ရခိုင္အေရးကို
ေျပလည္ဖို႔ဆိုရင္ ျမန္မာႏိုင္ငံမွာ ဗမာအပါအဝင္ လူမ်ိဳးစုအားလံုး
ကိုင္စြဲထားၾကတဲ့ 'national races-truth regime' ကေန 'citizenship-truth
regime' ကို ေျပာင္းလဲဖို႕လိုတယ္။ Truth regime (ဝါ) regime of truth (#အမွန္တရားနည္းစနစ္)
ဆိုတာ ျပင္သစ္အေတြးအေခၚပညာရွင္ ဖူးကိုး (Foucault) က စတင္ အသံုးျပဳခဲ့တဲ့
အယူအဆျဖစ္တယ္။ Regime of truth ဆိုတာ အလြယ္ရွင္းျပရရင္ေတာ့
လူ႕အဖြဲ႕အစည္းတစ္ရပ္က အမွန္တရားဆိုၿပီး သတ္မွတ္၊ သံုးစြဲၿပီး ဆုေပး၊
ဒဏ္ေပးေနတဲ့ အျခင္းအရာေတြျဖစ္တယ္။
ျမန္မာႏိုင္ငံမွာ '#တိုင္းရင္းသား' အယူအဆကို ဗဟိုျပဳ ခ်ည္တိုင္ထားၿပီး အဲဒီ အမွန္တရားနည္းစနစ္ (regime of truth) ကို တည္ေဆာက္ထားတာျဖစ္တယ္။ ဒါေၾကာင့္ လက္ရွိ ျမန္မာျပည္သားေတြရဲ႕ စဥ္းစားပံုမွာ 'တိုင္းရင္းသား'ျဖစ္မႈဟာ '#ႏိုင္ငံသား'ျဖစ္မႈရဲ႕ အထက္ကို ေရာက္ေနတယ္။ ဘဂၤါလီ/ရုိဟင္ဂ်ာလို စနစ္ထဲ ဝင္လို႔မရတဲ့ အျပင္အုပ္စုေတြကလည္း ဒီ'တိုင္းရင္းသား'စနစ္ထဲကို အေရာက္ဝင္မွ 'ႏိုင္ငံသား'(ျဖတ္လမ္းနည္းနဲ႔) ျဖစ္ႏိုင္မယ္။ ႏိုင္ငံသားအခြင့္အေရးေတြကို ရႏိုင္မယ္လို႔ ထင္တယ္။ သူတို႔ကိုယ္သူတို႔ အုပ္စုလိုက္ႀကီး 'တိုင္းရင္းသား'ပါဆိုၿပီး အတင္းလုပ္ၾကတယ္။
အကယ္၍ ျမန္မာႏိုင္ငံရဲ႕ အမွန္တရားနည္းစနစ္ (regime of truth) ကို citizenship-truth regime (ႏိုင္ငံသားျဖစ္မႈကို ဗဟိုျပဳစဥ္းစားတဲ့နည္း) အျဖစ္ ေျပာင္းႏိုင္မယ္ဆိုရင္ေတာ့ တိုင္းရင္းသားျဖစ္ မျဖစ္ဆိုတဲ့အခ်က္ဟာ အေရးပါေတာ့မွာ မဟုတ္ဘူး။ ဘာလူမ်ိဳး၊ ဘယ္တိုင္းရင္းသားျဖစ္တယ္ဆိုတဲ့ အခ်က္အလက္ေတြေၾကာင့္လည္း အခြင့္အေရးရေတာ့မွာမဟုတ္ဘူး။ ျပည္ေထာင္စုတည္ေထာင္ရာမွာပါခဲ့တဲ့၊ လြတ္လပ္ေရးရဖို႔ ပင္လံုစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့တဲ့ လူမ်ိဳးႀကီးတစ္ခုခုုျဖစ္ခဲ့တယ္ဆိုလည္း အခြင့္ထူးရလာမွာ မဟုတ္ဘူး။ တရားဝင္အသိအမွတ္ျပဳထားတဲ့ တိုင္းရင္းသား (၁၃၅) မ်ိဳးထဲမွာပါတယ္ဆိုလည္း ဘာမွ ပိုထူးျခားမွာ မဟုတ္ဘူး။ Truth regime အရ 'ႏိုင္ငံသားျဖစ္မႈ'ဟာ 'တိုင္းရင္းသားျဖစ္မႈ'ရဲ႕အထက္ကို ေရာက္ရွိသြားတာေၾကာင့္ျဖစ္တယ္။ Citizenship-truth regime သာ ေပၚေပါက္လာခဲ့ရင္ ျမန္မာႏိုင္ငံ ယခုၾကံဳေတြ႕ေနရတဲ့ အမည္လကၡဏာနဲ႔ ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ေရး ျပႆနာ အေတာ္မ်ားမ်ားဟာ ေျပလည္သြားႏိုင္ပါတယ္။
လက္ရွိအေနအထားမွာေတာ့ ျမန္မာႏိုင္ငံဟာ တုိင္းရင္းသားလူမ်ိဳးအေပၚအေျခခံစဥ္းစားတဲ့ (သို႔မဟုတ္) ဗဟိုျပဳစဥ္းစားတဲ့ 'national races-truth regime' က အျမစ္တြယ္ေနတယ္။ ဖက္ဒရယ္စနစ္၊ မိမိၾကမၼာ မိမိဖန္တီးႏိုင္ခြင့္လိုခ်င္တယ္ဆိုတဲ့ ေတာင္းဆိုမႈေတြကလည္း အဲဒီ truth regime ကပဲ စီးဆင္းလာၿပီး အတြင္းလူ အျပင္လူခြဲျခားမႈေတြကလည္း ဒါေၾကာင့္ပဲ ေပၚေပါက္လာတယ္။ Truth regime ရဲ႕အျပင္ဘက္ေရာက္ေနတဲ့၊ တိုင္းရင္းသားအျဖစ္ အသိအမွတ္အျပဳမခံရေသးတဲ့ ဌာေနလူမ်ိဳးစုတခ်ိဳ႕ကလည္း အတြင္းကို ဝင္ခ်င္တယ္။ လူနည္းစု လူမ်ိဳးစုေဒသေတြမွာ မွီတင္းေနထိုင္တဲ့ (လူနည္းစုထဲက) လူနည္းစုေတြကလည္း လ်စ္လ်ဴရွဳျခင္း၊ အႏိုင္က်င့္ျခင္း ခံရမွာကို စိုးရိမ္ၾကတယ္။
ျမန္မာျပည္သူ ျပည္သား လူမ်ိဳးစုအားလံုးကေရာ citizenship-truth regime ကို ေျပာင္းမယ္ဆိုရင္ေတာင္ မိမိတို႔ရဲ႕လက္ရွိကိုင္စြဲထားတဲ့ "တိုင္းရင္းသား" truth regime ကို စြန္႔လႊတ္လိုက္ဖို႔ အဆင္သင့္ျဖစ္ၾကရဲ႕လား။
(Unicode)
ရခိုင်အရေးကို ပြေလည်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ ဗမာအပါအဝင် လူမျိုးစုအားလုံး ကိုင်စွဲထားကြတဲ့ 'national races-truth regime' ကနေ 'citizenship-truth regime' ကို ပြောင်းလဲဖို့လိုတယ်။ Truth regime (ဝါ) regime of truth (#အမှန်တရားနည်းစနစ်) ဆိုတာ ပြင်သစ်အတွေးအခေါ်ပညာရှင် ဖူးကိုး (Foucault) က စတင် အသုံးပြုခဲ့တဲ့ အယူအဆဖြစ်တယ်။ Regime of truth ဆိုတာ အလွယ်ရှင်းပြရရင်တော့ လူ့အဖွဲ့အစည်းတစ်ရပ်က အမှန်တရားဆိုပြီး သတ်မှတ်၊ သုံးစွဲပြီး ဆုပေး၊ ဒဏ်ပေးနေတဲ့ အခြင်းအရာတွေဖြစ်တယ်။
မြန်မာနိုင်ငံမှာ '#တိုင်းရင်းသား' အယူအဆကို ဗဟိုပြု ချည်တိုင်ထားပြီး အဲဒီ အမှန်တရားနည်းစနစ် (regime of truth) ကို တည်ဆောက်ထားတာဖြစ်တယ်။ ဒါကြောင့် လက်ရှိ မြန်မာပြည်သားတွေရဲ့ စဉ်းစားပုံမှာ 'တိုင်းရင်းသား'ဖြစ်မှုဟာ '#နိုင်ငံသား'ဖြစ်မှုရဲ့ အထက်ကို ရောက်နေတယ်။ ဘင်္ဂါလီ/ရိုဟင်ဂျာလို စနစ်ထဲ ဝင်လို့မရတဲ့ အပြင်အုပ်စုတွေကလည်း ဒီ'တိုင်းရင်းသား'စနစ်ထဲကို အရောက်ဝင်မှ 'နိုင်ငံသား'(ဖြတ်လမ်းနည်းနဲ့) ဖြစ်နိုင်မယ်။ နိုင်ငံသားအခွင့်အရေးတွေကို ရနိုင်မယ်လို့ ထင်တယ်။ သူတို့ကိုယ်သူတို့ အုပ်စုလိုက်ကြီး တိုင်းရင်းသားပါဆိုပြီး အတင်းလုပ်ကြတယ်။
အကယ်၍ မြန်မာနိုင်ငံရဲ့ အမှန်တရားနည်းစနစ် (regime of truth) ကို citizenship-truth regime (နိုင်ငံသားဖြစ်မှုကို ဗဟိုပြုစဉ်းစားတဲ့နည်း) အဖြစ် ပြောင်းနိုင်မယ်ဆိုရင်တော့ တိုင်းရင်းသားဖြစ် မဖြစ်ဆိုတဲ့အချက်ဟာ အရေးပါတော့မှာ မဟုတ်ဘူး။ ဘာလူမျိုး၊ ဘယ်တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေကြောင့်လည်း အခွင့်အရေးရတော့မှာမဟုတ်ဘူး။ ပြည်ထောင်စုတည်ထောင်ရာမှာပါခဲ့တဲ့၊ လွတ်လပ်ရေးရဖို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ လူမျိုးကြီးတစ်ခုခုုဖြစ်ခဲ့တယ်ဆိုလည်း အခွင့်ထူးရလာမှာ မဟုတ်ဘူး။ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား (၁၃၅) မျိုးထဲမှာပါတယ်ဆိုလည်း ဘာမှ ပိုထူးခြားမှာ မဟုတ်ဘူး။ Truth regime အရ 'နိုင်ငံသားဖြစ်မှု'ဟာ 'တိုင်းရင်းသားဖြစ်မှု'ရဲ့အထက်ကို ရောက်ရှိသွားတာကြောင့်ဖြစ်တယ်။ Citizenship-truth regime သာ ပေါ်ပေါက်လာခဲ့ရင် မြန်မာနိုင်ငံ ယခုကြုံတွေ့နေရတဲ့ အမည်လက္ခဏာနဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ပြဿနာ အတော်များများဟာ ပြေလည်သွားနိုင်ပါတယ်။
လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံဟာ လူမျိုးအပေါ်အခြေခံစဉ်းစားတဲ့ (သို့မဟုတ်) ဗဟိုပြုစဉ်းစားတဲ့ 'national races-truth regime' က အမြစ်တွယ်နေတယ်။ ဖက်ဒရယ်စနစ်၊ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်လိုချင်တယ်ဆိုတဲ့ တောင်းဆိုမှုတွေကလည်း အဲဒီ truth regime ကပဲ စီးဆင်းလာပြီး အတွင်းလူ အပြင်လူခွဲခြားမှုတွေကလည်း ဒါကြောင့်ပဲ ပေါ်ပေါက်လာတယ်။ Truth regime ရဲ့အပြင်ဘက်ရောက်နေတဲ့၊ တိုင်းရင်းသားအဖြစ် အသိအမှတ်အပြုမခံရသေးတဲ့ ဌာနေလူမျိုးစုတချို့ကလည်း အတွင်းကို ဝင်ချင်တယ်။ လူနည်းစု လူမျိုးစုဒေသတွေမှာ မှီတင်းနေထိုင်တဲ့ (လူနည်းစုထဲက) လူနည်းစုတွေကလည်း လျစ်လျူရှုခြင်း၊ အနိုင်ကျင့်ခြင်း ခံရမှာကို စိုးရိမ်ကြတယ်။
မြန်မာပြည်သူ ပြည်သား လူမျိုးစုအားလုံးကရော citizenship-truth regime ကို ပြောင်းမယ်ဆိုရင်တောင် မိမိတို့ရဲ့လက်ရှိကိုင်စွဲထားတဲ့ truth regime ကို စွန့်လွှတ်လိုက်ဖို့ အဆင်သင့်ဖြစ်ကြရဲ့လား။