၄၁၈ (က) အရ လက်ရှိ လွှတ်တော်က သက်တမ်းကုန်ပြီဆိုရင် အလိုအလျောက် လွှတ်တော်ဖျက်သိမ်းပြီးဖြစ်တယ်လို့ မှတ်ယူရမှာပါ။ ၄၁၈ (ခ) အရ အစိုးရအဖွဲ့နဲ့ ဝန်ကြီးတွေလည်း ရာထူးက ပြုတ်ပြီလို့ပဲ ယူဆရမှာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတို့က နုတ်ထွက်တယ်လို့မပြောလည်း သူတို့ရာထူးမှာ မနေနိုင်တော့၊ မရှိတော့ပါဘူး။
Sunday, January 31, 2021
Thursday, January 28, 2021
အဲန်အယ်လ်ဒီကို ထောက်ခံတယ်ဆိုသူတွေထဲမှာ မြို့နေ ရေပေါ်ဆီ ဧလိတွေကို ဘယ်တုန်းကမှ အထင်မကြီးမိတာတော့ အမှန်ပဲ။ အဲဒီအထဲ အနုပညာရှင်တွေလည်း ပါသပေါ့။ ငါးပွက်ရာ ငါးစာချတဲ့ အချောင်သမားက များပါတယ်။ ဇာဂနာ ပြောတာ မကြားဖူးဘူးလား။ ၁၉.၀၉.၁၉၈၈ မှာ လမ်းပေါ်ရောက်လာတဲ့အထဲ အနုပညာလောကသားက နှစ်ယောက် တစ်ပိုင်းသာပါတယ်။မြို့နေမဟုတ်ရင်လည်း ကျေးလက်တောရွာက (ဒေါ်အောင်ဆန်းစုကြည်ကို) ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေက အများစုဖြစ်ပါတယ်။
၁) ကိုဗစ်ကာလကြီးထဲ ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ ဇွတ်တိုးလုပ်ရာက စဖြစ်တဲ့ ပြဿနာပဲ။ အတိုက်အခံက တောင်းဆိုတဲ့အတိုင်း တစ်လလောက်ဖြစ်ဖြစ် ရွှေ့ပေးခဲ့ရင်တောင် မျှတပါတယ်လို့ ပြောစရာကျန်ခဲ့ဦးမှာ။
Wednesday, January 27, 2021
ခေါင်းဆောင်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ ရည်မှန်းချက်ကြောင့်သာဖြစ်ပြီး အင်စတီကျူးရှင်းကတော့ ပြုပြင်ပြောင်းလဲချင်စိတ်ရှိပါတယ်ဆိုတဲ့ စကားမျိုးလည်း ကြားရပေါင်း များခဲ့ပြီ။ ဒီလိုနဲ့ပဲ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ဒီပုပ်ထဲက ဒီပဲတွေချည်း ထွက်ထွက်လာတယ်။ အပြင်ရောက်ပြီးသူ လူဟောင်းများလည်း အင်စတီကျူးရှင်းကို ကာကွယ်မြဲ။ လူသစ်များကလည်း အချိန်အတိုင်းအတာတစ်ခုထဲ ခပ်ခွာခွာနေပြီးရင် အကြီးများကို ဖြည်းဖြည်းချင်း ပြန်ကပ်လို့ စည်းလုံးမြဲ။ အင်္ဂလိပ်စကားမှာပြောသလို ပိတ်တစ်စထဲကချုပ်တဲ့ အဝတ်တွေ အတူတူနဲ့ အနူနူ။ အခုလည်း လူဟောင်းတွေ မကျေနပ်ချက်ကို နောက်လူတွေက လိုက်လုပ်ပေးနေရတာပဲ မဟုတ်လား။ လူရဲ့အကျိုးစီးပွားဟာ အင်စတီကျူးရှင်းရဲ့ အကျိုးစီးပွားနဲ့ endogenous ဖြစ်နေတဲ့အခါ အဲဒီနှစ်ခုကို ခွဲထုတ်ဖို့ ခက်ခဲပါတယ်။
တပ်က အာဏာသိမ်းချင်နေတယ်ဆိုမှတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူး လုပ်လို့မရပါဘူး။ အာဏာသိမ်းတယ် (coup) ဆိုတာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပ (extra-constitutional) က လုပ်ရပ်ပဲ။ မနေ့က တပ်ချုပ် ပြောသွားတဲ့မိန့်ခွန်းမှာကို အဲဒီလို coup အတွက် အကြောင်းဆင်ခြေပြချက် (rationale) က ပါနေပြီး ဖြစ်ပါတယ်။
Tuesday, January 26, 2021
'ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခင်ဗျားတို့ အာဏာသိမ်းလို့မရဘူးလေ' လို့ တပ်ကို သေချာပေါက်ပြောလို့ မရနိုင်ပါဘူး။
Monday, January 25, 2021
လူရယ်လို့ ဖြစ်လာရင် အကောင်း၊ အဆိုးနှစ်မျိုးလုံး လုပ်မိနေတာမို့ ကုသိုလ်၊ အကုသိုလ်လည်း နှစ်မျိုးလုံး ရောပြီး ရနေကြတယ်။ ဒါကြောင့် မိမိမကြိုက်မနှစ်သက်တဲ့သူ (အမိတ္တ) တွေအကြောင်း စဉ်းစားရင်တောင် သူတို့မှာရှိတဲ့ ကောင်းကွက်၊ အကျင့်ကောင်းလေးတွေ ပေါ်လာတတ်တယ်။ ကောင်းတဲ့သူတွေဆိုလည်း စင်းလုံးချောကောင်းတယ်ဆိုတာ မရှိဘူး။ အကျင့်ဆိုး၊ ချို့ယွင်းချက် အနည်းနဲ့အများ ရှိတတ်ကြတယ်။ ဗုဒ္ဓဝေါဟာရနဲ့ပြောရရင် ကံနဲ့ ကိလေသာ သဘာဝနိယာမပါပဲ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ မှတ်သားမိတာက "အမေးရှိရင် အဖြေရှိတယ်" တဲ့။ မေးခွန်းထုတ်ထားပြီးပြီဆိုတော့ အဖြေကို မထွက်ထွက်အောင် လုပ်မယ်ဆိုတဲ့သဘော၊ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့သဘောကို ဖော်ပြလိုက်တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဖတ်ပါဆိုပြီး ရည်ညွှန်းသွားတာလည်း အကြိမ်ကြိမ်။ အခြေခံမူတွေက အဓိကပဲတဲ့။ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးကို သစ္စာမဖောက်ဘူး၊ ဦးဆောင်ရမယ် စသဖြင့် ဒါတွေပဲ ပြန်ထပ်နေတယ်။
Friday, January 22, 2021
ကျွန်တော့် news feed မှာ တခြားသူတွေက NLD ကို ထောက်ခံတဲ့ သတင်းနဲ့ ထင်မြင်ရေးသားချက်ပို့စ် ဆယ်ခုလောက်တက်ရင် မျိုးချစ်ဝါဒီ၊ တိုင်းရင်းသား၊ စစ်တပ်၊ USDP ကို ထောက်ခံတဲ့ပို့စ် (NLD ကို ဝေဖန်ဆန့်ကျင်တဲ့ပို့စ်) က နှစ်ခုသုံးခုသာပါတယ်။ ကျွန်တော့်မိတ်ဆွေတွေထဲ NLD ထောက်ခံသူတွေက အများစုဖြစ်နေတာအပြင် social media ရဲ့ algorithm ကလည်း ဖတ်နေတာကိုကြည့်ပြီး ကိုယ်မြင်ချင်တယ်၊ ဖတ်ချင်တယ်လို့ ထင်တာတွေကိုပဲ ရွေးတင်ပေးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွခ်ပေါ်မှာ NLD/ဒေါ်အောင်ဆန်းစုကြည်အတွက် လော်ဘီတွေ သိပ်များနေတာကိုလည်း စိတ်ထဲ အနှောက်အယှက် နည်းနည်းဖြစ်မိတယ်။ အရာရာကို rationalization လုပ်ပြီး အားလုံးကောင်း၊ အားလုံးမှန်လုပ်ပြီး လက်ရှိအစိုးရနဲ့ NLD ကို ခြောက်ပစ်ကင်း သဲလဲစင်လိုမျိုး ပုံဖော်နေတဲ့ အရေးအသားမျိုးတွေကို ဘဝင်မကျဖြစ်မိတယ်။