Wednesday, January 27, 2021

 တပ်က အာဏာသိမ်းချင်နေတယ်ဆိုမှတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူး လုပ်လို့မရပါဘူး။ အာဏာသိမ်းတယ် (coup) ဆိုတာကိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပ (extra-constitutional) က လုပ်ရပ်ပဲ။ မနေ့က တပ်ချုပ် ပြောသွားတဲ့မိန့်ခွန်းမှာကို အဲဒီလို coup အတွက် အကြောင်းဆင်ခြေပြချက် (rationale) က ပါနေပြီး ဖြစ်ပါတယ်။

သူ့မိန့်ခွန်းကို နည်းနည်း မှီးလိုက်တာနဲ့တင်
"...ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ အနှစ်သာရနှင့် အခြေခံမူများမှ သွေဖည်၍ မိမိလိုသလို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ခြင်း၊ ....အခြေခံဥပဒေ၏ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။.....ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ၎င်း၏ အနှစ်သာရ၊ အခြေခံမူများနှင့်အညီ အကောင်အထည်ဖော်နိုင်စေရန်၊ လိုအပ်ချက်များကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြန်လည် ရေးဆွဲနိုင်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အား ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်မှ ....." စသည်ဖြင့်
ကြေညာချက်မျိုး ထုတ်လို့တောင် ရနေပြီပဲ။
မဖြစ်နိုင်တာမဟုတ်၊ မဖြစ်သေးတာပဲဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် တပ်ကို ကဲ့ရဲ့ ပြောင်လှောင်တဲ့ပို့စ်တွေကို ဆိုရှယ်မီဒီယာမှာ မရေးကြ၊ မမျှဝေကြဖို့ လိုပါတယ်။ သူ့ကို ဆွပေးသလို ဖြစ်နေမှာကြောင့်ပါ။

No comments:

Post a Comment