တရုတ္ရဲ႕ အေျခခံအေဆာက္အအံုစီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားရမယ့္၊ ျဖစ္လာႏိုင္တဲ့ အေျခအေနတခ်ိဳ႕ရွိပါတယ္။
၁) တရုတ္စီမံကိန္းေတြဟာ ေဒသခံေတြအတြက္ အလုပ္အကိုင္ေတြကို ဖန္တီးေပးမွာမဟုတ္ဘူး။ အိမ္သာသံုးစကၠဴကအစ အလုပ္သမားအထိ တရုတ္ျပည္ကပဲ ေခၚလာၿပီး သံုးလိမ့္မယ္။ အာဖရိကႏိုင္ငံတစ္ခုက သူငယ္ခ်င္းတစ္ေယာက္ ေျပာဖူးတာ သတိရတယ္။ အာဖရိကမွာ လမ္းေဘးေစ်းသည္အလုပ္အထိ တရုတ္ေတြက လိုက္လုလုပ္တယ္တဲ့။
၂) စီမံကိန္းနယ္ေျမဟာ သူတို႔ နိစၥဓူဝ က်င္လည္လႈပ္ရွားတဲ့ တရုတ္နယ္ေျမေလး သီးျခားျဖစ္လာလိမ့္မယ္။ ေဒသခံေတြနဲ႔ ကူးလူးဆက္ဆံမႈ မ်ားမ်ားစားစား ရွိခ်င္မွ ရွိလိမ့္မယ္။ လံုျခံဳေရးကန္႔သတ္ခ်က္ေတြနဲ႔ ေဒသခံႏိုင္ငံေရးသမားမ်ား၊ အစိုးရအရာထမ္းမ်ားေတာင္ အဝင္အထြက္ လြယ္ခ်င္မွ လြယ္လိမ့္မယ္။
၃) တရုတ္စီမံကိန္းမ်ားဟာ တရုတ္ဘဏ္နဲ႕ ဘ႑ာေရးဝန္ေဆာင္မႈမ်ားကိုသာ ျဖစ္ႏိုင္သေလာက္ သံုးလိမ့္မယ္။ တရုတ္ဘဏ္ေတြကလည္း ပိုမိုအဆင္ေျပႏိုင္မယ့္ အတိုးႏႈန္းနဲ႔ ဝန္ေဆာင္မႈေတြကို ေပးလိမ့္မယ္။
၄) ရလာတဲ့ အေျခခံအေဆာက္အအံုေတြဟာလည္း ေရတိုနဲ႔ ေရလတ္မွာ ေဒသခံျပည္သူေတြအသံုးျပဳဖို႔ ျဖစ္ခ်င္မွျဖစ္မယ္။ ခ်က္ခ်င္း အသံုးဝင္ခ်င္မွ ဝင္မယ္။ မီးရထားလမ္းဆိုပါစို႔။ လူစီးေၾကာင္း၊ ကုန္စီးေၾကာင္းဟာ အစပိုင္းမွာ တစ္လမ္းသြားပဲ လွိမ္႔ဝင္လာမယ္လို႔ ခန္႔မွန္းထားရမယ္။ ကိုယ့္ဘက္က ဘာမွ မပို႔ႏိုင္ဘူး။ သံုးႏိုင္တဲ့ စြမ္းအားလည္း မရွိဘူး။
၅) စီမံကိန္းအေကာင္အထည္ေဖာ္ၿပီးမွ ကိုယ့္ႏိုင္ငံအတြက္ အလုပ္အကိုင္ေတြ ေပၚလာလိမ့္မယ္လို႔လည္း သိပ္မေမွ်ာ္လင့္နဲ႔ဦး။ ေဒသခံေတြေရာ၊ တစ္ႏိုင္ငံလံုးမွာပါ ကိုယ့္ရွိတဲ့ လူ႔စြမ္းအားရင္းျမစ္က မ်ားမ်ားျမင့္ျမင့္မရွိဘူး။ တရုတ္က စီမံကိန္းလုပ္ရင္ အေနာက္ႏိုင္ငံေတြက ပညာေတာ္သင္ျပန္လာၿပီး အလုပ္လုပ္ရာမွာ အလြန္ထိေရာက္၊ အလြန္သြက္လက္တဲ့ တရုတ္လူငယ္ေတြကို ေကာ္လာျဖဴ ရုံးအလုပ္ေတြအတြက္ သံုးလိမ့္မယ္။
၆) အိမ္ျခံေျမရင္းႏွီးျမွပ္ႏွံမႈေတြပါ စီမံကိန္းထဲပါတယ္ဆိုရင္ ပိုင္ဆိုင္မႈ ဘယ္လိုရွိတယ္။ အရြယ္အစား ဘယ္ေလာက္ႀကီးတယ္။ လူဦးေရ ဘယ္ေလာက္ပါလာမယ္ဆိုတာကိုပါ ထည့္တြက္ထားရမယ္။ တရုတ္က အေကာင္ႀကီးတယ္။ လူမ်ားတယ္။
ဒါေပမဲ့ ဒီအခ်က္ေတြကို သိပ္မခ်ဲ႕ကားဘဲ ရုိးရုိးရွင္းရွင္း စဥ္းစားလို႔လည္းရပါတယ္။
က) တရုတ္မွာ ေငြလံုးေငြရင္းရွိေနတယ္။ သံုးခ်င္တဲ့ ဆႏၵလည္း ရွိတယ္။ သူ႔ႏိုင္ငံ၊ သူ႔ႏိုင္ငံသားအက်ိဳးအျမတ္မရွိဘဲလည္း ဒီေငြကို သံုးမွာ မဟုတ္ဘူး။ ကိုယ့္ႏိုင္ငံမွာလည္း ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေျခခံအေဆာက္အအံု အမ်ားႀကီး လိုအပ္ေနတယ္။ တကယ္ေတာ့ ရခိုင္ေျမာက္မွာဆိုရင္ ျပည္ပရင္းႏွီးျမွပ္ႏွံမႈ အမ်ားအျပားရွိေနရင္၊ လူမ်ိဳးေပါင္းစံု၊ ႏိုင္ငံေပါင္းစံုေရာက္လာေအာင္ ဆြဲေဆာင္ႏိုင္ရင္ လက္ရွိတအံုေႏြးေႏြးျဖစ္ေနတဲ့ ပဋိပကၡဟာလဲ အသြင္ေျပာင္းသြားလိမ့္မယ္။ သူ႕လူမ်ိဳး သူေခၚလာတဲ့ကိစၥကေတာ့ ဘယ္ႏိုင္ငံမဆို သူတို႔လာလုပ္တဲ့ စီမံကိန္းတႈင္းမွာ ဒါမ်ိဳး အနည္းနဲ႔အမ်ား ရွိပါတယ္။ မျမင္ဘူးေသးလို႔ မသိၾကတာပါ။ ျမင္ဖူးသေလာက္ကိုပဲ သံသယျဖစ္၊ အစိုးရိမ္လြန္ေနၾကတဲ့ သေဘာျဖစ္တယ္။ ႏိုင္ငံေရးပေယာဂေတြကလည္း ပါေနတာကိုး။
ခ) ေနာက္တစ္ခ်က္က ကိုယ့္ႏိုင္ငံသားေတြရဲ႕ အရည္အေသြးကို အခုကတည္းက မဟာဗ်ဴဟာခ်မွတ္ ျမွင့္တင္ေပးထားဖို႔လိုတယ္။ ကိုယ့္ႏိုင္ငံသား ေဒသခံမ်ားအတြက္ အကာအကြယ္ေပးမယ့္ ဥပေဒေတြကို ျပင္ဆင္ျပ႒ာန္းထားရမယ္။ စီမံကိန္းၿပီးမွ ေနရာအကုန္ ဝင္ျဖည့္မယ္၊ အစစအရာရာ သူ႕ဟာသူေနသားက်ကုန္မယ္ ထင္လို႔မရပါ။
ဂ) ႏိုင္ငံေတာ္အစိုးရအေနနဲ႔ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔၊ တာဝန္ယူမႈရွိဖို႔၊ ႏိုင္ငံေရးတည္ၿငိမ္မႈကို အာမခံႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။ တခ်ိဳ႔ႏိုင္ငံေတြမွာ တရုတ္နဲ႔သေဘာတူထားတဲ့ စီမံကိန္းေတြ ရုပ္သိမ္းတယ္၊ ဆိုင္းငံ့တယ္ဆိုတာက သူတို႔ႏိုင္ငံေရးသမားေတြရဲ႔ အက်င့္ပ်က္ျခစားတာေတြ၊ အစိုးရအေျပာင္းအလဲမွာ ေရွ႕လူလုပ္ထားတာကို ေနာက္လူကဖ်က္တယ္ဆိုတဲ့ အေနအထားပါ။ တရုတ္အေနနဲ႔ကလည္း ဒီစြန္႔ရမယ့္အခ်က္ေတြကို သိလ်က္နဲ႔ ဝင္တာပဲ။
တရုတ္ႏိုင္ငံရဲ႕ အားသာခ်က္က စီမံကိန္းေတြ အခ်ိန္မီမၿပီးမွာ၊ မထိေရာက္မွာ မပူရပါ။ သူျမန္တာကို ကိုယ္မလိုက္ႏိုင္ရင္ ကိုယ္ခံရမွာကိုသာ ႀကိဳေတြးၾကဖို႔ ျဖစ္ပါတယ္။
(Unicode)
တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရမယ့်၊ ဖြစ်လာနိုင်တဲ့ အခြေအနေတချို့ရှိပါတယ်။
၁) တရုတ်စီမံကိန်းတွေဟာ ဒေသခံတွေအတွက် အလုပ်အကိုင်တွေကို ဖန်တီးပေးမှာမဟုတ်ဘူး။ အိမ်သာသုံးစက္ကူကအစ အလုပ်သမားအထိ တရုတ်ပြည်ကပဲ ခေါ်လာပြီး သုံးလိမ့်မယ်။ အာဖရိကနိုင်ငံတစ်ခုက သူငယ်ချင်းတစ်ယောက် ပြောဖူးတာ သတိရတယ်။ အာဖရိကမှာ လမ်းဘေးစျေးသည်အလုပ်အထိ တရုတ်တွေက လိုက်လုလုပ်တယ်တဲ့။
၂) စီမံကိန်းနယ်မြေဟာ သူတို့ နိစ္စဓူဝ ကျင်လည်လှုပ်ရှားတဲ့ တရုတ်နယ်မြေလေး သီးခြားဖြစ်လာလိမ့်မယ်။ ဒေသခံတွေနဲ့ ကူးလူးဆက်ဆံမှု များများစားစား ရှိချင်မှ ရှိလိမ့်မယ်။ လုံခြုံရေးကန့်သတ်ချက်တွေနဲ့ ဒေသခံနိုင်ငံရေးသမားများ၊ အစိုးရအရာထမ်းများတောင် အဝင်အထွက် လွယ်ချင်မှ လွယ်လိမ့်မယ်။
၃) တရုတ်စီမံကိန်းများဟာ တရုတ်ဘဏ်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများကိုသာ ဖြစ်နိုင်သလောက် သုံးလိမ့်မယ်။ တရုတ်ဘဏ်တွေကလည်း ပိုမိုအဆင်ပြေနိုင်မယ့် အတိုးနှုန်းနဲ့ ဝန်ဆောင်မှုတွေကို ပေးလိမ့်မယ်။
၄) ရလာတဲ့ အခြေခံအဆောက်အအုံတွေဟာလည်း ရေတိုနဲ့ ရေလတ်မှာ ဒေသခံပြည်သူတွေအသုံးပြုဖို့ ဖြစ်ချင်မှဖြစ်မယ်။ ချက်ချင်း အသုံးဝင်ချင်မှ ဝင်မယ်။ မီးရထားလမ်းဆိုပါစို့။ လူစီးကြောင်း၊ ကုန်စီးကြောင်းဟာ အစပိုင်းမှာ တစ်လမ်းသွားပဲ လှိမ့်ဝင်လာမယ်လို့ ခန့်မှန်းထားရမယ်။ ကိုယ့်ဘက်က ဘာမှ မပို့နိုင်ဘူး။ သုံးနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။
၅) စီမံကိန်းအကောင်အထည်ဖော်ပြီးမှ ကိုယ့်နိုင်ငံအတွက် အလုပ်အကိုင်တွေ ပေါ်လာလိမ့်မယ်လို့လည်း သိပ်မမျှော်လင့်နဲ့ဦး။ ဒေသခံတွေရော၊ တစ်နိုင်ငံလုံးမှာပါ ကိုယ့်ရှိတဲ့ လူ့စွမ်းအားရင်းမြစ်က များများမြင့်မြင့်မရှိဘူး။ တရုတ်က စီမံကိန်းလုပ်ရင် အနောက်နိုင်ငံတွေက ပညာတော်သင်ပြန်လာပြီး အလုပ်လုပ်ရာမှာ အလွန်ထိရောက်၊ အလွန်သွက်လက်တဲ့ တရုတ်လူငယ်တွေကို ကော်လာဖြူ ရုံးအလုပ်တွေအတွက် သုံးလိမ့်မယ်။
၆) အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုတွေပါ စီမံကိန်းထဲပါတယ်ဆိုရင် ပိုင်ဆိုင်မှု ဘယ်လိုရှိတယ်။ အရွယ်အစား ဘယ်လောက်ကြီးတယ်။ လူဦးရေ ဘယ်လောက်ပါလာမယ်ဆိုတာကိုပါ ထည့်တွက်ထားရမယ်။ တရုတ်က အကောင်ကြီးတယ်။ လူများတယ်။
ဒါပေမဲ့ ဒီအချက်တွေကို သိပ်မချဲ့ကားဘဲ ရိုးရိုးရှင်းရှင်း စဉ်းစားလို့လည်းရပါတယ်။
က) တရုတ်မှာ ငွေလုံးငွေရင်းရှိနေတယ်။ သုံးချင်တဲ့ ဆန္ဒလည်း ရှိတယ်။ သူ့နိုင်ငံ၊ သူ့နိုင်ငံသားအကျိုးအမြတ်မရှိဘဲလည်း ဒီငွေကို သုံးမှာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာလည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံ အများကြီး လိုအပ်နေတယ်။ တကယ်တော့ ရခိုင်မြောက်မှာဆိုရင် ပြည်ပရင်းနှီးမြှပ်နှံမှု အများအပြားရှိနေရင်၊ လူမျိုးပေါင်းစုံ၊ နိုင်ငံပေါင်းစုံရောက်လာအောင် ဆွဲဆောင်နိုင်ရင် လက်ရှိတအုံနွေးနွေးဖြစ်နေတဲ့ ပဋိပက္ခဟာလဲ အသွင်ပြောင်းသွားလိမ့်မယ်။ သူ့လူမျိုး သူခေါ်လာတဲ့ကိစ္စကတော့ ဘယ်နိုင်ငံမဆို သူတို့လာလုပ်တဲ့ စီမံကိန်းတှုင်းမှာ ဒါမျိုး အနည်းနဲ့အများ ရှိပါတယ်။ မမြင်ဘူးသေးလို့ မသိကြတာပါ။ မြင်ဖူးသလောက်ကိုပဲ သံသယဖြစ်၊ အစိုးရိမ်လွန်နေကြတဲ့ သဘောဖြစ်တယ်။ နိုင်ငံရေးပယောဂတွေကလည်း ပါနေတာကိုး။
ခ) နောက်တစ်ချက်က ကိုယ့်နိုင်ငံသားတွေရဲ့ အရည်အသွေးကို အခုကတည်းက မဟာဗျူဟာချမှတ် မြှင့်တင်ပေးထားဖို့လိုတယ်။ ကိုယ့်နိုင်ငံသား ဒေသခံများအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းထားရမယ်။ စီမံကိန်းပြီးမှ နေရာအကုန် ဝင်ဖြည့်မယ်၊ အစစအရာရာ သူ့ဟာသူနေသားကျကုန်မယ် ထင်လို့မရပါ။
ဂ) နိုင်ငံတော်အစိုးရအနေနဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှုရှိဖို့၊ နိုင်ငံရေးတည်ငြိမ်မှုကို အာမခံနိုင်ဖို့လည်း အရေးကြီးပါတယ်။ တချို့နိုင်ငံတွေမှာ တရုတ်နဲ့သဘောတူထားတဲ့ စီမံကိန်းတွေ ရုပ်သိမ်းတယ်၊ ဆိုင်းငံ့တယ်ဆိုတာက သူတို့နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားတာတွေ၊ အစိုးရအပြောင်းအလဲမှာ ရှေ့လူလုပ်ထားတာကို နောက်လူကဖျက်တယ်ဆိုတဲ့ အနေအထားပါ။ တရုတ်အနေနဲ့ကလည်း ဒီစွန့်ရမယ့်အချက်တွေကို သိလျက်နဲ့ ဝင်တာပဲ။
တရုတ်နိုင်ငံရဲ့ အားသာချက်က စီမံကိန်းတွေ အချိန်မီမပြီးမှာ၊ မထိရောက်မှာ မပူရပါ။ သူမြန်တာကို ကိုယ်မလိုက်နိုင်ရင် ကိုယ်ခံရမှာကိုသာ ကြိုတွေးကြဖို့ ဖြစ်ပါတယ်။
