Friday, August 31, 2018

ရခိုင္အေရးကို ေျပလည္ဖို႔ဆိုရင္ ျမန္မာႏိုင္ငံမွာ ဗမာအပါအဝင္ လူမ်ိဳးစုအားလံုး ကိုင္စြဲထားၾကတဲ့ 'national races-truth regime' ကေန 'citizenship-truth regime' ကို ေျပာင္းလဲဖို႕လိုတယ္။ Truth regime (ဝါ) regime of truth (#အမွန္တရားနည္းစနစ္) ဆိုတာ ျပင္သစ္အေတြးအေခၚပညာရွင္ ဖူးကိုး (Foucault) က စတင္ အသံုးျပဳခဲ့တဲ့ အယူအဆျဖစ္တယ္။ Regime of truth ဆိုတာ အလြယ္ရွင္းျပရရင္ေတာ့ လူ႕အဖြဲ႕အစည္းတစ္ရပ္က အမွန္တရားဆိုၿပီး သတ္မွတ္၊ သံုးစြဲၿပီး ဆုေပး၊ ဒဏ္ေပးေနတဲ့ အျခင္းအရာေတြျဖစ္တယ္။



ျမန္မာႏိုင္ငံမွာ '#တိုင္းရင္းသား' အယူအဆကို ဗဟိုျပဳ ခ်ည္တိုင္ထားၿပီး အဲဒီ အမွန္တရားနည္းစနစ္ (regime of truth) ကို တည္ေဆာက္ထားတာျဖစ္တယ္။ ဒါေၾကာင့္ လက္ရွိ ျမန္မာျပည္သားေတြရဲ႕ စဥ္းစားပံုမွာ 'တိုင္းရင္းသား'ျဖစ္မႈဟာ '#ႏိုင္ငံသား'ျဖစ္မႈရဲ႕ အထက္ကို ေရာက္ေနတယ္။ ဘဂၤါလီ/ရုိဟင္ဂ်ာလို စနစ္ထဲ ဝင္လို႔မရတဲ့ အျပင္အုပ္စုေတြကလည္း ဒီ'တိုင္းရင္းသား'စနစ္ထဲကို အေရာက္ဝင္မွ 'ႏိုင္ငံသား'(ျဖတ္လမ္းနည္းနဲ႔) ျဖစ္ႏိုင္မယ္။ ႏိုင္ငံသားအခြင့္အေရးေတြကို ရႏိုင္မယ္လို႔ ထင္တယ္။ သူတို႔ကိုယ္သူတို႔ အုပ္စုလိုက္ႀကီး 'တိုင္းရင္းသား'ပါဆိုၿပီး အတင္းလုပ္ၾကတယ္။
အကယ္၍ ျမန္မာႏိုင္ငံရဲ႕ အမွန္တရားနည္းစနစ္ (regime of truth) ကို citizenship-truth regime (ႏိုင္ငံသားျဖစ္မႈကို ဗဟိုျပဳစဥ္းစားတဲ့နည္း) အျဖစ္ ေျပာင္းႏိုင္မယ္ဆိုရင္ေတာ့ တိုင္းရင္းသားျဖစ္ မျဖစ္ဆိုတဲ့အခ်က္ဟာ အေရးပါေတာ့မွာ မဟုတ္ဘူး။ ဘာလူမ်ိဳး၊ ဘယ္တိုင္းရင္းသားျဖစ္တယ္ဆိုတဲ့ အခ်က္အလက္ေတြေၾကာင့္လည္း အခြင့္အေရးရေတာ့မွာမဟုတ္ဘူး။ ျပည္ေထာင္စုတည္ေထာင္ရာမွာပါခဲ့တဲ့၊ လြတ္လပ္ေရးရဖို႔ ပင္လံုစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့တဲ့ လူမ်ိဳးႀကီးတစ္ခုခုုျဖစ္ခဲ့တယ္ဆိုလည္း အခြင့္ထူးရလာမွာ မဟုတ္ဘူး။ တရားဝင္အသိအမွတ္ျပဳထားတဲ့ တိုင္းရင္းသား (၁၃၅) မ်ိဳးထဲမွာပါတယ္ဆိုလည္း ဘာမွ ပိုထူးျခားမွာ မဟုတ္ဘူး။ Truth regime အရ 'ႏိုင္ငံသားျဖစ္မႈ'ဟာ 'တိုင္းရင္းသားျဖစ္မႈ'ရဲ႕အထက္ကို ေရာက္ရွိသြားတာေၾကာင့္ျဖစ္တယ္။ Citizenship-truth regime သာ ေပၚေပါက္လာခဲ့ရင္ ျမန္မာႏိုင္ငံ ယခုၾကံဳေတြ႕ေနရတဲ့ အမည္လကၡဏာနဲ႔ ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ေရး ျပႆနာ အေတာ္မ်ားမ်ားဟာ ေျပလည္သြားႏိုင္ပါတယ္။



လက္ရွိအေနအထားမွာေတာ့ ျမန္မာႏိုင္ငံဟာ တုိင္​းရင္​းသားလူမ်ိဳးအေပၚအေျခခံစဥ္းစားတဲ့ (သို႔မဟုတ္) ဗဟိုျပဳစဥ္းစားတဲ့ 'national races-truth regime' က အျမစ္တြယ္ေနတယ္။ ဖက္ဒရယ္စနစ္၊ မိမိၾကမၼာ မိမိဖန္တီးႏိုင္ခြင့္လိုခ်င္တယ္ဆိုတဲ့ ေတာင္းဆိုမႈေတြကလည္း အဲဒီ truth regime ကပဲ စီးဆင္းလာၿပီး အတြင္းလူ အျပင္လူခြဲျခားမႈေတြကလည္း ဒါေၾကာင့္ပဲ ေပၚေပါက္လာတယ္။ Truth regime ရဲ႕အျပင္ဘက္ေရာက္ေနတဲ့၊ တိုင္းရင္းသားအျဖစ္ အသိအမွတ္အျပဳမခံရေသးတဲ့ ဌာေနလူမ်ိဳးစုတခ်ိဳ႕ကလည္း အတြင္းကို ဝင္ခ်င္တယ္။ လူနည္းစု လူမ်ိဳးစုေဒသေတြမွာ မွီတင္းေနထိုင္တဲ့ (လူနည္းစုထဲက) လူနည္းစုေတြကလည္း လ်စ္လ်ဴရွဳျခင္း၊ အႏိုင္က်င့္ျခင္း ခံရမွာကို စိုးရိမ္ၾကတယ္။
ျမန္မာျပည္သူ ျပည္သား လူမ်ိဳးစုအားလံုးကေရာ citizenship-truth regime ကို ေျပာင္းမယ္ဆိုရင္ေတာင္ မိမိတို႔ရဲ႕လက္ရွိကိုင္စြဲထားတဲ့ "တိုင္​းရင္​းသား" truth regime ကို စြန္႔လႊတ္လိုက္ဖို႔ အဆင္သင့္ျဖစ္ၾကရဲ႕လား။

(Unicode)

ရခိုင်အရေးကို ပြေလည်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ ဗမာအပါအဝင် လူမျိုးစုအားလုံး ကိုင်စွဲထားကြတဲ့ 'national races-truth regime' ကနေ 'citizenship-truth regime' ကို ပြောင်းလဲဖို့လိုတယ်။ Truth regime (ဝါ) regime of truth (#အမှန်တရားနည်းစနစ်) ဆိုတာ ပြင်သစ်အတွေးအခေါ်ပညာရှင် ဖူးကိုး (Foucault) က စတင် အသုံးပြုခဲ့တဲ့ အယူအဆဖြစ်တယ်။ Regime of truth ဆိုတာ အလွယ်ရှင်းပြရရင်တော့ လူ့အဖွဲ့အစည်းတစ်ရပ်က အမှန်တရားဆိုပြီး သတ်မှတ်၊ သုံးစွဲပြီး ဆုပေး၊ ဒဏ်ပေးနေတဲ့ အခြင်းအရာတွေဖြစ်တယ်။
မြန်မာနိုင်ငံမှာ '#တိုင်းရင်းသား' အယူအဆကို ဗဟိုပြု ချည်တိုင်ထားပြီး အဲဒီ အမှန်တရားနည်းစနစ် (regime of truth) ကို တည်ဆောက်ထားတာဖြစ်တယ်။ ဒါကြောင့် လက်ရှိ မြန်မာပြည်သားတွေရဲ့ စဉ်းစားပုံမှာ 'တိုင်းရင်းသား'ဖြစ်မှုဟာ '#နိုင်ငံသား'ဖြစ်မှုရဲ့ အထက်ကို ရောက်နေတယ်။ ဘင်္ဂါလီ/ရိုဟင်ဂျာလို စနစ်ထဲ ဝင်လို့မရတဲ့ အပြင်အုပ်စုတွေကလည်း ဒီ'တိုင်းရင်းသား'စနစ်ထဲကို အရောက်ဝင်မှ 'နိုင်ငံသား'(ဖြတ်လမ်းနည်းနဲ့) ဖြစ်နိုင်မယ်။ နိုင်ငံသားအခွင့်အရေးတွေကို ရနိုင်မယ်လို့ ထင်တယ်။ သူတို့ကိုယ်သူတို့ အုပ်စုလိုက်ကြီး တိုင်းရင်းသားပါဆိုပြီး အတင်းလုပ်ကြတယ်။
အကယ်၍ မြန်မာနိုင်ငံရဲ့ အမှန်တရားနည်းစနစ် (regime of truth) ကို citizenship-truth regime (နိုင်ငံသားဖြစ်မှုကို ဗဟိုပြုစဉ်းစားတဲ့နည်း) အဖြစ် ပြောင်းနိုင်မယ်ဆိုရင်တော့ တိုင်းရင်းသားဖြစ် မဖြစ်ဆိုတဲ့အချက်ဟာ အရေးပါတော့မှာ မဟုတ်ဘူး။ ဘာလူမျိုး၊ ဘယ်တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေကြောင့်လည်း အခွင့်အရေးရတော့မှာမဟုတ်ဘူး။ ပြည်ထောင်စုတည်ထောင်ရာမှာပါခဲ့တဲ့၊ လွတ်လပ်ရေးရဖို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ လူမျိုးကြီးတစ်ခုခုုဖြစ်ခဲ့တယ်ဆိုလည်း အခွင့်ထူးရလာမှာ မဟုတ်ဘူး။ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား (၁၃၅) မျိုးထဲမှာပါတယ်ဆိုလည်း ဘာမှ ပိုထူးခြားမှာ မဟုတ်ဘူး။ Truth regime အရ 'နိုင်ငံသားဖြစ်မှု'ဟာ 'တိုင်းရင်းသားဖြစ်မှု'ရဲ့အထက်ကို ရောက်ရှိသွားတာကြောင့်ဖြစ်တယ်။ Citizenship-truth regime သာ ပေါ်ပေါက်လာခဲ့ရင် မြန်မာနိုင်ငံ ယခုကြုံတွေ့နေရတဲ့ အမည်လက္ခဏာနဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ပြဿနာ အတော်များများဟာ ပြေလည်သွားနိုင်ပါတယ်။
လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံဟာ လူမျိုးအပေါ်အခြေခံစဉ်းစားတဲ့ (သို့မဟုတ်) ဗဟိုပြုစဉ်းစားတဲ့ 'national races-truth regime' က အမြစ်တွယ်နေတယ်။ ဖက်ဒရယ်စနစ်၊ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်လိုချင်တယ်ဆိုတဲ့ တောင်းဆိုမှုတွေကလည်း အဲဒီ truth regime ကပဲ စီးဆင်းလာပြီး အတွင်းလူ အပြင်လူခွဲခြားမှုတွေကလည်း ဒါကြောင့်ပဲ ပေါ်ပေါက်လာတယ်။ Truth regime ရဲ့အပြင်ဘက်ရောက်နေတဲ့၊ တိုင်းရင်းသားအဖြစ် အသိအမှတ်အပြုမခံရသေးတဲ့ ဌာနေလူမျိုးစုတချို့ကလည်း အတွင်းကို ဝင်ချင်တယ်။ လူနည်းစု လူမျိုးစုဒေသတွေမှာ မှီတင်းနေထိုင်တဲ့ (လူနည်းစုထဲက) လူနည်းစုတွေကလည်း လျစ်လျူရှုခြင်း၊ အနိုင်ကျင့်ခြင်း ခံရမှာကို စိုးရိမ်ကြတယ်။
မြန်မာပြည်သူ ပြည်သား လူမျိုးစုအားလုံးကရော citizenship-truth regime ကို ပြောင်းမယ်ဆိုရင်တောင် မိမိတို့ရဲ့လက်ရှိကိုင်စွဲထားတဲ့ truth regime ကို စွန့်လွှတ်လိုက်ဖို့ အဆင်သင့်ဖြစ်ကြရဲ့လား။

Thursday, August 23, 2018

တရုတ္စာေတာင္ တစ္လံုးမွ မဖတ္တတ္တဲ့လူက မင္မင္းဆက္က်မ္းကို ကိုးကားတယ္ဆိုေတာ့ ေတာ္ေတာ္ႀကီးတဲ့ ဂ်င္းလို႕ေျပာရမယ္။ ဒါကို တရုတ္ေစာင့္ၾကည့္ေရးဆိုၿပီး သတင္းယူေရးတဲ့မီဒီယာလည္း ဂ်င္းပဲ။ ႏြားကြဲရင္ က်ားဆြဲတယ္ဆိုတာ ျမန္မာစကားပံုမွာ ရွိၿပီးသား။ တရုတ္၊ အေမရိကန္၊ အဂၤလိပ္၊ ျမန္မာ အတူတူပဲ။ ဘယ္သူမွ ထူးၿပီး မဂၤလာ မရွိဘူး။ ကိုယ္ကိုယ္တိုင္က ေသြးခြဲသူ မျဖစ္ေစနဲ႔။
-------
တရုတ်စာတောင် တစ်လုံးမှ မဖတ်တတ်တဲ့လူက မင်မင်းဆက်ကျမ်းကို ကိုးကားတယ်ဆိုတော့ တော်တော်ကြီးတဲ့ ဂျင်းလို့ပြောရမယ်။ ဒါကို တရုတ်စောင့်ကြည့်ရေးဆိုပြီး သတင်းယူရေးတဲ့မီဒီယာလည်း ဂျင်းပဲ။ နွားကွဲရင် ကျားဆွဲတယ်ဆိုတာ မြန်မာစကားပုံမှာ ရှိပြီးသား။ တရုတ်၊ အမေရိကန်၊ အင်္ဂလိပ်၊ မြန်မာ အတူတူပဲ။ ဘယ်သူမှ ထူးပြီး မင်္ဂလာမရှိဘူး။ ကိုယ်ကိုယ်တိုင်က သွေးခွဲသူ မဖြစ်စေနဲ့။

Wednesday, August 22, 2018

​ေဖ့စ္​ဘြတ္​က ႐ု႐ွနဲ႔ အီရန္​လုပ္​ထားတဲ့ "သတင္​းမွား​ေပး" အ​ေကာင္​့​ေပါင္​း (၆၅၀) ​ေက်ာ္​ကို ျဖဳတ္​ခ်လိုက္​တယ္​လို႔ ​ေၾကညာတယ္​။ ျဖဳတ္​ခ်တဲ့အထဲမွာ အစၥ​ေရးဆန္​႔က်င္​​ေရး၊ ​ေဆာ္​ဒီဆန္​႔က်င္​​ေရး ​ေဖာ္​ျပတဲ႔ စာမ်က္​ႏွာ​ေတြနဲ႔ ပါလက္​စတိုင္​း​ကို ​ေထာက္​ခံတဲ့၊ အီရန္​ကို လိုလားတဲ့ စာမ်က္​ႏွာ​ေတြ အမ်ားႀကီးပါသြားတယ္​ဆို​ေတာ့ သူ႔ရဲ႕​ေနာက္​က ႏိုင္​ငံ​ေရးရည္​ရြယ္​ခ်က္​ကလည္​း ထင္​ရွားပါတယ္​။ အ​ေမရိကန္​မီဒီယာကုမၸဏီႀကီ​း​ေတြျဖစ္​တဲ့ ​ေဖ့စ္​ဘြတ္​၊ တြစ္​တာ၊ မိုက္​ခ႐ုိ​ေဆာ့ သံုးခုလံုးက အ​ေမရိကန္​အာဏာရအသိုင္​းအဝိုင္​း ​ေက်နပ္​​ေအာင္​ တစ္​ၿပိဳင္​တည္​း လုပ္​​ေပးလိုက္​တာပဲ။ 

အာဏာ႐ွင္​တ႐ုတ္​ႏိုင္​ငံမွာ မ်က္​ႏွာဖတ္​နည္​းပညာ၊ ဆို႐ွယ္​ခရက္​ဒစ္​စနစ္​​ေတြနဲ႔ လူထုကို ထိန္​းထား​တာ​ေတြ ​ေျပာမ​ေနနဲ႔ဦး။ လက္​ငင္​းမွာ အ​ေမရိကန္​ဟာ သူ႔ႏိုင္​ငံျပင္​ပက လူဦး​ေရအမ်ားစုႀကီးရဲ႕ သတင္​းအခ်က္​အလက္​နဲ႔ ဘဝ​ေတြအ​ေပၚ ထိန္​းခ်ဳပ္​ႏိုင္​စြမ္​း႐ွိ​ေနၿပီဆိုတာလည္​း သတိမူသင္​့တယ္​။ တကယ္​​ေတာ့ သိပၸံနဲ႔ နည္​းပညာဖြံ႔ၿဖိဳးတိုးတက္​လာတဲ့ ပံုစံကို ​ေလ့လာၾကည္​့ရင္​ ဒါဟာ အံ့ျသစရာ​ေတာ့ မဟုတ္​ဘူး။ နည္​းပညာတိုးတက္​မႈ အ​ေတာ္​မ်ားမ်ားဟာ လံုျခံဳ​ေရးနဲ႔ ကာကြယ္​​ေရးအတြက္​ သု​ေတသနလုပ္​ရင္​း အစျပဳခဲ့တာျဖစ္​တယ္​။ ဥပမာ၊ ​ေလ​ေအး​ေပးစနစ္​၊ အင္​တာနက္​။

---------------

 ဖေ့စ်​ဘွတ်​က ရုရှနဲ့ အီရန်​လုပ်​ထားတဲ့ "သတင်​းမှား​ပေး" အ​ကောင်​့​ပေါင်​း (၆၅၀) ​ကျော်​ကို ဖြုတ်​ချလိုက်​တယ်​လို့ ​ကြေညာတယ်​။ ဖြုတ်​ချတဲ့အထဲမှာ အစ္စ​ရေးဆန်​့ကျင်​​ရေး၊ ​ဆော်​ဒီဆန်​့ကျင်​​ရေး ​ဖော်​ပြတဲ့ စာမျက်​နှာ​တွေနဲ့ ပါလက်​စတိုင်​း​ကို ​ထောက်​ခံတဲ့၊ အီရန်​ကို လိုလားတဲ့ စာမျက်​နှာ​တွေ အများကြီးပါသွားတယ်​ဆို​တော့ သူ့ရဲ့​နောက်​က နိုင်​ငံ​ရေးရည်​ရွယ်​ချက်​ကလည်​း ထင်​ရှားပါတယ်​။ အ​မေရိကန်​မီဒီယာကုမ္ပဏီကြီ​း​တွေဖြစ်​တဲ့ ​ဖေ့စ်​ဘွတ်​၊ တွစ်​တာ၊ မိုက်​ခရို​ဆော့ သုံးခုလုံးက အ​မေရိကန်​အာဏာရအသိုင်​းအဝိုင်​း ​ကျေနပ်​​အောင်​ တစ်​ပြိုင်​တည်​း လုပ်​​ပေးလိုက်​တာပဲ။

အာဏာရှင်​တရုတ်​နိုင်​ငံမှာ မျက်​နှာဖတ်​နည်​းပညာ၊ ဆိုရှယ်​ခရက်​ဒစ်​စနစ်​​တွေနဲ့ လူထုကို ထိန်​းထား​တာ​တွေ ​ပြောမ​နေနဲ့ဦး။ လက်​ငင်​းမှာ အ​မေရိကန်​ဟာ သူ့နိုင်​ငံပြင်​ပက လူဦး​ရေအများစုကြီးရဲ့ သတင်​းအချက်​အလက်​နဲ့ ဘဝ​တွေအ​ပေါ် ထိန်​းချုပ်​နိုင်​စွမ်​းရှိ​နေပြီဆိုတာလည်​း သတိမူသင်​့တယ်​။ တကယ်​​တော့ သိပ္ပံနဲ့ နည်​းပညာဖွံ့ဖြိုးတိုးတက်​လာတဲ့ ပုံစံကို ​လေ့လာကြည်​့ရင်​ ဒါဟာ အံ့သြစရာ​တော့ မဟုတ်​ဘူး။ နည်​းပညာတိုးတက်​မှု အ​တော်​များများဟာ လုံခြုံ​ရေးနဲ့ ကာကွယ်​​ရေးအတွက်​ သု​တေသနလုပ်​ရင်​း အစပြုခဲ့တာဖြစ်​တယ်​။ ဥပမာ၊ ​လေ​အေး​ပေးစနစ်​၊ အင်​တာနက်​။

Tuesday, August 21, 2018

အင္အားႀကီးႏိုင္ငံေတြၾကားမွာ ႏိုင္ငံေရး၊ စစ္ေရး၊ ကုန္သြယ္ေရးယွဥ္ၿပိဳင္မႈေတြ ျပင္းထန္လာတာနဲ႕အမွ် စိတ္ဓာတ္စစ္ဆင္ေရးနဲ႕ ဝါဒျဖန္႔ခ်ီေရးေတြပါ အရွိန္ျမင့္လာတာေတြ႕ရတယ္။ အခုေနာက္ဆံုးျဖစ္စဥ္ကေတာ့ အေမရိကန္က ကြန္ဆာေဗးတစ္အဖြဲ႕တစ္ခုျဖစ္တဲ့ ဟတ္ဆင္အင္စတီက်ဳကို ရုရွဟက္ကာေတြက ထြင္းေဖာက္ဖို႔ ႀကိဳးစားတယ္ဆိုတဲ့ ကိစၥျဖစ္တယ္။ မိုက္ခရုိေဆာ့ဖ္က ဟတ္ဆင္အင္စတီက်ဳကို လွမ္းအေၾကာင္းၾကားတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသားလံုျခံဳေရးအၾကံေပး ဂၽြန္ ေဘာ္လ္တန္ကလည္း အေမရိကန္ေရြးေကာက္ပြဲေတြကို ဝင္ရွဳပ္ေနတာဟာ ရုရွတင္မက တရုတ္၊ ေျမာက္ကိုရီးယား၊ အီရန္စတဲ့ ႏိုင္ငံေတြပါ ပါတယ္လို႔ စြပ္စြဲပါတယ္။

ဒီေနရာမွာ ေျပာဖို႔ရွိလာတာက အာဏာရွင္ႏိုင္ငံက ေထာက္လွမ္းေရးလုပ္ငန္းမ်ားနဲ႕ပတ္သက္ၿပီး မ်ားမ်ားစားစား မသိရွိရေပမယ့္ အပြင့္ႏိုင္ငံျဖစ္တဲ့ အေမရိကန္ စီအိုင္ေအရဲ႕ စစ္​​ေအးကာလက လုပ္ရပ္ေတြကေတာ့ ၾကာၾကာမေစာင့္ရဘဲ ဆယ္စုႏွစ္အနည္းငယ္အတြင္း ျပန္လည္ေပၚေပါက္လာေလ့ရွိတယ္။ အေမရိကန္အမ်ားစုဟာ ေယဘုယ်အားျဖင့္ ပူးေပါင္းၾကံစည္မႈသီအိုရီေတြကို တစ္နည္းမဟုတ္ တစ္နည္း လက္ခံယံုၾကည္တတ္ၾကတယ္။ ဒါကလည္း အံ့ၾသစရာ မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တည္ေဆာက္ေပးထားတဲ့ သူတို႕ရဲ႕စနစ္ကိုယ္တိုင္က ေရွ႕ဖံုး ေနာက္ေပၚ စနစ္မ်ိဳး ျဖစ္ေနလို႔ပဲ။ စီအိုင္ေအဟာ ရုိးသားတဲ့ အႏုပညာဖန္တီးမႈကိုေတာင္ ဝါဒျဖန္႔ဖို႔ သံုးတတ္တယ္။

ဥပမာေပးရရင္ ရုရွစာေရးဆရာ ေဘာရစ္ ပတ္စတာနက္ရဲ႕ ေဒါက္တာဇီဗားဂိုးဝတၳဳဟာ ဆိုဗီယက္ျပည္ေထာင္စုမွာ ပံုႏွိပ္ခြင့္မရခဲ့ဘူး။ အီတလီမွာ ပံုႏွိပ္ထုတ္ေဝခဲ့ရတယ္။ ရုရွေတာ္လွန္ေရးကို ေဝဖန္ၿပီးေရးတဲ့စာမို႕ ဆိုဗီယက္အစိုးရက မႀကိဳက္ဘူး။ ပတ္စတာနက္လည္း စာေပႏိုဘယ္ဆုရေပမယ့္ ဆုကို လက္ခံမယူႏိုင္ခဲ့ဘူး။ ဒါေပမဲ့ စီအိုင္ေအက ေဒါက္တာဇီဗားဂိုးဝတၳဳကို ေထာင္နဲ႕ခ်ီ ရုိက္ႏိွပ္ၿပီး ဥေရာပကိုလာၿပီး ဆိုဗီယက္ကိုျပန္တဲ့ ရုရွခရီးသည္ေတြနဲ႕ ဆိုဗီယက္ျပည္ေထာင္စုထဲကို သြင္းယူျဖန္႔ခ်ိေပးခဲ့တယ္။ သူတို႔မၾကိဳက္တဲ့အစိုးရကို ထိုးႏွက္ဖို႕အတြက္ ေငြေၾကးအကုန္အက်ခံၿပီး စစ္ဆင္ေရးအသြင္ ေဆာင္ရြက္ခဲ့တဲ့ သိမ္ေမြ႕ဥပမာတစ္ခုပဲ ျဖစ္ပါတယ္။ ကာယကံရွင္စာေရးဆရာ ပက္စတာနက္ေတာင္ သိခ်င္မွ သိလိမ့္မယ္။ သိလဲ သေဘာတူခ်င္မွ တူလိမ့္မယ္။
အေမရိကန္မီဒီယာေတြက သူတို႔ႏိုင္ငံရဲ႕ ၿပိဳင္ဘက္ သို႕မဟုတ္ ရန္သူလို႔ သေဘာထားတဲ့ႏိုင္ငံေတြက သတင္းကို ေဖာ္ျပလာရင္ သတိထားဖတ္ရွဳဖို႔ လိုအပ္ပါတယ္။ ရုရွ နဲ႕ တရုတ္အေၾကာင္းဆိုရင္ အေမရိကန္သတင္းဌာနေတြအေနနဲ႕ မေကာင္းေျပာဖို႔၊ ေရးဖို႕က ရာခိုင္ႏႈန္း အေတာ္မ်ားပါတယ္။ အေမရိကန္တင္မဟုတ္၊ ဥေရာပႏိုင္ငံအမ်ားစုမွာလည္း ဒီသေဘာထားရွိတယ္။ အေၾကာင္းရင္းကေတာ့ သမိုင္းေၾကာင္းနဲ႕လည္း သက္ဆိုင္သလို၊ လံုျခံဳေရးအတြက္ အေမရိကန္ရဲ႕ ေနတိုးထီးရိပ္ေအာက္ ေနေနတာလည္းပါတယ္။

အမွီအခိုကင္းစြာ မရပ္တည္ႏိုင္ေသးတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားက မီဒီယာအဖြဲ႕အစည္းေတြအတြက္လည္း ဆင္ျခင္စရာအမ်ားႀကီးရွိပါတယ္။ အေမရိကန္ရဲ႕ သတင္းကုမၸဏီႀကီးေတြဟာ သူ႕အာေဘာ္နဲ႔သူ အခ်င္းခ်င္းတိုက္ရင္း ထိန္း​ေနၾကတာျဖစ္တယ္။ ႏိုင္ငံေရးေလာကမွာလည္း ပါတီႀကီးႏွစ္ခုက သူ႕လူနဲ႕သူ ေစာင့္ၾကည့္ၾက၊ အခ်င္းခ်င္းခ်ဳပ္ဖို႕ႀကိဳးစားၾကတာျဖစ္တယ္။ မီဒီယာဟာ ေစာင့္ၾကည့္သူအဆင့္ပဲျဖစ္တယ္။ ျမန္​မာျပည္​မွာလ္္​ို ကိုယ္​့ကိုယ္​ကိုယ္​ စတုတၳမ႑ိဳင္ဆိုျပီး အခ်ိန္​ျပည္​့ ဘဝင္ေလဟတ္ေနတာမ်ိဳး မရွိပါ။
ျမန္မာျပည္မွာကေတာ့ သတင္းမီဒီယာဟာ တစ္ခါတစ္ရံ မီဒီယာလြတ္လပ္ခြင့္ကို ေၾကြးေၾကာ္ၿပီး ျပည္ပသတင္းေလာကက လုပ္ငန္းစဥ္ေတြနဲ႕ ညိွႏိႈင္းလုပ္ေဆာင္မိတာ၊ ေရးေန ေဖာ္ျပေနတာေတြကို ေတြ႕ရတယ္။ အားလံုးကို မဆိုလိုေပမယ့္ တခ်ိဳ႕လုပ္ငန္းစဥ္ေတြဟာ မိမိတို႔ႏိုင္ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အက်ိဳးရွိတာမ်ိဳး ျဖစ္ခ်င္မွ ျဖစ္လိမ့္မယ္။ အေနမတတ္ရင္ သူ႕အပူက ကိုယ့္အပူျဖစ္မယ္။ သူ႕ရန္သူက ကိုယ့္ရန္သူျဖစ္တယ္။ အေမရိကန္ ပင္မမီဒီယာက အစိုးရကို ဝိုင္းတိုက္တာဟာ သမၼတထရမ့္အစိုးရရဲ႕ ထူးျခားခ်က္ျဖစ္တယ္။ ဒါေတာင္ ထရမ့္ ဘာလုပ္လုပ္ ခုခံကာကြယ္ေပးတဲ့ ေဖာက္စ္လို သတင္းဌာနေတြလည္း ရွိေသးတယ္။

လက္ရွိျမန္မာအစိုးရကို မီဒီယာေတြရဲ႕ ဆက္ဆံတဲ့ပံုက ေလးစားမႈ မရွိသလို အစိုးရဘက္ကလည္း မီဒီယာအေပၚ ျပန္လွန္ေလးစားမႈ သိပ္မရတာဟာ တကယ္ေတာ့ မထူးဆန္းလွပါ။ အစိုးရေလးစားတာမခံရခင္ ျမန္မာမီဒီယာေတြအေနနဲ႕ ျပည္သူရဲ႕ေလးစားမႈကို ရေအာင္ အရင္ႀကိဳးစားသင့္တယ္လို႕ ထင္ပါတယ္။

-------------

 အင်အားကြီးနိုင်ငံတွေကြားမှာ နိုင်ငံရေး၊ စစ်ရေး၊ ကုန်သွယ်ရေးယှဉ်ပြိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးတွေပါ အရှိန်မြင့်လာတာတွေ့ရတယ်။ အခုနောက်ဆုံးဖြစ်စဉ်ကတော့ အမေရိကန်က ကွန်ဆာဗေးတစ်အဖွဲ့တစ်ခုဖြစ်တဲ့ ဟတ်ဆင်အင်စတီကျုကို ရုရှဟက်ကာတွေက ထွင်းဖောက်ဖို့ ကြိုးစားတယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။ မိုက်ခရိုဆော့ဖ်က ဟတ်ဆင်အင်စတီကျုကို လှမ်းအကြောင်းကြားတယ်လို့ ဆိုပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘော်လ်တန်ကလည်း အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရှုပ်နေတာဟာ ရုရှတင်မက တရုတ်၊ မြောက်ကိုရီးယား၊ အီရန်စတဲ့ နိုင်ငံတွေပါ ပါတယ်လို့ စွပ်စွဲပါတယ်။

ဒီနေရာမှာ ပြောဖို့ရှိလာတာက အာဏာရှင်နိုင်ငံက ထောက်လှမ်းရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး များများစားစား မသိရှိရပေမယ့် အပွင့်နိုင်ငံဖြစ်တဲ့ အမေရိကန် စီအိုင်အေရဲ့ စစ်​​အေးကာလက လုပ်ရပ်တွေကတော့ ကြာကြာမစောင့်ရဘဲ ဆယ်စုနှစ်အနည်းငယ်အတွင်း ပြန်လည်ပေါ်ပေါက်လာလေ့ရှိတယ်။ အမေရိကန်အများစုဟာ ယေဘုယျအားဖြင့် ပူးပေါင်းကြံစည်မှုသီအိုရီတွေကို တစ်နည်းမဟုတ် တစ်နည်း လက်ခံယုံကြည်တတ်ကြတယ်။ ဒါကလည်း အံ့သြစရာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တည်ဆောက်ပေးထားတဲ့ သူတို့ရဲ့စနစ်ကိုယ်တိုင်က ရှေ့ဖုံး နောက်ပေါ် စနစ်မျိုး ဖြစ်နေလို့ပဲ။ စီအိုင်အေဟာ ရိုးသားတဲ့ အနုပညာဖန်တီးမှုကိုတောင် ဝါဒဖြန့်ဖို့ သုံးတတ်တယ်။

ဥပမာပေးရရင် ရုရှစာရေးဆရာ ဘောရစ် ပတ်စတာနက်ရဲ့ ဒေါက်တာဇီဗားဂိုးဝတ္ထုဟာ ဆိုဗီယက်ပြည်ထောင်စုမှာ ပုံနှိပ်ခွင့်မရခဲ့ဘူး။ အီတလီမှာ ပုံနှိပ်ထုတ်ဝေခဲ့ရတယ်။ ရုရှတော်လှန်ရေးကို ဝေဖန်ပြီးရေးတဲ့စာမို့ ဆိုဗီယက်အစိုးရက မကြိုက်ဘူး။ ပတ်စတာနက်လည်း စာပေနိုဘယ်ဆုရပေမယ့် ဆုကို လက်ခံမယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ စီအိုင်အေက ဒေါက်တာဇီဗားဂိုးဝတ္ထုကို ထောင်နဲ့ချီ ရိုက်နှိပ်ပြီး ဥရောပကိုလာပြီး ဆိုဗီယက်ကိုပြန်တဲ့ ရုရှခရီးသည်တွေနဲ့ ဆိုဗီယက်ပြည်ထောင်စုထဲကို သွင်းယူဖြန့်ချိပေးခဲ့တယ်။ သူတို့မကြိုက်တဲ့အစိုးရကို ထိုးနှက်ဖို့အတွက် ငွေကြေးအကုန်အကျခံပြီး စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့တဲ့ သိမ်မွေ့ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ ကာယကံရှင်စာရေးဆရာ ပက်စတာနက်တောင် သိချင်မှ သိလိမ့်မယ်။ သိလဲ သဘောတူချင်မှ တူလိမ့်မယ်။

အမေရိကန်မီဒီယာတွေက သူတို့နိုင်ငံရဲ့ ပြိုင်ဘက် သို့မဟုတ် ရန်သူလို့ သဘောထားတဲ့နိုင်ငံတွေက သတင်းကို ဖော်ပြလာရင် သတိထားဖတ်ရှုဖို့ လိုအပ်ပါတယ်။ ရုရှ နဲ့ တရုတ်အကြောင်းဆိုရင် အမေရိကန်သတင်းဌာနတွေအနေနဲ့ မကောင်းပြောဖို့၊ ရေးဖို့က ရာခိုင်နှုန်း အတော်များပါတယ်။ အမေရိကန်တင်မဟုတ်၊ ဥရောပနိုင်ငံအများစုမှာလည်း ဒီသဘောထားရှိတယ်။ အကြောင်းရင်းကတော့ သမိုင်းကြောင်းနဲ့လည်း သက်ဆိုင်သလို၊ လုံခြုံရေးအတွက် အမေရိကန်ရဲ့ နေတိုးထီးရိပ်အောက် နေနေတာလည်းပါတယ်။

အမှီအခိုကင်းစွာ မရပ်တည်နိုင်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက မီဒီယာအဖွဲ့အစည်းတွေအတွက်လည်း ဆင်ခြင်စရာအများကြီးရှိပါတယ်။ အမေရိကန်ရဲ့ သတင်းကုမ္ပဏီကြီးတွေဟာ သူ့အာဘော်နဲ့သူ အချင်းချင်းတိုက်ရင်း ထိန်း​နေကြတာဖြစ်တယ်။ နိုင်ငံရေးလောကမှာလည်း ပါတီကြီးနှစ်ခုက သူ့လူနဲ့သူ စောင့်ကြည့်ကြ၊ အချင်းချင်းချုပ်ဖို့ကြိုးစားကြတာဖြစ်တယ်။ မီဒီယာဟာ စောင့်ကြည့်သူအဆင့်ပဲဖြစ်တယ်။ မြန်​မာပြည်​မှာလ််​ို ကိုယ်​့ကိုယ်​ကိုယ်​ စတုတ္ထမဏ္ဍိုင်ဆိုပြီး အချိန်​ပြည်​့ ဘဝင်လေဟတ်နေတာမျိုး မရှိပါ။

မြန်မာပြည်မှာကတော့ သတင်းမီဒီယာဟာ တစ်ခါတစ်ရံ မီဒီယာလွတ်လပ်ခွင့်ကို ကြွေးကြော်ပြီး ပြည်ပသတင်းလောကက လုပ်ငန်းစဉ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်မိတာ၊ ရေးနေ ဖော်ပြနေတာတွေကို တွေ့ရတယ်။ အားလုံးကို မဆိုလိုပေမယ့် တချို့လုပ်ငန်းစဉ်တွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိတာမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အနေမတတ်ရင် သူ့အပူက ကိုယ့်အပူဖြစ်မယ်။ သူ့ရန်သူက ကိုယ့်ရန်သူဖြစ်တယ်။ အမေရိကန် ပင်မမီဒီယာက အစိုးရကို ဝိုင်းတိုက်တာဟာ သမ္မတထရမ့်အစိုးရရဲ့ ထူးခြားချက်ဖြစ်တယ်။ ဒါတောင် ထရမ့် ဘာလုပ်လုပ် ခုခံကာကွယ်ပေးတဲ့ ဖောက်စ်လို သတင်းဌာနတွေလည်း ရှိသေးတယ်။

လက်ရှိမြန်မာအစိုးရကို မီဒီယာတွေရဲ့ ဆက်ဆံတဲ့ပုံက လေးစားမှု မရှိသလို အစိုးရဘက်ကလည်း မီဒီယာအပေါ် ပြန်လှန်လေးစားမှု သိပ်မရတာဟာ တကယ်တော့ မထူးဆန်းလှပါ။ အစိုးရလေးစားတာမခံရခင် မြန်မာမီဒီယာတွေအနေနဲ့ ပြည်သူရဲ့လေးစားမှုကို ရအောင် အရင်ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။