Friday, October 12, 2018

တရုတ္ရဲ႕ အေျခခံအေဆာက္အအံုစီမံကိန္းမ်ားနဲ႔ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားရမယ့္ ျဖစ္ႏိုင္ေျခမ်ား / တရုတ်ရဲ့ အခြေခံအဆောက်အအုံစီမံကိန်းများနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရမယ့် ဖြစ်နိုင်ခြေများ



တရုတ္ရဲ႕ အေျခခံအေဆာက္အအံုစီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားရမယ့္၊ ျဖစ္လာႏိုင္တဲ့ အေျခအေနတခ်ိဳ႕ရွိပါတယ္။


၁) တရုတ္စီမံကိန္းေတြဟာ ေဒသခံေတြအတြက္ အလုပ္အကိုင္ေတြကို ဖန္တီးေပးမွာမဟုတ္ဘူး။ အိမ္သာသံုးစကၠဴကအစ အလုပ္သမားအထိ တရုတ္ျပည္ကပဲ ေခၚလာၿပီး သံုးလိမ့္မယ္။ အာဖရိကႏိုင္ငံတစ္ခုက သူငယ္ခ်င္းတစ္ေယာက္ ေျပာဖူးတာ သတိရတယ္။ အာဖရိကမွာ လမ္းေဘးေစ်းသည္အလုပ္အထိ တရုတ္ေတြက လိုက္လုလုပ္တယ္တဲ့။

၂) စီမံကိန္းနယ္ေျမဟာ သူတို႔ နိစၥဓူဝ က်င္လည္လႈပ္ရွားတဲ့ တရုတ္နယ္ေျမေလး သီးျခားျဖစ္လာလိမ့္မယ္။ ေဒသခံေတြနဲ႔ ကူးလူးဆက္ဆံမႈ မ်ားမ်ားစားစား ရွိခ်င္မွ ရွိလိမ့္မယ္။ လံုျခံဳေရးကန္႔သတ္ခ်က္ေတြနဲ႔ ေဒသခံႏိုင္ငံေရးသမားမ်ား၊ အစိုးရအရာထမ္းမ်ားေတာင္ အဝင္အထြက္ လြယ္ခ်င္မွ လြယ္လိမ့္မယ္။

၃) တရုတ္စီမံကိန္းမ်ားဟာ တရုတ္ဘဏ္နဲ႕ ဘ႑ာေရးဝန္ေဆာင္မႈမ်ားကိုသာ ျဖစ္ႏိုင္သေလာက္ သံုးလိမ့္မယ္။ တရုတ္ဘဏ္ေတြကလည္း ပိုမိုအဆင္ေျပႏိုင္မယ့္ အတိုးႏႈန္းနဲ႔ ဝန္ေဆာင္မႈေတြကို ေပးလိမ့္မယ္။

၄) ရလာတဲ့ အေျခခံအေဆာက္အအံုေတြဟာလည္း ေရတိုနဲ႔ ေရလတ္မွာ ေဒသခံျပည္သူေတြအသံုးျပဳဖို႔ ျဖစ္ခ်င္မွျဖစ္မယ္။ ခ်က္ခ်င္း အသံုးဝင္ခ်င္မွ ဝင္မယ္။ မီးရထားလမ္းဆိုပါစို႔။ လူစီးေၾကာင္း၊ ကုန္စီးေၾကာင္းဟာ အစပိုင္းမွာ တစ္လမ္းသြားပဲ လွိမ္႔ဝင္လာမယ္လို႔ ခန္႔မွန္းထားရမယ္။ ကိုယ့္ဘက္က ဘာမွ မပို႔ႏိုင္ဘူး။ သံုးႏိုင္တဲ့ စြမ္းအားလည္​း မရွိဘူး။

၅) စီမံကိန္းအေကာင္အထည္ေဖာ္ၿပီးမွ ကိုယ့္ႏိုင္ငံအတြက္ အလုပ္အကိုင္ေတြ ေပၚလာလိမ့္မယ္လို႔လည္​း သိပ္မေမွ်ာ္လင့္နဲ႔ဦး။ ေဒသခံေတြေရာ၊ တစ္ႏိုင္ငံလံုးမွာပါ ကိုယ့္ရွိတဲ့ လူ႔စြမ္းအားရင္းျမစ္က မ်ားမ်ားျမင့္ျမင့္မရွိဘူး။ တရုတ္က စီမံကိန္းလုပ္ရင္ အေနာက္ႏိုင္ငံေတြက ပညာေတာ္သင္ျပန္လာၿပီး အလုပ္လုပ္ရာမွာ အလြန္ထိေရာက္၊ အလြန္သြက္လက္​တဲ့ တရုတ္လူငယ္ေတြကို ေကာ္လာျဖဴ ရုံးအလုပ္ေတြအတြက္ သံုးလိမ့္မယ္။

၆) အိမ္ျခံေျမရင္းႏွီးျမွပ္ႏွံမႈေတြပါ စီမံကိန္းထဲပါတယ္ဆိုရင္ ပိုင္ဆိုင္မႈ ဘယ္လိုရွိတယ္။ အရြယ္အစား ဘယ္ေလာက္ႀကီးတယ္။ လူဦးေရ ဘယ္ေလာက္ပါလာမယ္ဆိုတာကိုပါ ထည့္တြက္ထားရမယ္။ တရုတ္က အေကာင္ႀကီးတယ္။ လူမ်ားတယ္။

ဒါေပမဲ့ ဒီအခ်က္ေတြကို သိပ္မခ်ဲ႕ကားဘဲ ရုိးရုိးရွင္းရွင္း စဥ္းစားလို႔လည္းရပါတယ္။

က) တရုတ္မွာ ေငြလံုးေငြရင္းရွိေနတယ္။ သံုးခ်င္တဲ့ ဆႏၵလည္း ရွိတယ္။ သူ႔ႏိုင္ငံ၊ သူ႔ႏိုင္ငံသားအက်ိဳးအျမတ္မရွိဘဲလည္း ဒီေငြကို သံုးမွာ မဟုတ္ဘူး။ ကိုယ့္ႏိုင္ငံမွာလည္း ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေျခခံအေဆာက္အအံု အမ်ားႀကီး လိုအပ္​ေနတယ္။ တကယ္ေတာ့ ရခိုင္ေျမာက္မွာဆိုရင္ ျပည္ပရင္းႏွီးျမွပ္ႏွံမႈ အမ်ားအျပားရွိေနရင္၊ လူမ်ိဳးေပါင္းစံု၊ ႏိုင္ငံေပါင္းစံုေရာက္လာေအာင္ ဆြဲေဆာင္ႏိုင္ရင္ လက္ရွိတအံုေႏြးေႏြးျဖစ္ေနတဲ့ ပဋိပကၡဟာလဲ အသြင္ေျပာင္းသြားလိမ့္မယ္။ သူ႕လူမ်ိဳး သူေခၚလာတဲ့ကိစၥကေတာ့ ဘယ္ႏိုင္ငံမဆို သူတို႔လာလုပ္တဲ့ စီမံကိန္းတႈင္​းမွာ ဒါမ်ိဳး အနည္းနဲ႔အမ်ား ရွိပါတယ္။ မျမင္ဘူးေသးလို႔ မသိၾကတာပါ။ ျမင္ဖူးသ​ေလာက္ကိုပဲ သံသယျဖစ္၊ အစိုးရိမ္လြန္​ေနၾကတဲ့ သေဘာျဖစ္တယ္။ ႏိုင္​ငံ​ေရးပ​ေယာဂ​ေတြကလည္​း ပါ​ေနတာကိုး။

ခ) ေနာက္တစ္ခ်က္က ကိုယ့္ႏိုင္ငံသားေတြရဲ႕ အရည္အေသြးကို အခုကတည္းက မဟာဗ်ဴဟာခ်မွတ္ ျမွင့္တင္ေပးထားဖို႔လိုတယ္။ ကိုယ့္ႏိုင္ငံသား ေဒသခံမ်ားအတြက္ အကာအကြယ္ေပးမယ့္ ဥပေဒေတြကို ျပင္ဆင္ျပ႒ာန္းထားရမယ္။ စီမံကိန္းၿပီးမွ ေနရာအကုန္ ဝင္ျဖည့္မယ္၊ အစစအရာရာ သူ႕ဟာသူေနသားက်ကုန္မယ္ ထင္လို႔မရပါ။

ဂ) ႏိုင္ငံေတာ္အစိုးရအေနနဲ႔ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔၊ တာဝန္ယူမႈရွိဖို႔၊ ႏိုင္ငံေရးတည္ၿငိမ္မႈကို အာမခံႏိုင္ဖို႔လည္​း အေရးႀကီးပါတယ္။ တခ်ိဳ႔ႏိုင္ငံေတြမွာ တရုတ္နဲ႔သေဘာတူထားတဲ့ စီမံကိန္းေတြ ရုပ္သိမ္းတယ္၊ ဆိုင္းငံ့တယ္ဆိုတာက သူတို႔ႏိုင္ငံေရးသမားေတြရဲ႔ အက်င့္ပ်က္ျခစားတာေတြ၊ အစိုးရအေျပာင္းအလဲမွာ ေရွ႕လူလုပ္ထားတာကို ေနာက္လူကဖ်က္တယ္ဆိုတဲ့ အေနအထားပါ။ တရုတ္အေနနဲ႔ကလည္း ဒီစြန္႔ရမယ့္အခ်က္ေတြကို သိလ်က္နဲ႔ ဝင္တာပဲ။

တရုတ္ႏိုင္ငံရဲ႕ အားသာခ်က္က စီမံကိန္းေတြ အခ်ိန္မီမၿပီးမွာ၊ မထိေရာက္မွာ မပူရပါ။ သူျမန္တာကို ကိုယ္မလိုက္ႏိုင္ရင္ ကိုယ္ခံရမွာကိုသာ ႀကိဳေတြးၾကဖို႔ ျဖစ္ပါတယ္။

(Unicode)

 တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရမယ့်၊ ဖြစ်လာနိုင်တဲ့ အခြေအနေတချို့ရှိပါတယ်။

၁) တရုတ်စီမံကိန်းတွေဟာ ဒေသခံတွေအတွက် အလုပ်အကိုင်တွေကို ဖန်တီးပေးမှာမဟုတ်ဘူး။ အိမ်သာသုံးစက္ကူကအစ အလုပ်သမားအထိ တရုတ်ပြည်ကပဲ ခေါ်လာပြီး သုံးလိမ့်မယ်။ အာဖရိကနိုင်ငံတစ်ခုက သူငယ်ချင်းတစ်ယောက် ပြောဖူးတာ သတိရတယ်။ အာဖရိကမှာ လမ်းဘေးစျေးသည်အလုပ်အထိ တရုတ်တွေက လိုက်လုလုပ်တယ်တဲ့။

၂) စီမံကိန်းနယ်မြေဟာ သူတို့ နိစ္စဓူဝ ကျင်လည်လှုပ်ရှားတဲ့ တရုတ်နယ်မြေလေး သီးခြားဖြစ်လာလိမ့်မယ်။ ဒေသခံတွေနဲ့ ကူးလူးဆက်ဆံမှု များများစားစား ရှိချင်မှ ရှိလိမ့်မယ်။ လုံခြုံရေးကန့်သတ်ချက်တွေနဲ့ ဒေသခံနိုင်ငံရေးသမားများ၊ အစိုးရအရာထမ်းများတောင် အဝင်အထွက် လွယ်ချင်မှ လွယ်လိမ့်မယ်။

၃) တရုတ်စီမံကိန်းများဟာ တရုတ်ဘဏ်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများကိုသာ ဖြစ်နိုင်သလောက် သုံးလိမ့်မယ်။ တရုတ်ဘဏ်တွေကလည်း ပိုမိုအဆင်ပြေနိုင်မယ့် အတိုးနှုန်းနဲ့ ဝန်ဆောင်မှုတွေကို ပေးလိမ့်မယ်။

၄) ရလာတဲ့ အခြေခံအဆောက်အအုံတွေဟာလည်း ရေတိုနဲ့ ရေလတ်မှာ ဒေသခံပြည်သူတွေအသုံးပြုဖို့ ဖြစ်ချင်မှဖြစ်မယ်။ ချက်ချင်း အသုံးဝင်ချင်မှ ဝင်မယ်။ မီးရထားလမ်းဆိုပါစို့။ လူစီးကြောင်း၊ ကုန်စီးကြောင်းဟာ အစပိုင်းမှာ တစ်လမ်းသွားပဲ လှိမ့်ဝင်လာမယ်လို့ ခန့်မှန်းထားရမယ်။ ကိုယ့်ဘက်က ဘာမှ မပို့နိုင်ဘူး။ သုံးနိုင်တဲ့ စွမ်းအားလည်​း မရှိဘူး။

၅) စီမံကိန်းအကောင်အထည်ဖော်ပြီးမှ ကိုယ့်နိုင်ငံအတွက် အလုပ်အကိုင်တွေ ပေါ်လာလိမ့်မယ်လို့လည်​း သိပ်မမျှော်လင့်နဲ့ဦး။ ဒေသခံတွေရော၊ တစ်နိုင်ငံလုံးမှာပါ ကိုယ့်ရှိတဲ့ လူ့စွမ်းအားရင်းမြစ်က များများမြင့်မြင့်မရှိဘူး။ တရုတ်က စီမံကိန်းလုပ်ရင် အနောက်နိုင်ငံတွေက ပညာတော်သင်ပြန်လာပြီး အလုပ်လုပ်ရာမှာ အလွန်ထိရောက်၊ အလွန်သွက်လက်​တဲ့ တရုတ်လူငယ်တွေကို ကော်လာဖြူ ရုံးအလုပ်တွေအတွက် သုံးလိမ့်မယ်။

၆) အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုတွေပါ စီမံကိန်းထဲပါတယ်ဆိုရင် ပိုင်ဆိုင်မှု ဘယ်လိုရှိတယ်။ အရွယ်အစား ဘယ်လောက်ကြီးတယ်။ လူဦးရေ ဘယ်လောက်ပါလာမယ်ဆိုတာကိုပါ ထည့်တွက်ထားရမယ်။ တရုတ်က အကောင်ကြီးတယ်။ လူများတယ်။


ဒါပေမဲ့ ဒီအချက်တွေကို သိပ်မချဲ့ကားဘဲ ရိုးရိုးရှင်းရှင်း စဉ်းစားလို့လည်းရပါတယ်။

က) တရုတ်မှာ ငွေလုံးငွေရင်းရှိနေတယ်။ သုံးချင်တဲ့ ဆန္ဒလည်း ရှိတယ်။ သူ့နိုင်ငံ၊ သူ့နိုင်ငံသားအကျိုးအမြတ်မရှိဘဲလည်း ဒီငွေကို သုံးမှာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာလည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံ အများကြီး လိုအပ်​နေတယ်။ တကယ်တော့ ရခိုင်မြောက်မှာဆိုရင် ပြည်ပရင်းနှီးမြှပ်နှံမှု အများအပြားရှိနေရင်၊ လူမျိုးပေါင်းစုံ၊ နိုင်ငံပေါင်းစုံရောက်လာအောင် ဆွဲဆောင်နိုင်ရင် လက်ရှိတအုံနွေးနွေးဖြစ်နေတဲ့ ပဋိပက္ခဟာလဲ အသွင်ပြောင်းသွားလိမ့်မယ်။ သူ့လူမျိုး သူခေါ်လာတဲ့ကိစ္စကတော့ ဘယ်နိုင်ငံမဆို သူတို့လာလုပ်တဲ့ စီမံကိန်းတှုင်​းမှာ ဒါမျိုး အနည်းနဲ့အများ ရှိပါတယ်။ မမြင်ဘူးသေးလို့ မသိကြတာပါ။ မြင်ဖူးသ​လောက်ကိုပဲ သံသယဖြစ်၊ အစိုးရိမ်လွန်​နေကြတဲ့ သဘောဖြစ်တယ်။ နိုင်​ငံ​ရေးပ​ယောဂ​တွေကလည်​း ပါ​နေတာကိုး။

ခ) နောက်တစ်ချက်က ကိုယ့်နိုင်ငံသားတွေရဲ့ အရည်အသွေးကို အခုကတည်းက မဟာဗျူဟာချမှတ် မြှင့်တင်ပေးထားဖို့လိုတယ်။ ကိုယ့်နိုင်ငံသား ဒေသခံများအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းထားရမယ်။ စီမံကိန်းပြီးမှ နေရာအကုန် ဝင်ဖြည့်မယ်၊ အစစအရာရာ သူ့ဟာသူနေသားကျကုန်မယ် ထင်လို့မရပါ။

ဂ) နိုင်ငံတော်အစိုးရအနေနဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှုရှိဖို့၊ နိုင်ငံရေးတည်ငြိမ်မှုကို အာမခံနိုင်ဖို့လည်​း အရေးကြီးပါတယ်။ တချို့နိုင်ငံတွေမှာ တရုတ်နဲ့သဘောတူထားတဲ့ စီမံကိန်းတွေ ရုပ်သိမ်းတယ်၊ ဆိုင်းငံ့တယ်ဆိုတာက သူတို့နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားတာတွေ၊ အစိုးရအပြောင်းအလဲမှာ ရှေ့လူလုပ်ထားတာကို နောက်လူကဖျက်တယ်ဆိုတဲ့ အနေအထားပါ။ တရုတ်အနေနဲ့ကလည်း ဒီစွန့်ရမယ့်အချက်တွေကို သိလျက်နဲ့ ဝင်တာပဲ။

တရုတ်နိုင်ငံရဲ့ အားသာချက်က စီမံကိန်းတွေ အချိန်မီမပြီးမှာ၊ မထိရောက်မှာ မပူရပါ။ သူမြန်တာကို ကိုယ်မလိုက်နိုင်ရင် ကိုယ်ခံရမှာကိုသာ ကြိုတွေးကြဖို့ ဖြစ်ပါတယ်။

အက်အနေကာက္ႏိုင္ငံေရး (၂) / အကျအနကောက်နိုင်ငံရေး (၂)

အကဲဆတ္လွတဲ့ မ်က္ေမွာက္ေခတ္ မဝါဒအေၾကာင္း ေရးၿပီး ဆက္စပ္စဥ္းစားမိတာတစ္ခုက တရုတ္စာမွာလည္း မေကာင္းသေဘာေဆာင္ နာမဝိေသသနတခ်ိဳ႕ကို မိန္းမစာလံုး (女) ထည့္သံုးထားတာကိုပါ။ ဥပမာ၊ မနာလိုဝန္တိုတာ၊ ေဒါသထြက္တာ၊ ေလာဘႀကီးတာစသျဖင့္အတြက္ ေရးတဲ့ တရုတ္စာေတြမွာ မိန္းမနဲ႔ပတ္သက္တဲ့ အရုပ္စာပါေလ့ရွိတယ္။

ျမန္မာစာမွာလည္း လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္အတြင္းမွာ 'ေတာ္'လွန္ေရးေလးတစ္ခုျဖစ္ခဲ့ပံုပါပဲ။ အဲဒါကေတာ့ ကၽြန္ေတာ္၊ ကၽြန္မ၊ ကၽြႏုပ္လို႔ ေရးမယ့္အစား က်ေနာ္၊ က်မ၊ က်ဳပ္ဆိုၿပီး ပါးစပ္ေျပာပံုစံနဲ႕ က်ယ္က်ယ္ျပန္႔ျပန္႔ေရးလာၾကတာျဖစ္ပါတယ္။ 'ကၽြန္'ဆိုတာ ေက်းကၽြန္လို႔ မိမိဘာသာရည္ညႊန္းတဲ့ အဓိပၸာယ္သက္ေရာက္လို႔ မင္းစိုးရာဇာ ေတာ္ဝင္ပေဒသရာဇ္မ်ားကို သေကၤတသေဘာ ေတာ္လွန္ဖို႔အတြက္ က်ေနာ္၊ က်မေရးၾကတယ္လို႔ဆိုပါတယ္။ (တကယ္ေတာ့ ခင္ဗ်ား တို႔၊ (ေမာင္/မယ္)မင္း တို႔ရဲ႕ ဇစ္ျမစ္ကိုလည္း ေသခ်ာ စဥ္းစားၾကည့္သင့္ပါတယ္။)

ဒါေပမဲ့ အဲဒီလို ေရးထံုးေျပာင္းရာမွာ ဘာသာစကားနဲ႔ ယဥ္ေက်းမႈမွာ စိမ့္ဝင္ေနတဲ့ အႏွစ္သာရနဲ႔ နိဝါတတရားေတြပါ ေပ်ာက္ဆံုးသြားတတ္ပါတယ္။

ေရွးေဟာင္းတရုတ္စာမွာလည္း မိမိကိုယ္ကိုႏွိမ့္ခ်တဲ့ အသံုးအႏႈန္း၊ ဝါစဥ္ေစာင့္ေရွာက္တဲ့ ယဥ္ေက်းမႈအသံုးအႏႈန္းေတြ အေတာ္ပါပါတယ္။ ယဥ္ေက်းမႈသမိုင္းေၾကာင္းရွည္လ်ားတဲ့ အာရွႏိုင္ငံအမ်ားစုမွာလည္း အလားတူျဖစ္ပါလိမ့္မယ္။ သာဓကအားျဖင့္ ရွင္ဘုရင္၊ သံဃာေတာ္မ်ားက မိမိကိုယ္ကိုရည္ညႊန္းတဲ့အခါ မိမိကိုယ္ကို ႏိွမ့္ခ်ဆက္ဆံတဲ့သေဘာပါဝင္ေအာင္ ဘာသာစကားထဲမွာ ထည့္သြင္းထားတာရွိပါတယ္။ မဟာယာန တရုတ္သံဃာေတာ္မ်ားဟာ ေရွးယခင္က မိမိတို႔ကိုယ္ကို 'ဆင္းရဲတဲ့ (ငမြဲ)ဘုန္းႀကီး'လို႔ ထည့္ထည့္ေျပာၾကပါတယ္။ ရုပ္ဝတၳဳပစၥည္း ၿခိဳးျခံေရး၊ အလိုေလာဘနည္းပါးေရးအတြက္ ဘာသာစကားကတဆင့္ သတိရေနေအာင္ လုပ္ေပးထားတာျဖစ္ပါတယ္။ တရုတ္ျပည္မွာ ကြန္ျမဴနစ္ေတြ အာဏာရခါစမွာ ယဥ္ေက်းမႈေတာ္လွန္ေရးႀကီးလုပ္ၿပီး ေတာ္လွန္လိုက္ၾကတာ တရုတ္ေတြ အေျပာအဆို အေနအထိုင္ ရုိင္းကုန္တယ္။

ျမတ္စြာဘုရား ပရိနိဗၺာန္စံဝင္ေတာ္မူၿပီးတဲ့ေနာက္မွာ ရဟန္းအခ်င္းခ်င္း ငါ့ရွင္လို႔ မေခၚၾကနဲေတာ့လို႔ မိန္႕မွာခဲ့တာကလည္း သတိမူဖြယ္ျဖစ္ပါတယ္။ အခုအခ်ိန္ထိလည္း ျမန္မာႏိုင္ငံ သံဃာအၾကားမွာ အခ်င္းခ်င္း အရွင္ဘုရား၊ တပည့္ေတာ္စသျဖင့္သာ အမ်ားဆံုးေခၚေဝၚသံုးစြဲေနၾကတာ ၾကည္ညိဳစိတ္ခ်မ္းေျမ႔ဖြယ္ ရွိလွပါတယ္။

ပညတ္သြားရာ ဓာတ္သက္ပါတတ္တာမို႔ လစ္ဘရယ္ေတာ္လွန္ေရးလုပ္ၾကမယ္ဆိုရင္လည္း မိမိရွိၿပီးသား ဂါရဝနိဝါတေလးေတြ မပါသြားရေအာင္ ဆင္ျခင္ၾကပါစို႕။
(ဟုတ္ပါတယ္။ ဒီစာဟာ ကြန္ဆားဗတစ္ (ေရွးရုိး)ဆန္ပါတယ္။ ကၽြန္ေတာ့္ကိုယ္ကိုေတာ့ ကြန္ဆားဗတစ္တစ္ေယာက္လို႔ မထင္ပါ။)

(Unicode)

အကဲဆတ်လှတဲ့ မျက်မှောက်ခေတ် မဝါဒအကြောင်း ရေးပြီး ဆက်စပ်စဉ်းစားမိတာတစ်ခုက တရုတ်စာမှာလည်း မကောင်းသဘောဆောင် နာမဝိသေသနတချို့ကို မိန်းမစာလုံး (女) ထည့်သုံးထားတာကိုပါ။ ဥပမာ၊ မနာလိုဝန်တိုတာ၊ ဒေါသထွက်တာ၊ လောဘကြီးတာစသဖြင့်အတွက် ရေးတဲ့ တရုတ်စာတွေမှာ မိန်းမနဲ့ပတ်သက်တဲ့ အရုပ်စာပါလေ့ရှိတယ်။

မြန်မာစာမှာလည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်းမှာ 'တော်'လှန်ရေးလေးတစ်ခုဖြစ်ခဲ့ပုံပါပဲ။ အဲဒါကတော့ ကျွန်တော်၊ ကျွန်မ၊ ကျွနုပ်လို့ ရေးမယ့်အစား ကျနော်၊ ကျမ၊ ကျုပ်ဆိုပြီး ပါးစပ်ပြောပုံစံနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရေးလာကြတာဖြစ်ပါတယ်။ 'ကျွန်'ဆိုတာ ကျေးကျွန်လို့ မိမိဘာသာရည်ညွှန်းတဲ့ အဓိပ္ပာယ်သက်ရောက်လို့ မင်းစိုးရာဇာ တော်ဝင်ပဒေသရာဇ်များကို သင်္ကေတသဘော တော်လှန်ဖို့အတွက် ကျနော်၊ ကျမရေးကြတယ်လို့ဆိုပါတယ်။ (တကယ်တော့ ခင်ဗျား တို့၊ (မောင်/မယ်)မင်း တို့ရဲ့ ဇစ်မြစ်ကိုလည်း သေချာ စဉ်းစားကြည့်သင့်ပါတယ်။)


ဒါပေမဲ့ အဲဒီလို ရေးထုံးပြောင်းရာမှာ ဘာသာစကားနဲ့ ယဉ်ကျေးမှုမှာ စိမ့်ဝင်နေတဲ့ အနှစ်သာရနဲ့ နိဝါတတရားတွေပါ ပျောက်ဆုံးသွားတတ်ပါတယ်။

ရှေးဟောင်းတရုတ်စာမှာလည်း မိမိကိုယ်ကိုနှိမ့်ချတဲ့ အသုံးအနှုန်း၊ ဝါစဉ်စောင့်ရှောက်တဲ့ ယဉ်ကျေးမှုအသုံးအနှုန်းတွေ အတော်ပါပါတယ်။ ယဉ်ကျေးမှုသမိုင်းကြောင်းရှည်လျားတဲ့ အာရှနိုင်ငံအများစုမှာလည်း အလားတူဖြစ်ပါလိမ့်မယ်။ သာဓကအားဖြင့် ရှင်ဘုရင်၊ သံဃာတော်များက မိမိကိုယ်ကိုရည်ညွှန်းတဲ့အခါ မိမိကိုယ်ကို နှိမ့်ချဆက်ဆံတဲ့သဘောပါဝင်အောင် ဘာသာစကားထဲမှာ ထည့်သွင်းထားတာရှိပါတယ်။ မဟာယာန တရုတ်သံဃာတော်များဟာ ရှေးယခင်က မိမိတို့ကိုယ်ကို 'ဆင်းရဲတဲ့ (ငမွဲ)ဘုန်းကြီး'လို့ ထည့်ထည့်ပြောကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်း ခြိုးခြံရေး၊ အလိုလောဘနည်းပါးရေးအတွက် ဘာသာစကားကတဆင့် သတိရနေအောင် လုပ်ပေးထားတာဖြစ်ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်တွေ အာဏာရခါစမှာ ယဉ်ကျေးမှုတော်လှန်ရေးကြီးလုပ်ပြီး တော်လှန်လိုက်ကြတာ တရုတ်တွေ အပြောအဆို အနေအထိုင် ရိုင်းကုန်တယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးတဲ့နောက်မှာ ရဟန်းအချင်းချင်း ငါ့ရှင်လို့ မခေါ်ကြနဲတော့လို့ မိန့်မှာခဲ့တာကလည်း သတိမူဖွယ်ဖြစ်ပါတယ်။ အခုအချိန်ထိလည်း မြန်မာနိုင်ငံ သံဃာအကြားမှာ အချင်းချင်း အရှင်ဘုရား၊ တပည့်တော်စသဖြင့်သာ အများဆုံးခေါ်ဝေါ်သုံးစွဲနေကြတာ ကြည်ညိုစိတ်ချမ်းမြေ့ဖွယ် ရှိလှပါတယ်။

ပညတ်သွားရာ ဓာတ်သက်ပါတတ်တာမို့ လစ်ဘရယ်တော်လှန်ရေးလုပ်ကြမယ်ဆိုရင်လည်း မိမိရှိပြီးသား ဂါရဝနိဝါတလေးတွေ မပါသွားရအောင် ဆင်ခြင်ကြပါစို့။
(ဟုတ်ပါတယ်။ ဒီစာဟာ ကွန်ဆားဗတစ် (ရှေးရိုး)ဆန်ပါတယ်။ ကျွန်တော့်ကိုယ်ကိုတော့ ကွန်ဆားဗတစ်တစ်ယောက်လို့ မထင်ပါ။)

အက်အနေကာက္ႏိုင္ငံေရး (၁) / အကျအနကောက်နိုင်ငံရေး (၁)

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အေမရိကန္နဲ႔ ဥေရာပမွာ လူၿပိန္းႀကိဳက္ဝါဒီ ႏိုင္ငံေရးသမားေတြ၊ႏိုင္ငံေရးပါတီေတြ အာဏာရလာတယ္။ သို႕မဟုတ္ အာဏာရအသိုင္းအဝိုင္းထဲ ေရာက္ရွိလာၾကတယ္။ ဒီေဒသေတြဟာ အစဥ္အလာအားျဖင့္ လက္ဝဲျဖစ္ေစ၊ လက္ယာျဖစ္ေစ လစ္ဘရယ္အယူအဆ (က်မ္းရုိးလာ လြတ္လပ္တဲ့၊ အစြန္းမေရာက္တဲ့ အဓိပၸာယ္) အေပၚ အေျခခံထားတဲ့ လူ႕အဖြဲ႔အစည္းေတြျဖစ္တယ္။ စစ္ပြဲေပါင္းမ်ားစြာ ႏိုင္ခဲ့ၿပီး ကမာၻႀကီးကို စီးပြားေရး၊ ႏိုင္ငံေရးအရ အုပ္စိုးလႊမ္းမိုးထားႏိုင္တာဟာ လူ႕အခြင့္အေရး၊ လူနည္းစုအခြင့္အေရး၊ က်ားမတန္းတူျဖစ္ေရးအစရွိတဲ့ လစ္ဘရယ္တန္ဖိုးေတြေၾကာင့္လို႕ သူတို႔ ယံုၾကည္ၾကတယ္။


အဲဒီထဲမွာမွ အေမရိကန္ႏိုင္ငံဟာ အစြန္းေရာက္ၿပီဆိုရင္ သူတကာထက္ အစြန္းေရာက္တဲ့ႏိုင္ငံျဖစ္တယ္။ တကယ္ေတာ့ ထရမ့္လိုမ်ိဳး လူၿပိန္းႀကိဳက္ လက္ယာစြန္းႏိုင္ငံေရးသမားေတြဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပႏိုင္ငံေရးမွာ အမ်ားႀကီးရွိတယ္။ သူတို႔ အာဏာ မရလာေအာင္ တားထားခဲ့ႏိုင္တာလည္းရွိတယ္။ အာဏာရလာေတာ့လည္း ခဏပဲ။ အေမရိကန္လို အင္အားႀကီးႏိုင္ငံမဟုတ္ေတာ့ တစ္ကမာၻလံုးအတိုင္းအတာနဲ႕ ဂရုစိုက္စရာလည္းမလိုဘူးေပါ့။
အေမရိကန္ေတြ အစြန္းေရာက္တဲ့အခါ လက္ယာမွာတင္မက လက္ဝဲဘက္မွာပါ အလြန္အကၽြံေတြျဖစ္တယ္။ လတ္တေလာအားျဖင့္ လူမ်ိဳးေရးနဲ႔ပတ္သက္သမွ်၊ အမ်ိဳးသမီးအခြင့္အေရးနဲ႔ပတ္သက္သမွ် ကိစၥရပ္အားလံုးဟာ အေမရိကန္ျပည္မွာ အလြန္ ထိလြယ္ရွလြယ္တဲ့အရာေတြျဖစ္တယ္။ သမၼတထရမ့္နဲ႔ ရီပတ္ဘလစ္ကန္ေတြ အသာစီးရေနတာကို မေက်နပ္တဲ့ ဒီမိုကရက္ေတြနဲ႔ လက္ဝဲအဖြဲ႔ေပါင္းစံုက အမည္လကၡဏာႏိုင္ငံေရးကို ေရွ႕တန္းတင္ၿပီး သည္းသည္းမည္းမည္း တိုက္ခိုက္ေနၾကခ်ိန္ျဖစ္တယ္။


အမ်ိဳးသမီးအခြင့္အေရးလႈံ႔ေဆာ္မႈေတြ လုပ္လာၾကတဲ့အခါ သာမန္ေျပာဆိုေဆြးေႏြးေနက် အေၾကာင္းအရာေတြဟာ ႏိုင္ငံေရးအရ မမွန္ကန္တဲ့အသံုးအႏႈန္းေတြအျဖစ္ သတ္မွတ္ခံလာရတယ္။ ဥပမာ မေကာင္းတဲ့ အရည္အေသြးတစ္ခုကို ရည္ညႊန္းရာမွာ အမ်ိဳးသမီးနဲ႕ သြားႏိႈင္းယွဥ္လို႔မရဘူး။ ျမန္မာစကား 'မိန္းမလို မိန္းမရ'စသျဖင့္ထည့္ေျပာရင္ ျပႆနာတက္မယ္။ ဒီေလာက္ကေတာ့ ျမန္မာျပည္က အမ်ိဳးသမီးအခြင့္အေရးအဖြဲ႔ေတြလည္း သိတယ္။


ဒါေပမဲ့ တျခားတစ္ဖက္မွာ ေယာက်ာ္းေတြရဲ႕ ေယာက်ာ္းဆန္ေအာင္လုပ္တဲ့ ျပဳမူေျပာဆိုမႈေတြကိုလည္း ေဝဖန္တိုက္ခိုက္လာၾကတယ္။ အေၾကာင္းျပခ်က္က လက္ယာစြန္းအဖြဲ႕ေတြရဲ႕ ဝါဒျဖန့္ခ်ိမႈေတြမွာ ေယာက်ာ္းဆန္မႈဆံုးရွံဳးသြားတာ၊ ဒီလိုဆံုးရွံဳးသြားတာကို ျပန္ရေအာင္လုပ္တာ၊ အႏိုင္က်င့္မခံဘဲ ေယာက်ာ္းဘသား လုပ္ျပတာေတြပါတဲ့အတြက္လို႔ ဆိုပါတယ္။ ေယာက်ာ္းစိတ္ေပ်ာက္ေအာင္ အလုပ္ခံရတာကို အဂၤလိပ္လို emasculate လို႔ေခၚတယ္။ ဥေရာပနဲ႕ အေမရိကန္ လက္ယာစြန္းလူျဖဴႀကီးစိုးေရးဝါဒီေတြရဲ႕ ေဟာေျပာေဆြးေႏြးခ်က္ေတြမွာ တြင္တြင္က်ယ္က်ယ္ေတြ႔ရလို႔ဆိုၿပီး လက္ဝဲ လစ္ဘရယ္ေတြနဲ႔ မဝါဒီေတြက အဲဒီလို သရုပ္ေဖာ္တာကိုလည္း မႀကိဳက္ပါ။


မေန႔က သမၼတထရမ့္ကို ကားေညး ဝက္စ္ က အိမ္ျဖဴေတာ္မွာ သြားေတြ႕ေတာ့ Make America Great Again မဲဆြယ္ဦးထုပ္ ေဆာင္းသြားတယ္။ ဒီဦးထုပ္ေဆာင္းထားရလို႔ သူ႕မွာခြန္အားရွိလာတယ္လို႔ေျပာတယ္။ ထရမ့္ကိုလည္း စူပါမင္းပဲလို႔ ေျမွာက္သြားတယ္။ လစ္ဘရယ္ဝါဒီ၊ မဝါဒီေတြကေတာ့ ဒါကို ေယာက်ာ္းဆန္ျခင္းရွဳေထာင့္၊ ဖိုၾကီးစိုးေရးဝါဒ (patriarchy) အျမင္ေတြကပဲ ျမင္လိမ့္မယ္။ တခ်ိဳ႕ကဆိုရင္ မမုန္းတီးေရးဝါဒ (misogyny) အထိဆြဲၿပီး ေဝဖန္ရွဳတ္ခ်ၾကလိမ့္မယ္။


ထိုနည္းတူ အေမရိကန္က အမ်ိဳးသမီးေတြအေပၚ ဗလကၠာရျပဳမႈကိုေဖာ္ထုတ္ဆန္႔က်င္တဲ့ မီတူးလႈပ္ရွားမႈမွာလည္း အလြန္အကၽြံသေဘာေတြ ပါေနတယ္။ ဒါကိုရိပ္မိလို႔ တခ်ိဳ႕ ျပင္သစ္အမ်ိဳးသမီးအႏုပညာရွင္ေတြက အစပိုင္းမွာ လက္မခံၾကတာျဖစ္တယ္။ ဒါေပမဲ့ သူတို႔လည္း ႏိုင္ငံေရးဖိအားကို ေရရွည္ မခံႏိုင္ဘူး။ ေနာက္ဆံုး စကားျပန္ရုပ္သိမ္းေပးရတာပဲ။ အေမရိကန္လႈံ႕ေဆာ္သူေတြေျပာတဲ့ ဗလကၠာရစြပ္စြဲခ်က္တခ်ိဳ႔ဟာ သိပ္ေဝဝါးလြန္းတယ္။ အခုသူတို႔ လက္ရွိသံုးႏႈန္းေနတဲ့ အဓိပၸာယ္နဲ႔ဆို ျမန္မာႏိုင္ငံက သိန္းေဖတို႔၊ ေမာင္ႏုတို႔လဲ ေသခ်ာေပါက္ ၿငိမွာပဲ။


ပိုႀကီးမားတဲ့ ျပႆနာက အေမရိကန္နဲ႔ ဥေရာပ ျပည္တြင္းႏိုင္ငံေရးက အျငင္းပြားဆဲ အေတြးအေခၚအယူအဆေတြကို ျပည္ပႏိုင္ငံေရးကို အတံုးလိုက္အတစ္လိုက္ တင္ပို႔တာ မခံရဖို႔ပဲ။ သမိုင္းမွာ လက္ေတြ႔အားျဖင့္ ေက်းကၽြန္စနစ္၊ လူမ်ိဳးေရးခြဲျခားမႈ၊ လူမ်ိဳးတံုးသတ္ျဖတ္မႈေတြကို က်ဴးလြန္ခဲ့တဲ့ႏိုင္ငံေတြက သူတို႔ကိုလိုနီျဖစ္ခဲ့တဲ့ သို႔မဟုတ္ သူတို႔ု႔လက္ေဝခံလို႔ သေဘာထားတဲ့ ႏိုင္ငံေလးေတြအေပၚ အလားတူျပစ္ခ်က္ေတြနဲ႔ စြပ္စြဲဖိႏွိပ္တာမ်ိဳးကို တြန္းလွန္ရပါမယ္။ တစ္ဦးအတြက္အစာဟာ အျခားတစ္ဦးအတြက္ အဆိပ္ျဖစ္ႏိုင္ပါတယ္။ ႏိုင္ငံတိုင္းဟာ မိမိၾကမၼာကိုမိမိဖန္တီးပိုင္ခြင့္ရွိပါတယ္။ မိမိျပည္တြင္းႏိုင္ငံေရးရဲ႕ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔ အယူဝါဒတန္ဖိုးမ်ားကို ျပည္ပမွ ပံုတူမကူးခ်ဘဲ မိမိတို့ဘာသာ ဥာဏ္ပညာျဖင့္ တည္ေဆာက္ယူၾကရာမွာျဖစ္ပါတယ္။

(Unicode)

  လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ ဥရောပမှာ လူပြိန်းကြိုက်ဝါဒီ နိုင်ငံရေးသမားတွေ၊နိုင်ငံရေးပါတီတွေ အာဏာရလာတယ်။ သို့မဟုတ် အာဏာရအသိုင်းအဝိုင်းထဲ ရောက်ရှိလာကြတယ်။ ဒီဒေသတွေဟာ အစဉ်အလာအားဖြင့် လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ လစ်ဘရယ်အယူအဆ (ကျမ်းရိုးလာ လွတ်လပ်တဲ့၊ အစွန်းမရောက်တဲ့ အဓိပ္ပာယ်) အပေါ် အခြေခံထားတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်တယ်။ စစ်ပွဲပေါင်းများစွာ နိုင်ခဲ့ပြီး ကမ္ဘာကြီးကို စီးပွားရေး၊ နိုင်ငံရေးအရ အုပ်စိုးလွှမ်းမိုးထားနိုင်တာဟာ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ ကျားမတန်းတူဖြစ်ရေးအစရှိတဲ့ လစ်ဘရယ်တန်ဖိုးတွေကြောင့်လို့ သူတို့ ယုံကြည်ကြတယ်။


အဲဒီထဲမှာမှ အမေရိကန်နိုင်ငံဟာ အစွန်းရောက်ပြီဆိုရင် သူတကာထက် အစွန်းရောက်တဲ့နိုင်ငံဖြစ်တယ်။ တကယ်တော့ ထရမ့်လိုမျိုး လူပြိန်းကြိုက် လက်ယာစွန်းနိုင်ငံရေးသမားတွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံရေးမှာ အများကြီးရှိတယ်။ သူတို့ အာဏာ မရလာအောင် တားထားခဲ့နိုင်တာလည်းရှိတယ်။ အာဏာရလာတော့လည်း ခဏပဲ။ အမေရိကန်လို အင်အားကြီးနိုင်ငံမဟုတ်တော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဂရုစိုက်စရာလည်းမလိုဘူးပေါ့။


အမေရိကန်တွေ အစွန်းရောက်တဲ့အခါ လက်ယာမှာတင်မက လက်ဝဲဘက်မှာပါ အလွန်အကျွံတွေဖြစ်တယ်။ လတ်တလောအားဖြင့် လူမျိုးရေးနဲ့ပတ်သက်သမျှ၊ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်သမျှ ကိစ္စရပ်အားလုံးဟာ အမေရိကန်ပြည်မှာ အလွန် ထိလွယ်ရှလွယ်တဲ့အရာတွေဖြစ်တယ်။ သမ္မတထရမ့်နဲ့ ရီပတ်ဘလစ်ကန်တွေ အသာစီးရနေတာကို မကျေနပ်တဲ့ ဒီမိုကရက်တွေနဲ့ လက်ဝဲအဖွဲ့ပေါင်းစုံက အမည်လက္ခဏာနိုင်ငံရေးကို ရှေ့တန်းတင်ပြီး သည်းသည်းမည်းမည်း တိုက်ခိုက်နေကြချိန်ဖြစ်တယ်။


အမျိုးသမီးအခွင့်အရေးလှုံ့ဆော်မှုတွေ လုပ်လာကြတဲ့အခါ သာမန်ပြောဆိုဆွေးနွေးနေကျ အကြောင်းအရာတွေဟာ နိုင်ငံရေးအရ မမှန်ကန်တဲ့အသုံးအနှုန်းတွေအဖြစ် သတ်မှတ်ခံလာရတယ်။ ဥပမာ မကောင်းတဲ့ အရည်အသွေးတစ်ခုကို ရည်ညွှန်းရာမှာ အမျိုးသမီးနဲ့ သွားနှိုင်းယှဉ်လို့မရဘူး။ မြန်မာစကား 'မိန်းမလို မိန်းမရ'စသဖြင့်ထည့်ပြောရင် ပြဿနာတက်မယ်။ ဒီလောက်ကတော့ မြန်မာပြည်က အမျိုးသမီးအခွင့်အရေးအဖွဲ့တွေလည်း သိတယ်။


ဒါပေမဲ့ တခြားတစ်ဖက်မှာ ယောကျာ်းတွေရဲ့ ယောကျာ်းဆန်အောင်လုပ်တဲ့ ပြုမူပြောဆိုမှုတွေကိုလည်း ဝေဖန်တိုက်ခိုက်လာကြတယ်။ အကြောင်းပြချက်က လက်ယာစွန်းအဖွဲ့တွေရဲ့ ဝါဒဖြန့်ချိမှုတွေမှာ ယောကျာ်းဆန်မှုဆုံးရှုံးသွားတာ၊ ဒီလိုဆုံးရှုံးသွားတာကို ပြန်ရအောင်လုပ်တာ၊ အနိုင်ကျင့်မခံဘဲ ယောကျာ်းဘသား လုပ်ပြတာတွေပါတဲ့အတွက်လို့ ဆိုပါတယ်။ ယောကျာ်းစိတ်ပျောက်အောင် အလုပ်ခံရတာကို အင်္ဂလိပ်လို emasculate လို့ခေါ်တယ်။ ဥရောပနဲ့ အမေရိကန် လက်ယာစွန်းလူဖြူကြီးစိုးရေးဝါဒီတွေရဲ့ ဟောပြောဆွေးနွေးချက်တွေမှာ တွင်တွင်ကျယ်ကျယ်တွေ့ရလို့ဆိုပြီး လက်ဝဲ လစ်ဘရယ်တွေနဲ့ မဝါဒီတွေက အဲဒီလို သရုပ်ဖော်တာကိုလည်း မကြိုက်ပါ။


မနေ့က သမ္မတထရမ့်ကို ကားညေး ဝက်စ် က အိမ်ဖြူတော်မှာ သွားတွေ့တော့ Make America Great Again မဲဆွယ်ဦးထုပ် ဆောင်းသွားတယ်။ ဒီဦးထုပ်ဆောင်းထားရလို့ သူ့မှာခွန်အားရှိလာတယ်လို့ပြောတယ်။ ထရမ့်ကိုလည်း စူပါမင်းပဲလို့ မြှောက်သွားတယ်။ လစ်ဘရယ်ဝါဒီ၊ မဝါဒီတွေကတော့ ဒါကို ယောကျာ်းဆန်ခြင်းရှုထောင့်၊ ဖိုကြီးစိုးရေးဝါဒ (patriarchy) အမြင်တွေကပဲ မြင်လိမ့်မယ်။ တချို့ကဆိုရင် မမုန်းတီးရေးဝါဒ (misogyny) အထိဆွဲပြီး ဝေဖန်ရှုတ်ချကြလိမ့်မယ်။


ထိုနည်းတူ အမေရိကန်က အမျိုးသမီးတွေအပေါ် ဗလက္ကာရပြုမှုကိုဖော်ထုတ်ဆန့်ကျင်တဲ့ မီတူးလှုပ်ရှားမှုမှာလည်း အလွန်အကျွံသဘောတွေ ပါနေတယ်။ ဒါကိုရိပ်မိလို့ တချို့ ပြင်သစ်အမျိုးသမီးအနုပညာရှင်တွေက အစပိုင်းမှာ လက်မခံကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့လည်း နိုင်ငံရေးဖိအားကို ရေရှည် မခံနိုင်ဘူး။ နောက်ဆုံး စကားပြန်ရုပ်သိမ်းပေးရတာပဲ။ အမေရိကန်လှုံ့ဆော်သူတွေပြောတဲ့ ဗလက္ကာရစွပ်စွဲချက်တချို့ဟာ သိပ်ဝေဝါးလွန်းတယ်။ အခုသူတို့ လက်ရှိသုံးနှုန်းနေတဲ့ အဓိပ္ပာယ်နဲ့ဆို မြန်မာနိုင်ငံက သိန်းဖေတို့၊ မောင်နုတို့လဲ သေချာပေါက် ငြိမှာပဲ။


ပိုကြီးမားတဲ့ ပြဿနာက အမေရိကန်နဲ့ ဥရောပ ပြည်တွင်းနိုင်ငံရေးက အငြင်းပွားဆဲ အတွေးအခေါ်အယူအဆတွေကို ပြည်ပနိုင်ငံရေးကို အတုံးလိုက်အတစ်လိုက် တင်ပို့တာ မခံရဖို့ပဲ။ သမိုင်းမှာ လက်တွေ့အားဖြင့် ကျေးကျွန်စနစ်၊ လူမျိုးရေးခွဲခြားမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့နိုင်ငံတွေက သူတို့ကိုလိုနီဖြစ်ခဲ့တဲ့ သို့မဟုတ် သူတို့ု့လက်ဝေခံလို့ သဘောထားတဲ့ နိုင်ငံလေးတွေအပေါ် အလားတူပြစ်ချက်တွေနဲ့ စွပ်စွဲဖိနှိပ်တာမျိုးကို တွန်းလှန်ရပါမယ်။ တစ်ဦးအတွက်အစာဟာ အခြားတစ်ဦးအတွက် အဆိပ်ဖြစ်နိုင်ပါတယ်။ နိုင်ငံတိုင်းဟာ မိမိကြမ္မာကိုမိမိဖန်တီးပိုင်ခွင့်ရှိပါတယ်။ မိမိပြည်တွင်းနိုင်ငံရေးရဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ အယူဝါဒတန်ဖိုးများကို ပြည်ပမှ ပုံတူမကူးချဘဲ မိမိတို့ဘာသာ ဉာဏ်ပညာဖြင့် တည်ဆောက်ယူကြရာမှာဖြစ်ပါတယ်။