Sunday, September 23, 2018

အသြင္ကူးေျပာင္းဆဲႏိုင္ငံရဲ႔ အရပ္ဘက္-စစ္ဘက္ဆက္ဆံေရး (၁)

ဒီမိုကေရစီအသြင္ကူးေျပာင္းတဲ့ႏိုင္ငံေတြမွာ တပ္ကို ႏိုင္ငံေရးက ဆုတ္ခြာေစခ်င္ရင္ သိမ္သိမ္ေမြ႔ေမြ႔လုပ္ေဆာင္ရတဲ့ အျခင္းအရာႏွစ္ခုရွိပါတယ္။

ပထမတစ္ခုက တပ္ရဲ႕ ၿခိမ္းေျခာက္မႈမွတ္ယူထင္ျမင္ခ်က္ (threat perception) ကို ျပည္တြင္းကေန ျပည္ပသို႔ (from internal to external) ေျပာင္းလဲယူရပါတယ္။ စစ္တပ္ရဲ႕ အဓိကတာဝန္ဟာ အေသးစားရာဇဝတ္ျပစ္မႈေတြကို လိုက္ေျဖရွင္းေပးေနရတာမ်ိဳး မျဖစ္ေစရပါဘူး။ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡရွိေနေသးရင္လည္း စစ္တပ္ဟာ သူ႕ရဲ႕ ျပည္တြင္းၿခိမ္းေျခာက္မႈ မွတ္ယူထင္ျမင္ခ်က္ကို ေက်ာ္လြန္ျပင္ဆင္ႏိုင္ဖို႔ ခက္ခဲလိမ့္မယ္။ 

ဒီမိုကေရစီလိုလားတဲ့သူေတြအေနနဲ႔ တပ္မေတာ္ကို ျပည္ပရန္ကာကြယ္တဲ့ တာဝန္ဘက္ကိုသာ အာရုံလႊဲေစခ်င္တယ္၊ အာရုံစူးစိုက္ေစခ်င္တယ္ဆိုရင္ ျပည္တြင္းေရးမွာ တပ္အတြက္ လံုျခံဳစိတ္ခ်မႈနည္းပါးေစတဲ့ အေျခအေနေတြကို ဖယ္ရွားဖို႔ ႀကိဳးစားရပါမယ္။ ျပည္တြင္းလံုျခံဳေရးကို ရဲ၊ ျပည္သူ႔စစ္နဲ႕ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက မိမိတို႕ဘာသာ ႏိုင္နင္းစြာ တာဝန္ယူႏိုင္ဖို႔ လိုအပ္ပါတယ္။ ျပည္တြင္းရန္ကာကြယ္ဖို႕ အဆိုပါအဖြဲ႔အစည္းမ်ားကို တပ္ကမ်က္ႏွာလႊဲသြားႏိုင္ဖို႔ ႏိုင္ငံရဲ႕ ျပည္ပရန္ေတြကိုလည္း အရပ္ဘက္က ကူညီသတ္မွတ္ ေဖာ္ထုတ္ေပးဖို႔ ႀကိဳးစားသင့္ပါတယ္။ တပ္မေတာ္ရဲ႕ ကာကြယ္ေရးစကၠဴျဖဴစာတမ္း (defence white paper) ေရးဆြဲရာမွာ အရပ္သားပညာရွင္ေတြနဲ႕ ျပည္သူ႕အဖြဲ႔အစည္းေတြအေနနဲ႔ ပါဝင္အၾကံျပဳေဆြးေႏြးခြင့္ရေအာင္ ေဆာင္ရြက္ရပါတယ္။

တပ္နဲ႕ျပည္သူအၾကား ယံုၾကည္မႈတည္ေဆာက္ႏိုင္ၿပီဆိုရင္ တပ္မေတာ္ရဲ႕ သေဘာတရားေရးသြတ္သြင္းမႈ (indoctrination) မွာေတာင္ ျပည္သူက ကိုယ္လိုခ်င္တဲ့ပံုစံ တျဖည္းျဖည္း ပံုသြင္းေပးႏိုင္ပါတယ္။ စစ္တကၠသိုလ္ေတြရဲ႕ သင္ရုိးကို ဒီမိုကေရစီက်င့္စဥ္နဲ႔ လိုက္ေလ်ာညီေထြျဖစ္လာေအာင္ ျပင္ဆင္လာႏိုင္မွာ ျဖစ္ပါတယ္။

ၿခိမ္းေျခာက္မႈမွတ္ယူထင္ျမင္ခ်က္ ထဲ ထည္​့ထားလို႔ အဲဒီႏိုင္​ငံ​ေတြနဲ႔ မျဖစ္​မ​ေန စစ္​တိုက္​ရမယ္​လို႔ မဟုတ္ပါ​ဘူး။ ႏိုင္​ငံတစ္​ႏိုင္​ငံရဲ႕ စစ္​​ေရး​ေလ့က်င္​့မႈပံုစံကို ​ေလ့လာၾကည္​့ရင္​လည္​း ႏိုင္​ငံ​ေတာ္​ကာကြယ္​​ေရးအတြက္​ ဘယ္​ႏိုင္​ငံ​ေတြကို ၿခိမ္​း​ေျခာက္​မႈအျဖစ္​ သတ္​မွတ္​ျပင္​ဆင္​​ေနတယ္​ဆိုတာ ခန္​႔မွန္​းလို႔ ရႏိုင္​တယ္​။ ျမန္​မာႏိုင္​ငံအေနနဲ႔ ဒီႏွစ္​ထဲ 'ဆင္​ျဖဴ႐ွင္​' ​ေလ့က်င္​့မႈလုပ္​သြားတာ႐ွိတယ္​။ မၾကာ​ေသးခင္​က ႐ု႐ွနဲ့တရုတ္ ​​​လုပ္​သြားတဲ့ Vostock-2018 ​ေလ့က်င္​့ခန္​း​ေတြဆို မူလက ႐ု႐ွအ​ေနနဲ႔ တ႐ုတ္​နဲ့ စစ္​ျဖစ္​ခဲ့ရင္​ဆိုတဲ့ ဇာတ္​ညြွန္​း အတြက္​ ခန္​႔မွန္​းျပင္​ဆင္​ထားတာလို႔ တခ်ို့ပညာရွင္​မ်ားက သံုးသပ္​ၾကတယ္​။ အခုက်​ေတာ့ ​ေနတိုးဘက္​ကလည္​း ႐ု႐ွ-တ႐ုတ္​ဝင္​႐ုိးလို႔ ရန္​အျဖစ္​ သတ္​မွတ္​ညာသံ​ေပး​ေနသလို ႐ု႐ွနဲ႔ တ႐ုတ္​ရဲ႕ အ​ေနာက္​ႏိုင္​ငံ​ေတြ (အဓိကအားျဖင္​႔ အ​ေမရိကန္​-ၿဗိတိန္​)နဲ႔ ဆက္​ဆံ​ေရးဟာလည္​း အ​ေတာ္​ တင္​းမာလာတာကို ​ေတြ႔ရမွာျဖစ္​တယ္​။

Sunday, September 2, 2018

လြတ္လပ္စြာေျပာဆိုေရးသားခြင့္ကို ေရွ႕တန္းက ခုခံကာကြယ္ေပးရမယ့္ သတင္းစာဆရာေတြဟာ ျမန္မာႏိုင္ငံမွာ သူတို႔ကိုယ္တိုင္ ဆတ္ဆတ္ထိမခံႏိုင္တဲ့ အင္မတန္ 'အေရပါး'သူက အမ်ားစုျဖစ္ေနတာကို ေတြ႕ရပါတယ္။ မယံုရင္ သူတို႔ရဲ႕ ဆိုရွယ္မီဒီယာစာမ်က္ႏွာမွာ သူတို႔ရဲ႕ႏိုင္ငံေရးယူဆခ်က္နဲ႔ ကြဲလြဲတဲ့ မွတ္ခ်က္မ်ိဳး ေရးၾကည့္ၾကပါ။ အသိမ္ေမြ႔ဆံုးနည္းလမ္းအရ ခ်က္ခ်င္း ဖ်က္ပစ္တာကအစ အၾကမ္းဆံုးနည္းလမ္းအျဖစ္ (လူခ်င္းသိသူေတြဆိုရင္) အခ်ိန္မေတာ္မွာ မက္ဆင္ဂ်ာကေန လွမ္းေခၚရန္လုပ္တာမ်ိဳးအထိ ၾကံဳေတြ႔ရဖို႔ရွိပါတယ္။

ပြင့္ပြင့္လင္းလင္းေဝဖန္ရရင္ #မီဒီယာဆရာေတြမွာ သိရွိဖို႔လိုအပ္တဲ့ သုတက ဟိုစပ္စပ္ ဒီစပ္စပ္ (something of everything) ဗဟုသုတျဖစ္ပါတယ္။ မိမိကိုယ္တိုင္ရဲ႕ ႏိုင္ငံေရးအာေဘာ္ဟာ မိမိျဖစ္ခ်င္တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ျဖစ္ႏိုင္သလို လူထုဆက္သြယ္ေရးယႏၱရားရဲ႕ ဝါဒျဖန္႔ေခြးသြားစိပ္လည္း ျဖစ္ေနႏိုင္တာကို သတိမူဖို႔ျဖစ္ပါတယ္။ အေနာက္ႏိုင္ငံမီဒီယာဟာ အမွန္စင္စစ္ ခ်ဳမ္းစကီး (Chomsky) ေျပာသလို သူတို႔ရဲ႕ ျပည္တြင္းျပည္ပ ႏိုင္ငံေရးစနစ္၊ ႏိုင္ငံတကာစနစ္အတြက္ လိုက္ေလ်ာခြင့္ျပဳခ်က္ကို ထုတ္ေပးရတဲ့ (manufacturing of consent) လုပ္ငန္းႀကီးျဖစ္ခဲ့တာ ၾကာပါၿပီ။ ျမန္မာ့မီဒီယာေလာကသားမ်ားအေနနဲ႔ ႏိုင္ငံေရးခံယူခ်က္နဲ႔ အသက္ေမြးဝမ္းေၾကာင္းရဲ႕ သေဘာသဘာဝကို ခြဲျခားရွဳျမင္ႏိုင္ဖို႔ လိုအပ္ပါတယ္။

တတ္သိပညာရွင္ေလာကမွာေတာင္ ဘာသာရပ္တစ္ခုထဲမွာ အထူးျပဳေလ့လာရတဲ့ နယ္ပယ္အသီးသီး ကြဲျပားပါေသးတယ္။ ဥပမာ၊ လူမႈသိပၸံခ်င္းတူေပမယ့္ ႏိုင္ငံေရးသိပၸံပညာရွင္ဟာ ေဘာဂေဗဒနဲ႔ပတ္သက္လာရင္ သိပ္နည္းစနစ္က်တဲ့ သံုးသပ္ခ်က္မ်ိဳးကိုေပးႏိုင္မွာ မဟုတ္ပါ။ ပညာရပ္တစ္ခုထဲမွာပဲ အေၾကာင္းအရာတစ္ခုထဲကို ခ်ဥ္းကပ္ေလ့လာပံု၊ နည္းစနစ္အမ်ိဳးမ်ိဳးရွိပါတယ္။ ဘယ္သူမွ အကုန္မသိႏိုင္ပါ။
အားလံုးကို ေစာင့္ၾကည့္ၿပီး ကိုယ္သိ ကိုယ္ထင္တာေတြ ေရးေနရလို႔ ကိုယ္သိ ကိုယ္ထင္တာကမွ အမွန္ဆိုတာ မဟုတ္ဘူး။ 'ကိုယ့္အမွန္'ကို 'အမ်ားအမွန္' ျဖစ္ေအာင္ သတင္းကို စနစ္တက် တည္ေဆာက္ တင္ဆက္ရင္ အဲဒါကို ဝါဒျဖန္႔တယ္ (spin) လို႔ ေခၚပါတယ္။ https://en.wikipedia.org/wiki/Spin_(propaganda)

 ႏိုင္ငံေရးသမား၊ စီးပြားေရးသမား၊ ၾသဇာအာဏာရွိသူေတြရဲ႕ အသံုးခ်ျခင္းကို ခံရတာပဲ။ အေနာက္တိုင္းမီဒီယာက ဒီအလုပ္ကို အလြန္သိမ္ေမြ႔တဲ့နည္းနဲ႔ လုပ္တာျဖစ္တဲ့အတြက္ ျမန္မာမီဒီယာမ်ားအတြက္ မျမင္သာမွာ စိုးရိမ္လို႔ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အာဂ်န္ဒါခ်မွတ္ေပးျခင္း (agenda-setting) ေလာက္ကိုပဲ ေဝဖန္ၿပီး တန္႔ေနပါတယ္။
သမၼတဦးသိန္းစိန္လက္ထက္မွာ မီဒီယာကို 'စတုတၳမ႑ိဳင္'ဆိုၿပီး တရားဝင္ေျမွာက္ပင့္ေပးလိုက္လို႔ တက္သြားတဲ့ ျမန္မာ့မီဒီယာရဲ႕ဘဝင္ဟာ အျမင့္ဘက္ကို ဆက္လက္ဦးတည္ေနပါတယ္။ ဝမ္းစာမျပည့္သူေတြမ်ားလာရင္ အသက္ေမြးဝမ္းေၾကာင္းရဲ႕ အရည္အေသြးက်ဆင္းလာပါမယ္။ မဆီမဆိုင္ မဆလေခတ္နဲ႔ စစ္အစိုးရေခတ္လယ္ေလာက္အထိ အႏုပညာရွင္ေတြေျပာခဲ့တဲ့ စကားမ်ိဳးေတြကို သတိရမိပါတယ္။ အဲဒီေခတ္က မင္းသား မင္းသမီးသစ္ေလးေတြ၊ အဆိုေတာ္သစ္ေလးေတြ တက္လာၿပီဆို နာမည္ႀကီးေအာင္ စာနယ္ဇင္းမိတ္ဆက္ပြဲေတြ လုပ္ၾကတယ္။ ၿပီးရင္ သူတို႔ေျပာေနက်စကားက စာနယ္ဇင္းေက်းဇူးေၾကာင့္ (အခုေခတ္ေတာ့ မီဒီယာေက်းဇူးေပါ့) အခုလို ေအာင္ျမင္လာတာပါ။ သတင္းစာဆရာေတြက ေက်းဇူးရွင္ေတြပါ၊ ေက်းဇူးမေမ့ပါဘူးစသျဖင့္ေပါ့။ အခုေခတ္လည္း စတုတၳမ႑ိဳင္ဆရာႀကီးမ်ားဟာ ႏိုင္ငံေရးသမားမ်ား၊ တတ္သိပညာရွင္မ်ား၊ ျပည္သူ၊ အစိုးရနဲ႔ ႏိုင္ငံေတာ္ရဲ႕ ေက်းဇူးရွင္မ်ားအျဖစ္ မိမိကိုယ္မိမ္ိ ထင္မွတ္ေနၾကသလားလို႔ တစ္ခါတစ္ရံ စဥ္းစားမိပါတယ္။

(Unicode)

လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ရှေ့တန်းက ခုခံကာကွယ်ပေးရမယ့် သတင်းစာဆရာတွေဟာ မြန်မာနိုင်ငံမှာ သူတို့ကိုယ်တိုင် ဆတ်ဆတ်ထိမခံနိုင်တဲ့ အင်မတန် 'အရေပါး'သူက အများစုဖြစ်နေတာကို တွေ့ရပါတယ်။ မယုံရင် သူတို့ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာမှာ သူတို့ရဲ့နိုင်ငံရေးယူဆချက်နဲ့ ကွဲလွဲတဲ့ မှတ်ချက်မျိုး ရေးကြည့်ကြပါ။ အသိမ်မွေ့ဆုံးနည်းလမ်းအရ ချက်ချင်း ဖျက်ပစ်တာကအစ အကြမ်းဆုံးနည်းလမ်းအဖြစ် (လူချင်းသိသူတွေဆိုရင်) အချိန်မတော်မှာ မက်ဆင်ဂျာကနေ လှမ်းခေါ်ရန်လုပ်တာမျိုးအထိ ကြုံတွေ့ရဖို့ရှိပါတယ်။

ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် #မီဒီယာဆရာတွေမှာ သိရှိဖို့လိုအပ်တဲ့ သုတက ဟိုစပ်စပ် ဒီစပ်စပ် (something of everything) ဗဟုသုတဖြစ်ပါတယ်။ မိမိကိုယ်တိုင်ရဲ့ နိုင်ငံရေးအာဘော်ဟာ မိမိဖြစ်ချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်နိုင်သလို လူထုဆက်သွယ်ရေးယန္တရားရဲ့ ဝါဒဖြန့်ခွေးသွားစိပ်လည်း ဖြစ်နေနိုင်တာကို သတိမူဖို့ဖြစ်ပါတယ်။ အနောက်နိုင်ငံမီဒီယာဟာ အမှန်စင်စစ် ချုမ်းစကီး (Chomsky) ပြောသလို သူတို့ရဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးစနစ်၊ နိုင်ငံတကာစနစ်အတွက် လိုက်လျောခွင့်ပြုချက်ကို ထုတ်ပေးရတဲ့ (manufacturing of consent) လုပ်ငန်းကြီးဖြစ်ခဲ့တာ ကြာပါပြီ။ မြန်မာ့မီဒီယာလောကသားများအနေနဲ့ နိုင်ငံရေးခံယူချက်နဲ့ အသက်မွေးဝမ်းကြောင်းရဲ့ သဘောသဘာဝကို ခွဲခြားရှုမြင်နိုင်ဖို့ လိုအပ်ပါတယ်။

တတ်သိပညာရှင်လောကမှာတောင် ဘာသာရပ်တစ်ခုထဲမှာ အထူးပြုလေ့လာရတဲ့ နယ်ပယ်အသီးသီး ကွဲပြားပါသေးတယ်။ ဥပမာ၊ လူမှုသိပ္ပံချင်းတူပေမယ့် နိုင်ငံရေးသိပ္ပံပညာရှင်ဟာ ဘောဂဗေဒနဲ့ပတ်သက်လာရင် သိပ်နည်းစနစ်ကျတဲ့ သုံးသပ်ချက်မျိုးကိုပေးနိုင်မှာ မဟုတ်ပါ။ ပညာရပ်တစ်ခုထဲမှာပဲ အကြောင်းအရာတစ်ခုထဲကို ချဉ်းကပ်လေ့လာပုံ၊ နည်းစနစ်အမျိုးမျိုးရှိပါတယ်။ ဘယ်သူမှ အကုန်မသိနိုင်ပါ။
အားလုံးကို စောင့်ကြည့်ပြီး ကိုယ်သိ ကိုယ်ထင်တာတွေ ရေးနေရလို့ ကိုယ်သိ ကိုယ်ထင်တာကမှ အမှန်ဆိုတာ မဟုတ်ဘူး။ 'ကိုယ့်အမှန်'ကို 'အများအမှန်' ဖြစ်အောင် သတင်းကို စနစ်တကျ တည်ဆောက် တင်ဆက်ရင် အဲဒါကို ဝါဒဖြန့်တယ် (spin) လို့ ခေါ်ပါတယ်။ https://en.wikipedia.org/wiki/Spin_(propaganda)

နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ သြဇာအာဏာရှိသူတွေရဲ့ အသုံးချခြင်းကို ခံရတာပဲ။ အနောက်တိုင်းမီဒီယာက ဒီအလုပ်ကို အလွန်သိမ်မွေ့တဲ့နည်းနဲ့ လုပ်တာဖြစ်တဲ့အတွက် မြန်မာမီဒီယာများအတွက် မမြင်သာမှာ စိုးရိမ်လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဂျန်ဒါချမှတ်ပေးခြင်း (agenda-setting) လောက်ကိုပဲ ဝေဖန်ပြီး တန့်နေပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်မှာ မီဒီယာကို 'စတုတ္ထမဏ္ဍိုင်'ဆိုပြီး တရားဝင်မြှောက်ပင့်ပေးလိုက်လို့ တက်သွားတဲ့ မြန်မာ့မီဒီယာရဲ့ဘဝင်ဟာ အမြင့်ဘက်ကို ဆက်လက်ဦးတည်နေပါတယ်။ ဝမ်းစာမပြည့်သူတွေများလာရင် အသက်မွေးဝမ်းကြောင်းရဲ့ အရည်အသွေးကျဆင်းလာပါမယ်။ မဆီမဆိုင် မဆလခေတ်နဲ့ စစ်အစိုးရခေတ်လယ်လောက်အထိ အနုပညာရှင်တွေပြောခဲ့တဲ့ စကားမျိုးတွေကို သတိရမိပါတယ်။ အဲဒီခေတ်က မင်းသား မင်းသမီးသစ်လေးတွေ၊ အဆိုတော်သစ်လေးတွေ တက်လာပြီဆို နာမည်ကြီးအောင် စာနယ်ဇင်းမိတ်ဆက်ပွဲတွေ လုပ်ကြတယ်။ ပြီးရင် သူတို့ပြောနေကျစကားက စာနယ်ဇင်းကျေးဇူးကြောင့် (အခုခေတ်တော့ မီဒီယာကျေးဇူးပေါ့) အခုလို အောင်မြင်လာတာပါ။ သတင်းစာဆရာတွေက ကျေးဇူးရှင်တွေပါ၊ ကျေးဇူးမမေ့ပါဘူးစသဖြင့်ပေါ့။ အခုခေတ်လည်း စတုတ္ထမဏ္ဍိုင်ဆရာကြီးများဟာ နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ၊ ပြည်သူ၊ အစိုးရနဲ့ နိုင်ငံတော်ရဲ့ ကျေးဇူးရှင်များအဖြစ် မိမိကိုယ်မိမ်ိ ထင်မှတ်နေကြသလားလို့ တစ်ခါတစ်ရံ စဉ်းစားမိပါတယ်။