရီးသည်တွေ အသတ်ခံရပြီးနောက် ရခိုင်မြောက်မှာ ဘင်္ဂါလီမွတ်စလင်တွေ ထသောင်းကျန်းတဲ့အကြောင်းကို စာတစ်ကြောင်းလောက်ပဲရေးတယ်။ ဒီလိုဖြစ်လာဖို့ ဘယ်လို လှုံ့ဆော် တိုက်တွန်းမှုတွေ ရှိခဲ့တယ်ဆိုတာ မစူးစမ်းထားဘူး။ နာဇီရွာကို ရခိုင်တွေက တိုက်ခိုက်တဲ့ အကြောင်းကိုတော့ ပူးပေါင်းကြံစည်မှု သရုပ်ပေါ်အောင် တဖွဲ့တနွဲ့ရေးတယ်။

၂) သူ့စာအုပ်ထဲမှာ လှလှ ဆိုတဲ့ အမျိုးသမီးဟာ မှတ်ပုံတင် မရမှာစိုးလို့
မွန်လူမျိုးဖြစ်ရက်နဲ့ ဗမာလို့ လဝက ကို ညာခဲ့တယ်လို့ဆိုတယ်။ ဒါဟာ
ပြည့်စုံတဲ့ ဇာတ်လမ်းလို့မထင်ဘူး။
၃) ရခိုင်က နတလရွာတွေမှာ နေသူအားလုံးဟာ လျှော့ရက်ရ ရာဇဝတ်အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေချည်းပဲလို့ ထင်မြင်ရအောင် ရေးထားတယ်။ ချင်းပြည်နယ်က နတလ စာသင်ကျောင်းတွေကို ပုံဖော်ရာမှာလဲ ဗုဒ္ဓဘာသာကို မကောင်းပြောချင်တဲ့ သဘောနဲ့ ရေးတယ်။
၎) ၂၀၁၃ ထဲဖြစ်တဲ့ မွတ်စလင်ဘာသာဝင်တွေနဲ့ဖြစ်တဲ့ အဓိကရုဏ်းတွေမှာလဲ ဘက်တစ်ဖက်အကြောင်းကိုသာ တွေ့ရတယ်။ အတိုက်ခိုက်ခံ၊ အကျူးလွန်ခံရသူတွေလို့ ယူဆတာမို့ ကရုဏာသက်ပြီး ပိုနားထောင်သင့်တယ်လို့ ယူဆဟန်တူတယ်။ ဒါပေမဲ့ သူဆောက်ချင်တဲ့ ပဓာနစောဒနာကလဲ ရှိနေတော့ ဇာတ်လမ်းတစ်ခြမ်းကို ဘာကြောင့် အပင်ပန်းခံမရှာသလဲ ဆိုတာကိုလဲ နားလည်လို့ရတယ်။
စာအုပ်ရဲ့ ခေါင်းစဉ်ငယ်ကိုက Buddhist Violence and the Making of a Muslim 'Other' ဖြစ်ပါတယ်။

အခုတလော ဒေါက်တာမောင်မောင်ရဲ့ The 1988 Uprising in Myanmar စာအုပ်ကို ပြီးအောင် ဖတ်ဖြစ်တယ်။ ဖတ်နေတုန်း ရခိုင်အရေးဖြစ်နေတာနဲ့ ကြုံကြိုက်တဲ့အတွက် အစိုးရတစ်ရပ်အနေနဲ့
ပြည်တွင်းပြည်ပ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ရတဲ့အချိန်မှာ elite
collective action ဘယ်လိုပေါ်ပေါက်တယ်၊ မပေါ်ပေါက်ဘူးဆိုတာ သတိထားပြီး
လေ့လာကြည့်တယ်။ စိတ်ဝင်စားစရာတွေ တွေ့ရတယ်။ စဉ်းစားစရာအချက်တွေ အများကြီး
ရတယ်။
သူလိုရာ သူဆွဲရေးတဲ့ သူ့အကြောင်း၊ သူ့ဇာတ်လမ်း (His Story) လို့ ခပ်လွယ်လွယ် ပယ်ချင်ရင်လဲ ရပါတယ်။ တခြားသူတွေရဲ့ အထုပ္ပတ္တိတွေထဲ ပြန်ပေါ်တဲ့ ဒေါက်တာမောင်မောင် ထိန်ချန်ထားခဲ့တဲ့ အကွက်တွေ ရှိနေတာလဲ အမှန်ပါ။ ဒါပေမဲ့ ဒီစာအုပ်ကို တခြားတစ်နည်း ဖတ်ပြီး သင်ခန်းစာယူ၊ ဆက်တွေးလို့ရတဲ့ ရှုထောင့်တွေလဲ ရှိနေတယ်။

Tuesday, October 17, 2017
Many books on Burma (politics, society, religion, conflicts, gender,
ad nauseum) have been produced in English since the political opening.
These have been read and reviewed in English only among English-speaking
crowds who share more or less similar worldviews and group think.
Perhaps, some curious Burmese would buy a copy from Pansodan bookshops but might never manage to read in its entirety, let alone analyze it. A few may even be delighted to find their life stories in print in what is considered a universal language. Parts of academic or journalistic writings would eventually be translated in Burmese. Again, for the vast majority of people, the works are to be saved for possible reading later.

In the mean
time, Burmese scholarship itself has become a rather marginalized
movement. Of course, those educated Anglophone Burmese are writing and
publishing stuff but to what extent their message is heard or
representative? Hearing them doesn't necessarily follow 'getting' the
Burmese right because the voice of the people who do not speak the
language would have been lost -- in translation and interpretation. What
complicates things further is the fact that outsiders study Burma with a
wide range of different interests and motives. Being a multifaceted
society frozen in time capsule, Burma is a place to confirm or refute
any preconceived theories.
The political implication thus sometimes leads to the country and society being abused, harassed, and even insulted, just as it had once been indulged and pampered. Is there an equilibrium to get out of this? I do not know. Lots of good factors need to converge with some luck for that to happen.

Tuesday, October 10, 2017
ရန်ကုန်မြို့မှာ ၂၀၁၅ ခုနှစ်၊ မေလက လုပ်သွားတဲ့ ပါမောက္ခ ဖိလစ်၊ စီ၊
ရှမစ်တာ (Phillipe C. Schmitter) ရဲ့
'အသွင်ကူးပြောင်းမှုပုံစံအမျိုးမျိုးနှင့် ၎င်းတို့၏ ပြဿနာများ' (Modes of
Transition and Their Respective Problems) ဟောပြောပွဲရဲ့
ဗီဒီယိုဖိုင်ကလေးတွေကို အခုမှပဲ ကြည့်ဖြစ်တယ်။ ကိုယ်သိတဲ့ ဆရာကို
ကိုယ်ထောင်ခဲ့တဲ့ အဖွဲ့က ဖိတ်ပြီး ပြောခိုင်းတဲ့ပွဲဖြစ်ပေမယ့်
ပွဲစီစဉ်တဲ့အချိန်က နော်ဝေမှာ ရောက်နေလို့ မတက်နိုင်ခဲ့ဘူး။ နောက်ကျတော့လဲ
မအားတာရယ်၊ ဗီဒီယိုထဲပါတဲ့ တချို့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရဲ့ မျက်နှာကို
မကြည့်ချင်တာရယ်ကြောင့် တော်တော်နဲ့ ကြည့်ဖြစ်တဲ့ဆီ မရောက်ခဲ့ဘူး။
ရှမစ်တာ ဟာ အသွင်ကူးပြောင်းမှုသီအိုရီဘက်မှာ နာမည်ကျော်သလောက် သူ့ရဲ့ ဟောပြောမှုကလဲ ရှင်းလင်းပြီး စနစ်ကျတယ်။ သူခွဲခြားပြတဲ့ အသွင်ကူးပြောင်းမှုပုံစံ လေးမျိုးအနက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ စည်းကြပ်ကူးပြောင်းမှုပုံစံ (imposed transition) လို့ ရှမစ်တာ က သုံးသပ်တယ်။ ပုံစံလေးမျိုးဟာ စံပြုအမျိုးအစားတွေ (ideal-types) သာဖြစ်ကြောင်းလဲ စကားခံထားတယ်။
ဒါပေမဲ့ imposed transition ကို ဖွင့်ဆိုရာမှာ သွေးထွက်သံယိုဖြစ်မှု (violence) ပါတဲ့ အထက်တန်းလွှာ (elites) ဦးဆောင်တဲ့ပုံစံလို့ ပြောတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နည်းနည်းတော့ အံမဝင်ဘဲ ဖြစ်နေတယ်လို့ ပြောရမယ်။ ၂၀၁၀ နီးကပ်လာတာနဲ့အမျှ အဲဒီတုန်းက စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဒီမိုကရေစီအတိုက်အခံတစ်ရပ်လုံးရဲ့ အင်အားဟာ ညီမှ မညီမျှတော့ပဲ။ အတိုက်အခံက စစ်အစိုးရဘက်ကို ခြစ်ရာကလေးတောင် ထင်အောင် မလုပ်နိုင်တော့သလို အစိုးရဘက်ကလဲ သူ့လမ်းပြမြေပုံ အဆုံးပိုင်းရောက်နေပြီမို့ တိုင်းရင်းသားလက်နက်ကိုင်အများစုကိုတောင် ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပဲ ရှိတော့တယ်။ ကချင်မှာတော့ အတန်အသင့် impose လုပ်တယ်ပေါ့လေ။
နဂိုကမှ အင်အားမမျှတဲ့အခါကျတော့ ပဋိဥာဉ်ကူးပြောင်းမှုပုံစံ (pacted transition) လဲ မဖြစ်နိုင်တော့ဘူး။ ပြန်လည်တည်ဆောက်ရေး နည်းလမ်း (reconstructive techniques) ကိုသုံးတဲ့ တတိယအုပ်စု (third force) ကတော့ ပဋိဥာဉ် (pact) ဖြစ်ဖို့ကို မျှော်တယ်။ ဒါကြောင့်လဲ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေါင်းမာဂိုဏ်း (hardliners)၊ ခေါင်းပျော့ဂိုဏ်း (softliner) သဘောတရားကို အယောင်ပြပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို တရားဝင်လာအောင် လုပ်လို့ရသွားခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း (agency) အနေနဲ့ အခန်းကဏ္ဍကလဲ ကြီးမားတယ်။ သူသာမရှိခဲ့ရင် ဒီအသွင်ကူးပြောင်းမှုတစ်ခုလုံးဟာလဲ ဒီပုံစံ ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အခုကျပြန်တော့လဲ သူနဲ့ ဗိုလ်ချုပ်ကြီးတွေ ဘာပြောလို့ ဘာလုပ်ခဲ့မှန်း မသိရတာကိုက မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုရဲ့ တစ်ဒုက္ခဖြစ်နေတယ်။ ပဋိဥာဉ်ကူးပြောင်းမှုပုံစံ မရှိခဲ့ဘူး။ မဖြစ်သေးဘူးလို့ အကြမ်းအားဖြင့် ယူဆလို့ရနိုင်ပေမယ့် ဖြစ်လာရင်ရော တိုင်းပြည်အတွက်၊ ဒီမိုကရေစီအရေးအတွက် အကျိုးရှိပါ့မလားလို့ စဉ်းစားစရာရှိတယ်။
သီအိုရီရှုထောင့်က ရှမစ်တာ ထောက်ပြသွားတာမှာလဲ နိုင်ငံရေးသမားတွေဟာ ပဋိဥာဉ်ကို သိပ်ကြိုက်တယ်။ (Politicians like it too much!) အာဏာခွဲဝေတဲ့ အစီအမံဟာအပြင်လူ ဘယ်သူမှ ဝင်လို့မရတော့တဲ့ အနေအထားမျိုးဖြစ်လာတဲ့အခါ ငွေရှင်ကြေးရှင်လူတစ်စုက ကြီးစိုးအုပ်ချုပ်တဲ့ အော်လီဂါခီ (oligarchy) ဖြစ်သွားတတ်တယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုတော့ ideal-types တွေဖြစ်တဲ့ imposed transition အနေနဲ့ ကျွန်တော်မမြင်သလို pacted transition လို့လဲ မထင်ဘူး။ စပ်ကြားအစိုးရ (hybrid regime) လို့ ပြောဖို့ရာကလဲ အသွင်ကူးပြောင်းရေးဘောင် (transition paradigm) ထဲက မထွက်နိုင်ဘူးဖြစ်နေမယ်။ ဒါဆိုရင် တောမတ်စ်၊ ကာရိုးသားစ် (Thomas Carothers) ပြောသလို အဖြူမဟုတ် အမည်းမဟုတ် ထာဝရစပ်ကူးမတ်ကူးကာလ မီးခိုးရောင်ဇုံ (grey zone) အတွင်းက မထွက်နိုင်ရင်လဲ မဖြစ်သေးဘူး။ လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ ရှိထားပြီးသားပုံစံ ဘယ်တစ်ခုနောက်ကိုမှ မလိုက်ဘဲ လေးကွက်ဇယားအလည်မှာ ရှမစ်တာ ဆွဲပြတဲ့ တွင်းမည်းကြီး (Black Hole) ထဲကိုသာ တဖြည်းဖြည်း မြောပါ နစ်မြုပ်နေပြီလို့ ယူဆရဖွယ် ရှိပါတယ်။

Saturday, October 7, 2017
ငြိမ်းချမ်းရေးကမ်းလှမ်းမှုလား။ အကျပ်ကိုင်ခြိမ်းခြောက်မှုလား။
ARSA က သူတို့အနေနဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့
ရက်ကုန်တော့မယ်ဆိုတာရယ်၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးချင်တယ်လို့
ပြောတာရယ်ကို နိုင်ငံတကာမီဒီယာတွေက ဒီနေ့ သတင်းထုတ်လွှင့်သွားတယ်။ ဒါဟာ
ခပ်ပါးပါးအုပ်ထားတဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှု (blackmail) ဆိုတာ
မျက်ခြေမပြတ်ကြဖို့ လိုပါတယ်။
အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ARSA ကျူးလွန်ထားတဲ့ အလွန်ကြီးမားတဲ့ သွေးထွက်သံယို လုပ်ရပ်တွေ ရှိနေရက်နဲ့တောင် အနောက်နိုင်ငံအစိုးရတွေ၊ အသင်းအဖွဲ့တွေနဲ့ သတင်းဌာနကြီးတွေက ပြစ်တင်ရှုတ်ချမှု မပြုတဲ့အပြင် မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ/ဘင်္ဂါလီအရေးကို လိုက်လျောပေးဖို့ တောင်းဆိုနေတာဟာ သဘောရိုး မဟုတ်ဘူး။
အနောက်နိုင်ငံကြီးတွေဟာ 'မင်းတို့ ဒီကိစ္စကို ဖြေရှင်းမပေးရင် ရိုဟင်ဂျာ/ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ပုန်ကုန်ထကြွမှုတွေ ထပ်ဖြစ်လာမယ်၊ ဆက်ဖြစ်လာမယ်' စသဖြင့် နိမိတ်ပြစကားတွေကိုပဲ တတွင်တွင်ပြောနေပြီး အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကနေ မြန်မာနိုင်ငံကို ကာကွယ်ရေးအတွက်တော့ ဘာတစ်ခုမှ မကူညီပါဘူး။ မီးလောင်ရာ လေပင့်သာ လုပ်တယ်။ နောက်တစ်ချက်က 'တို့ပြောတဲ့အတိုင်း မင်းတို့မလုပ်ရင် နောက်ထပ် ဒီထက်ကြီးမားတဲ့ နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်ရမယ်။ မင်းတို့ဘာသာ တာဝန်ယူရမယ်။' ဆိုပြီး သတိပေးနေတဲ့ သဘောမျိုးလဲ ဖြစ်တယ်။
ဒါကြောင့် ARSA ရဲ့ ကြေညာချက် နဲ့ ကမာ့္ဘ့မီဒီယာတွေရဲ့ ဒီသတင်းကို တင်ဆက်ပုံဟာ ငြိမ်းချမ်းရေးကမ်းလှမ်းမှုလား။ အကျပ်ကိုင်ခြိမ်းခြောက်မှုလား စေ့စေ့တွေးရင် ရေးရေးမက ပေါ်နိုင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကိုလဲ သစ်ပင်တစ်ပင်ချင်းပဲ မြင်ပြီး တောအုပ်ကို မမြင်တာမျိုး မအကြစေချင်ဘူး။

Tuesday, October 3, 2017
The ability of Burmese society to think critically and make quality arguments and counter-arguments is creduously deficient.
The self-styled liberal camp mainly driven by western funders' agenda would just vomit any monkey meat being fed to them and ape any rhetorics or actions of the benefactors. The dogmatic nationalist groups, on the other hand, would gleefully and insensitively take part in low and resentful speech and assaults, often to their own detriment.
The result is that Burma's antagonists (including some of our regional neighbors) think we are stupid or blindfolded and that they could manipulate what they want. Those external contenders have become emboldened due to the lack of nuanced and worthy discussion in Burmese media and public forum.
Burmese intellectuals can also be found at the two extremes. Living abroad, some are only using the country's woes and challenges for their own intellectual masturbation. Others do not live up to the level of producing balanced and truthful analyses.

Subscribe to:
Posts (Atom)