Friday, October 12, 2018

တရုတ္ရဲ႕ အေျခခံအေဆာက္အအံုစီမံကိန္းမ်ားနဲ႔ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားရမယ့္ ျဖစ္ႏိုင္ေျခမ်ား / တရုတ်ရဲ့ အခြေခံအဆောက်အအုံစီမံကိန်းများနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရမယ့် ဖြစ်နိုင်ခြေများ



တရုတ္ရဲ႕ အေျခခံအေဆာက္အအံုစီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားရမယ့္၊ ျဖစ္လာႏိုင္တဲ့ အေျခအေနတခ်ိဳ႕ရွိပါတယ္။


၁) တရုတ္စီမံကိန္းေတြဟာ ေဒသခံေတြအတြက္ အလုပ္အကိုင္ေတြကို ဖန္တီးေပးမွာမဟုတ္ဘူး။ အိမ္သာသံုးစကၠဴကအစ အလုပ္သမားအထိ တရုတ္ျပည္ကပဲ ေခၚလာၿပီး သံုးလိမ့္မယ္။ အာဖရိကႏိုင္ငံတစ္ခုက သူငယ္ခ်င္းတစ္ေယာက္ ေျပာဖူးတာ သတိရတယ္။ အာဖရိကမွာ လမ္းေဘးေစ်းသည္အလုပ္အထိ တရုတ္ေတြက လိုက္လုလုပ္တယ္တဲ့။

၂) စီမံကိန္းနယ္ေျမဟာ သူတို႔ နိစၥဓူဝ က်င္လည္လႈပ္ရွားတဲ့ တရုတ္နယ္ေျမေလး သီးျခားျဖစ္လာလိမ့္မယ္။ ေဒသခံေတြနဲ႔ ကူးလူးဆက္ဆံမႈ မ်ားမ်ားစားစား ရွိခ်င္မွ ရွိလိမ့္မယ္။ လံုျခံဳေရးကန္႔သတ္ခ်က္ေတြနဲ႔ ေဒသခံႏိုင္ငံေရးသမားမ်ား၊ အစိုးရအရာထမ္းမ်ားေတာင္ အဝင္အထြက္ လြယ္ခ်င္မွ လြယ္လိမ့္မယ္။

၃) တရုတ္စီမံကိန္းမ်ားဟာ တရုတ္ဘဏ္နဲ႕ ဘ႑ာေရးဝန္ေဆာင္မႈမ်ားကိုသာ ျဖစ္ႏိုင္သေလာက္ သံုးလိမ့္မယ္။ တရုတ္ဘဏ္ေတြကလည္း ပိုမိုအဆင္ေျပႏိုင္မယ့္ အတိုးႏႈန္းနဲ႔ ဝန္ေဆာင္မႈေတြကို ေပးလိမ့္မယ္။

၄) ရလာတဲ့ အေျခခံအေဆာက္အအံုေတြဟာလည္း ေရတိုနဲ႔ ေရလတ္မွာ ေဒသခံျပည္သူေတြအသံုးျပဳဖို႔ ျဖစ္ခ်င္မွျဖစ္မယ္။ ခ်က္ခ်င္း အသံုးဝင္ခ်င္မွ ဝင္မယ္။ မီးရထားလမ္းဆိုပါစို႔။ လူစီးေၾကာင္း၊ ကုန္စီးေၾကာင္းဟာ အစပိုင္းမွာ တစ္လမ္းသြားပဲ လွိမ္႔ဝင္လာမယ္လို႔ ခန္႔မွန္းထားရမယ္။ ကိုယ့္ဘက္က ဘာမွ မပို႔ႏိုင္ဘူး။ သံုးႏိုင္တဲ့ စြမ္းအားလည္​း မရွိဘူး။

၅) စီမံကိန္းအေကာင္အထည္ေဖာ္ၿပီးမွ ကိုယ့္ႏိုင္ငံအတြက္ အလုပ္အကိုင္ေတြ ေပၚလာလိမ့္မယ္လို႔လည္​း သိပ္မေမွ်ာ္လင့္နဲ႔ဦး။ ေဒသခံေတြေရာ၊ တစ္ႏိုင္ငံလံုးမွာပါ ကိုယ့္ရွိတဲ့ လူ႔စြမ္းအားရင္းျမစ္က မ်ားမ်ားျမင့္ျမင့္မရွိဘူး။ တရုတ္က စီမံကိန္းလုပ္ရင္ အေနာက္ႏိုင္ငံေတြက ပညာေတာ္သင္ျပန္လာၿပီး အလုပ္လုပ္ရာမွာ အလြန္ထိေရာက္၊ အလြန္သြက္လက္​တဲ့ တရုတ္လူငယ္ေတြကို ေကာ္လာျဖဴ ရုံးအလုပ္ေတြအတြက္ သံုးလိမ့္မယ္။

၆) အိမ္ျခံေျမရင္းႏွီးျမွပ္ႏွံမႈေတြပါ စီမံကိန္းထဲပါတယ္ဆိုရင္ ပိုင္ဆိုင္မႈ ဘယ္လိုရွိတယ္။ အရြယ္အစား ဘယ္ေလာက္ႀကီးတယ္။ လူဦးေရ ဘယ္ေလာက္ပါလာမယ္ဆိုတာကိုပါ ထည့္တြက္ထားရမယ္။ တရုတ္က အေကာင္ႀကီးတယ္။ လူမ်ားတယ္။

ဒါေပမဲ့ ဒီအခ်က္ေတြကို သိပ္မခ်ဲ႕ကားဘဲ ရုိးရုိးရွင္းရွင္း စဥ္းစားလို႔လည္းရပါတယ္။

က) တရုတ္မွာ ေငြလံုးေငြရင္းရွိေနတယ္။ သံုးခ်င္တဲ့ ဆႏၵလည္း ရွိတယ္။ သူ႔ႏိုင္ငံ၊ သူ႔ႏိုင္ငံသားအက်ိဳးအျမတ္မရွိဘဲလည္း ဒီေငြကို သံုးမွာ မဟုတ္ဘူး။ ကိုယ့္ႏိုင္ငံမွာလည္း ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေျခခံအေဆာက္အအံု အမ်ားႀကီး လိုအပ္​ေနတယ္။ တကယ္ေတာ့ ရခိုင္ေျမာက္မွာဆိုရင္ ျပည္ပရင္းႏွီးျမွပ္ႏွံမႈ အမ်ားအျပားရွိေနရင္၊ လူမ်ိဳးေပါင္းစံု၊ ႏိုင္ငံေပါင္းစံုေရာက္လာေအာင္ ဆြဲေဆာင္ႏိုင္ရင္ လက္ရွိတအံုေႏြးေႏြးျဖစ္ေနတဲ့ ပဋိပကၡဟာလဲ အသြင္ေျပာင္းသြားလိမ့္မယ္။ သူ႕လူမ်ိဳး သူေခၚလာတဲ့ကိစၥကေတာ့ ဘယ္ႏိုင္ငံမဆို သူတို႔လာလုပ္တဲ့ စီမံကိန္းတႈင္​းမွာ ဒါမ်ိဳး အနည္းနဲ႔အမ်ား ရွိပါတယ္။ မျမင္ဘူးေသးလို႔ မသိၾကတာပါ။ ျမင္ဖူးသ​ေလာက္ကိုပဲ သံသယျဖစ္၊ အစိုးရိမ္လြန္​ေနၾကတဲ့ သေဘာျဖစ္တယ္။ ႏိုင္​ငံ​ေရးပ​ေယာဂ​ေတြကလည္​း ပါ​ေနတာကိုး။

ခ) ေနာက္တစ္ခ်က္က ကိုယ့္ႏိုင္ငံသားေတြရဲ႕ အရည္အေသြးကို အခုကတည္းက မဟာဗ်ဴဟာခ်မွတ္ ျမွင့္တင္ေပးထားဖို႔လိုတယ္။ ကိုယ့္ႏိုင္ငံသား ေဒသခံမ်ားအတြက္ အကာအကြယ္ေပးမယ့္ ဥပေဒေတြကို ျပင္ဆင္ျပ႒ာန္းထားရမယ္။ စီမံကိန္းၿပီးမွ ေနရာအကုန္ ဝင္ျဖည့္မယ္၊ အစစအရာရာ သူ႕ဟာသူေနသားက်ကုန္မယ္ ထင္လို႔မရပါ။

ဂ) ႏိုင္ငံေတာ္အစိုးရအေနနဲ႔ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔၊ တာဝန္ယူမႈရွိဖို႔၊ ႏိုင္ငံေရးတည္ၿငိမ္မႈကို အာမခံႏိုင္ဖို႔လည္​း အေရးႀကီးပါတယ္။ တခ်ိဳ႔ႏိုင္ငံေတြမွာ တရုတ္နဲ႔သေဘာတူထားတဲ့ စီမံကိန္းေတြ ရုပ္သိမ္းတယ္၊ ဆိုင္းငံ့တယ္ဆိုတာက သူတို႔ႏိုင္ငံေရးသမားေတြရဲ႔ အက်င့္ပ်က္ျခစားတာေတြ၊ အစိုးရအေျပာင္းအလဲမွာ ေရွ႕လူလုပ္ထားတာကို ေနာက္လူကဖ်က္တယ္ဆိုတဲ့ အေနအထားပါ။ တရုတ္အေနနဲ႔ကလည္း ဒီစြန္႔ရမယ့္အခ်က္ေတြကို သိလ်က္နဲ႔ ဝင္တာပဲ။

တရုတ္ႏိုင္ငံရဲ႕ အားသာခ်က္က စီမံကိန္းေတြ အခ်ိန္မီမၿပီးမွာ၊ မထိေရာက္မွာ မပူရပါ။ သူျမန္တာကို ကိုယ္မလိုက္ႏိုင္ရင္ ကိုယ္ခံရမွာကိုသာ ႀကိဳေတြးၾကဖို႔ ျဖစ္ပါတယ္။

(Unicode)

 တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားရမယ့်၊ ဖြစ်လာနိုင်တဲ့ အခြေအနေတချို့ရှိပါတယ်။

၁) တရုတ်စီမံကိန်းတွေဟာ ဒေသခံတွေအတွက် အလုပ်အကိုင်တွေကို ဖန်တီးပေးမှာမဟုတ်ဘူး။ အိမ်သာသုံးစက္ကူကအစ အလုပ်သမားအထိ တရုတ်ပြည်ကပဲ ခေါ်လာပြီး သုံးလိမ့်မယ်။ အာဖရိကနိုင်ငံတစ်ခုက သူငယ်ချင်းတစ်ယောက် ပြောဖူးတာ သတိရတယ်။ အာဖရိကမှာ လမ်းဘေးစျေးသည်အလုပ်အထိ တရုတ်တွေက လိုက်လုလုပ်တယ်တဲ့။

၂) စီမံကိန်းနယ်မြေဟာ သူတို့ နိစ္စဓူဝ ကျင်လည်လှုပ်ရှားတဲ့ တရုတ်နယ်မြေလေး သီးခြားဖြစ်လာလိမ့်မယ်။ ဒေသခံတွေနဲ့ ကူးလူးဆက်ဆံမှု များများစားစား ရှိချင်မှ ရှိလိမ့်မယ်။ လုံခြုံရေးကန့်သတ်ချက်တွေနဲ့ ဒေသခံနိုင်ငံရေးသမားများ၊ အစိုးရအရာထမ်းများတောင် အဝင်အထွက် လွယ်ချင်မှ လွယ်လိမ့်မယ်။

၃) တရုတ်စီမံကိန်းများဟာ တရုတ်ဘဏ်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများကိုသာ ဖြစ်နိုင်သလောက် သုံးလိမ့်မယ်။ တရုတ်ဘဏ်တွေကလည်း ပိုမိုအဆင်ပြေနိုင်မယ့် အတိုးနှုန်းနဲ့ ဝန်ဆောင်မှုတွေကို ပေးလိမ့်မယ်။

၄) ရလာတဲ့ အခြေခံအဆောက်အအုံတွေဟာလည်း ရေတိုနဲ့ ရေလတ်မှာ ဒေသခံပြည်သူတွေအသုံးပြုဖို့ ဖြစ်ချင်မှဖြစ်မယ်။ ချက်ချင်း အသုံးဝင်ချင်မှ ဝင်မယ်။ မီးရထားလမ်းဆိုပါစို့။ လူစီးကြောင်း၊ ကုန်စီးကြောင်းဟာ အစပိုင်းမှာ တစ်လမ်းသွားပဲ လှိမ့်ဝင်လာမယ်လို့ ခန့်မှန်းထားရမယ်။ ကိုယ့်ဘက်က ဘာမှ မပို့နိုင်ဘူး။ သုံးနိုင်တဲ့ စွမ်းအားလည်​း မရှိဘူး။

၅) စီမံကိန်းအကောင်အထည်ဖော်ပြီးမှ ကိုယ့်နိုင်ငံအတွက် အလုပ်အကိုင်တွေ ပေါ်လာလိမ့်မယ်လို့လည်​း သိပ်မမျှော်လင့်နဲ့ဦး။ ဒေသခံတွေရော၊ တစ်နိုင်ငံလုံးမှာပါ ကိုယ့်ရှိတဲ့ လူ့စွမ်းအားရင်းမြစ်က များများမြင့်မြင့်မရှိဘူး။ တရုတ်က စီမံကိန်းလုပ်ရင် အနောက်နိုင်ငံတွေက ပညာတော်သင်ပြန်လာပြီး အလုပ်လုပ်ရာမှာ အလွန်ထိရောက်၊ အလွန်သွက်လက်​တဲ့ တရုတ်လူငယ်တွေကို ကော်လာဖြူ ရုံးအလုပ်တွေအတွက် သုံးလိမ့်မယ်။

၆) အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုတွေပါ စီမံကိန်းထဲပါတယ်ဆိုရင် ပိုင်ဆိုင်မှု ဘယ်လိုရှိတယ်။ အရွယ်အစား ဘယ်လောက်ကြီးတယ်။ လူဦးရေ ဘယ်လောက်ပါလာမယ်ဆိုတာကိုပါ ထည့်တွက်ထားရမယ်။ တရုတ်က အကောင်ကြီးတယ်။ လူများတယ်။


ဒါပေမဲ့ ဒီအချက်တွေကို သိပ်မချဲ့ကားဘဲ ရိုးရိုးရှင်းရှင်း စဉ်းစားလို့လည်းရပါတယ်။

က) တရုတ်မှာ ငွေလုံးငွေရင်းရှိနေတယ်။ သုံးချင်တဲ့ ဆန္ဒလည်း ရှိတယ်။ သူ့နိုင်ငံ၊ သူ့နိုင်ငံသားအကျိုးအမြတ်မရှိဘဲလည်း ဒီငွေကို သုံးမှာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာလည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံ အများကြီး လိုအပ်​နေတယ်။ တကယ်တော့ ရခိုင်မြောက်မှာဆိုရင် ပြည်ပရင်းနှီးမြှပ်နှံမှု အများအပြားရှိနေရင်၊ လူမျိုးပေါင်းစုံ၊ နိုင်ငံပေါင်းစုံရောက်လာအောင် ဆွဲဆောင်နိုင်ရင် လက်ရှိတအုံနွေးနွေးဖြစ်နေတဲ့ ပဋိပက္ခဟာလဲ အသွင်ပြောင်းသွားလိမ့်မယ်။ သူ့လူမျိုး သူခေါ်လာတဲ့ကိစ္စကတော့ ဘယ်နိုင်ငံမဆို သူတို့လာလုပ်တဲ့ စီမံကိန်းတှုင်​းမှာ ဒါမျိုး အနည်းနဲ့အများ ရှိပါတယ်။ မမြင်ဘူးသေးလို့ မသိကြတာပါ။ မြင်ဖူးသ​လောက်ကိုပဲ သံသယဖြစ်၊ အစိုးရိမ်လွန်​နေကြတဲ့ သဘောဖြစ်တယ်။ နိုင်​ငံ​ရေးပ​ယောဂ​တွေကလည်​း ပါ​နေတာကိုး။

ခ) နောက်တစ်ချက်က ကိုယ့်နိုင်ငံသားတွေရဲ့ အရည်အသွေးကို အခုကတည်းက မဟာဗျူဟာချမှတ် မြှင့်တင်ပေးထားဖို့လိုတယ်။ ကိုယ့်နိုင်ငံသား ဒေသခံများအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းထားရမယ်။ စီမံကိန်းပြီးမှ နေရာအကုန် ဝင်ဖြည့်မယ်၊ အစစအရာရာ သူ့ဟာသူနေသားကျကုန်မယ် ထင်လို့မရပါ။

ဂ) နိုင်ငံတော်အစိုးရအနေနဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှုရှိဖို့၊ နိုင်ငံရေးတည်ငြိမ်မှုကို အာမခံနိုင်ဖို့လည်​း အရေးကြီးပါတယ်။ တချို့နိုင်ငံတွေမှာ တရုတ်နဲ့သဘောတူထားတဲ့ စီမံကိန်းတွေ ရုပ်သိမ်းတယ်၊ ဆိုင်းငံ့တယ်ဆိုတာက သူတို့နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားတာတွေ၊ အစိုးရအပြောင်းအလဲမှာ ရှေ့လူလုပ်ထားတာကို နောက်လူကဖျက်တယ်ဆိုတဲ့ အနေအထားပါ။ တရုတ်အနေနဲ့ကလည်း ဒီစွန့်ရမယ့်အချက်တွေကို သိလျက်နဲ့ ဝင်တာပဲ။

တရုတ်နိုင်ငံရဲ့ အားသာချက်က စီမံကိန်းတွေ အချိန်မီမပြီးမှာ၊ မထိရောက်မှာ မပူရပါ။ သူမြန်တာကို ကိုယ်မလိုက်နိုင်ရင် ကိုယ်ခံရမှာကိုသာ ကြိုတွေးကြဖို့ ဖြစ်ပါတယ်။

အက်အနေကာက္ႏိုင္ငံေရး (၂) / အကျအနကောက်နိုင်ငံရေး (၂)

အကဲဆတ္လွတဲ့ မ်က္ေမွာက္ေခတ္ မဝါဒအေၾကာင္း ေရးၿပီး ဆက္စပ္စဥ္းစားမိတာတစ္ခုက တရုတ္စာမွာလည္း မေကာင္းသေဘာေဆာင္ နာမဝိေသသနတခ်ိဳ႕ကို မိန္းမစာလံုး (女) ထည့္သံုးထားတာကိုပါ။ ဥပမာ၊ မနာလိုဝန္တိုတာ၊ ေဒါသထြက္တာ၊ ေလာဘႀကီးတာစသျဖင့္အတြက္ ေရးတဲ့ တရုတ္စာေတြမွာ မိန္းမနဲ႔ပတ္သက္တဲ့ အရုပ္စာပါေလ့ရွိတယ္။

ျမန္မာစာမွာလည္း လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္အတြင္းမွာ 'ေတာ္'လွန္ေရးေလးတစ္ခုျဖစ္ခဲ့ပံုပါပဲ။ အဲဒါကေတာ့ ကၽြန္ေတာ္၊ ကၽြန္မ၊ ကၽြႏုပ္လို႔ ေရးမယ့္အစား က်ေနာ္၊ က်မ၊ က်ဳပ္ဆိုၿပီး ပါးစပ္ေျပာပံုစံနဲ႕ က်ယ္က်ယ္ျပန္႔ျပန္႔ေရးလာၾကတာျဖစ္ပါတယ္။ 'ကၽြန္'ဆိုတာ ေက်းကၽြန္လို႔ မိမိဘာသာရည္ညႊန္းတဲ့ အဓိပၸာယ္သက္ေရာက္လို႔ မင္းစိုးရာဇာ ေတာ္ဝင္ပေဒသရာဇ္မ်ားကို သေကၤတသေဘာ ေတာ္လွန္ဖို႔အတြက္ က်ေနာ္၊ က်မေရးၾကတယ္လို႔ဆိုပါတယ္။ (တကယ္ေတာ့ ခင္ဗ်ား တို႔၊ (ေမာင္/မယ္)မင္း တို႔ရဲ႕ ဇစ္ျမစ္ကိုလည္း ေသခ်ာ စဥ္းစားၾကည့္သင့္ပါတယ္။)

ဒါေပမဲ့ အဲဒီလို ေရးထံုးေျပာင္းရာမွာ ဘာသာစကားနဲ႔ ယဥ္ေက်းမႈမွာ စိမ့္ဝင္ေနတဲ့ အႏွစ္သာရနဲ႔ နိဝါတတရားေတြပါ ေပ်ာက္ဆံုးသြားတတ္ပါတယ္။

ေရွးေဟာင္းတရုတ္စာမွာလည္း မိမိကိုယ္ကိုႏွိမ့္ခ်တဲ့ အသံုးအႏႈန္း၊ ဝါစဥ္ေစာင့္ေရွာက္တဲ့ ယဥ္ေက်းမႈအသံုးအႏႈန္းေတြ အေတာ္ပါပါတယ္။ ယဥ္ေက်းမႈသမိုင္းေၾကာင္းရွည္လ်ားတဲ့ အာရွႏိုင္ငံအမ်ားစုမွာလည္း အလားတူျဖစ္ပါလိမ့္မယ္။ သာဓကအားျဖင့္ ရွင္ဘုရင္၊ သံဃာေတာ္မ်ားက မိမိကိုယ္ကိုရည္ညႊန္းတဲ့အခါ မိမိကိုယ္ကို ႏိွမ့္ခ်ဆက္ဆံတဲ့သေဘာပါဝင္ေအာင္ ဘာသာစကားထဲမွာ ထည့္သြင္းထားတာရွိပါတယ္။ မဟာယာန တရုတ္သံဃာေတာ္မ်ားဟာ ေရွးယခင္က မိမိတို႔ကိုယ္ကို 'ဆင္းရဲတဲ့ (ငမြဲ)ဘုန္းႀကီး'လို႔ ထည့္ထည့္ေျပာၾကပါတယ္။ ရုပ္ဝတၳဳပစၥည္း ၿခိဳးျခံေရး၊ အလိုေလာဘနည္းပါးေရးအတြက္ ဘာသာစကားကတဆင့္ သတိရေနေအာင္ လုပ္ေပးထားတာျဖစ္ပါတယ္။ တရုတ္ျပည္မွာ ကြန္ျမဴနစ္ေတြ အာဏာရခါစမွာ ယဥ္ေက်းမႈေတာ္လွန္ေရးႀကီးလုပ္ၿပီး ေတာ္လွန္လိုက္ၾကတာ တရုတ္ေတြ အေျပာအဆို အေနအထိုင္ ရုိင္းကုန္တယ္။

ျမတ္စြာဘုရား ပရိနိဗၺာန္စံဝင္ေတာ္မူၿပီးတဲ့ေနာက္မွာ ရဟန္းအခ်င္းခ်င္း ငါ့ရွင္လို႔ မေခၚၾကနဲေတာ့လို႔ မိန္႕မွာခဲ့တာကလည္း သတိမူဖြယ္ျဖစ္ပါတယ္။ အခုအခ်ိန္ထိလည္း ျမန္မာႏိုင္ငံ သံဃာအၾကားမွာ အခ်င္းခ်င္း အရွင္ဘုရား၊ တပည့္ေတာ္စသျဖင့္သာ အမ်ားဆံုးေခၚေဝၚသံုးစြဲေနၾကတာ ၾကည္ညိဳစိတ္ခ်မ္းေျမ႔ဖြယ္ ရွိလွပါတယ္။

ပညတ္သြားရာ ဓာတ္သက္ပါတတ္တာမို႔ လစ္ဘရယ္ေတာ္လွန္ေရးလုပ္ၾကမယ္ဆိုရင္လည္း မိမိရွိၿပီးသား ဂါရဝနိဝါတေလးေတြ မပါသြားရေအာင္ ဆင္ျခင္ၾကပါစို႕။
(ဟုတ္ပါတယ္။ ဒီစာဟာ ကြန္ဆားဗတစ္ (ေရွးရုိး)ဆန္ပါတယ္။ ကၽြန္ေတာ့္ကိုယ္ကိုေတာ့ ကြန္ဆားဗတစ္တစ္ေယာက္လို႔ မထင္ပါ။)

(Unicode)

အကဲဆတ်လှတဲ့ မျက်မှောက်ခေတ် မဝါဒအကြောင်း ရေးပြီး ဆက်စပ်စဉ်းစားမိတာတစ်ခုက တရုတ်စာမှာလည်း မကောင်းသဘောဆောင် နာမဝိသေသနတချို့ကို မိန်းမစာလုံး (女) ထည့်သုံးထားတာကိုပါ။ ဥပမာ၊ မနာလိုဝန်တိုတာ၊ ဒေါသထွက်တာ၊ လောဘကြီးတာစသဖြင့်အတွက် ရေးတဲ့ တရုတ်စာတွေမှာ မိန်းမနဲ့ပတ်သက်တဲ့ အရုပ်စာပါလေ့ရှိတယ်။

မြန်မာစာမှာလည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်းမှာ 'တော်'လှန်ရေးလေးတစ်ခုဖြစ်ခဲ့ပုံပါပဲ။ အဲဒါကတော့ ကျွန်တော်၊ ကျွန်မ၊ ကျွနုပ်လို့ ရေးမယ့်အစား ကျနော်၊ ကျမ၊ ကျုပ်ဆိုပြီး ပါးစပ်ပြောပုံစံနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရေးလာကြတာဖြစ်ပါတယ်။ 'ကျွန်'ဆိုတာ ကျေးကျွန်လို့ မိမိဘာသာရည်ညွှန်းတဲ့ အဓိပ္ပာယ်သက်ရောက်လို့ မင်းစိုးရာဇာ တော်ဝင်ပဒေသရာဇ်များကို သင်္ကေတသဘော တော်လှန်ဖို့အတွက် ကျနော်၊ ကျမရေးကြတယ်လို့ဆိုပါတယ်။ (တကယ်တော့ ခင်ဗျား တို့၊ (မောင်/မယ်)မင်း တို့ရဲ့ ဇစ်မြစ်ကိုလည်း သေချာ စဉ်းစားကြည့်သင့်ပါတယ်။)


ဒါပေမဲ့ အဲဒီလို ရေးထုံးပြောင်းရာမှာ ဘာသာစကားနဲ့ ယဉ်ကျေးမှုမှာ စိမ့်ဝင်နေတဲ့ အနှစ်သာရနဲ့ နိဝါတတရားတွေပါ ပျောက်ဆုံးသွားတတ်ပါတယ်။

ရှေးဟောင်းတရုတ်စာမှာလည်း မိမိကိုယ်ကိုနှိမ့်ချတဲ့ အသုံးအနှုန်း၊ ဝါစဉ်စောင့်ရှောက်တဲ့ ယဉ်ကျေးမှုအသုံးအနှုန်းတွေ အတော်ပါပါတယ်။ ယဉ်ကျေးမှုသမိုင်းကြောင်းရှည်လျားတဲ့ အာရှနိုင်ငံအများစုမှာလည်း အလားတူဖြစ်ပါလိမ့်မယ်။ သာဓကအားဖြင့် ရှင်ဘုရင်၊ သံဃာတော်များက မိမိကိုယ်ကိုရည်ညွှန်းတဲ့အခါ မိမိကိုယ်ကို နှိမ့်ချဆက်ဆံတဲ့သဘောပါဝင်အောင် ဘာသာစကားထဲမှာ ထည့်သွင်းထားတာရှိပါတယ်။ မဟာယာန တရုတ်သံဃာတော်များဟာ ရှေးယခင်က မိမိတို့ကိုယ်ကို 'ဆင်းရဲတဲ့ (ငမွဲ)ဘုန်းကြီး'လို့ ထည့်ထည့်ပြောကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်း ခြိုးခြံရေး၊ အလိုလောဘနည်းပါးရေးအတွက် ဘာသာစကားကတဆင့် သတိရနေအောင် လုပ်ပေးထားတာဖြစ်ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်တွေ အာဏာရခါစမှာ ယဉ်ကျေးမှုတော်လှန်ရေးကြီးလုပ်ပြီး တော်လှန်လိုက်ကြတာ တရုတ်တွေ အပြောအဆို အနေအထိုင် ရိုင်းကုန်တယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးတဲ့နောက်မှာ ရဟန်းအချင်းချင်း ငါ့ရှင်လို့ မခေါ်ကြနဲတော့လို့ မိန့်မှာခဲ့တာကလည်း သတိမူဖွယ်ဖြစ်ပါတယ်။ အခုအချိန်ထိလည်း မြန်မာနိုင်ငံ သံဃာအကြားမှာ အချင်းချင်း အရှင်ဘုရား၊ တပည့်တော်စသဖြင့်သာ အများဆုံးခေါ်ဝေါ်သုံးစွဲနေကြတာ ကြည်ညိုစိတ်ချမ်းမြေ့ဖွယ် ရှိလှပါတယ်။

ပညတ်သွားရာ ဓာတ်သက်ပါတတ်တာမို့ လစ်ဘရယ်တော်လှန်ရေးလုပ်ကြမယ်ဆိုရင်လည်း မိမိရှိပြီးသား ဂါရဝနိဝါတလေးတွေ မပါသွားရအောင် ဆင်ခြင်ကြပါစို့။
(ဟုတ်ပါတယ်။ ဒီစာဟာ ကွန်ဆားဗတစ် (ရှေးရိုး)ဆန်ပါတယ်။ ကျွန်တော့်ကိုယ်ကိုတော့ ကွန်ဆားဗတစ်တစ်ယောက်လို့ မထင်ပါ။)

အက်အနေကာက္ႏိုင္ငံေရး (၁) / အကျအနကောက်နိုင်ငံရေး (၁)

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အေမရိကန္နဲ႔ ဥေရာပမွာ လူၿပိန္းႀကိဳက္ဝါဒီ ႏိုင္ငံေရးသမားေတြ၊ႏိုင္ငံေရးပါတီေတြ အာဏာရလာတယ္။ သို႕မဟုတ္ အာဏာရအသိုင္းအဝိုင္းထဲ ေရာက္ရွိလာၾကတယ္။ ဒီေဒသေတြဟာ အစဥ္အလာအားျဖင့္ လက္ဝဲျဖစ္ေစ၊ လက္ယာျဖစ္ေစ လစ္ဘရယ္အယူအဆ (က်မ္းရုိးလာ လြတ္လပ္တဲ့၊ အစြန္းမေရာက္တဲ့ အဓိပၸာယ္) အေပၚ အေျခခံထားတဲ့ လူ႕အဖြဲ႔အစည္းေတြျဖစ္တယ္။ စစ္ပြဲေပါင္းမ်ားစြာ ႏိုင္ခဲ့ၿပီး ကမာၻႀကီးကို စီးပြားေရး၊ ႏိုင္ငံေရးအရ အုပ္စိုးလႊမ္းမိုးထားႏိုင္တာဟာ လူ႕အခြင့္အေရး၊ လူနည္းစုအခြင့္အေရး၊ က်ားမတန္းတူျဖစ္ေရးအစရွိတဲ့ လစ္ဘရယ္တန္ဖိုးေတြေၾကာင့္လို႕ သူတို႔ ယံုၾကည္ၾကတယ္။


အဲဒီထဲမွာမွ အေမရိကန္ႏိုင္ငံဟာ အစြန္းေရာက္ၿပီဆိုရင္ သူတကာထက္ အစြန္းေရာက္တဲ့ႏိုင္ငံျဖစ္တယ္။ တကယ္ေတာ့ ထရမ့္လိုမ်ိဳး လူၿပိန္းႀကိဳက္ လက္ယာစြန္းႏိုင္ငံေရးသမားေတြဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပႏိုင္ငံေရးမွာ အမ်ားႀကီးရွိတယ္။ သူတို႔ အာဏာ မရလာေအာင္ တားထားခဲ့ႏိုင္တာလည္းရွိတယ္။ အာဏာရလာေတာ့လည္း ခဏပဲ။ အေမရိကန္လို အင္အားႀကီးႏိုင္ငံမဟုတ္ေတာ့ တစ္ကမာၻလံုးအတိုင္းအတာနဲ႕ ဂရုစိုက္စရာလည္းမလိုဘူးေပါ့။
အေမရိကန္ေတြ အစြန္းေရာက္တဲ့အခါ လက္ယာမွာတင္မက လက္ဝဲဘက္မွာပါ အလြန္အကၽြံေတြျဖစ္တယ္။ လတ္တေလာအားျဖင့္ လူမ်ိဳးေရးနဲ႔ပတ္သက္သမွ်၊ အမ်ိဳးသမီးအခြင့္အေရးနဲ႔ပတ္သက္သမွ် ကိစၥရပ္အားလံုးဟာ အေမရိကန္ျပည္မွာ အလြန္ ထိလြယ္ရွလြယ္တဲ့အရာေတြျဖစ္တယ္။ သမၼတထရမ့္နဲ႔ ရီပတ္ဘလစ္ကန္ေတြ အသာစီးရေနတာကို မေက်နပ္တဲ့ ဒီမိုကရက္ေတြနဲ႔ လက္ဝဲအဖြဲ႔ေပါင္းစံုက အမည္လကၡဏာႏိုင္ငံေရးကို ေရွ႕တန္းတင္ၿပီး သည္းသည္းမည္းမည္း တိုက္ခိုက္ေနၾကခ်ိန္ျဖစ္တယ္။


အမ်ိဳးသမီးအခြင့္အေရးလႈံ႔ေဆာ္မႈေတြ လုပ္လာၾကတဲ့အခါ သာမန္ေျပာဆိုေဆြးေႏြးေနက် အေၾကာင္းအရာေတြဟာ ႏိုင္ငံေရးအရ မမွန္ကန္တဲ့အသံုးအႏႈန္းေတြအျဖစ္ သတ္မွတ္ခံလာရတယ္။ ဥပမာ မေကာင္းတဲ့ အရည္အေသြးတစ္ခုကို ရည္ညႊန္းရာမွာ အမ်ိဳးသမီးနဲ႕ သြားႏိႈင္းယွဥ္လို႔မရဘူး။ ျမန္မာစကား 'မိန္းမလို မိန္းမရ'စသျဖင့္ထည့္ေျပာရင္ ျပႆနာတက္မယ္။ ဒီေလာက္ကေတာ့ ျမန္မာျပည္က အမ်ိဳးသမီးအခြင့္အေရးအဖြဲ႔ေတြလည္း သိတယ္။


ဒါေပမဲ့ တျခားတစ္ဖက္မွာ ေယာက်ာ္းေတြရဲ႕ ေယာက်ာ္းဆန္ေအာင္လုပ္တဲ့ ျပဳမူေျပာဆိုမႈေတြကိုလည္း ေဝဖန္တိုက္ခိုက္လာၾကတယ္။ အေၾကာင္းျပခ်က္က လက္ယာစြန္းအဖြဲ႕ေတြရဲ႕ ဝါဒျဖန့္ခ်ိမႈေတြမွာ ေယာက်ာ္းဆန္မႈဆံုးရွံဳးသြားတာ၊ ဒီလိုဆံုးရွံဳးသြားတာကို ျပန္ရေအာင္လုပ္တာ၊ အႏိုင္က်င့္မခံဘဲ ေယာက်ာ္းဘသား လုပ္ျပတာေတြပါတဲ့အတြက္လို႔ ဆိုပါတယ္။ ေယာက်ာ္းစိတ္ေပ်ာက္ေအာင္ အလုပ္ခံရတာကို အဂၤလိပ္လို emasculate လို႔ေခၚတယ္။ ဥေရာပနဲ႕ အေမရိကန္ လက္ယာစြန္းလူျဖဴႀကီးစိုးေရးဝါဒီေတြရဲ႕ ေဟာေျပာေဆြးေႏြးခ်က္ေတြမွာ တြင္တြင္က်ယ္က်ယ္ေတြ႔ရလို႔ဆိုၿပီး လက္ဝဲ လစ္ဘရယ္ေတြနဲ႔ မဝါဒီေတြက အဲဒီလို သရုပ္ေဖာ္တာကိုလည္း မႀကိဳက္ပါ။


မေန႔က သမၼတထရမ့္ကို ကားေညး ဝက္စ္ က အိမ္ျဖဴေတာ္မွာ သြားေတြ႕ေတာ့ Make America Great Again မဲဆြယ္ဦးထုပ္ ေဆာင္းသြားတယ္။ ဒီဦးထုပ္ေဆာင္းထားရလို႔ သူ႕မွာခြန္အားရွိလာတယ္လို႔ေျပာတယ္။ ထရမ့္ကိုလည္း စူပါမင္းပဲလို႔ ေျမွာက္သြားတယ္။ လစ္ဘရယ္ဝါဒီ၊ မဝါဒီေတြကေတာ့ ဒါကို ေယာက်ာ္းဆန္ျခင္းရွဳေထာင့္၊ ဖိုၾကီးစိုးေရးဝါဒ (patriarchy) အျမင္ေတြကပဲ ျမင္လိမ့္မယ္။ တခ်ိဳ႕ကဆိုရင္ မမုန္းတီးေရးဝါဒ (misogyny) အထိဆြဲၿပီး ေဝဖန္ရွဳတ္ခ်ၾကလိမ့္မယ္။


ထိုနည္းတူ အေမရိကန္က အမ်ိဳးသမီးေတြအေပၚ ဗလကၠာရျပဳမႈကိုေဖာ္ထုတ္ဆန္႔က်င္တဲ့ မီတူးလႈပ္ရွားမႈမွာလည္း အလြန္အကၽြံသေဘာေတြ ပါေနတယ္။ ဒါကိုရိပ္မိလို႔ တခ်ိဳ႕ ျပင္သစ္အမ်ိဳးသမီးအႏုပညာရွင္ေတြက အစပိုင္းမွာ လက္မခံၾကတာျဖစ္တယ္။ ဒါေပမဲ့ သူတို႔လည္း ႏိုင္ငံေရးဖိအားကို ေရရွည္ မခံႏိုင္ဘူး။ ေနာက္ဆံုး စကားျပန္ရုပ္သိမ္းေပးရတာပဲ။ အေမရိကန္လႈံ႕ေဆာ္သူေတြေျပာတဲ့ ဗလကၠာရစြပ္စြဲခ်က္တခ်ိဳ႔ဟာ သိပ္ေဝဝါးလြန္းတယ္။ အခုသူတို႔ လက္ရွိသံုးႏႈန္းေနတဲ့ အဓိပၸာယ္နဲ႔ဆို ျမန္မာႏိုင္ငံက သိန္းေဖတို႔၊ ေမာင္ႏုတို႔လဲ ေသခ်ာေပါက္ ၿငိမွာပဲ။


ပိုႀကီးမားတဲ့ ျပႆနာက အေမရိကန္နဲ႔ ဥေရာပ ျပည္တြင္းႏိုင္ငံေရးက အျငင္းပြားဆဲ အေတြးအေခၚအယူအဆေတြကို ျပည္ပႏိုင္ငံေရးကို အတံုးလိုက္အတစ္လိုက္ တင္ပို႔တာ မခံရဖို႔ပဲ။ သမိုင္းမွာ လက္ေတြ႔အားျဖင့္ ေက်းကၽြန္စနစ္၊ လူမ်ိဳးေရးခြဲျခားမႈ၊ လူမ်ိဳးတံုးသတ္ျဖတ္မႈေတြကို က်ဴးလြန္ခဲ့တဲ့ႏိုင္ငံေတြက သူတို႔ကိုလိုနီျဖစ္ခဲ့တဲ့ သို႔မဟုတ္ သူတို႔ု႔လက္ေဝခံလို႔ သေဘာထားတဲ့ ႏိုင္ငံေလးေတြအေပၚ အလားတူျပစ္ခ်က္ေတြနဲ႔ စြပ္စြဲဖိႏွိပ္တာမ်ိဳးကို တြန္းလွန္ရပါမယ္။ တစ္ဦးအတြက္အစာဟာ အျခားတစ္ဦးအတြက္ အဆိပ္ျဖစ္ႏိုင္ပါတယ္။ ႏိုင္ငံတိုင္းဟာ မိမိၾကမၼာကိုမိမိဖန္တီးပိုင္ခြင့္ရွိပါတယ္။ မိမိျပည္တြင္းႏိုင္ငံေရးရဲ႕ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔ အယူဝါဒတန္ဖိုးမ်ားကို ျပည္ပမွ ပံုတူမကူးခ်ဘဲ မိမိတို့ဘာသာ ဥာဏ္ပညာျဖင့္ တည္ေဆာက္ယူၾကရာမွာျဖစ္ပါတယ္။

(Unicode)

  လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်နဲ့ ဥရောပမှာ လူပြိန်းကြိုက်ဝါဒီ နိုင်ငံရေးသမားတွေ၊နိုင်ငံရေးပါတီတွေ အာဏာရလာတယ်။ သို့မဟုတ် အာဏာရအသိုင်းအဝိုင်းထဲ ရောက်ရှိလာကြတယ်။ ဒီဒေသတွေဟာ အစဉ်အလာအားဖြင့် လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ လစ်ဘရယ်အယူအဆ (ကျမ်းရိုးလာ လွတ်လပ်တဲ့၊ အစွန်းမရောက်တဲ့ အဓိပ္ပာယ်) အပေါ် အခြေခံထားတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်တယ်။ စစ်ပွဲပေါင်းများစွာ နိုင်ခဲ့ပြီး ကမ္ဘာကြီးကို စီးပွားရေး၊ နိုင်ငံရေးအရ အုပ်စိုးလွှမ်းမိုးထားနိုင်တာဟာ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ ကျားမတန်းတူဖြစ်ရေးအစရှိတဲ့ လစ်ဘရယ်တန်ဖိုးတွေကြောင့်လို့ သူတို့ ယုံကြည်ကြတယ်။


အဲဒီထဲမှာမှ အမေရိကန်နိုင်ငံဟာ အစွန်းရောက်ပြီဆိုရင် သူတကာထက် အစွန်းရောက်တဲ့နိုင်ငံဖြစ်တယ်။ တကယ်တော့ ထရမ့်လိုမျိုး လူပြိန်းကြိုက် လက်ယာစွန်းနိုင်ငံရေးသမားတွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံရေးမှာ အများကြီးရှိတယ်။ သူတို့ အာဏာ မရလာအောင် တားထားခဲ့နိုင်တာလည်းရှိတယ်။ အာဏာရလာတော့လည်း ခဏပဲ။ အမေရိကန်လို အင်အားကြီးနိုင်ငံမဟုတ်တော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဂရုစိုက်စရာလည်းမလိုဘူးပေါ့။


အမေရိကန်တွေ အစွန်းရောက်တဲ့အခါ လက်ယာမှာတင်မက လက်ဝဲဘက်မှာပါ အလွန်အကျွံတွေဖြစ်တယ်။ လတ်တလောအားဖြင့် လူမျိုးရေးနဲ့ပတ်သက်သမျှ၊ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်သမျှ ကိစ္စရပ်အားလုံးဟာ အမေရိကန်ပြည်မှာ အလွန် ထိလွယ်ရှလွယ်တဲ့အရာတွေဖြစ်တယ်။ သမ္မတထရမ့်နဲ့ ရီပတ်ဘလစ်ကန်တွေ အသာစီးရနေတာကို မကျေနပ်တဲ့ ဒီမိုကရက်တွေနဲ့ လက်ဝဲအဖွဲ့ပေါင်းစုံက အမည်လက္ခဏာနိုင်ငံရေးကို ရှေ့တန်းတင်ပြီး သည်းသည်းမည်းမည်း တိုက်ခိုက်နေကြချိန်ဖြစ်တယ်။


အမျိုးသမီးအခွင့်အရေးလှုံ့ဆော်မှုတွေ လုပ်လာကြတဲ့အခါ သာမန်ပြောဆိုဆွေးနွေးနေကျ အကြောင်းအရာတွေဟာ နိုင်ငံရေးအရ မမှန်ကန်တဲ့အသုံးအနှုန်းတွေအဖြစ် သတ်မှတ်ခံလာရတယ်။ ဥပမာ မကောင်းတဲ့ အရည်အသွေးတစ်ခုကို ရည်ညွှန်းရာမှာ အမျိုးသမီးနဲ့ သွားနှိုင်းယှဉ်လို့မရဘူး။ မြန်မာစကား 'မိန်းမလို မိန်းမရ'စသဖြင့်ထည့်ပြောရင် ပြဿနာတက်မယ်။ ဒီလောက်ကတော့ မြန်မာပြည်က အမျိုးသမီးအခွင့်အရေးအဖွဲ့တွေလည်း သိတယ်။


ဒါပေမဲ့ တခြားတစ်ဖက်မှာ ယောကျာ်းတွေရဲ့ ယောကျာ်းဆန်အောင်လုပ်တဲ့ ပြုမူပြောဆိုမှုတွေကိုလည်း ဝေဖန်တိုက်ခိုက်လာကြတယ်။ အကြောင်းပြချက်က လက်ယာစွန်းအဖွဲ့တွေရဲ့ ဝါဒဖြန့်ချိမှုတွေမှာ ယောကျာ်းဆန်မှုဆုံးရှုံးသွားတာ၊ ဒီလိုဆုံးရှုံးသွားတာကို ပြန်ရအောင်လုပ်တာ၊ အနိုင်ကျင့်မခံဘဲ ယောကျာ်းဘသား လုပ်ပြတာတွေပါတဲ့အတွက်လို့ ဆိုပါတယ်။ ယောကျာ်းစိတ်ပျောက်အောင် အလုပ်ခံရတာကို အင်္ဂလိပ်လို emasculate လို့ခေါ်တယ်။ ဥရောပနဲ့ အမေရိကန် လက်ယာစွန်းလူဖြူကြီးစိုးရေးဝါဒီတွေရဲ့ ဟောပြောဆွေးနွေးချက်တွေမှာ တွင်တွင်ကျယ်ကျယ်တွေ့ရလို့ဆိုပြီး လက်ဝဲ လစ်ဘရယ်တွေနဲ့ မဝါဒီတွေက အဲဒီလို သရုပ်ဖော်တာကိုလည်း မကြိုက်ပါ။


မနေ့က သမ္မတထရမ့်ကို ကားညေး ဝက်စ် က အိမ်ဖြူတော်မှာ သွားတွေ့တော့ Make America Great Again မဲဆွယ်ဦးထုပ် ဆောင်းသွားတယ်။ ဒီဦးထုပ်ဆောင်းထားရလို့ သူ့မှာခွန်အားရှိလာတယ်လို့ပြောတယ်။ ထရမ့်ကိုလည်း စူပါမင်းပဲလို့ မြှောက်သွားတယ်။ လစ်ဘရယ်ဝါဒီ၊ မဝါဒီတွေကတော့ ဒါကို ယောကျာ်းဆန်ခြင်းရှုထောင့်၊ ဖိုကြီးစိုးရေးဝါဒ (patriarchy) အမြင်တွေကပဲ မြင်လိမ့်မယ်။ တချို့ကဆိုရင် မမုန်းတီးရေးဝါဒ (misogyny) အထိဆွဲပြီး ဝေဖန်ရှုတ်ချကြလိမ့်မယ်။


ထိုနည်းတူ အမေရိကန်က အမျိုးသမီးတွေအပေါ် ဗလက္ကာရပြုမှုကိုဖော်ထုတ်ဆန့်ကျင်တဲ့ မီတူးလှုပ်ရှားမှုမှာလည်း အလွန်အကျွံသဘောတွေ ပါနေတယ်။ ဒါကိုရိပ်မိလို့ တချို့ ပြင်သစ်အမျိုးသမီးအနုပညာရှင်တွေက အစပိုင်းမှာ လက်မခံကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့လည်း နိုင်ငံရေးဖိအားကို ရေရှည် မခံနိုင်ဘူး။ နောက်ဆုံး စကားပြန်ရုပ်သိမ်းပေးရတာပဲ။ အမေရိကန်လှုံ့ဆော်သူတွေပြောတဲ့ ဗလက္ကာရစွပ်စွဲချက်တချို့ဟာ သိပ်ဝေဝါးလွန်းတယ်။ အခုသူတို့ လက်ရှိသုံးနှုန်းနေတဲ့ အဓိပ္ပာယ်နဲ့ဆို မြန်မာနိုင်ငံက သိန်းဖေတို့၊ မောင်နုတို့လဲ သေချာပေါက် ငြိမှာပဲ။


ပိုကြီးမားတဲ့ ပြဿနာက အမေရိကန်နဲ့ ဥရောပ ပြည်တွင်းနိုင်ငံရေးက အငြင်းပွားဆဲ အတွေးအခေါ်အယူအဆတွေကို ပြည်ပနိုင်ငံရေးကို အတုံးလိုက်အတစ်လိုက် တင်ပို့တာ မခံရဖို့ပဲ။ သမိုင်းမှာ လက်တွေ့အားဖြင့် ကျေးကျွန်စနစ်၊ လူမျိုးရေးခွဲခြားမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့နိုင်ငံတွေက သူတို့ကိုလိုနီဖြစ်ခဲ့တဲ့ သို့မဟုတ် သူတို့ု့လက်ဝေခံလို့ သဘောထားတဲ့ နိုင်ငံလေးတွေအပေါ် အလားတူပြစ်ချက်တွေနဲ့ စွပ်စွဲဖိနှိပ်တာမျိုးကို တွန်းလှန်ရပါမယ်။ တစ်ဦးအတွက်အစာဟာ အခြားတစ်ဦးအတွက် အဆိပ်ဖြစ်နိုင်ပါတယ်။ နိုင်ငံတိုင်းဟာ မိမိကြမ္မာကိုမိမိဖန်တီးပိုင်ခွင့်ရှိပါတယ်။ မိမိပြည်တွင်းနိုင်ငံရေးရဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ အယူဝါဒတန်ဖိုးများကို ပြည်ပမှ ပုံတူမကူးချဘဲ မိမိတို့ဘာသာ ဉာဏ်ပညာဖြင့် တည်ဆောက်ယူကြရာမှာဖြစ်ပါတယ်။

Sunday, September 23, 2018

အသြင္ကူးေျပာင္းဆဲႏိုင္ငံရဲ႔ အရပ္ဘက္-စစ္ဘက္ဆက္ဆံေရး (၁)

ဒီမိုကေရစီအသြင္ကူးေျပာင္းတဲ့ႏိုင္ငံေတြမွာ တပ္ကို ႏိုင္ငံေရးက ဆုတ္ခြာေစခ်င္ရင္ သိမ္သိမ္ေမြ႔ေမြ႔လုပ္ေဆာင္ရတဲ့ အျခင္းအရာႏွစ္ခုရွိပါတယ္။

ပထမတစ္ခုက တပ္ရဲ႕ ၿခိမ္းေျခာက္မႈမွတ္ယူထင္ျမင္ခ်က္ (threat perception) ကို ျပည္တြင္းကေန ျပည္ပသို႔ (from internal to external) ေျပာင္းလဲယူရပါတယ္။ စစ္တပ္ရဲ႕ အဓိကတာဝန္ဟာ အေသးစားရာဇဝတ္ျပစ္မႈေတြကို လိုက္ေျဖရွင္းေပးေနရတာမ်ိဳး မျဖစ္ေစရပါဘူး။ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡရွိေနေသးရင္လည္း စစ္တပ္ဟာ သူ႕ရဲ႕ ျပည္တြင္းၿခိမ္းေျခာက္မႈ မွတ္ယူထင္ျမင္ခ်က္ကို ေက်ာ္လြန္ျပင္ဆင္ႏိုင္ဖို႔ ခက္ခဲလိမ့္မယ္။ 

ဒီမိုကေရစီလိုလားတဲ့သူေတြအေနနဲ႔ တပ္မေတာ္ကို ျပည္ပရန္ကာကြယ္တဲ့ တာဝန္ဘက္ကိုသာ အာရုံလႊဲေစခ်င္တယ္၊ အာရုံစူးစိုက္ေစခ်င္တယ္ဆိုရင္ ျပည္တြင္းေရးမွာ တပ္အတြက္ လံုျခံဳစိတ္ခ်မႈနည္းပါးေစတဲ့ အေျခအေနေတြကို ဖယ္ရွားဖို႔ ႀကိဳးစားရပါမယ္။ ျပည္တြင္းလံုျခံဳေရးကို ရဲ၊ ျပည္သူ႔စစ္နဲ႕ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက မိမိတို႕ဘာသာ ႏိုင္နင္းစြာ တာဝန္ယူႏိုင္ဖို႔ လိုအပ္ပါတယ္။ ျပည္တြင္းရန္ကာကြယ္ဖို႕ အဆိုပါအဖြဲ႔အစည္းမ်ားကို တပ္ကမ်က္ႏွာလႊဲသြားႏိုင္ဖို႔ ႏိုင္ငံရဲ႕ ျပည္ပရန္ေတြကိုလည္း အရပ္ဘက္က ကူညီသတ္မွတ္ ေဖာ္ထုတ္ေပးဖို႔ ႀကိဳးစားသင့္ပါတယ္။ တပ္မေတာ္ရဲ႕ ကာကြယ္ေရးစကၠဴျဖဴစာတမ္း (defence white paper) ေရးဆြဲရာမွာ အရပ္သားပညာရွင္ေတြနဲ႕ ျပည္သူ႕အဖြဲ႔အစည္းေတြအေနနဲ႔ ပါဝင္အၾကံျပဳေဆြးေႏြးခြင့္ရေအာင္ ေဆာင္ရြက္ရပါတယ္။

တပ္နဲ႕ျပည္သူအၾကား ယံုၾကည္မႈတည္ေဆာက္ႏိုင္ၿပီဆိုရင္ တပ္မေတာ္ရဲ႕ သေဘာတရားေရးသြတ္သြင္းမႈ (indoctrination) မွာေတာင္ ျပည္သူက ကိုယ္လိုခ်င္တဲ့ပံုစံ တျဖည္းျဖည္း ပံုသြင္းေပးႏိုင္ပါတယ္။ စစ္တကၠသိုလ္ေတြရဲ႕ သင္ရုိးကို ဒီမိုကေရစီက်င့္စဥ္နဲ႔ လိုက္ေလ်ာညီေထြျဖစ္လာေအာင္ ျပင္ဆင္လာႏိုင္မွာ ျဖစ္ပါတယ္။

ၿခိမ္းေျခာက္မႈမွတ္ယူထင္ျမင္ခ်က္ ထဲ ထည္​့ထားလို႔ အဲဒီႏိုင္​ငံ​ေတြနဲ႔ မျဖစ္​မ​ေန စစ္​တိုက္​ရမယ္​လို႔ မဟုတ္ပါ​ဘူး။ ႏိုင္​ငံတစ္​ႏိုင္​ငံရဲ႕ စစ္​​ေရး​ေလ့က်င္​့မႈပံုစံကို ​ေလ့လာၾကည္​့ရင္​လည္​း ႏိုင္​ငံ​ေတာ္​ကာကြယ္​​ေရးအတြက္​ ဘယ္​ႏိုင္​ငံ​ေတြကို ၿခိမ္​း​ေျခာက္​မႈအျဖစ္​ သတ္​မွတ္​ျပင္​ဆင္​​ေနတယ္​ဆိုတာ ခန္​႔မွန္​းလို႔ ရႏိုင္​တယ္​။ ျမန္​မာႏိုင္​ငံအေနနဲ႔ ဒီႏွစ္​ထဲ 'ဆင္​ျဖဴ႐ွင္​' ​ေလ့က်င္​့မႈလုပ္​သြားတာ႐ွိတယ္​။ မၾကာ​ေသးခင္​က ႐ု႐ွနဲ့တရုတ္ ​​​လုပ္​သြားတဲ့ Vostock-2018 ​ေလ့က်င္​့ခန္​း​ေတြဆို မူလက ႐ု႐ွအ​ေနနဲ႔ တ႐ုတ္​နဲ့ စစ္​ျဖစ္​ခဲ့ရင္​ဆိုတဲ့ ဇာတ္​ညြွန္​း အတြက္​ ခန္​႔မွန္​းျပင္​ဆင္​ထားတာလို႔ တခ်ို့ပညာရွင္​မ်ားက သံုးသပ္​ၾကတယ္​။ အခုက်​ေတာ့ ​ေနတိုးဘက္​ကလည္​း ႐ု႐ွ-တ႐ုတ္​ဝင္​႐ုိးလို႔ ရန္​အျဖစ္​ သတ္​မွတ္​ညာသံ​ေပး​ေနသလို ႐ု႐ွနဲ႔ တ႐ုတ္​ရဲ႕ အ​ေနာက္​ႏိုင္​ငံ​ေတြ (အဓိကအားျဖင္​႔ အ​ေမရိကန္​-ၿဗိတိန္​)နဲ႔ ဆက္​ဆံ​ေရးဟာလည္​း အ​ေတာ္​ တင္​းမာလာတာကို ​ေတြ႔ရမွာျဖစ္​တယ္​။

Sunday, September 2, 2018

လြတ္လပ္စြာေျပာဆိုေရးသားခြင့္ကို ေရွ႕တန္းက ခုခံကာကြယ္ေပးရမယ့္ သတင္းစာဆရာေတြဟာ ျမန္မာႏိုင္ငံမွာ သူတို႔ကိုယ္တိုင္ ဆတ္ဆတ္ထိမခံႏိုင္တဲ့ အင္မတန္ 'အေရပါး'သူက အမ်ားစုျဖစ္ေနတာကို ေတြ႕ရပါတယ္။ မယံုရင္ သူတို႔ရဲ႕ ဆိုရွယ္မီဒီယာစာမ်က္ႏွာမွာ သူတို႔ရဲ႕ႏိုင္ငံေရးယူဆခ်က္နဲ႔ ကြဲလြဲတဲ့ မွတ္ခ်က္မ်ိဳး ေရးၾကည့္ၾကပါ။ အသိမ္ေမြ႔ဆံုးနည္းလမ္းအရ ခ်က္ခ်င္း ဖ်က္ပစ္တာကအစ အၾကမ္းဆံုးနည္းလမ္းအျဖစ္ (လူခ်င္းသိသူေတြဆိုရင္) အခ်ိန္မေတာ္မွာ မက္ဆင္ဂ်ာကေန လွမ္းေခၚရန္လုပ္တာမ်ိဳးအထိ ၾကံဳေတြ႔ရဖို႔ရွိပါတယ္။

ပြင့္ပြင့္လင္းလင္းေဝဖန္ရရင္ #မီဒီယာဆရာေတြမွာ သိရွိဖို႔လိုအပ္တဲ့ သုတက ဟိုစပ္စပ္ ဒီစပ္စပ္ (something of everything) ဗဟုသုတျဖစ္ပါတယ္။ မိမိကိုယ္တိုင္ရဲ႕ ႏိုင္ငံေရးအာေဘာ္ဟာ မိမိျဖစ္ခ်င္တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ျဖစ္ႏိုင္သလို လူထုဆက္သြယ္ေရးယႏၱရားရဲ႕ ဝါဒျဖန္႔ေခြးသြားစိပ္လည္း ျဖစ္ေနႏိုင္တာကို သတိမူဖို႔ျဖစ္ပါတယ္။ အေနာက္ႏိုင္ငံမီဒီယာဟာ အမွန္စင္စစ္ ခ်ဳမ္းစကီး (Chomsky) ေျပာသလို သူတို႔ရဲ႕ ျပည္တြင္းျပည္ပ ႏိုင္ငံေရးစနစ္၊ ႏိုင္ငံတကာစနစ္အတြက္ လိုက္ေလ်ာခြင့္ျပဳခ်က္ကို ထုတ္ေပးရတဲ့ (manufacturing of consent) လုပ္ငန္းႀကီးျဖစ္ခဲ့တာ ၾကာပါၿပီ။ ျမန္မာ့မီဒီယာေလာကသားမ်ားအေနနဲ႔ ႏိုင္ငံေရးခံယူခ်က္နဲ႔ အသက္ေမြးဝမ္းေၾကာင္းရဲ႕ သေဘာသဘာဝကို ခြဲျခားရွဳျမင္ႏိုင္ဖို႔ လိုအပ္ပါတယ္။

တတ္သိပညာရွင္ေလာကမွာေတာင္ ဘာသာရပ္တစ္ခုထဲမွာ အထူးျပဳေလ့လာရတဲ့ နယ္ပယ္အသီးသီး ကြဲျပားပါေသးတယ္။ ဥပမာ၊ လူမႈသိပၸံခ်င္းတူေပမယ့္ ႏိုင္ငံေရးသိပၸံပညာရွင္ဟာ ေဘာဂေဗဒနဲ႔ပတ္သက္လာရင္ သိပ္နည္းစနစ္က်တဲ့ သံုးသပ္ခ်က္မ်ိဳးကိုေပးႏိုင္မွာ မဟုတ္ပါ။ ပညာရပ္တစ္ခုထဲမွာပဲ အေၾကာင္းအရာတစ္ခုထဲကို ခ်ဥ္းကပ္ေလ့လာပံု၊ နည္းစနစ္အမ်ိဳးမ်ိဳးရွိပါတယ္။ ဘယ္သူမွ အကုန္မသိႏိုင္ပါ။
အားလံုးကို ေစာင့္ၾကည့္ၿပီး ကိုယ္သိ ကိုယ္ထင္တာေတြ ေရးေနရလို႔ ကိုယ္သိ ကိုယ္ထင္တာကမွ အမွန္ဆိုတာ မဟုတ္ဘူး။ 'ကိုယ့္အမွန္'ကို 'အမ်ားအမွန္' ျဖစ္ေအာင္ သတင္းကို စနစ္တက် တည္ေဆာက္ တင္ဆက္ရင္ အဲဒါကို ဝါဒျဖန္႔တယ္ (spin) လို႔ ေခၚပါတယ္။ https://en.wikipedia.org/wiki/Spin_(propaganda)

 ႏိုင္ငံေရးသမား၊ စီးပြားေရးသမား၊ ၾသဇာအာဏာရွိသူေတြရဲ႕ အသံုးခ်ျခင္းကို ခံရတာပဲ။ အေနာက္တိုင္းမီဒီယာက ဒီအလုပ္ကို အလြန္သိမ္ေမြ႔တဲ့နည္းနဲ႔ လုပ္တာျဖစ္တဲ့အတြက္ ျမန္မာမီဒီယာမ်ားအတြက္ မျမင္သာမွာ စိုးရိမ္လို႔ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အာဂ်န္ဒါခ်မွတ္ေပးျခင္း (agenda-setting) ေလာက္ကိုပဲ ေဝဖန္ၿပီး တန္႔ေနပါတယ္။
သမၼတဦးသိန္းစိန္လက္ထက္မွာ မီဒီယာကို 'စတုတၳမ႑ိဳင္'ဆိုၿပီး တရားဝင္ေျမွာက္ပင့္ေပးလိုက္လို႔ တက္သြားတဲ့ ျမန္မာ့မီဒီယာရဲ႕ဘဝင္ဟာ အျမင့္ဘက္ကို ဆက္လက္ဦးတည္ေနပါတယ္။ ဝမ္းစာမျပည့္သူေတြမ်ားလာရင္ အသက္ေမြးဝမ္းေၾကာင္းရဲ႕ အရည္အေသြးက်ဆင္းလာပါမယ္။ မဆီမဆိုင္ မဆလေခတ္နဲ႔ စစ္အစိုးရေခတ္လယ္ေလာက္အထိ အႏုပညာရွင္ေတြေျပာခဲ့တဲ့ စကားမ်ိဳးေတြကို သတိရမိပါတယ္။ အဲဒီေခတ္က မင္းသား မင္းသမီးသစ္ေလးေတြ၊ အဆိုေတာ္သစ္ေလးေတြ တက္လာၿပီဆို နာမည္ႀကီးေအာင္ စာနယ္ဇင္းမိတ္ဆက္ပြဲေတြ လုပ္ၾကတယ္။ ၿပီးရင္ သူတို႔ေျပာေနက်စကားက စာနယ္ဇင္းေက်းဇူးေၾကာင့္ (အခုေခတ္ေတာ့ မီဒီယာေက်းဇူးေပါ့) အခုလို ေအာင္ျမင္လာတာပါ။ သတင္းစာဆရာေတြက ေက်းဇူးရွင္ေတြပါ၊ ေက်းဇူးမေမ့ပါဘူးစသျဖင့္ေပါ့။ အခုေခတ္လည္း စတုတၳမ႑ိဳင္ဆရာႀကီးမ်ားဟာ ႏိုင္ငံေရးသမားမ်ား၊ တတ္သိပညာရွင္မ်ား၊ ျပည္သူ၊ အစိုးရနဲ႔ ႏိုင္ငံေတာ္ရဲ႕ ေက်းဇူးရွင္မ်ားအျဖစ္ မိမိကိုယ္မိမ္ိ ထင္မွတ္ေနၾကသလားလို႔ တစ္ခါတစ္ရံ စဥ္းစားမိပါတယ္။

(Unicode)

လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ရှေ့တန်းက ခုခံကာကွယ်ပေးရမယ့် သတင်းစာဆရာတွေဟာ မြန်မာနိုင်ငံမှာ သူတို့ကိုယ်တိုင် ဆတ်ဆတ်ထိမခံနိုင်တဲ့ အင်မတန် 'အရေပါး'သူက အများစုဖြစ်နေတာကို တွေ့ရပါတယ်။ မယုံရင် သူတို့ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာမှာ သူတို့ရဲ့နိုင်ငံရေးယူဆချက်နဲ့ ကွဲလွဲတဲ့ မှတ်ချက်မျိုး ရေးကြည့်ကြပါ။ အသိမ်မွေ့ဆုံးနည်းလမ်းအရ ချက်ချင်း ဖျက်ပစ်တာကအစ အကြမ်းဆုံးနည်းလမ်းအဖြစ် (လူချင်းသိသူတွေဆိုရင်) အချိန်မတော်မှာ မက်ဆင်ဂျာကနေ လှမ်းခေါ်ရန်လုပ်တာမျိုးအထိ ကြုံတွေ့ရဖို့ရှိပါတယ်။

ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် #မီဒီယာဆရာတွေမှာ သိရှိဖို့လိုအပ်တဲ့ သုတက ဟိုစပ်စပ် ဒီစပ်စပ် (something of everything) ဗဟုသုတဖြစ်ပါတယ်။ မိမိကိုယ်တိုင်ရဲ့ နိုင်ငံရေးအာဘော်ဟာ မိမိဖြစ်ချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်နိုင်သလို လူထုဆက်သွယ်ရေးယန္တရားရဲ့ ဝါဒဖြန့်ခွေးသွားစိပ်လည်း ဖြစ်နေနိုင်တာကို သတိမူဖို့ဖြစ်ပါတယ်။ အနောက်နိုင်ငံမီဒီယာဟာ အမှန်စင်စစ် ချုမ်းစကီး (Chomsky) ပြောသလို သူတို့ရဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးစနစ်၊ နိုင်ငံတကာစနစ်အတွက် လိုက်လျောခွင့်ပြုချက်ကို ထုတ်ပေးရတဲ့ (manufacturing of consent) လုပ်ငန်းကြီးဖြစ်ခဲ့တာ ကြာပါပြီ။ မြန်မာ့မီဒီယာလောကသားများအနေနဲ့ နိုင်ငံရေးခံယူချက်နဲ့ အသက်မွေးဝမ်းကြောင်းရဲ့ သဘောသဘာဝကို ခွဲခြားရှုမြင်နိုင်ဖို့ လိုအပ်ပါတယ်။

တတ်သိပညာရှင်လောကမှာတောင် ဘာသာရပ်တစ်ခုထဲမှာ အထူးပြုလေ့လာရတဲ့ နယ်ပယ်အသီးသီး ကွဲပြားပါသေးတယ်။ ဥပမာ၊ လူမှုသိပ္ပံချင်းတူပေမယ့် နိုင်ငံရေးသိပ္ပံပညာရှင်ဟာ ဘောဂဗေဒနဲ့ပတ်သက်လာရင် သိပ်နည်းစနစ်ကျတဲ့ သုံးသပ်ချက်မျိုးကိုပေးနိုင်မှာ မဟုတ်ပါ။ ပညာရပ်တစ်ခုထဲမှာပဲ အကြောင်းအရာတစ်ခုထဲကို ချဉ်းကပ်လေ့လာပုံ၊ နည်းစနစ်အမျိုးမျိုးရှိပါတယ်။ ဘယ်သူမှ အကုန်မသိနိုင်ပါ။
အားလုံးကို စောင့်ကြည့်ပြီး ကိုယ်သိ ကိုယ်ထင်တာတွေ ရေးနေရလို့ ကိုယ်သိ ကိုယ်ထင်တာကမှ အမှန်ဆိုတာ မဟုတ်ဘူး။ 'ကိုယ့်အမှန်'ကို 'အများအမှန်' ဖြစ်အောင် သတင်းကို စနစ်တကျ တည်ဆောက် တင်ဆက်ရင် အဲဒါကို ဝါဒဖြန့်တယ် (spin) လို့ ခေါ်ပါတယ်။ https://en.wikipedia.org/wiki/Spin_(propaganda)

နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ သြဇာအာဏာရှိသူတွေရဲ့ အသုံးချခြင်းကို ခံရတာပဲ။ အနောက်တိုင်းမီဒီယာက ဒီအလုပ်ကို အလွန်သိမ်မွေ့တဲ့နည်းနဲ့ လုပ်တာဖြစ်တဲ့အတွက် မြန်မာမီဒီယာများအတွက် မမြင်သာမှာ စိုးရိမ်လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဂျန်ဒါချမှတ်ပေးခြင်း (agenda-setting) လောက်ကိုပဲ ဝေဖန်ပြီး တန့်နေပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်မှာ မီဒီယာကို 'စတုတ္ထမဏ္ဍိုင်'ဆိုပြီး တရားဝင်မြှောက်ပင့်ပေးလိုက်လို့ တက်သွားတဲ့ မြန်မာ့မီဒီယာရဲ့ဘဝင်ဟာ အမြင့်ဘက်ကို ဆက်လက်ဦးတည်နေပါတယ်။ ဝမ်းစာမပြည့်သူတွေများလာရင် အသက်မွေးဝမ်းကြောင်းရဲ့ အရည်အသွေးကျဆင်းလာပါမယ်။ မဆီမဆိုင် မဆလခေတ်နဲ့ စစ်အစိုးရခေတ်လယ်လောက်အထိ အနုပညာရှင်တွေပြောခဲ့တဲ့ စကားမျိုးတွေကို သတိရမိပါတယ်။ အဲဒီခေတ်က မင်းသား မင်းသမီးသစ်လေးတွေ၊ အဆိုတော်သစ်လေးတွေ တက်လာပြီဆို နာမည်ကြီးအောင် စာနယ်ဇင်းမိတ်ဆက်ပွဲတွေ လုပ်ကြတယ်။ ပြီးရင် သူတို့ပြောနေကျစကားက စာနယ်ဇင်းကျေးဇူးကြောင့် (အခုခေတ်တော့ မီဒီယာကျေးဇူးပေါ့) အခုလို အောင်မြင်လာတာပါ။ သတင်းစာဆရာတွေက ကျေးဇူးရှင်တွေပါ၊ ကျေးဇူးမမေ့ပါဘူးစသဖြင့်ပေါ့။ အခုခေတ်လည်း စတုတ္ထမဏ္ဍိုင်ဆရာကြီးများဟာ နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ၊ ပြည်သူ၊ အစိုးရနဲ့ နိုင်ငံတော်ရဲ့ ကျေးဇူးရှင်များအဖြစ် မိမိကိုယ်မိမ်ိ ထင်မှတ်နေကြသလားလို့ တစ်ခါတစ်ရံ စဉ်းစားမိပါတယ်။

Friday, August 31, 2018

ရခိုင္အေရးကို ေျပလည္ဖို႔ဆိုရင္ ျမန္မာႏိုင္ငံမွာ ဗမာအပါအဝင္ လူမ်ိဳးစုအားလံုး ကိုင္စြဲထားၾကတဲ့ 'national races-truth regime' ကေန 'citizenship-truth regime' ကို ေျပာင္းလဲဖို႕လိုတယ္။ Truth regime (ဝါ) regime of truth (#အမွန္တရားနည္းစနစ္) ဆိုတာ ျပင္သစ္အေတြးအေခၚပညာရွင္ ဖူးကိုး (Foucault) က စတင္ အသံုးျပဳခဲ့တဲ့ အယူအဆျဖစ္တယ္။ Regime of truth ဆိုတာ အလြယ္ရွင္းျပရရင္ေတာ့ လူ႕အဖြဲ႕အစည္းတစ္ရပ္က အမွန္တရားဆိုၿပီး သတ္မွတ္၊ သံုးစြဲၿပီး ဆုေပး၊ ဒဏ္ေပးေနတဲ့ အျခင္းအရာေတြျဖစ္တယ္။



ျမန္မာႏိုင္ငံမွာ '#တိုင္းရင္းသား' အယူအဆကို ဗဟိုျပဳ ခ်ည္တိုင္ထားၿပီး အဲဒီ အမွန္တရားနည္းစနစ္ (regime of truth) ကို တည္ေဆာက္ထားတာျဖစ္တယ္။ ဒါေၾကာင့္ လက္ရွိ ျမန္မာျပည္သားေတြရဲ႕ စဥ္းစားပံုမွာ 'တိုင္းရင္းသား'ျဖစ္မႈဟာ '#ႏိုင္ငံသား'ျဖစ္မႈရဲ႕ အထက္ကို ေရာက္ေနတယ္။ ဘဂၤါလီ/ရုိဟင္ဂ်ာလို စနစ္ထဲ ဝင္လို႔မရတဲ့ အျပင္အုပ္စုေတြကလည္း ဒီ'တိုင္းရင္းသား'စနစ္ထဲကို အေရာက္ဝင္မွ 'ႏိုင္ငံသား'(ျဖတ္လမ္းနည္းနဲ႔) ျဖစ္ႏိုင္မယ္။ ႏိုင္ငံသားအခြင့္အေရးေတြကို ရႏိုင္မယ္လို႔ ထင္တယ္။ သူတို႔ကိုယ္သူတို႔ အုပ္စုလိုက္ႀကီး 'တိုင္းရင္းသား'ပါဆိုၿပီး အတင္းလုပ္ၾကတယ္။
အကယ္၍ ျမန္မာႏိုင္ငံရဲ႕ အမွန္တရားနည္းစနစ္ (regime of truth) ကို citizenship-truth regime (ႏိုင္ငံသားျဖစ္မႈကို ဗဟိုျပဳစဥ္းစားတဲ့နည္း) အျဖစ္ ေျပာင္းႏိုင္မယ္ဆိုရင္ေတာ့ တိုင္းရင္းသားျဖစ္ မျဖစ္ဆိုတဲ့အခ်က္ဟာ အေရးပါေတာ့မွာ မဟုတ္ဘူး။ ဘာလူမ်ိဳး၊ ဘယ္တိုင္းရင္းသားျဖစ္တယ္ဆိုတဲ့ အခ်က္အလက္ေတြေၾကာင့္လည္း အခြင့္အေရးရေတာ့မွာမဟုတ္ဘူး။ ျပည္ေထာင္စုတည္ေထာင္ရာမွာပါခဲ့တဲ့၊ လြတ္လပ္ေရးရဖို႔ ပင္လံုစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့တဲ့ လူမ်ိဳးႀကီးတစ္ခုခုုျဖစ္ခဲ့တယ္ဆိုလည္း အခြင့္ထူးရလာမွာ မဟုတ္ဘူး။ တရားဝင္အသိအမွတ္ျပဳထားတဲ့ တိုင္းရင္းသား (၁၃၅) မ်ိဳးထဲမွာပါတယ္ဆိုလည္း ဘာမွ ပိုထူးျခားမွာ မဟုတ္ဘူး။ Truth regime အရ 'ႏိုင္ငံသားျဖစ္မႈ'ဟာ 'တိုင္းရင္းသားျဖစ္မႈ'ရဲ႕အထက္ကို ေရာက္ရွိသြားတာေၾကာင့္ျဖစ္တယ္။ Citizenship-truth regime သာ ေပၚေပါက္လာခဲ့ရင္ ျမန္မာႏိုင္ငံ ယခုၾကံဳေတြ႕ေနရတဲ့ အမည္လကၡဏာနဲ႔ ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ေရး ျပႆနာ အေတာ္မ်ားမ်ားဟာ ေျပလည္သြားႏိုင္ပါတယ္။



လက္ရွိအေနအထားမွာေတာ့ ျမန္မာႏိုင္ငံဟာ တုိင္​းရင္​းသားလူမ်ိဳးအေပၚအေျခခံစဥ္းစားတဲ့ (သို႔မဟုတ္) ဗဟိုျပဳစဥ္းစားတဲ့ 'national races-truth regime' က အျမစ္တြယ္ေနတယ္။ ဖက္ဒရယ္စနစ္၊ မိမိၾကမၼာ မိမိဖန္တီးႏိုင္ခြင့္လိုခ်င္တယ္ဆိုတဲ့ ေတာင္းဆိုမႈေတြကလည္း အဲဒီ truth regime ကပဲ စီးဆင္းလာၿပီး အတြင္းလူ အျပင္လူခြဲျခားမႈေတြကလည္း ဒါေၾကာင့္ပဲ ေပၚေပါက္လာတယ္။ Truth regime ရဲ႕အျပင္ဘက္ေရာက္ေနတဲ့၊ တိုင္းရင္းသားအျဖစ္ အသိအမွတ္အျပဳမခံရေသးတဲ့ ဌာေနလူမ်ိဳးစုတခ်ိဳ႕ကလည္း အတြင္းကို ဝင္ခ်င္တယ္။ လူနည္းစု လူမ်ိဳးစုေဒသေတြမွာ မွီတင္းေနထိုင္တဲ့ (လူနည္းစုထဲက) လူနည္းစုေတြကလည္း လ်စ္လ်ဴရွဳျခင္း၊ အႏိုင္က်င့္ျခင္း ခံရမွာကို စိုးရိမ္ၾကတယ္။
ျမန္မာျပည္သူ ျပည္သား လူမ်ိဳးစုအားလံုးကေရာ citizenship-truth regime ကို ေျပာင္းမယ္ဆိုရင္ေတာင္ မိမိတို႔ရဲ႕လက္ရွိကိုင္စြဲထားတဲ့ "တိုင္​းရင္​းသား" truth regime ကို စြန္႔လႊတ္လိုက္ဖို႔ အဆင္သင့္ျဖစ္ၾကရဲ႕လား။

(Unicode)

ရခိုင်အရေးကို ပြေလည်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ ဗမာအပါအဝင် လူမျိုးစုအားလုံး ကိုင်စွဲထားကြတဲ့ 'national races-truth regime' ကနေ 'citizenship-truth regime' ကို ပြောင်းလဲဖို့လိုတယ်။ Truth regime (ဝါ) regime of truth (#အမှန်တရားနည်းစနစ်) ဆိုတာ ပြင်သစ်အတွေးအခေါ်ပညာရှင် ဖူးကိုး (Foucault) က စတင် အသုံးပြုခဲ့တဲ့ အယူအဆဖြစ်တယ်။ Regime of truth ဆိုတာ အလွယ်ရှင်းပြရရင်တော့ လူ့အဖွဲ့အစည်းတစ်ရပ်က အမှန်တရားဆိုပြီး သတ်မှတ်၊ သုံးစွဲပြီး ဆုပေး၊ ဒဏ်ပေးနေတဲ့ အခြင်းအရာတွေဖြစ်တယ်။
မြန်မာနိုင်ငံမှာ '#တိုင်းရင်းသား' အယူအဆကို ဗဟိုပြု ချည်တိုင်ထားပြီး အဲဒီ အမှန်တရားနည်းစနစ် (regime of truth) ကို တည်ဆောက်ထားတာဖြစ်တယ်။ ဒါကြောင့် လက်ရှိ မြန်မာပြည်သားတွေရဲ့ စဉ်းစားပုံမှာ 'တိုင်းရင်းသား'ဖြစ်မှုဟာ '#နိုင်ငံသား'ဖြစ်မှုရဲ့ အထက်ကို ရောက်နေတယ်။ ဘင်္ဂါလီ/ရိုဟင်ဂျာလို စနစ်ထဲ ဝင်လို့မရတဲ့ အပြင်အုပ်စုတွေကလည်း ဒီ'တိုင်းရင်းသား'စနစ်ထဲကို အရောက်ဝင်မှ 'နိုင်ငံသား'(ဖြတ်လမ်းနည်းနဲ့) ဖြစ်နိုင်မယ်။ နိုင်ငံသားအခွင့်အရေးတွေကို ရနိုင်မယ်လို့ ထင်တယ်။ သူတို့ကိုယ်သူတို့ အုပ်စုလိုက်ကြီး တိုင်းရင်းသားပါဆိုပြီး အတင်းလုပ်ကြတယ်။
အကယ်၍ မြန်မာနိုင်ငံရဲ့ အမှန်တရားနည်းစနစ် (regime of truth) ကို citizenship-truth regime (နိုင်ငံသားဖြစ်မှုကို ဗဟိုပြုစဉ်းစားတဲ့နည်း) အဖြစ် ပြောင်းနိုင်မယ်ဆိုရင်တော့ တိုင်းရင်းသားဖြစ် မဖြစ်ဆိုတဲ့အချက်ဟာ အရေးပါတော့မှာ မဟုတ်ဘူး။ ဘာလူမျိုး၊ ဘယ်တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေကြောင့်လည်း အခွင့်အရေးရတော့မှာမဟုတ်ဘူး။ ပြည်ထောင်စုတည်ထောင်ရာမှာပါခဲ့တဲ့၊ လွတ်လပ်ရေးရဖို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ လူမျိုးကြီးတစ်ခုခုုဖြစ်ခဲ့တယ်ဆိုလည်း အခွင့်ထူးရလာမှာ မဟုတ်ဘူး။ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား (၁၃၅) မျိုးထဲမှာပါတယ်ဆိုလည်း ဘာမှ ပိုထူးခြားမှာ မဟုတ်ဘူး။ Truth regime အရ 'နိုင်ငံသားဖြစ်မှု'ဟာ 'တိုင်းရင်းသားဖြစ်မှု'ရဲ့အထက်ကို ရောက်ရှိသွားတာကြောင့်ဖြစ်တယ်။ Citizenship-truth regime သာ ပေါ်ပေါက်လာခဲ့ရင် မြန်မာနိုင်ငံ ယခုကြုံတွေ့နေရတဲ့ အမည်လက္ခဏာနဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ပြဿနာ အတော်များများဟာ ပြေလည်သွားနိုင်ပါတယ်။
လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံဟာ လူမျိုးအပေါ်အခြေခံစဉ်းစားတဲ့ (သို့မဟုတ်) ဗဟိုပြုစဉ်းစားတဲ့ 'national races-truth regime' က အမြစ်တွယ်နေတယ်။ ဖက်ဒရယ်စနစ်၊ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်လိုချင်တယ်ဆိုတဲ့ တောင်းဆိုမှုတွေကလည်း အဲဒီ truth regime ကပဲ စီးဆင်းလာပြီး အတွင်းလူ အပြင်လူခွဲခြားမှုတွေကလည်း ဒါကြောင့်ပဲ ပေါ်ပေါက်လာတယ်။ Truth regime ရဲ့အပြင်ဘက်ရောက်နေတဲ့၊ တိုင်းရင်းသားအဖြစ် အသိအမှတ်အပြုမခံရသေးတဲ့ ဌာနေလူမျိုးစုတချို့ကလည်း အတွင်းကို ဝင်ချင်တယ်။ လူနည်းစု လူမျိုးစုဒေသတွေမှာ မှီတင်းနေထိုင်တဲ့ (လူနည်းစုထဲက) လူနည်းစုတွေကလည်း လျစ်လျူရှုခြင်း၊ အနိုင်ကျင့်ခြင်း ခံရမှာကို စိုးရိမ်ကြတယ်။
မြန်မာပြည်သူ ပြည်သား လူမျိုးစုအားလုံးကရော citizenship-truth regime ကို ပြောင်းမယ်ဆိုရင်တောင် မိမိတို့ရဲ့လက်ရှိကိုင်စွဲထားတဲ့ truth regime ကို စွန့်လွှတ်လိုက်ဖို့ အဆင်သင့်ဖြစ်ကြရဲ့လား။

Thursday, August 23, 2018

တရုတ္စာေတာင္ တစ္လံုးမွ မဖတ္တတ္တဲ့လူက မင္မင္းဆက္က်မ္းကို ကိုးကားတယ္ဆိုေတာ့ ေတာ္ေတာ္ႀကီးတဲ့ ဂ်င္းလို႕ေျပာရမယ္။ ဒါကို တရုတ္ေစာင့္ၾကည့္ေရးဆိုၿပီး သတင္းယူေရးတဲ့မီဒီယာလည္း ဂ်င္းပဲ။ ႏြားကြဲရင္ က်ားဆြဲတယ္ဆိုတာ ျမန္မာစကားပံုမွာ ရွိၿပီးသား။ တရုတ္၊ အေမရိကန္၊ အဂၤလိပ္၊ ျမန္မာ အတူတူပဲ။ ဘယ္သူမွ ထူးၿပီး မဂၤလာ မရွိဘူး။ ကိုယ္ကိုယ္တိုင္က ေသြးခြဲသူ မျဖစ္ေစနဲ႔။
-------
တရုတ်စာတောင် တစ်လုံးမှ မဖတ်တတ်တဲ့လူက မင်မင်းဆက်ကျမ်းကို ကိုးကားတယ်ဆိုတော့ တော်တော်ကြီးတဲ့ ဂျင်းလို့ပြောရမယ်။ ဒါကို တရုတ်စောင့်ကြည့်ရေးဆိုပြီး သတင်းယူရေးတဲ့မီဒီယာလည်း ဂျင်းပဲ။ နွားကွဲရင် ကျားဆွဲတယ်ဆိုတာ မြန်မာစကားပုံမှာ ရှိပြီးသား။ တရုတ်၊ အမေရိကန်၊ အင်္ဂလိပ်၊ မြန်မာ အတူတူပဲ။ ဘယ်သူမှ ထူးပြီး မင်္ဂလာမရှိဘူး။ ကိုယ်ကိုယ်တိုင်က သွေးခွဲသူ မဖြစ်စေနဲ့။

Wednesday, August 22, 2018

​ေဖ့စ္​ဘြတ္​က ႐ု႐ွနဲ႔ အီရန္​လုပ္​ထားတဲ့ "သတင္​းမွား​ေပး" အ​ေကာင္​့​ေပါင္​း (၆၅၀) ​ေက်ာ္​ကို ျဖဳတ္​ခ်လိုက္​တယ္​လို႔ ​ေၾကညာတယ္​။ ျဖဳတ္​ခ်တဲ့အထဲမွာ အစၥ​ေရးဆန္​႔က်င္​​ေရး၊ ​ေဆာ္​ဒီဆန္​႔က်င္​​ေရး ​ေဖာ္​ျပတဲ႔ စာမ်က္​ႏွာ​ေတြနဲ႔ ပါလက္​စတိုင္​း​ကို ​ေထာက္​ခံတဲ့၊ အီရန္​ကို လိုလားတဲ့ စာမ်က္​ႏွာ​ေတြ အမ်ားႀကီးပါသြားတယ္​ဆို​ေတာ့ သူ႔ရဲ႕​ေနာက္​က ႏိုင္​ငံ​ေရးရည္​ရြယ္​ခ်က္​ကလည္​း ထင္​ရွားပါတယ္​။ အ​ေမရိကန္​မီဒီယာကုမၸဏီႀကီ​း​ေတြျဖစ္​တဲ့ ​ေဖ့စ္​ဘြတ္​၊ တြစ္​တာ၊ မိုက္​ခ႐ုိ​ေဆာ့ သံုးခုလံုးက အ​ေမရိကန္​အာဏာရအသိုင္​းအဝိုင္​း ​ေက်နပ္​​ေအာင္​ တစ္​ၿပိဳင္​တည္​း လုပ္​​ေပးလိုက္​တာပဲ။ 

အာဏာ႐ွင္​တ႐ုတ္​ႏိုင္​ငံမွာ မ်က္​ႏွာဖတ္​နည္​းပညာ၊ ဆို႐ွယ္​ခရက္​ဒစ္​စနစ္​​ေတြနဲ႔ လူထုကို ထိန္​းထား​တာ​ေတြ ​ေျပာမ​ေနနဲ႔ဦး။ လက္​ငင္​းမွာ အ​ေမရိကန္​ဟာ သူ႔ႏိုင္​ငံျပင္​ပက လူဦး​ေရအမ်ားစုႀကီးရဲ႕ သတင္​းအခ်က္​အလက္​နဲ႔ ဘဝ​ေတြအ​ေပၚ ထိန္​းခ်ဳပ္​ႏိုင္​စြမ္​း႐ွိ​ေနၿပီဆိုတာလည္​း သတိမူသင္​့တယ္​။ တကယ္​​ေတာ့ သိပၸံနဲ႔ နည္​းပညာဖြံ႔ၿဖိဳးတိုးတက္​လာတဲ့ ပံုစံကို ​ေလ့လာၾကည္​့ရင္​ ဒါဟာ အံ့ျသစရာ​ေတာ့ မဟုတ္​ဘူး။ နည္​းပညာတိုးတက္​မႈ အ​ေတာ္​မ်ားမ်ားဟာ လံုျခံဳ​ေရးနဲ႔ ကာကြယ္​​ေရးအတြက္​ သု​ေတသနလုပ္​ရင္​း အစျပဳခဲ့တာျဖစ္​တယ္​။ ဥပမာ၊ ​ေလ​ေအး​ေပးစနစ္​၊ အင္​တာနက္​။

---------------

 ဖေ့စ်​ဘွတ်​က ရုရှနဲ့ အီရန်​လုပ်​ထားတဲ့ "သတင်​းမှား​ပေး" အ​ကောင်​့​ပေါင်​း (၆၅၀) ​ကျော်​ကို ဖြုတ်​ချလိုက်​တယ်​လို့ ​ကြေညာတယ်​။ ဖြုတ်​ချတဲ့အထဲမှာ အစ္စ​ရေးဆန်​့ကျင်​​ရေး၊ ​ဆော်​ဒီဆန်​့ကျင်​​ရေး ​ဖော်​ပြတဲ့ စာမျက်​နှာ​တွေနဲ့ ပါလက်​စတိုင်​း​ကို ​ထောက်​ခံတဲ့၊ အီရန်​ကို လိုလားတဲ့ စာမျက်​နှာ​တွေ အများကြီးပါသွားတယ်​ဆို​တော့ သူ့ရဲ့​နောက်​က နိုင်​ငံ​ရေးရည်​ရွယ်​ချက်​ကလည်​း ထင်​ရှားပါတယ်​။ အ​မေရိကန်​မီဒီယာကုမ္ပဏီကြီ​း​တွေဖြစ်​တဲ့ ​ဖေ့စ်​ဘွတ်​၊ တွစ်​တာ၊ မိုက်​ခရို​ဆော့ သုံးခုလုံးက အ​မေရိကန်​အာဏာရအသိုင်​းအဝိုင်​း ​ကျေနပ်​​အောင်​ တစ်​ပြိုင်​တည်​း လုပ်​​ပေးလိုက်​တာပဲ။

အာဏာရှင်​တရုတ်​နိုင်​ငံမှာ မျက်​နှာဖတ်​နည်​းပညာ၊ ဆိုရှယ်​ခရက်​ဒစ်​စနစ်​​တွေနဲ့ လူထုကို ထိန်​းထား​တာ​တွေ ​ပြောမ​နေနဲ့ဦး။ လက်​ငင်​းမှာ အ​မေရိကန်​ဟာ သူ့နိုင်​ငံပြင်​ပက လူဦး​ရေအများစုကြီးရဲ့ သတင်​းအချက်​အလက်​နဲ့ ဘဝ​တွေအ​ပေါ် ထိန်​းချုပ်​နိုင်​စွမ်​းရှိ​နေပြီဆိုတာလည်​း သတိမူသင်​့တယ်​။ တကယ်​​တော့ သိပ္ပံနဲ့ နည်​းပညာဖွံ့ဖြိုးတိုးတက်​လာတဲ့ ပုံစံကို ​လေ့လာကြည်​့ရင်​ ဒါဟာ အံ့သြစရာ​တော့ မဟုတ်​ဘူး။ နည်​းပညာတိုးတက်​မှု အ​တော်​များများဟာ လုံခြုံ​ရေးနဲ့ ကာကွယ်​​ရေးအတွက်​ သု​တေသနလုပ်​ရင်​း အစပြုခဲ့တာဖြစ်​တယ်​။ ဥပမာ၊ ​လေ​အေး​ပေးစနစ်​၊ အင်​တာနက်​။

Tuesday, August 21, 2018

အင္အားႀကီးႏိုင္ငံေတြၾကားမွာ ႏိုင္ငံေရး၊ စစ္ေရး၊ ကုန္သြယ္ေရးယွဥ္ၿပိဳင္မႈေတြ ျပင္းထန္လာတာနဲ႕အမွ် စိတ္ဓာတ္စစ္ဆင္ေရးနဲ႕ ဝါဒျဖန္႔ခ်ီေရးေတြပါ အရွိန္ျမင့္လာတာေတြ႕ရတယ္။ အခုေနာက္ဆံုးျဖစ္စဥ္ကေတာ့ အေမရိကန္က ကြန္ဆာေဗးတစ္အဖြဲ႕တစ္ခုျဖစ္တဲ့ ဟတ္ဆင္အင္စတီက်ဳကို ရုရွဟက္ကာေတြက ထြင္းေဖာက္ဖို႔ ႀကိဳးစားတယ္ဆိုတဲ့ ကိစၥျဖစ္တယ္။ မိုက္ခရုိေဆာ့ဖ္က ဟတ္ဆင္အင္စတီက်ဳကို လွမ္းအေၾကာင္းၾကားတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသားလံုျခံဳေရးအၾကံေပး ဂၽြန္ ေဘာ္လ္တန္ကလည္း အေမရိကန္ေရြးေကာက္ပြဲေတြကို ဝင္ရွဳပ္ေနတာဟာ ရုရွတင္မက တရုတ္၊ ေျမာက္ကိုရီးယား၊ အီရန္စတဲ့ ႏိုင္ငံေတြပါ ပါတယ္လို႔ စြပ္စြဲပါတယ္။

ဒီေနရာမွာ ေျပာဖို႔ရွိလာတာက အာဏာရွင္ႏိုင္ငံက ေထာက္လွမ္းေရးလုပ္ငန္းမ်ားနဲ႕ပတ္သက္ၿပီး မ်ားမ်ားစားစား မသိရွိရေပမယ့္ အပြင့္ႏိုင္ငံျဖစ္တဲ့ အေမရိကန္ စီအိုင္ေအရဲ႕ စစ္​​ေအးကာလက လုပ္ရပ္ေတြကေတာ့ ၾကာၾကာမေစာင့္ရဘဲ ဆယ္စုႏွစ္အနည္းငယ္အတြင္း ျပန္လည္ေပၚေပါက္လာေလ့ရွိတယ္။ အေမရိကန္အမ်ားစုဟာ ေယဘုယ်အားျဖင့္ ပူးေပါင္းၾကံစည္မႈသီအိုရီေတြကို တစ္နည္းမဟုတ္ တစ္နည္း လက္ခံယံုၾကည္တတ္ၾကတယ္။ ဒါကလည္း အံ့ၾသစရာ မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တည္ေဆာက္ေပးထားတဲ့ သူတို႕ရဲ႕စနစ္ကိုယ္တိုင္က ေရွ႕ဖံုး ေနာက္ေပၚ စနစ္မ်ိဳး ျဖစ္ေနလို႔ပဲ။ စီအိုင္ေအဟာ ရုိးသားတဲ့ အႏုပညာဖန္တီးမႈကိုေတာင္ ဝါဒျဖန္႔ဖို႔ သံုးတတ္တယ္။

ဥပမာေပးရရင္ ရုရွစာေရးဆရာ ေဘာရစ္ ပတ္စတာနက္ရဲ႕ ေဒါက္တာဇီဗားဂိုးဝတၳဳဟာ ဆိုဗီယက္ျပည္ေထာင္စုမွာ ပံုႏွိပ္ခြင့္မရခဲ့ဘူး။ အီတလီမွာ ပံုႏွိပ္ထုတ္ေဝခဲ့ရတယ္။ ရုရွေတာ္လွန္ေရးကို ေဝဖန္ၿပီးေရးတဲ့စာမို႕ ဆိုဗီယက္အစိုးရက မႀကိဳက္ဘူး။ ပတ္စတာနက္လည္း စာေပႏိုဘယ္ဆုရေပမယ့္ ဆုကို လက္ခံမယူႏိုင္ခဲ့ဘူး။ ဒါေပမဲ့ စီအိုင္ေအက ေဒါက္တာဇီဗားဂိုးဝတၳဳကို ေထာင္နဲ႕ခ်ီ ရုိက္ႏိွပ္ၿပီး ဥေရာပကိုလာၿပီး ဆိုဗီယက္ကိုျပန္တဲ့ ရုရွခရီးသည္ေတြနဲ႕ ဆိုဗီယက္ျပည္ေထာင္စုထဲကို သြင္းယူျဖန္႔ခ်ိေပးခဲ့တယ္။ သူတို႔မၾကိဳက္တဲ့အစိုးရကို ထိုးႏွက္ဖို႕အတြက္ ေငြေၾကးအကုန္အက်ခံၿပီး စစ္ဆင္ေရးအသြင္ ေဆာင္ရြက္ခဲ့တဲ့ သိမ္ေမြ႕ဥပမာတစ္ခုပဲ ျဖစ္ပါတယ္။ ကာယကံရွင္စာေရးဆရာ ပက္စတာနက္ေတာင္ သိခ်င္မွ သိလိမ့္မယ္။ သိလဲ သေဘာတူခ်င္မွ တူလိမ့္မယ္။
အေမရိကန္မီဒီယာေတြက သူတို႔ႏိုင္ငံရဲ႕ ၿပိဳင္ဘက္ သို႕မဟုတ္ ရန္သူလို႔ သေဘာထားတဲ့ႏိုင္ငံေတြက သတင္းကို ေဖာ္ျပလာရင္ သတိထားဖတ္ရွဳဖို႔ လိုအပ္ပါတယ္။ ရုရွ နဲ႕ တရုတ္အေၾကာင္းဆိုရင္ အေမရိကန္သတင္းဌာနေတြအေနနဲ႕ မေကာင္းေျပာဖို႔၊ ေရးဖို႕က ရာခိုင္ႏႈန္း အေတာ္မ်ားပါတယ္။ အေမရိကန္တင္မဟုတ္၊ ဥေရာပႏိုင္ငံအမ်ားစုမွာလည္း ဒီသေဘာထားရွိတယ္။ အေၾကာင္းရင္းကေတာ့ သမိုင္းေၾကာင္းနဲ႕လည္း သက္ဆိုင္သလို၊ လံုျခံဳေရးအတြက္ အေမရိကန္ရဲ႕ ေနတိုးထီးရိပ္ေအာက္ ေနေနတာလည္းပါတယ္။

အမွီအခိုကင္းစြာ မရပ္တည္ႏိုင္ေသးတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားက မီဒီယာအဖြဲ႕အစည္းေတြအတြက္လည္း ဆင္ျခင္စရာအမ်ားႀကီးရွိပါတယ္။ အေမရိကန္ရဲ႕ သတင္းကုမၸဏီႀကီးေတြဟာ သူ႕အာေဘာ္နဲ႔သူ အခ်င္းခ်င္းတိုက္ရင္း ထိန္း​ေနၾကတာျဖစ္တယ္။ ႏိုင္ငံေရးေလာကမွာလည္း ပါတီႀကီးႏွစ္ခုက သူ႕လူနဲ႕သူ ေစာင့္ၾကည့္ၾက၊ အခ်င္းခ်င္းခ်ဳပ္ဖို႕ႀကိဳးစားၾကတာျဖစ္တယ္။ မီဒီယာဟာ ေစာင့္ၾကည့္သူအဆင့္ပဲျဖစ္တယ္။ ျမန္​မာျပည္​မွာလ္္​ို ကိုယ္​့ကိုယ္​ကိုယ္​ စတုတၳမ႑ိဳင္ဆိုျပီး အခ်ိန္​ျပည္​့ ဘဝင္ေလဟတ္ေနတာမ်ိဳး မရွိပါ။
ျမန္မာျပည္မွာကေတာ့ သတင္းမီဒီယာဟာ တစ္ခါတစ္ရံ မီဒီယာလြတ္လပ္ခြင့္ကို ေၾကြးေၾကာ္ၿပီး ျပည္ပသတင္းေလာကက လုပ္ငန္းစဥ္ေတြနဲ႕ ညိွႏိႈင္းလုပ္ေဆာင္မိတာ၊ ေရးေန ေဖာ္ျပေနတာေတြကို ေတြ႕ရတယ္။ အားလံုးကို မဆိုလိုေပမယ့္ တခ်ိဳ႕လုပ္ငန္းစဥ္ေတြဟာ မိမိတို႔ႏိုင္ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အက်ိဳးရွိတာမ်ိဳး ျဖစ္ခ်င္မွ ျဖစ္လိမ့္မယ္။ အေနမတတ္ရင္ သူ႕အပူက ကိုယ့္အပူျဖစ္မယ္။ သူ႕ရန္သူက ကိုယ့္ရန္သူျဖစ္တယ္။ အေမရိကန္ ပင္မမီဒီယာက အစိုးရကို ဝိုင္းတိုက္တာဟာ သမၼတထရမ့္အစိုးရရဲ႕ ထူးျခားခ်က္ျဖစ္တယ္။ ဒါေတာင္ ထရမ့္ ဘာလုပ္လုပ္ ခုခံကာကြယ္ေပးတဲ့ ေဖာက္စ္လို သတင္းဌာနေတြလည္း ရွိေသးတယ္။

လက္ရွိျမန္မာအစိုးရကို မီဒီယာေတြရဲ႕ ဆက္ဆံတဲ့ပံုက ေလးစားမႈ မရွိသလို အစိုးရဘက္ကလည္း မီဒီယာအေပၚ ျပန္လွန္ေလးစားမႈ သိပ္မရတာဟာ တကယ္ေတာ့ မထူးဆန္းလွပါ။ အစိုးရေလးစားတာမခံရခင္ ျမန္မာမီဒီယာေတြအေနနဲ႕ ျပည္သူရဲ႕ေလးစားမႈကို ရေအာင္ အရင္ႀကိဳးစားသင့္တယ္လို႕ ထင္ပါတယ္။

-------------

 အင်အားကြီးနိုင်ငံတွေကြားမှာ နိုင်ငံရေး၊ စစ်ရေး၊ ကုန်သွယ်ရေးယှဉ်ပြိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးတွေပါ အရှိန်မြင့်လာတာတွေ့ရတယ်။ အခုနောက်ဆုံးဖြစ်စဉ်ကတော့ အမေရိကန်က ကွန်ဆာဗေးတစ်အဖွဲ့တစ်ခုဖြစ်တဲ့ ဟတ်ဆင်အင်စတီကျုကို ရုရှဟက်ကာတွေက ထွင်းဖောက်ဖို့ ကြိုးစားတယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။ မိုက်ခရိုဆော့ဖ်က ဟတ်ဆင်အင်စတီကျုကို လှမ်းအကြောင်းကြားတယ်လို့ ဆိုပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘော်လ်တန်ကလည်း အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရှုပ်နေတာဟာ ရုရှတင်မက တရုတ်၊ မြောက်ကိုရီးယား၊ အီရန်စတဲ့ နိုင်ငံတွေပါ ပါတယ်လို့ စွပ်စွဲပါတယ်။

ဒီနေရာမှာ ပြောဖို့ရှိလာတာက အာဏာရှင်နိုင်ငံက ထောက်လှမ်းရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး များများစားစား မသိရှိရပေမယ့် အပွင့်နိုင်ငံဖြစ်တဲ့ အမေရိကန် စီအိုင်အေရဲ့ စစ်​​အေးကာလက လုပ်ရပ်တွေကတော့ ကြာကြာမစောင့်ရဘဲ ဆယ်စုနှစ်အနည်းငယ်အတွင်း ပြန်လည်ပေါ်ပေါက်လာလေ့ရှိတယ်။ အမေရိကန်အများစုဟာ ယေဘုယျအားဖြင့် ပူးပေါင်းကြံစည်မှုသီအိုရီတွေကို တစ်နည်းမဟုတ် တစ်နည်း လက်ခံယုံကြည်တတ်ကြတယ်။ ဒါကလည်း အံ့သြစရာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တည်ဆောက်ပေးထားတဲ့ သူတို့ရဲ့စနစ်ကိုယ်တိုင်က ရှေ့ဖုံး နောက်ပေါ် စနစ်မျိုး ဖြစ်နေလို့ပဲ။ စီအိုင်အေဟာ ရိုးသားတဲ့ အနုပညာဖန်တီးမှုကိုတောင် ဝါဒဖြန့်ဖို့ သုံးတတ်တယ်။

ဥပမာပေးရရင် ရုရှစာရေးဆရာ ဘောရစ် ပတ်စတာနက်ရဲ့ ဒေါက်တာဇီဗားဂိုးဝတ္ထုဟာ ဆိုဗီယက်ပြည်ထောင်စုမှာ ပုံနှိပ်ခွင့်မရခဲ့ဘူး။ အီတလီမှာ ပုံနှိပ်ထုတ်ဝေခဲ့ရတယ်။ ရုရှတော်လှန်ရေးကို ဝေဖန်ပြီးရေးတဲ့စာမို့ ဆိုဗီယက်အစိုးရက မကြိုက်ဘူး။ ပတ်စတာနက်လည်း စာပေနိုဘယ်ဆုရပေမယ့် ဆုကို လက်ခံမယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ စီအိုင်အေက ဒေါက်တာဇီဗားဂိုးဝတ္ထုကို ထောင်နဲ့ချီ ရိုက်နှိပ်ပြီး ဥရောပကိုလာပြီး ဆိုဗီယက်ကိုပြန်တဲ့ ရုရှခရီးသည်တွေနဲ့ ဆိုဗီယက်ပြည်ထောင်စုထဲကို သွင်းယူဖြန့်ချိပေးခဲ့တယ်။ သူတို့မကြိုက်တဲ့အစိုးရကို ထိုးနှက်ဖို့အတွက် ငွေကြေးအကုန်အကျခံပြီး စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့တဲ့ သိမ်မွေ့ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ ကာယကံရှင်စာရေးဆရာ ပက်စတာနက်တောင် သိချင်မှ သိလိမ့်မယ်။ သိလဲ သဘောတူချင်မှ တူလိမ့်မယ်။

အမေရိကန်မီဒီယာတွေက သူတို့နိုင်ငံရဲ့ ပြိုင်ဘက် သို့မဟုတ် ရန်သူလို့ သဘောထားတဲ့နိုင်ငံတွေက သတင်းကို ဖော်ပြလာရင် သတိထားဖတ်ရှုဖို့ လိုအပ်ပါတယ်။ ရုရှ နဲ့ တရုတ်အကြောင်းဆိုရင် အမေရိကန်သတင်းဌာနတွေအနေနဲ့ မကောင်းပြောဖို့၊ ရေးဖို့က ရာခိုင်နှုန်း အတော်များပါတယ်။ အမေရိကန်တင်မဟုတ်၊ ဥရောပနိုင်ငံအများစုမှာလည်း ဒီသဘောထားရှိတယ်။ အကြောင်းရင်းကတော့ သမိုင်းကြောင်းနဲ့လည်း သက်ဆိုင်သလို၊ လုံခြုံရေးအတွက် အမေရိကန်ရဲ့ နေတိုးထီးရိပ်အောက် နေနေတာလည်းပါတယ်။

အမှီအခိုကင်းစွာ မရပ်တည်နိုင်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက မီဒီယာအဖွဲ့အစည်းတွေအတွက်လည်း ဆင်ခြင်စရာအများကြီးရှိပါတယ်။ အမေရိကန်ရဲ့ သတင်းကုမ္ပဏီကြီးတွေဟာ သူ့အာဘော်နဲ့သူ အချင်းချင်းတိုက်ရင်း ထိန်း​နေကြတာဖြစ်တယ်။ နိုင်ငံရေးလောကမှာလည်း ပါတီကြီးနှစ်ခုက သူ့လူနဲ့သူ စောင့်ကြည့်ကြ၊ အချင်းချင်းချုပ်ဖို့ကြိုးစားကြတာဖြစ်တယ်။ မီဒီယာဟာ စောင့်ကြည့်သူအဆင့်ပဲဖြစ်တယ်။ မြန်​မာပြည်​မှာလ််​ို ကိုယ်​့ကိုယ်​ကိုယ်​ စတုတ္ထမဏ္ဍိုင်ဆိုပြီး အချိန်​ပြည်​့ ဘဝင်လေဟတ်နေတာမျိုး မရှိပါ။

မြန်မာပြည်မှာကတော့ သတင်းမီဒီယာဟာ တစ်ခါတစ်ရံ မီဒီယာလွတ်လပ်ခွင့်ကို ကြွေးကြော်ပြီး ပြည်ပသတင်းလောကက လုပ်ငန်းစဉ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်မိတာ၊ ရေးနေ ဖော်ပြနေတာတွေကို တွေ့ရတယ်။ အားလုံးကို မဆိုလိုပေမယ့် တချို့လုပ်ငန်းစဉ်တွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိတာမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အနေမတတ်ရင် သူ့အပူက ကိုယ့်အပူဖြစ်မယ်။ သူ့ရန်သူက ကိုယ့်ရန်သူဖြစ်တယ်။ အမေရိကန် ပင်မမီဒီယာက အစိုးရကို ဝိုင်းတိုက်တာဟာ သမ္မတထရမ့်အစိုးရရဲ့ ထူးခြားချက်ဖြစ်တယ်။ ဒါတောင် ထရမ့် ဘာလုပ်လုပ် ခုခံကာကွယ်ပေးတဲ့ ဖောက်စ်လို သတင်းဌာနတွေလည်း ရှိသေးတယ်။

လက်ရှိမြန်မာအစိုးရကို မီဒီယာတွေရဲ့ ဆက်ဆံတဲ့ပုံက လေးစားမှု မရှိသလို အစိုးရဘက်ကလည်း မီဒီယာအပေါ် ပြန်လှန်လေးစားမှု သိပ်မရတာဟာ တကယ်တော့ မထူးဆန်းလှပါ။ အစိုးရလေးစားတာမခံရခင် မြန်မာမီဒီယာတွေအနေနဲ့ ပြည်သူရဲ့လေးစားမှုကို ရအောင် အရင်ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

Thursday, July 12, 2018

မ်က္​​ေမွာက္​​ေခတ္​ တ႐ုတ္​-ျမန္​မာဆက္​ဆံ​ေရး / မျက်​​မှောက်​​ခေတ်​ တရုတ်​-မြန်​မာဆက်​ဆံ​ရေး

မ်က္​​ေမွာက္​​ေခတ္​ တ႐ုတ္​-ျမန္​မာဆက္​ဆံ​ေရးအ​ေၾကာင္​း ​ေလ့လာသံုးသပ္​ထားတဲ့ စာတမ္​းတစ္​​ေစာင္​မွာ တ႐ုတ္​ႏိုင္​ငံဟာ သူ႔ရဲ႕ ႏိုင္​ငံ​ေရး၊ စီးပြား​ေရး စီမံကိန္​း၊ အ​ေထာက္​အပံ​႔​ေတြနဲ႔ တ႐ုတ္​သြင္​ျပင္​လကၡဏာ​ေဆာင္​တဲ့ ျမန္​မာ့နည္​း ျမန္​မာ့ဟန္​ဒီမိုက​ေရစီ ျဖစ္​​ေအာင္​လုပ္​လိမ္​့မယ္​လို႔ ​ေကာက္​ခ်က္​ခ်ထားပါတယ္​။ အဲဒီ​ေကာက္​ခ်က္​ကို ကြၽန္​​ေတာ္​ သ​ေဘာမတူပါ။
​ေပက်င္​း၊ ႐ွန္​ဟိုင္​းနဲ႔ နီးစပ္​တဲ့ တ႐ုတ္​ပညာ႐ွင္​အသိုင္​းအဝိုင္​းကလည္​း ဒီအဆိုကို လက္​ခံမယ္​မထင္​ဘူး။ တ႐ုတ္​ဟာ သူ႔ရဲ႕ ႏိုင္​ငံ​ေရးစနစ္​ကို တင္​ပို႔တဲ့ႏိုင္​ငံမ်ိဳးမဟုတ္​ဘူး။ တ႐ုတ္​ပံုစံ ဖြံ႔ၿဖိဳးတိုးတက္​မႈနဲ႔ ႏိုင္​ငံ​ေရးစနစ္​အ​ေၾကာင္​းကို ဝါႂကြား​ေျပာဆိုမႈဟာ ၁) သူတို႔ရဲ႕ ျပည္​တြင္​းႏိုင္​ငံ​ေရး အယူဝါဒဆိုင္​ရာ တရားဝင္​မႈအတြက္​ အဓိက လုပ္​​ေဆာင္​တာျဖစ္​တယ္​။ ၂) အ​ေနာက္​ႏိုင္​ငံ​ေတြရဲ႕ ႏိုင္​ငံ​ေရး ျသဇာနဲ႔ စြက္​ဖက္​မႈကို လွမ္​းကာထားတာျဖစ္​တယ္​။ ၃) တ႐ုတ္​ႏိုင္​ငံရဲ႕ ကုန္​သြယ္​​ေရး၊ စီးပြား​ေရးအက်ိဳးစီးပြားအတြက္​ ႏိုင္​ငံတကာဆက္​ဆံ​ေရးမွာ အ​ေထာက္​အကူျဖစ္​​ေအာင္​ အရင္​း႐ွင္​နီယိုလစ္​ဘရယ္​ဝါဒကို ျပန္​အသံုးခ်​ေနတာသာ ျဖစ္​ပါတယ္​။ ဗီယက္​နမ္​လို အျပင္​ပန္​းမွာ တ႐ုတ္​နဲ႔ မသင္​့ျမတ္​တဲ့ႏိုင္​ငံက​ေတာင္​ တ႐ုတ္​ရဲ႕ ျပဳျပင္​​ေျပာင္​းလဲ​ေရးလုပ္​ငန္​း​ေတြကို တိတ္​တဆိတ္​ အတုယူ က်င္​့သံုး​ေနတယ္​ဆိုတာ ပညာ႐ွင္​​ေလာကမွာ ဝိဝါဒမကြဲ​ေလာက္​​ေအာင္​ ထင္​႐ွားပါတယ္​။
ျမန္​မာျပည္​က သု​ေတသီ​ေတြဟာ သိပ္​ထင္​႐ွားတဲ့ အရာ​ေတြကို မျမင္​ၾကတာပဲလား၊ တမင္​တကာ ထိန္​ခ်န္​ၾကတာပဲလားဆိုတာ တစ္​ခါတစ္​ရံ မကြဲျပားဘူး။ ျမန္​မာႏိုင္​ငံကို တကယ္​တမ္​း သူတို႔ရဲ႕ လစ္​ဘရယ္​သြင္​ျပင္​လကၡဏာအတိုင္​း ျဖစ္​လာ​ေအာင္​ အ​ေဝးက​ေနျပီး အတင္​းပံုသြင္​း​ဖို့ ႀကိဳးစား​ေနတာက အ​ေမရိကန္​၊ ၿဗိတိန္​ဦး​ေဆာင္​တဲ့ အ​ေနာက္​အုပ္​စုပဲ ျဖစ္​တယ္​။ တ႐ုတ္​ မဟုတ္​ဘူး။ ျမန္​မာအ​ေနနဲ႔လည္​း တ႐ုတ္​ကို ​ေၾကာက္​​ေန႐ုံ၊ သံသယ႐ွိ​ေန႐ုံ၊ မုန္​း​ေန႐ုံနဲ႔ အက်ိဳး​ေက်းဇူးျဖစ္​ထြန္​းစရာ အ​ေၾကာင္​းမ႐ွိပါ။ ျမန္​မာ​ေတြဟာ အယူဝါဒ​ေတြကို စိတ္​ဝင္​စား႐ုံတင္​မက စိတ္​ကူးယဥ္​ဆန္​တဲ့အထိ အစြဲသန္​တတ္​ၾကတယ္​။ သာလာယံဇရပ္​ နီယိုလစ္​ဘရယ္​ ျမန္​မာႏိုင္​ငံကို အိပ္​မက္​ႀကီးႀကီးမက္​​ေနၿပီး ကိုယ္​့နိုင္​ငံရဲ့ ပထဝီႏိုင္​ငံ​ေရး ပကတိတရား​ေတြကို လိမၼာပါးနပ္​စြာ အသံုးမခ်တတ္​ရင္​ သို႔မဟုတ္​ လ်စ္​လ်ဴ႐ႈထားရင္​​လည္​း တိုင္​းျပည္​ဟာ ဆက္​လက္​ၿပီး ​ေအာက္​တန္​း ​ေနာက္​တန္​းက်​ေနမွာပါပဲ။
(အ​ေသးအဖြဲအ​ေနနဲ႔ ​ေဝဖန္​ခ်င္​တာက​ေတာ့ စာတမ္​း​ေရးသူဟာ တ႐ုတ္​ဘာသာကို တတ္​ကြၽမ္​းတယ္​ဆို​ေပမယ္​့ ျမန္​မာျပန္​မွာ တ႐ုတ္​​ေဝါဟာရ​ေတြကို အသံမွန္​​ေအာင္​ ဖလွယ္​ခိုင္​းဟန္​မတူဘူး။ ဥပမာ 'ကြမ္​းယွိ'လို႔ ​ေျဖာင္​့​ေျဖာင္​့​ေရးလို႔ရတဲ့​ေနရာမွာ 'ကြန္​း႐ွိ'လို႔ အသံဖလွယ္​တာ၊ 'ခြန္​းမင္​' လို႔အသံဖလွယ္​လို႔ရတဲ့ၿမိဳ႕ကို 'ကူမင္​း'လို႔ပဲ ​ေရးတာမ်ိဳးပါ။ ​ေနာက္​တစ္​ခ်က္​က တ႐ုတ္​-ျမန္​မာဆက္​ဆံ​ေရးကို ​ေလ့လာခ်င္​ရင္​ ယြင္​နန္​(ယူနန္)ျ​ပည္​နယ္​ရဲ႕ ​ေျမာက္​ဘက္က ျပည္​နယ္​​ေတြအထိ သု​ေတသနနယ္​ပယ္​ ခ်ဲ့ထြင္​သင္​့တယ္​ဆိုတာပဲ။)

--------------------

 မျက်​​မှောက်​​ခေတ်​ တရုတ်​-မြန်​မာဆက်​ဆံ​ရေးအ​ကြောင်​း ​လေ့လာသုံးသပ်​ထားတဲ့ စာတမ်​းတစ်​​စောင်​မှာ တရုတ်​နိုင်​ငံဟာ သူ့ရဲ့ နိုင်​ငံ​ရေး၊ စီးပွား​ရေး စီမံကိန်​း၊ အ​ထောက်​အပံ​့​တွေနဲ့ တရုတ်​သွင်​ပြင်​လက္ခဏာ​ဆောင်​တဲ့ မြန်​မာ့နည်​း မြန်​မာ့ဟန်​ဒီမိုက​ရေစီ ဖြစ်​​အောင်​လုပ်​လိမ်​့မယ်​လို့ ​ကောက်​ချက်​ချထားပါတယ်​။ အဲဒီ​ကောက်​ချက်​ကို ကျွန်​​တော်​ သ​ဘောမတူပါ။

​ပေကျင်​း၊ ရှန်​ဟိုင်​းနဲ့ နီးစပ်​တဲ့ တရုတ်​ပညာရှင်​အသိုင်​းအဝိုင်​းကလည်​း ဒီအဆိုကို လက်​ခံမယ်​မထင်​ဘူး။ တရုတ်​ဟာ သူ့ရဲ့ နိုင်​ငံ​ရေးစနစ်​ကို တင်​ပို့တဲ့နိုင်​ငံမျိုးမဟုတ်​ဘူး။ တရုတ်​ပုံစံ ဖွံ့ဖြိုးတိုးတက်​မှုနဲ့ နိုင်​ငံ​ရေးစနစ်​အ​ကြောင်​းကို ဝါကြွား​ပြောဆိုမှုဟာ ၁) သူတို့ရဲ့ ပြည်​တွင်​းနိုင်​ငံ​ရေး အယူဝါဒဆိုင်​ရာ တရားဝင်​မှုအတွက်​ အဓိက လုပ်​​ဆောင်​တာဖြစ်​တယ်​။ ၂) အ​နောက်​နိုင်​ငံ​တွေရဲ့ နိုင်​ငံ​ရေး သြဇာနဲ့ စွက်​ဖက်​မှုကို လှမ်​းကာထားတာဖြစ်​တယ်​။ ၃) တရုတ်​နိုင်​ငံရဲ့ ကုန်​သွယ်​​ရေး၊ စီးပွား​ရေးအကျိုးစီးပွားအတွက်​ နိုင်​ငံတကာဆက်​ဆံ​ရေးမှာ အ​ထောက်​အကူဖြစ်​​အောင်​ အရင်​းရှင်​နီယိုလစ်​ဘရယ်​ဝါဒကို ပြန်​အသုံးချ​နေတာသာ ဖြစ်​ပါတယ်​။ ဗီယက်​နမ်​လို အပြင်​ပန်​းမှာ တရုတ်​နဲ့ မသင်​့မြတ်​တဲ့နိုင်​ငံက​တောင်​ တရုတ်​ရဲ့ ပြုပြင်​​ပြောင်​းလဲ​ရေးလုပ်​ငန်​း​တွေကို တိတ်​တဆိတ်​ အတုယူ ကျင်​့သုံး​နေတယ်​ဆိုတာ ပညာရှင်​​လောကမှာ ဝိဝါဒမကွဲ​လောက်​​အောင်​ ထင်​ရှားပါတယ်​။

မြန်​မာပြည်​က သု​တေသီ​တွေဟာ သိပ်​ထင်​ရှားတဲ့ အရာ​တွေကို မမြင်​ကြတာပဲလား၊ တမင်​တကာ ထိန်​ချန်​ကြတာပဲလားဆိုတာ တစ်​ခါတစ်​ရံ မကွဲပြားဘူး။ မြန်​မာနိုင်​ငံကို တကယ်​တမ်​း သူတို့ရဲ့ လစ်​ဘရယ်​သွင်​ပြင်​လက္ခဏာအတိုင်​း ဖြစ်​လာ​အောင်​ အ​ဝေးက​နေပြီး အတင်​းပုံသွင်​း​ဖို့ ကြိုးစား​နေတာက အ​မေရိကန်​၊ ဗြိတိန်​ဦး​ဆောင်​တဲ့ အ​နောက်​အုပ်​စုပဲ ဖြစ်​တယ်​။ တရုတ်​ မဟုတ်​ဘူး။ မြန်​မာအ​နေနဲ့လည်​း တရုတ်​ကို ​ကြောက်​​နေရုံ၊ သံသယရှိ​နေရုံ၊ မုန်​း​နေရုံနဲ့ အကျိုး​ကျေးဇူးဖြစ်​ထွန်​းစရာ အ​ကြောင်​းမရှိပါ။ မြန်​မာ​တွေဟာ အယူဝါဒ​တွေကို စိတ်​ဝင်​စားရုံတင်​မက စိတ်​ကူးယဉ်​ဆန်​တဲ့အထိ အစွဲသန်​တတ်​ကြတယ်​။ သာလာယံဇရပ်​ နီယိုလစ်​ဘရယ်​ မြန်​မာနိုင်​ငံကို အိပ်​မက်​ကြီးကြီးမက်​​နေပြီး ကိုယ်​့နိုင်​ငံရဲ့ ပထဝီနိုင်​ငံ​ရေး ပကတိတရား​တွေကို လိမ္မာပါးနပ်​စွာ အသုံးမချတတ်​ရင်​ သို့မဟုတ်​ လျစ်​လျူရှုထားရင်​​လည်​း တိုင်​းပြည်​ဟာ ဆက်​လက်​ပြီး ​အောက်​တန်​း ​နောက်​တန်​းကျ​နေမှာပါပဲ။

(အ​သေးအဖွဲအ​နေနဲ့ ​ဝေဖန်​ချင်​တာက​တော့ စာတမ်​း​ရေးသူဟာ တရုတ်​ဘာသာကို တတ်​ကျွမ်​းတယ်​ဆို​ပေမယ်​့ မြန်​မာပြန်​မှာ တရုတ်​​ဝေါဟာရ​တွေကို အသံမှန်​​အောင်​ ဖလှယ်​ခိုင်​းဟန်​မတူဘူး။ ဥပမာ 'ကွမ်​းယှိ'လို့ ​ဖြောင်​့​ဖြောင်​့​ရေးလို့ရတဲ့​နေရာမှာ 'ကွန်​းရှိ'လို့ အသံဖလှယ်​တာ၊ 'ခွန်​းမင်​' လို့အသံဖလှယ်​လို့ရတဲ့မြို့ကို 'ကူမင်​း'လို့ပဲ ​ရေးတာမျိုးပါ။ ​နောက်​တစ်​ချက်​က တရုတ်​-မြန်​မာဆက်​ဆံ​ရေးကို ​လေ့လာချင်​ရင်​ ယွင်​နန်​(ယူနန်)ြ​ပည်​နယ်​ရဲ့ ​မြောက်​ဘက်က ပြည်​နယ်​​တွေအထိ သု​တေသနနယ်​ပယ်​ ချဲ့ထွင်​သင်​့တယ်​ဆိုတာပဲ။)
 

ျမန္​မာပညာတတ္/ပညာ႐ွင္​ဆိုသူ​မ်ားရဲ႕ အားနည္​းခ်က္​​ / မြန်​မာပညာတတ်/ပညာရှင်​ဆိုသူ​များရဲ့ အားနည်​းချက်​​

ဒီဘက္​​ေခတ္မွာ ျမန္​မာပညာတတ္/ပညာ႐ွင္​ဆိုသူ​မ်ားရဲ႕ အားနည္​းခ်က္​​တစ္​ခုက သူတို႔​ေပးသမ်ွအၾကံ​ကို ႏိုင္​ငံ​ေရးသမား ဝါ ​ေပၚလစီခ်မွတ္​သူ​ေတြက လက္​သင္​့မခံရင္​၊ မလုပ္​ရင္​ကိုဘဲ တိုင္​းျပည္​ပ်က္​​ေတာ့မလို၊ အျပစ္​ႀကီးျဖစ္​သလို ​ေျပာၾက ​​ေရးျကတာျဖစ္​တယ္​။ ဒီမိုကရက္​တစ္​ႏိုင္​ငံ​ေတြမွာ​ေတာင္​ ပညာ႐ွင္​​ေတြဟာ ဒီအခြင္​့အ​ေရးမ်ိုး မရွိနိုင္​ပါ။ ကိစၥရပ္​တစ္​ခုကို တကၠသိုလ္​ပါ​ေမာကၡ အၾကံ​ေပး (၁၀) ​ေယာက္​ကို လိုက္​​ေမးရင္​ ထင္​ျမင္​ယူဆခ်က္​ (၁၀) ခု ထြက္​လာႏိုင္​ပါတယ္​။ တကၠသိုလ္​ဆရာနဲ႔ ပညာရပ္​အသိုင္​းအဝိုင္​းက သု​ေတသီရဲ႕အလုပ္​ဟာ သူ႔ကိုယ္​ပိုင္​သု​ေတသနနဲ႔ ပညာရပ္​ဆိုင္​ရာ အသိဥာဏ္​ဖြံ႔ၿဖိဳးတိုးတက္​မႈပါ။ တက္​ႂကြလႈံ့​ေဆာ္​မႈက ဝါသနာအ​ေလ်ာက္​ ဒုတိယအဆင္​့မွာသာ ႐ွိပါတယ္​။ ပညာ႐ွင္အ​ေတာ္​မ်ားမ်ားက​ မီဒီယာနဲ႔ မဆက္​ဆံပါ။ အင္​မတန္​အ​ေရးႀကီးတဲ့ ဆံုးျဖတ္​ခ်က္​မ်ား ခ်မွတ္​ရာမွာ ပါ​ေနရင္​​ေတာင္​ ခပ္​လ်ိဳလ်ိဳသာ ​ေန​ေလ့႐ွိပါတယ္​။ ႏိုင္​ငံ​ေရးဆံုးျဖတ္​ခ်က္ဟာ ႏိုင္​ငံ​ေရးသမားရဲ႕ အလုပ္​ျဖစ္​ပါတယ္​။ ျပည္​​ေတာ္​ျပန္​ ျမန္​မာပညာတတ္​​အမ်ားစုမွာ research နဲ႔ advocacy ​ေလဝမ္​း မကြဲပါ။ ျမန္​မာျပည္​ ပညာတတ္​​ေလာကဟာ အာဏာ႐ွင္​ႀကီးစိုးမႈကို ဖယ္​႐ွားႏိုင္​မယ္​့ Gramscian organic intellectuals ​ေတြလည္​း ျဖစ္​မလာဘဲ၊ သူတို႔ကိုယ္​တိုင္​က အယူဝါဒ (ideology) ခ်ည္​တိုင္​တစ္​ခုမွာ ခ်ည္​​ေႏွာင္​ခံ​ေနရၿပီး မိမိ​ေနရာနဲ့ အက်ိဳးစီးပြားကို စြဲလမ္​း​ေနတဲ့ elite class လူတန္​းစားတစ္​ရပ္​သာ ျဖစ္​လို႔လာပါတယ္​။

------------------

 ဒီဘက်​​ခေတ်မှာ မြန်​မာပညာတတ်/ပညာရှင်​ဆိုသူ​များရဲ့ အားနည်​းချက်​​တစ်​ခုက သူတို့​ပေးသမျှအကြံ​ကို နိုင်​ငံ​ရေးသမား ဝါ ​ပေါ်လစီချမှတ်​သူ​တွေက လက်​သင်​့မခံရင်​၊ မလုပ်​ရင်​ကိုဘဲ တိုင်​းပြည်​ပျက်​​တော့မလို၊ အပြစ်​ကြီးဖြစ်​သလို ​ပြောကြ ​​ရေးကြတာဖြစ်​တယ်​။ ဒီမိုကရက်​တစ်​နိုင်​ငံ​တွေမှာ​တောင်​ ပညာရှင်​​တွေဟာ ဒီအခွင်​့အ​ရေးမျိုး မရှိနိုင်​ပါ။ ကိစ္စရပ်​တစ်​ခုကို တက္ကသိုလ်​ပါ​မောက္ခ အကြံ​ပေး (၁၀) ​ယောက်​ကို လိုက်​​မေးရင်​ ထင်​မြင်​ယူဆချက်​ (၁၀) ခု ထွက်​လာနိုင်​ပါတယ်​။ တက္ကသိုလ်​ဆရာနဲ့ ပညာရပ်​အသိုင်​းအဝိုင်​းက သု​တေသီရဲ့အလုပ်​ဟာ သူ့ကိုယ်​ပိုင်​သု​တေသနနဲ့ ပညာရပ်​ဆိုင်​ရာ အသိဉာဏ်​ဖွံ့ဖြိုးတိုးတက်​မှုပါ။ တက်​ကြွလှုံ့​ဆော်​မှုက ဝါသနာအ​လျောက်​ ဒုတိယအဆင်​့မှာသာ ရှိပါတယ်​။ ပညာရှင်အ​တော်​များများက​ မီဒီယာနဲ့ မဆက်​ဆံပါ။ အင်​မတန်​အ​ရေးကြီးတဲ့ ဆုံးဖြတ်​ချက်​များ ချမှတ်​ရာမှာ ပါ​နေရင်​​တောင်​ ခပ်​လျိုလျိုသာ ​နေ​လေ့ရှိပါတယ်​။ နိုင်​ငံ​ရေးဆုံးဖြတ်​ချက်ဟာ နိုင်​ငံ​ရေးသမားရဲ့ အလုပ်​ဖြစ်​ပါတယ်​။ ပြည်​​တော်​ပြန်​ မြန်​မာပညာတတ်​​အများစုမှာ research နဲ့ advocacy ​လေဝမ်​း မကွဲပါ။ မြန်​မာပြည်​ ပညာတတ်​​လောကဟာ အာဏာရှင်​ကြီးစိုးမှုကို ဖယ်​ရှားနိုင်​မယ်​့ Gramscian organic intellectuals ​တွေလည်​း ဖြစ်​မလာဘဲ၊ သူတို့ကိုယ်​တိုင်​က အယူဝါဒ (ideology) ချည်​တိုင်​တစ်​ခုမှာ ချည်​​နှောင်​ခံ​နေရပြီး မိမိ​နေရာနဲ့ အကျိုးစီးပွားကို စွဲလမ်​း​နေတဲ့ elite class လူတန်​းစားတစ်​ရပ်​သာ ဖြစ်​လို့လာပါတယ်​။

Friday, May 25, 2018

ARSA ကို ဘယ္သူေမြးခဲ့သလဲ / ARSA ကို ဘယ်သူမွေးခဲ့သလဲ


ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒးဗစ္၊ မသီဆန္ (David Mathieson) ေရးတဲ့ 'ထူးဆန္းစြာ ကြယ္ေပ်ာက္သြားတဲ့ ARSA' အေၾကာင္း ေဆာင္းပါး (The Curious Disappearance of Myanmar's Rohingya Rebels) နဲ႕ မႏွစ္က ဘာေတး၊ လင့္တနာ (Bertil Lintner) ေရးခဲ့တဲ့ 'ARSA ေနာက္ကြယ္က ျဖစ္ရပ္မွန္' ေဆာင္းပါး (The Truth Behind Myanmar's Rohingya Insurgency) ႏွစ္ပုဒ္ကို ဖတ္ရွဳသံုးသပ္ၿပီး သုေတသန နည္းနည္းလုပ္ၾကည့္ရာကေန ဒီအဖြဲ႕နဲ႕ပတ္သက္လို႕ တျခားစိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြကိုပါ ေတြ႕လာမိတယ္။

(၁) ARSA အဖြဲ႕အစည္းရဲ႕ အမွတ္တံဆိပ္ (လိုဂို) မွာ အစၥလာမၼစ္ဆန္တာဆိုလို႔ မြတ္စလင္ႀကိဳက္ အစိမ္းေရာင္ သံုးထားတာ တစ္ခုပဲ ရွိတယ္။
(၂) သူ႕အရင္ရွိခဲ့တဲ့ RSO နဲ႔ အျခားဘဂၤါလီ/ရုိဟင္ဂ်ာအဖြဲ႕အစည္းမ်ားရဲ႕ လိုဂိုေတြမွာ သံုးစြဲေလ့ရွိတဲ့ လျခမ္း၊ ဓားေကာက္နဲ႕ အာရဗီစာမ်ား မပါရွိပါ။ (လက္နက္ေနရာမွာ AR-15 ေသနတ္ႏွစ္လက္ကို သံုးထားပါတယ္။)
(၃) Twitter မွာသံုးတဲ့ ARSA လိုဂိုမွာ ေက်ာက္ဆူးမပါေသာ္လည္း သတင္းထုတ္ျပန္ခ်က္ေတြအတြက္ စာေခါင္းစီးမွာ သံုးထားတဲ့ လိုဂိုမွာ ေက်ာက္ဆူး ပါပါတယ္။ (ေက်ာက္ဆူးဟာ ေရွးဦးခရစ္ယာန္ေတြ အသံုးျပဳခဲ့တဲ့ ခရစ္ယာန္ကိုယ္စားျပဳ လ်ိဳ႕ဝွက္သေကၤတတစ္ခု ျဖစ္ပါတယ္။) ဒါဟာ မူလ လိုဂိုဒီဇိုင္းဆြဲသူရဲ႕ သက္ဝင္ယံုၾကည္မႈကို ထင္ဟပ္တာျဖစ္ႏိုင္သလို ေျမပိုင္နက္ကိုသာမက ေရပိုင္နက္ကိုပါ ေတာင္းဆိုေဖာ္ညႊန္းလိုတာလည္း ျဖစ္ႏိုင္တယ္။ အစၥလာမ္မဆန္တဲ့ သေကၤတတစ္ခုကို လိုဂိုမွာ ေတြ႕ရတာ အေတာ္ထူးဆန္းပါတယ္။
(၄) ဘုရားခ်ီးမြမ္းတဲ့စာသားကိုေတာင္ အဂၤလိပ္လိုပဲ ေရးထည့္ပါတယ္။ ေရးထားတဲ့ အဂၤလိပ္စာကလည္း မြတ္ေနတာပဲ။
(၅) သူတို႕ပစ္မွတ္ထားတဲ့ ပရိသတ္ဟာ အဂၤလိပ္စာတတ္ပရိသတ္ျဖစ္ေၾကာင္း ထင္ရွားတယ္။ (NA-B အဖြဲ႕ေတြက သူတို႔သတင္းထုတ္ျပန္ခ်က္ေတြကို တရုတ္လိုပါ ထုတ္ျပန္တာနဲ႕ ႏိႈင္းယွဥ္ၾကည့္ပါ။)
(၆) Harakah al-Yaqin ဆိုတဲ့ မူလအမည္မွာ ဘာ ရခိုင္၊ ဘာ ရုိဟင္ဂ်ာ မွ မပါပါ။ al-Yaqin ကေန ARSA ကို အသြင္ယူတာဟာ franchise အေရာင္းအဝယ္ လုပ္ဟန္ေပါက္ပါတယ္။
(၇) အာရဗီမွာ Yaqin یقین ပုဒ္ဟာ ဘာသာေရးအဓိပၸာယ္ေဆာင္မႈ အားနည္းပါတယ္။ အိႏၵိယမွ ဆန္းစစ္သူမ်ား၊ မွဴးေဇာ္နဲ႕ Rick Heizman တို႕ရဲ႕ သံုးသပ္ခ်က္ေတြမွာ Harakah al-Yaqin ကို Movement of Certainty လို႔သာ ျပန္ဆိုထားတာကို ေတြ႕ရတယ္။ ဘာသာေရးဆန္တဲ့ ယံုၾကည္မႈကို Iman إيمان လို႕သံုးပါတယ္။ ဒါေပမဲ့ ARSA ကိုယ္တိုင္က အဂၤလိပ္လို Faith Movement ဆိုၿပီး (အဂၤလိပ္စာတတ္ပရိသတ္အတြက္) ဘာသာေရးလႈပ္ရွားမႈေယာင္ေယာင္ ဘာသာျပန္ေဖာ္ျပထားတာကို ေတြ႕ရတယ္။ ဘာသာျပန္သူဟာ အဂၤလိပ္စာကိုသာ ကၽြမ္းက်င္ၿပီး အာရဗီစာ ေသခ်ာမတတ္လို႔လည္း ျဖစ္ႏိုင္တယ္။ အဖြဲ႕ရဲ႕ အာရဗီနာမည္ဟာ မြတ္စလင္အလွဴရွင္ႏိုင္ငံေတြ ၾကားလိုက္ရုံနဲ႕ စိတ္အားတက္ၾကြလာမယ့္ နာမည္မ်ိဳးမဟုတ္ပါ။
(၈) Salvation ဆိုတဲ့ အဂၤလိပ္စကားလံုးဟာ မြတ္စလင္ေတြအၾကား ေရပန္းမစားပါ။ အစၥလာမၼစ္လက္နက္ကိုင္အဖြဲ႕ အမ်ားအျပားထဲမွာမွ ကယ္တင္ျခင္း လို႕အဓိပၸာယ္ရတဲ့ အဲဒီ အဂၤလိပ္ေဝါဟာရကို သံုးစြဲတာ အလြန္ဆံုး ႏွစ္ဖြဲ႕ သံုးဖြဲ႕ပဲ ရွိလိမ့္မယ္။ (Salvation ဟာ တကယ္ေတာ့ ခရစ္ယာန္ဆန္တဲ့ အသံုးအႏႈန္းျဖစ္ပါတယ္။)
(၉) ARSA ျဖန္႕ခ်ိတဲ့ ဓာတ္ပံု၊ ဗြီဒီယိုေတြမွာ ေသနတ္ေတြ ကိုင္ျပေပမယ့္ ရဲကင္းစခန္းေတြနဲ႕ ရြာသူရြာသားေတြကို တိုက္ခိုက္ရာမွာေတာ့ ဓား၊ ဂ်င္ဂလိ၊ မီးက်ိဳးေမာင္းပ်က္ တူမီးေသနတ္နဲ႕ လက္လုပ္ဗံုးေတြကိုပဲ သံုးတာေတြ႕ရတယ္။ ဒါေၾကာင့္ သူတို႔ကို ေမြးလိုက္သူေတြဟာ ေရရွည္ လက္နက္တပ္ဆင္ေပးဖို႕ထက္ လူသားခ်င္းစာနာမႈဆိုင္ရာ ျပႆနာေတြအပါအဝင္ ႏိုင္ငံေရးအက်ပ္အတည္းႀကီးတစ္ခုျဖစ္ပြားလာေအာင္ တစ္ပြဲထိုးေျမွာက္ပင့္ေပးဖို႕သာ ရည္ရြယ္ခ်က္ရွိဟန္တူတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ရဲကင္းစခန္းေတြကို ARSA က တိုက္ခိုက္ခဲ့တဲ့ ျဖစ္စဥ္ေနာက္ပိုင္း ျမန္မာ့အေရးေလ့လာသူ (အထူးသျဖင့္ ျမန္မာပရိသတ္အၾကား) ပူးေပါင္းၾကံစည္မႈ သီအိုရီႏွစ္ခု အဓိက ထြက္ေပၚခဲ့တယ္။ Amnesty International အစီအရင္ခံစာရဲ႕ ေနာက္ဆက္တြဲျဖစ္စဥ္ေတြကို ေလ့လာေစာင့္ၾကည့္ရင္ သီအိုရီႏွစ္ခုထဲက တစ္ခုကို တစ္စိတ္တစ္ပိုင္း အတည္ျပဳႏိုင္မွာျဖစ္တယ္။
http://www.atimes.com/…/truth-behind-myanmars-rohingya-ins…/
http://www.atimes.com/…/the-curious-disappearance-of-myanm…/
http://www.biz-logo.com/logo-symbol.php?symbol=7
Photo Credit: Wikipedia

-------

  ပြီးခဲ့တဲ့ရက်ပိုင်းက ဒေးဗစ်၊ မသီဆန် (David Mathieson) ရေးတဲ့ 'ထူးဆန်းစွာ ကွယ်ပျောက်သွားတဲ့ ARSA' အကြောင်း ဆောင်းပါး (The Curious Disappearance of Myanmar's Rohingya Rebels) နဲ့ မနှစ်က ဘာတေး၊ လင့်တနာ (Bertil Lintner) ရေးခဲ့တဲ့ 'ARSA နောက်ကွယ်က ဖြစ်ရပ်မှန်' ဆောင်းပါး (The Truth Behind Myanmar's Rohingya Insurgency) နှစ်ပုဒ်ကို ဖတ်ရှုသုံးသပ်ပြီး သုတေသန နည်းနည်းလုပ်ကြည့်ရာကနေ ဒီအဖွဲ့နဲ့ပတ်သက်လို့ တခြားစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကိုပါ တွေ့လာမိတယ်။

(၁) ARSA အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ် (လိုဂို) မှာ အစ္စလာမ္မစ်ဆန်တာဆိုလို့ မွတ်စလင်ကြိုက် အစိမ်းရောင် သုံးထားတာ တစ်ခုပဲ ရှိတယ်။

(၂) သူ့အရင်ရှိခဲ့တဲ့ RSO နဲ့ အခြားဘင်္ဂါလီ/ရိုဟင်ဂျာအဖွဲ့အစည်းများရဲ့ လိုဂိုတွေမှာ သုံးစွဲလေ့ရှိတဲ့ လခြမ်း၊ ဓားကောက်နဲ့ အာရဗီစာများ မပါရှိပါ။ (လက်နက်နေရာမှာ AR-15 သေနတ်နှစ်လက်ကို သုံးထားပါတယ်။)

(၃) Twitter မှာသုံးတဲ့ ARSA လိုဂိုမှာ ကျောက်ဆူးမပါသော်လည်း သတင်းထုတ်ပြန်ချက်တွေအတွက် စာခေါင်းစီးမှာ သုံးထားတဲ့ လိုဂိုမှာ ကျောက်ဆူး ပါပါတယ်။ (ကျောက်ဆူးဟာ ရှေးဦးခရစ်ယာန်တွေ အသုံးပြုခဲ့တဲ့ ခရစ်ယာန်ကိုယ်စားပြု လျို့ဝှက်သင်္ကေတတစ်ခု ဖြစ်ပါတယ်။) ဒါဟာ မူလ လိုဂိုဒီဇိုင်းဆွဲသူရဲ့ သက်ဝင်ယုံကြည်မှုကို ထင်ဟပ်တာဖြစ်နိုင်သလို မြေပိုင်နက်ကိုသာမက ရေပိုင်နက်ကိုပါ တောင်းဆိုဖော်ညွှန်းလိုတာလည်း ဖြစ်နိုင်တယ်။ အစ္စလာမ်မဆန်တဲ့ သင်္ကေတတစ်ခုကို လိုဂိုမှာ တွေ့ရတာ အတော်ထူးဆန်းပါတယ်။

(၄) ဘုရားချီးမွမ်းတဲ့စာသားကိုတောင် အင်္ဂလိပ်လိုပဲ ရေးထည့်ပါတယ်။ ရေးထားတဲ့ အင်္ဂလိပ်စာကလည်း မွတ်နေတာပဲ။

(၅) သူတို့ပစ်မှတ်ထားတဲ့ ပရိသတ်ဟာ အင်္ဂလိပ်စာတတ်ပရိသတ်ဖြစ်ကြောင်း ထင်ရှားတယ်။ (NA-B အဖွဲ့တွေက သူတို့သတင်းထုတ်ပြန်ချက်တွေကို တရုတ်လိုပါ ထုတ်ပြန်တာနဲ့ နှိုင်းယှဉ်ကြည့်ပါ။)

(၆) Harakah al-Yaqin ဆိုတဲ့ မူလအမည်မှာ ဘာ ရခိုင်၊ ဘာ ရိုဟင်ဂျာ မှ မပါပါ။ al-Yaqin ကနေ ARSA ကို အသွင်ယူတာဟာ franchise အရောင်းအဝယ် လုပ်ဟန်ပေါက်ပါတယ်။

(၇) အာရဗီမှာ Yaqin یقین ပုဒ်ဟာ ဘာသာရေးအဓိပ္ပာယ်ဆောင်မှု အားနည်းပါတယ်။ အိန္ဒိယမှ ဆန်းစစ်သူများ၊ မှူးဇော်နဲ့ Rick Heizman တို့ရဲ့ သုံးသပ်ချက်တွေမှာ Harakah al-Yaqin ကို Movement of Certainty လို့သာ ပြန်ဆိုထားတာကို တွေ့ရတယ်။ ဘာသာရေးဆန်တဲ့ ယုံကြည်မှုကို Iman إيمان လို့သုံးပါတယ်။ ဒါပေမဲ့ ARSA ကိုယ်တိုင်က အင်္ဂလိပ်လို Faith Movement ဆိုပြီး (အင်္ဂလိပ်စာတတ်ပရိသတ်အတွက်) ဘာသာရေးလှုပ်ရှားမှုယောင်ယောင် ဘာသာပြန်ဖော်ပြထားတာကို တွေ့ရတယ်။ ဘာသာပြန်သူဟာ အင်္ဂလိပ်စာကိုသာ ကျွမ်းကျင်ပြီး အာရဗီစာ သေချာမတတ်လို့လည်း ဖြစ်နိုင်တယ်။ အဖွဲ့ရဲ့ အာရဗီနာမည်ဟာ မွတ်စလင်အလှူရှင်နိုင်ငံတွေ ကြားလိုက်ရုံနဲ့ စိတ်အားတက်ကြွလာမယ့် နာမည်မျိုးမဟုတ်ပါ။

(၈) Salvation ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ မွတ်စလင်တွေအကြား ရေပန်းမစားပါ။ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့ အများအပြားထဲမှာမှ ကယ်တင်ခြင်း လို့အဓိပ္ပာယ်ရတဲ့ အဲဒီ အင်္ဂလိပ်ဝေါဟာရကို သုံးစွဲတာ အလွန်ဆုံး နှစ်ဖွဲ့ သုံးဖွဲ့ပဲ ရှိလိမ့်မယ်။ (Salvation ဟာ တကယ်တော့ ခရစ်ယာန်ဆန်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။)

(၉) ARSA ဖြန့်ချိတဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေမှာ သေနတ်တွေ ကိုင်ပြပေမယ့် ရဲကင်းစခန်းတွေနဲ့ ရွာသူရွာသားတွေကို တိုက်ခိုက်ရာမှာတော့ ဓား၊ ဂျင်ဂလိ၊ မီးကျိုးမောင်းပျက် တူမီးသေနတ်နဲ့ လက်လုပ်ဗုံးတွေကိုပဲ သုံးတာတွေ့ရတယ်။ ဒါကြောင့် သူတို့ကို မွေးလိုက်သူတွေဟာ ရေရှည် လက်နက်တပ်ဆင်ပေးဖို့ထက် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေအပါအဝင် နိုင်ငံရေးအကျပ်အတည်းကြီးတစ်ခုဖြစ်ပွားလာအောင် တစ်ပွဲထိုးမြှောက်ပင့်ပေးဖို့သာ ရည်ရွယ်ချက်ရှိဟန်တူတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ARSA က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း မြန်မာ့အရေးလေ့လာသူ (အထူးသဖြင့် မြန်မာပရိသတ်အကြား) ပူးပေါင်းကြံစည်မှု သီအိုရီနှစ်ခု အဓိက ထွက်ပေါ်ခဲ့တယ်။ Amnesty International အစီအရင်ခံစာရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်ရင် သီအိုရီနှစ်ခုထဲက တစ်ခုကို တစ်စိတ်တစ်ပိုင်း အတည်ပြုနိုင်မှာဖြစ်တယ်။

Photo Credit: Wikipedia


Saturday, May 19, 2018

ေသသည္၏အျခားမဲ့၌ / သေသည်၏အခြားမဲ့၌

စာေပဗိမာန္ဦးေအးေမာင္က သူေရးတဲ့ "ေသသည္၏အျခားမဲ့၌" စာအုပ္နိဂံုးမွာ ေသျခင္းတရားနဲ႕ပတ္သက္တဲ့ သူ႕ရဲ႕အျမင္ကို ေဖာ္ျပရာမွာ သူ႕အေနနဲ႕ ေသတဲ့အခါ ဘဝျပတ္စဲလိုတဲ့ ဆႏၵရွိေၾကာင္း၊ ဒါေၾကာင့္ ဘဝျပတ္ေစဖို႕ ဘဝသံေယာဇဥ္ကို တတ္ႏိုင္သမွ် ႀကိဳးစားပယ္ျဖတ္ေနတဲ့အတြက္ သူ႕အလိုဆႏၵအတိုင္း ျဖစ္လိမ့္မယ္ (ဘဝျပတ္လိမ့္မယ္)လို႕ ယံုၾကည္ေၾကာင္း ေရးခဲ့တယ္။ ဦးေအးေမာင္ရဲ႕ သိပၸံပညာ၊ တမလြန္နဲ႔ ပရေလာက သုေတသနေတြကို သေဘာက်ေပမယ့္ ဒီဘဝျပတ္စဲမႈအယူအဆ (သြယ္ဝိုက္အဆို) ကိုေတာ့ စဖတ္မိစဥ္ကတည္းက ဥေစၦဒဒိ႒ိစြန္းထဲ ျပန္ေရာက္သြားတယ္လို႕ထင္မိတယ္။ 


မၾကာေသးခင္က မိလိႏၵပဥွာ ကိုျပန္ဖတ္မိေတာ့ ေယာနိေသာ မနသိကာရနဲ႔ ဆက္စပ္ၿပီး မိလိႏၵမင္းႀကီးက ရွင္နာဂသိန္ကို ေမးခဲ့ဖူးတဲ့ ေမးခြန္းေတြကို သတိျပဳမိတယ္။ "ေယာနိေသာမနသိကာရ နဲ႕ မိမိစိတ္ကို စုစည္းသိမ္းယူၿပီး ပညာနဲ႕ ကိေလသာတို႕ကို ျဖတ္ရတယ္"ဆိုတဲ့ အရွင္နာဂေသနေပးတဲ့ မုေယာစပါးရိတ္လွီးပံု ဥပမာကိုလည္း အားရႏွစ္သက္မိတယ္။
ေသခါနီး စိတ္ထားတတ္ရုံ၊ ေလာဘ ေဒါသ မာန္မာနကင္းေအာင္ ေနလိုက္ရုံနဲ႕ ဘဝမဆက္ေတာ့ဘူးလို႔ ယူဆသူမ်ားအတြက္ စဥ္းစားဖြယ္လည္းျဖစ္တယ္။ ေရွ႔ဘဝ ေနာက္ဘဝ၊ သံသရာ၊ ေရစက္ ပ႒ာန္းဆက္ေတြကို သိပ္အမ်ားႀကီး စြဲလမ္းျပန္ရင္လည္း သႆတအစြန္းေရာက္မွာပဲျဖစ္တယ္။



စာပေဗိမာန်ဦးအေးမောင်က သူရေးတဲ့ "သေသည်၏အခြားမဲ့၌" စာအုပ်နိဂုံးမှာ သေခြင်းတရားနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို ဖော်ပြရာမှာ သူ့အနေနဲ့ သေတဲ့အခါ ဘဝပြတ်စဲလိုတဲ့ ဆန္ဒရှိကြောင်း၊ ဒါကြောင့် ဘဝပြတ်စေဖို့ ဘဝသံယောဇဉ်ကို တတ်နိုင်သမျှ ကြိုးစားပယ်ဖြတ်နေတဲ့အတွက် သူ့အလိုဆန္ဒအတိုင်း ဖြစ်လိမ့်မယ် (ဘဝပြတ်လိမ့်မယ်)လို့ ယုံကြည်ကြောင်း ရေးခဲ့တယ်။ ဦးအေးမောင်ရဲ့ သိပ္ပံပညာ၊ တမလွန်နဲ့ ပရလောက သုတေသနတွေကို သဘောကျပေမယ့် ဒီဘဝပြတ်စဲမှုအယူအဆ (သွယ်ဝိုက်အဆို) ကိုတော့ စဖတ်မိစဉ်ကတည်းက ဥစ္ဆေဒဒိဋ္ဌိစွန်းထဲ ပြန်ရောက်သွားတယ်လို့ထင်မိတယ်။

မကြာသေးခင်က မိလိန္ဒပဥှာ ကိုပြန်ဖတ်မိတော့ ယောနိသော မနသိကာရနဲ့ ဆက်စပ်ပြီး မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို မေးခဲ့ဖူးတဲ့ မေးခွန်းတွေကို သတိပြုမိတယ်။ "ယောနိသောမနသိကာရ နဲ့ မိမိစိတ်ကို စုစည်းသိမ်းယူပြီး ပညာနဲ့ ကိလေသာတို့ကို ဖြတ်ရတယ်"ဆိုတဲ့ အရှင်နာဂသေနပေးတဲ့ မုယောစပါးရိတ်လှီးပုံ ဥပမာကိုလည်း အားရနှစ်သက်မိတယ်။

သေခါနီး စိတ်ထားတတ်ရုံ၊ လောဘ ဒေါသ မာန်မာနကင်းအောင် နေလိုက်ရုံနဲ့ ဘဝမဆက်တော့ဘူးလို့ ယူဆသူများအတွက် စဉ်းစားဖွယ်လည်းဖြစ်တယ်။ ရှေ့ဘဝ နောက်ဘဝ၊ သံသရာ၊ ရေစက် ပဋ္ဌာန်းဆက်တွေကို သိပ်အများကြီး စွဲလမ်းပြန်ရင်လည်း သဿတအစွန်းရောက်မှာပဲဖြစ်တယ်။


“What, Nāgasena, is the characteristic mark of wise attention (yoniso manasi­kāro); and what that of wisdom (paññā)?”
“Taking hold is the mark of wise attention, cutting off is the mark of wisdom.”
“Give me an illustration.”
“How do barley reapers reap the barley?”
“They grasp the barley into a bunch with the left hand and, with a sickle in the right hand, they cut the barley.”
“Just so, O king, the recluse takes hold of his mind with wise attention and cuts of the defilements with wisdom.”
- King Milinda’s Questions, The Great Chapter: A Question on Concepts


 

Monday, March 12, 2018

Venerable W သတင္းရုပ္ရွင္ သုံးသပ္ခ်က္အက်ဥ္း / Venerable W သတင်းရုပ်ရှင် သုံးသပ်ချက်အကျဉ်း


ဦးဝီရသူအေၾကာင္း ဆိုးဆိုးရြားရြား ရုိက္ျပထားမယ္လို႔ထင္ေပမယ့္ တကယ္ ၾကည့္ၾကည့္တဲ့အခါ အေတာ္မွ်မွ်တတျဖစ္ေအာင္ ရုိက္ထားတာကို ေတြ႕ရတယ္။ ဇာတ္ေၾကာင္းတင္ဆက္ရာမွာ ႏိုင္ငံေရးရွဳေထာင့္ထက္ ဘာသာေရးရွဳေထာင့္က နည္းနည္း ပိုကဲေနတယ္လို႔ေတာင္ ေျပာရမယ္။ ဝီရသူကို လူသားဆန္ေအာင္ သရုပ္ေဖာ္ထားလို႔ ျမန္မာျပည္က လစ္ဘရယ္မ်ား ႀကိဳက္မယ္မထင္ဘူး။ ဦးဝီရသူကလဲ ဒီဇာတ္ကားမွာ ဘုန္းႀကီးပီသစြာ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ေျဖဆိုထားတာ ေတြ႔ရတယ္။ ရုပ္ရွင္ရဲ႕ ေရွ႕ဆံုးသံုးပံု တစ္ပံုေလာက္အထိ ဇာတ္ေၾကာင္းေျပာပံုဟာ ကိုေက်ာ္ေဇယ်ာထြန္းရဲ႕ "တစ္ကမာၻလံုးနဲ႔တစ္ေယာက္" စာအုပ္ရဲ႕ ေက်ာရုိးအတိုင္းပဲျဖစ္တယ္။ 

အဓိက ေနာက္ခံစကားေျပာသူအျဖစ္ မိန္းကေလးတစ္ေယာက္ရဲ႕ အသံကိုသံုးထားတယ္။ ဗုဒၶဘာသာ ျမန္မာမိန္းကေလးတစ္ေယာက္က ေျပာျပတဲ့ပံုစံမ်ိဳးပါ။ (ျမန္မာမိန္းကေလးေတာ့ မဟုတ္ပါ။) တခ်ိဳ႕ေနရာေတြမွာ ေယာက်ာ္းအသံကို ထည့္တယ္။ အထူးသျဖင့္ တရားဝင္ စာရြက္စာတမ္းနဲ႔ သတင္းထုတ္ျပန္ခ်က္ေတြကို ဖတ္ျပတဲ့ေနရာမ်ိဳးမွာလို႔ ထင္ပါတယ္။

ႏိုင္ငံေရးအျဖစ္ အသံုးခ်မႈ၊ အသံုးခ်ခံရမႈကို လံုးဝထိန္ခ်န္ခဲ့တာေတာ့ မဟုတ္ဘူး။ ဝီရသူေျပာသမွ်ကိိုုု ေခ်ပဖို႕ အေနာက္ႏိုင္ငံသားႏွစ္ေယာက္နဲ႔ ဘုန္းႀကီးႏွစ္ပါးကို ေမးထားတယ္။ ရုပ္ရွင္ၾကည့္ပရိသတ္ ဆက္စဥ္းစားၾကဖို႔ အစေတြ ဆြဲထုတ္ခဲ့ဖို႔မွ်သာ ဒါရုိက္တာက ရည္ရြယ္ဟန္တူတယ္။ ဒီထက္ တိုးၿပီး၊ ေလွ်ာ့ၿပီးေတာ့လဲ ႏိုင္ငံေရးကိစၥအျဖစ္ သရုပ္ေဖာ္ခ်င္ပံုမရဘူး။

ျမန္မာႏိုင္ငံက စာသင္သားသံဃာေတြရဲ႕ ဘဝ၊ ဘုန္းႀကီးေက်ာင္းနဲ႔ တရားပြဲေတြကို ရုိက္ျပတယ္။ ၉၀ ျပည့္လြန္ႏွစ္ေတြမွသည္ ဒီဘက္ေခတ္အထိ သတင္းမွတ္တမ္း အပိုင္းအျဖတ္ကေလးေတြ စုစည္းၿပီး ထည့္ထားတယ္။ ၁၉၇၈ ခုႏွစ္မွာ ဘဂၤါလီ/ရုိဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးၾကေတာ့ ျပင္သစ္တီဗီ TF1 က ရုိက္ထားတဲ့ သတင္းမွတ္တမ္းကို ရွားရွားပါးပါး ျပန္ၾကည့္ခြင့္ရတယ္။
ျခံဳငံုသံုးသပ္ရရင္ ျပင္သစ္ဆန္တဲ့ တင္ဆက္မႈမ်ိဳး သံုးထားတဲ့ သတင္းရုပ္ရွင္ကားတစ္ကား ျဖစ္တယ္။ ၾကည့္ေပ်ာ္ေပမယ့္ ပရိသတ္အေနနဲ႔ ၿပီးျပတ္အားရတဲ့ ခံစားခ်က္မ်ိဳး က်န္ရစ္ခဲ့မယ့္ ဇာတ္ကားမဟုတ္ဘူးလို႔ ယူဆပါတယ္။ ဘာသာေရးနဲ႕ ယဥ္ေက်းမႈသုေတသီေတြကေတာ့ ပိုသေဘာက် ႏွစ္သက္လိမ့္မယ္ထင္တယ္။

-------------------

 ဦးဝီရသူအကြောင်း ဆိုးဆိုးရွားရွား ရိုက်ပြထားမယ်လို့ထင်ပေမယ့် တကယ် ကြည့်ကြည့်တဲ့အခါ အတော်မျှမျှတတဖြစ်အောင် ရိုက်ထားတာကို တွေ့ရတယ်။ ဇာတ်ကြောင်းတင်ဆက်ရာမှာ နိုင်ငံရေးရှုထောင့်ထက် ဘာသာရေးရှုထောင့်က နည်းနည်း ပိုကဲနေတယ်လို့တောင် ပြောရမယ်။ ဝီရသူကို လူသားဆန်အောင် သရုပ်ဖော်ထားလို့ မြန်မာပြည်က လစ်ဘရယ်များ ကြိုက်မယ်မထင်ဘူး။ ဦးဝီရသူကလဲ ဒီဇာတ်ကားမှာ ဘုန်းကြီးပီသစွာ ချင့်ချင့်ချိန်ချိန် ဖြေဆိုထားတာ တွေ့ရတယ်။ ရုပ်ရှင်ရဲ့ ရှေ့ဆုံးသုံးပုံ တစ်ပုံလောက်အထိ ဇာတ်ကြောင်းပြောပုံဟာ ကိုကျော်ဇေယျာထွန်းရဲ့ "တစ်ကမ္ဘာလုံးနဲ့တစ်ယောက်" စာအုပ်ရဲ့ ကျောရိုးအတိုင်းပဲဖြစ်တယ်။


အဓိက နောက်ခံစကားပြောသူအဖြစ် မိန်းကလေးတစ်ယောက်ရဲ့ အသံကိုသုံးထားတယ်။ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက်က ပြောပြတဲ့ပုံစံမျိုးပါ။ (မြန်မာမိန်းကလေးတော့ မဟုတ်ပါ။) တချို့နေရာတွေမှာ ယောကျာ်းအသံကို ထည့်တယ်။ အထူးသဖြင့် တရားဝင် စာရွက်စာတမ်းနဲ့ သတင်းထုတ်ပြန်ချက်တွေကို ဖတ်ပြတဲ့နေရာမျိုးမှာလို့ ထင်ပါတယ်။


နိုင်ငံရေးအဖြစ် အသုံးချမှု၊ အသုံးချခံရမှုကို လုံးဝထိန်ချန်ခဲ့တာတော့ မဟုတ်ဘူး။ ဝီရသူပြောသမျှကိိုုု ချေပဖို့ အနောက်နိုင်ငံသားနှစ်ယောက်နဲ့ ဘုန်းကြီးနှစ်ပါးကို မေးထားတယ်။ ရုပ်ရှင်ကြည့်ပရိသတ် ဆက်စဉ်းစားကြဖို့ အစတွေ ဆွဲထုတ်ခဲ့ဖို့မျှသာ ဒါရိုက်တာက ရည်ရွယ်ဟန်တူတယ်။ ဒီထက် တိုးပြီး၊ လျှော့ပြီးတော့လဲ နိုင်ငံရေးကိစ္စအဖြစ် သရုပ်ဖော်ချင်ပုံမရဘူး။


မြန်မာနိုင်ငံက စာသင်သားသံဃာတွေရဲ့ ဘဝ၊ ဘုန်းကြီးကျောင်းနဲ့ တရားပွဲတွေကို ရိုက်ပြတယ်။ ၉၀ ပြည့်လွန်နှစ်တွေမှသည် ဒီဘက်ခေတ်အထိ သတင်းမှတ်တမ်း အပိုင်းအဖြတ်ကလေးတွေ စုစည်းပြီး ထည့်ထားတယ်။ ၁၉၇၈ ခုနှစ်မှာ ဘင်္ဂါလီ/ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတော့ ပြင်သစ်တီဗီ TF1 က ရိုက်ထားတဲ့ သတင်းမှတ်တမ်းကို ရှားရှားပါးပါး ပြန်ကြည့်ခွင့်ရတယ်။

ခြုံငုံသုံးသပ်ရရင် ပြင်သစ်ဆန်တဲ့ တင်ဆက်မှုမျိုး သုံးထားတဲ့ သတင်းရုပ်ရှင်ကားတစ်ကား ဖြစ်တယ်။ ကြည့်ပျော်ပေမယ့် ပရိသတ်အနေနဲ့ ပြီးပြတ်အားရတဲ့ ခံစားချက်မျိုး ကျန်ရစ်ခဲ့မယ့် ဇာတ်ကားမဟုတ်ဘူးလို့ ယူဆပါတယ်။ ဘာသာရေးနဲ့ ယဉ်ကျေးမှုသုတေသီတွေကတော့ ပိုသဘောကျ နှစ်သက်လိမ့်မယ်ထင်တယ်။
 

Thursday, March 8, 2018

The model of Ma Ha Na (State Sangha Maha Nayaka Committee) is state-centric and reliant on the government; its utility and effectiveness therefore vary no less in function of political authorities and regime type. Contrary to the popular misconception, Ma Ba Tha (Patriotic Association of Myanmar), comprising both sangha and laity, never claimed to be a rival structure to Ma Ha Na and is even deferential to it. Both organizations now seem to be losing control of bigots and nationalists, mainly the ones being driven by explicit political agendas. In fact, Ma Ba Tha at the state level ceased to present itself--at least officially--as Ma Ba Tha, but became the Buddha-Dhamma Parahita Foundation. Ma Ba Tha probably was not responsible for most recent nationalist agitations either. Ironically, the villainization of Ma Ba Tha by prevailing ignorance in media and some segments of society further complicates the situation. This has not only consolidated existing polarized stances, but also provides raison d'être for contending camps to perpetuate their respective positions. That said, I do not see the need for Ma Ba Tha to remain as a major player at the state level. It is imperative that the Burmese state carefully redefine its relations with both the Buddhist clergy and peoples by avoiding externally-imposed pressures.

Monday, March 5, 2018

You can normally expect two types of response from Burmese Buddhists when they are criticized for being who they are in relation to anti-Muslim violence. One is of denial: “This is not my Buddhism!” ('I-am-proud-of-nothing' attitude). Another is the desire to be recognized as a religion struggling to find its rightful place among majority populations in the modern state. Buddhists are not stupid to worship any bald man wearing saffron robes, and yet they certainly abhor Western disrespect and ignorance of their faith and self-perception. Those in the first category may be liberal darlings of tolerance (in the image of the West’s own) but it is the understanding of the second that matters for societal harmony.

Friday, February 23, 2018

Is there a single, monolithic Buddhist moral universe in Burma? And are all Burmese living and acting in it? Moral universe or moral universes?

The trouble with culturalist analyses of Burma is that they might end up with tons of reasons why the established order can't take necessary actions against religious-cultural agents and bigots--and by implication--why substantial intra-systemic reforms without external shocks is impossible or implausible.

It succumbs to cultural determinism which political scientists mostly try to avoid.

Friday, February 9, 2018

ေနာ္ေဝ ေတာ္လွန္ေရးျပတိုက္ / နော်ဝေ တော်လှန်ရေးပြတိုက်




ေနာ္ေဝႏိုင္ငံရဲ႕ ေတာ္လွန္ေရးျပတိုိက္ (Resistance Museum) ကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႕က သြားလည္ရင္း စဥ္းစားမိတဲ့ အခ်က္ ႏွစ္ခ်က္ေလာက္ရွိတယ္။ ျပတိုက္ရဲ႕ ေနာ္ေဝလို နာမည္က Hjemmefrontmuseet လို႔ေခၚတယ္။ တိုက္ရုိက္ဘာသာျပန္ရင္ေတာ့ Home front (ျပည္တြင္း စစ္မ်က္ႏွာ) လို႕အဓိပၸာယ္ရတယ္။ Resistance အတြက္ ေနာ္ေဝစကားလံုးက သတ္သတ္ရွိတယ္။ Motstand လို႔ သံုးတယ္။ ျပည္တြင္းစစ္မ်က္ႏွာလို႔ သံုးရတဲ့ အေၾကာင္းရင္းတစ္ခုက ဒုတိယကမာၻစစ္မွာ ဂ်ာမန္ေတြ ေနာ္ေဝကို ဝင္သိမ္းေတာ့ ေနာ္ေဝ ဘုရင္မိသားစုနဲ႔ အစိုးရက လန္ဒန္ကို ထြက္ေျပးရတယ္။ ေနာ္ေဝႏိုင္ငံထဲမွာက ဂ်ာမန္ေတြကို ေထာက္ခံတဲ့ ကီးစလင္း (Quisling) ရဲ႕ Nasjonal Samling လို႔ေခၚတဲ့ ေနာ္ေဝနာဇီပါတီကလဲ ရွိေနတယ္။ ဂ်ာမန္ေတြ မက်ဴးေက်ာ္မီက ေနာ္ေဝစစ္တပ္ဟာ စစ္အတြက္ ဘာမွ မျပင္ဆင္ထားသေလာက္ပဲ။ အင္အားလဲ မရွိဘူး။ ဒါေၾကာင့္ ေနာ္ေဝနာဇီပါတီကလြဲၿပီး ျပည္တြင္းမွာ က်န္ခဲ့တဲ့ တျခားပါတီေတြေရာ၊ အရပ္သား ေတာ္လွန္ေရးသမားေတြကပါ ဝိုင္းကူၿပီး တိုက္ေပးခဲ့ရတာျဖစ္တယ္။


ဒီျပတိုက္ကို အဓိက မတည္သူေတြက ဘုရင္စနစ္ကို ေထာက္ခံတဲ့ ေနာ္ေဝအမ်ိဳးသားေရးဝါဒီေတြျဖစ္လို႔ ဘုရင္ ျပည္ေတာ္ျပန္တဲ့အေၾကာင္းေတြ၊ ဘုရင္အတြက္ ျပည္သူေတြက စစ္တိုက္ၾကပံုေတြကို အသားေပး ျပသထားတယ္။ ျပခန္းဝင္ေပါက္အနီး ေမာ္ကြန္းရုပ္ရွင္ျပတဲ့ေနရာမွာ စစ္နဲ႕ ဆက္ႏြယ္ခဲ့တဲ့ ေနာ္ေဝ မင္းသံုးပါးရဲ႕ ပံုတူပန္းခ်ီကားသံုးခ်ပ္ကို ခ်ိတ္ဆြဲထားတယ္။ နာဇီဂ်ာမန္ေတြကို ေတာ္လွန္ရာမွာ တျခားႏိုင္ငံေတြမွာနည္းတူ ေနာ္ေဝကြန္ျမဴနစ္ပါတီ (Norges Kommunistiske Parti) ဟာလဲ အေရးပါတဲ့ အခန္းက ပါဝင္ခဲ့ေပမဲ့ ျပတိုက္မွာ သီးျခားေနရာေပး ေဖာ္ျပထားတာ မေတြ႔ရဘူး။ မၾကာေသးခင္ကမွ ကြန္ျမဴနစ္ေတြ လုပ္ခဲ့တဲ့ ေတာ္လွန္ေရး (resistance) အေၾကာင္း စာအုပ္သစ္တစ္အုပ္ထြက္လာတယ္လို႔ ဆိုတယ္။


ျမန္မာျပည္မွာ revolution နဲ႔ resistance ႏွစ္မ်ိဳးလံုးကို ေတာ္လွန္ေရးဆိုတဲ့ စကားတစ္လံုးထဲ သံုးေနတယ္။ (Culture နဲ႔ civilization ႏွစ္မ်ိဳးကိုလဲ ယဥ္ေက်းမႈ လို႔ပဲသံုးတယ္။ မဆလပါတီရဲ႕ စာေစာင္ေတြမွာေတာ့ culture ကို ပ်ိဳးေထာင္မႈဆိုၿပီး ထြင္ခဲ့ဖူးတယ္။) ဒါေၾကာင့္ မတ္လ (၂၇) ရက္ေန႔ကိုလဲ ေတာ္လွန္ေရးေန႔ ဝါ ဖက္ဆစ္ေတာ္လွန္ေရးေန႔ ဆိုၿပီး ႏိုင္ငံေရးအသိုင္းအဝိုင္းေတြက ျပန္လည္ ေျပာင္းလဲ ေခၚေဝၚခ်င္ၾကတယ္။ အဂၤလိပ္လိုေတာ့ Revolution Day သို႔မဟုတ္ Fascist Revolution Day လို႔ တခ်ိဳ႕က ဘာသာျပန္ၾကတယ္။ ဒါေပမဲ့ ဖက္ဆစ္ဂ်ပန္ကို ေတာ္လွန္တာဟာ အမွန္စင္စစ္ "ေတာ္"လွန္ေရး မဟုတ္ပါဘူး။ တြန္းလွန္တိုက္ခိုက္တဲ့ resistance သာျဖစ္တယ္။ ေတာ္လွန္ေရး (revolution) ဆိုတာက ေခတ္ေျပာင္း၊ စနစ္ေျပာင္းဖို႔အတြက္ အုပ္ခ်ဳပ္သူလူတန္းစားတစ္ရပ္ကို ၿဖိဳလွဲတိုက္ထုတ္ပစ္ရတဲ့ လႈပ္ရွားမႈျဖစ္စဥ္ပါ။ အဲဒီကေန ျဖန္႔က်က္ေတြးမယ္ဆိုရင္ ျမန္မာႏိုင္ငံမွာ အဖြဲ႔အစည္းတခ်ိဳ႕က revolution နဲ႔ revolutionary စာသားေတြကို ေဖာေဖာသီသီ ထည့္သံုးတာဟာ အဓိပၸာယ္ေလးသလိုလိုနဲ႔ ေပါ့ေစပါတယ္။ Resistance ဆိုတဲ့စကားလံုးကလဲ ဆီေလ်ာ္ေအာင္သံုးရင္ အင္အားပိုရွိသလို အဓိပၸာယ္အမ်ားႀကီး ျခံဳငံုမိႏိုင္ပါတယ္။


ေနာက္တစ္ခ်က္ ေျပာခ်င္တာက ေနာ္ေဝမွာ ေတာ္လွန္ေရးျပတိုက္နဲ႔ တပ္မေတာ္ျပတိုက္ကို ခြဲျပထားတာကိုလဲ သေဘာက်မိတယ္။ (ျပတိုက္ေတြကို စီမံခန္႔ခြဲတဲ့ အဖြဲ႕အစည္းတူေကာင္း တူႏိုင္ေပမယ့္ အနည္းဆံုး ျပတိုက္အေဆာက္အအံုေတြကေတာ့ သီးသန္႕စီျဖစ္ပါတယ္။) ျမန္မာႏိုင္ငံမွာ ဖက္ဆစ္ေတာ္လွန္ေရးကို တပ္မေတာ္စစ္သမိုင္းျပတိုက္ရဲ႕ ျပခန္းတစ္ခုအျဖစ္နဲ႔ပဲ ထည့္သြင္းထားတယ္လို႔ ထင္ပါတယ္။ ေတာ္လွန္ေရးျပတိုက္ (resistance museum) တစ္ရပ္ သီးျခားထားမယ္ဆိုလဲ သင့္ေတာ္လိမ့္မယ္။ တကယ္ေတာ့ resistance ကာလဟာ ျပည္သူ႕စစ္ရဲ႕ ျပယုဂ္အျဖစ္ တင္ျပဖို႔ အေကာင္းဆံုး သာဓကျဖစ္တယ္။ တစ္နည္းဆိုရရင္ ပဋိပကၡကာလ အရပ္ဘက္-စစ္ဘက္ဆက္ဆံေရး ပံုသ႑ာန္တစ္မ်ိဳးပါပဲ။ ရန္သူကလဲ ျပည္ပကလာတဲ့ ဘံုရန္သူျဖစ္တယ္။ မိမိတို႕အသီးသီးအသကရဲ႕ အယူဝါဒနဲ႕ လူမ်ိဳးေရးကြဲျပားမႈေတြကို ေဘးဖယ္ထားၿပီး ႏွစ္ဦးႏွစ္ဘက္ ေလ့လာသင္ယူဖို႕၊ အခ်င္းခ်င္း နားလည္မႈရေအာင္ ႀကိဳးပမ္းဖို႔ အခြင့္အေရးေတြ ရေစတဲ့ အေျခအေနျဖစ္တယ္။

----------------------

 ​နော်ဝေနိုင်ငံရဲ့ တော်လှန်ရေးပြတိုက် (Resistance Museum) ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားလည်ရင်း စဉ်းစားမိတဲ့ အချက် နှစ်ချက်လောက်ရှိတယ်။ ပြတိုက်ရဲ့ နော်ဝေလို နာမည်က Hjemmefrontmuseet လို့ခေါ်တယ်။ တိုက်ရိုက်ဘာသာပြန်ရင်တော့ Home front (ပြည်တွင်း စစ်မျက်နှာ) လို့အဓိပ္ပာယ်ရတယ်။ Resistance အတွက် နော်ဝေစကားလုံးက သတ်သတ်ရှိတယ်။ Motstand လို့ သုံးတယ်။ ပြည်တွင်းစစ်မျက်နှာလို့ သုံးရတဲ့ အကြောင်းရင်းတစ်ခုက ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ နော်ဝေကို ဝင်သိမ်းတော့ နော်ဝေ ဘုရင်မိသားစုနဲ့ အစိုးရက လန်ဒန်ကို ထွက်ပြေးရတယ်။ နော်ဝေနိုင်ငံထဲမှာက ဂျာမန်တွေကို ထောက်ခံတဲ့ ကီးစလင်း (Quisling) ရဲ့ Nasjonal Samling လို့ခေါ်တဲ့ နော်ဝေနာဇီပါတီကလဲ ရှိနေတယ်။ ဂျာမန်တွေ မကျူးကျော်မီက နော်ဝေစစ်တပ်ဟာ စစ်အတွက် ဘာမှ မပြင်ဆင်ထားသလောက်ပဲ။ အင်အားလဲ မရှိဘူး။ ဒါကြောင့် နော်ဝေနာဇီပါတီကလွဲပြီး ပြည်တွင်းမှာ ကျန်ခဲ့တဲ့ တခြားပါတီတွေရော၊ အရပ်သား တော်လှန်ရေးသမားတွေကပါ ဝိုင်းကူပြီး တိုက်ပေးခဲ့ရတာဖြစ်တယ်။


ဒီပြတိုက်ကို အဓိက မတည်သူတွေက ဘုရင်စနစ်ကို ထောက်ခံတဲ့ နော်ဝေအမျိုးသားရေးဝါဒီတွေဖြစ်လို့ ဘုရင် ပြည်တော်ပြန်တဲ့အကြောင်းတွေ၊ ဘုရင်အတွက် ပြည်သူတွေက စစ်တိုက်ကြပုံတွေကို အသားပေး ပြသထားတယ်။ ပြခန်းဝင်ပေါက်အနီး မော်ကွန်းရုပ်ရှင်ပြတဲ့နေရာမှာ စစ်နဲ့ ဆက်နွယ်ခဲ့တဲ့ နော်ဝေ မင်းသုံးပါးရဲ့ ပုံတူပန်းချီကားသုံးချပ်ကို ချိတ်ဆွဲထားတယ်။ နာဇီဂျာမန်တွေကို တော်လှန်ရာမှာ တခြားနိုင်ငံတွေမှာနည်းတူ နော်ဝေကွန်မြူနစ်ပါတီ (Norges Kommunistiske Parti) ဟာလဲ အရေးပါတဲ့ အခန်းက ပါဝင်ခဲ့ပေမဲ့ ပြတိုက်မှာ သီးခြားနေရာပေး ဖော်ပြထားတာ မတွေ့ရဘူး။ မကြာသေးခင်ကမှ ကွန်မြူနစ်တွေ လုပ်ခဲ့တဲ့ တော်လှန်ရေး (resistance) အကြောင်း စာအုပ်သစ်တစ်အုပ်ထွက်လာတယ်လို့ ဆိုတယ်။


မြန်မာပြည်မှာ revolution နဲ့ resistance နှစ်မျိုးလုံးကို တော်လှန်ရေးဆိုတဲ့ စကားတစ်လုံးထဲ သုံးနေတယ်။ (Culture နဲ့ civilization နှစ်မျိုးကိုလဲ ယဉ်ကျေးမှု လို့ပဲသုံးတယ်။ မဆလပါတီရဲ့ စာစောင်တွေမှာတော့ culture ကို ပျိုးထောင်မှုဆိုပြီး ထွင်ခဲ့ဖူးတယ်။) ဒါကြောင့် မတ်လ (၂၇) ရက်နေ့ကိုလဲ တော်လှန်ရေးနေ့ ဝါ ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းတွေက ပြန်လည် ပြောင်းလဲ ခေါ်ဝေါ်ချင်ကြတယ်။ အင်္ဂလိပ်လိုတော့ Revolution Day သို့မဟုတ် Fascist Revolution Day လို့ တချို့က ဘာသာပြန်ကြတယ်။ ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်တာဟာ အမှန်စင်စစ် "တော်"လှန်ရေး မဟုတ်ပါဘူး။ တွန်းလှန်တိုက်ခိုက်တဲ့ resistance သာဖြစ်တယ်။ တော်လှန်ရေး (revolution) ဆိုတာက ခေတ်ပြောင်း၊ စနစ်ပြောင်းဖို့အတွက် အုပ်ချုပ်သူလူတန်းစားတစ်ရပ်ကို ဖြိုလှဲတိုက်ထုတ်ပစ်ရတဲ့ လှုပ်ရှားမှုဖြစ်စဉ်ပါ။ အဲဒီကနေ ဖြန့်ကျက်တွေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အဖွဲ့အစည်းတချို့က revolution နဲ့ revolutionary စာသားတွေကို ဖောဖောသီသီ ထည့်သုံးတာဟာ အဓိပ္ပာယ်လေးသလိုလိုနဲ့ ပေါ့စေပါတယ်။ Resistance ဆိုတဲ့စကားလုံးကလဲ ဆီလျော်အောင်သုံးရင် အင်အားပိုရှိသလို အဓိပ္ပာယ်အများကြီး ခြုံငုံမိနိုင်ပါတယ်။


နောက်တစ်ချက် ပြောချင်တာက နော်ဝေမှာ တော်လှန်ရေးပြတိုက်နဲ့ တပ်မတော်ပြတိုက်ကို ခွဲပြထားတာကိုလဲ သဘောကျမိတယ်။ (ပြတိုက်တွေကို စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတူကောင်း တူနိုင်ပေမယ့် အနည်းဆုံး ပြတိုက်အဆောက်အအုံတွေကတော့ သီးသန့်စီဖြစ်ပါတယ်။) မြန်မာနိုင်ငံမှာ ဖက်ဆစ်တော်လှန်ရေးကို တပ်မတော်စစ်သမိုင်းပြတိုက်ရဲ့ ပြခန်းတစ်ခုအဖြစ်နဲ့ပဲ ထည့်သွင်းထားတယ်လို့ ထင်ပါတယ်။ တော်လှန်ရေးပြတိုက် (resistance museum) တစ်ရပ် သီးခြားထားမယ်ဆိုလဲ သင့်တော်လိမ့်မယ်။ တကယ်တော့ resistance ကာလဟာ ပြည်သူ့စစ်ရဲ့ ပြယုဂ်အဖြစ် တင်ပြဖို့ အကောင်းဆုံး သာဓကဖြစ်တယ်။ တစ်နည်းဆိုရရင် ပဋိပက္ခကာလ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပုံသဏ္ဍာန်တစ်မျိုးပါပဲ။ ရန်သူကလဲ ပြည်ပကလာတဲ့ ဘုံရန်သူဖြစ်တယ်။ မိမိတို့အသီးသီးအသကရဲ့ အယူဝါဒနဲ့ လူမျိုးရေးကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး နှစ်ဦးနှစ်ဘက် လေ့လာသင်ယူဖို့၊ အချင်းချင်း နားလည်မှုရအောင် ကြိုးပမ်းဖို့ အခွင့်အရေးတွေ ရစေတဲ့ အခြေအနေဖြစ်တယ်။

ေနာ္ေဝရဲ႕ စစ္သမိုင္းျပတိုက္ / နော်ဝေရဲ့ စစ်သမိုင်းပြတိုက်

ေနာ္ေဝရဲ႕ စစ္သမိုင္းျပတိုက္ (Forsvarmuseet) တည္ရွိတဲ့ အေဆာက္အဦးကေတာ့ ေနျပည္ေတာ္ တပ္မေတာ္စစ္သမိုင္းျပတိုက္ရဲ႕ ဆယ္ပံုတစ္ပံုေလာက္သာ အရြယ္အစားရွိပါတယ္။ ျပတိုက္မွာ အထပ္ႏွစ္ထပ္ရွိၿပီး ပထမထပ္ရဲ႕ ျပခန္းအမ်ားစုဟာ မၾကာမီကာလတုန္းကမွ ေနာ္ေဝစစ္တပ္ ပါဝင္ခဲ့တဲ့ ျပည္ပစစ္ဆင္ေရးေတြအေၾကာင္းနဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျပသထားတာျဖစ္တယ္။



ဒုတိယကမာၻစစ္အတြင္း ဂ်ာမနီရဲ႕ က်ဴးေက်ာ္ခံရဖူးတဲ့ အေတြ႕အၾကံဳေၾကာင့္ ေနာ္ေဝဟာ ခဲမွန္ဖူးတဲ့ စာသူငယ္ပမာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စစ္ေအးေခတ္ အေစာပိုင္းကတည္းက ေနတိုးစာခ်ဳပ္ဝင္ ႏိုင္ငံျဖစ္ခဲ့တယ္။ စစ္ေအးကာလတေလ်ာက္လံုးမွာလဲ စစ္မႈမထမ္းမေနရ ဥပေဒ ျပ႒ာန္းခဲ့တယ္။ တကယ္လို႔ အင္အားႀကီးႏိုင္ငံႏွစ္ခုအၾကား စစ္မက္ျဖစ္ပြားလာခဲ့ရင္ ေနာ္ေဝႏိုင္ငံဟာ ေနတိုးတပ္ေတြ စစ္ကူ ေရာက္မလာေသးခင္အထိ မိမိကိုယ္ကို ကာကြယ္ႏိုင္စြမ္းရွိရမယ္။ ကာကြယ္ဖို႔အတြက္ လိုအပ္သမွ် ရင္းျမစ္ေတြကိုလဲ ရယူ စုေဆာင္းထားႏိုင္ရမယ္ဆိုတဲ့ သေဘာတရားကို အေျခခံထားတဲ့ ကာကြယ္ေရးမူဝါဒပါ။ ေနာက္တစ္ခ်က္က ေနာ္ေဝဟာ ဆိုဗီယက္ျပည္ေထာင္စုနဲ႔ ၁၉၆ ကီလိုမီတာေလာက္ ရွည္လ်ားတဲ့ နယ္နိမိတ္ ရွိခဲ့တယ္။ ဒါေၾကာင့္ ဆိုဗီယက္ (အခု ရုရွ) ရဲ႕ သတင္း အခ်က္အလက္ေတြကို ေထာက္လွမ္းဖို႔နဲ႔ ေစာင့္ၾကည့္ဖို႕အတြက္လဲ ေနာ္ေဝႏိုင္ငံဟာ မဟာဗ်ဴဟာအရ အခ်က္အခ်ာက်တယ္။


အခုထိလဲ ရုရွဟာ ေနတိုးအဖြဲ႕ရဲ႕ အဓိက ၿခိမ္းေျခာက္မႈ (threat perception) အျဖစ္ သတ္မွတ္ရွဳျမင္ခံရတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ေနာ္ေဝလို ႏိုင္ငံကို ေျမာက္ဘက္စြန္းက နံေဘးသားႏိုင္ငံ (flank country) လို႔ေခၚတယ္။ ရုရွနဲ႕ကလဲ အေရွ႕ေျမာက္ဘက္မွာ နယ္စပ္ရွိတဲ့အခါက်ေတာ့ မသင့္ျမတ္ခဲ့ရင္ ရုရွက ဝင္ခ်လာၿပီး ကန္႕သတ္စစ္ပြဲဆင္၊ ျပန္မထြက္မွာကို ေနတိုးႏိုင္ငံေတြအေနနဲ႕ ပူပင္ၾက၊ တြက္ခ်က္ၾကတယ္။ (ဥေရာပလံုျခံဳေရးညီလာခံေတြကေတာ့ ရုရွအေၾကာင္းက ပဓာနပါပဲ။ အာရွအေၾကာင္းပါလာလဲ တရုတ္ပဲ။ တရုတ္ကလဲ ရုရွနဲ႔ ဆက္စပ္ၿပီးမွ တစ္ႏြယ္ငင္ တစ္စင္ပါၿပီး ေဆြးေႏြးၾကတာျဖစ္တယ္။ ဥေရာပႏိုင္ငံေတြက စစ္တိုက္ဖို႔ကို စိတ္မပါေတာ့ဘူး။ လံုျခံဳေရးနဲ႕ပတ္သက္ရင္ ပိုက္ဆံနည္းနည္းထည့္ၿပီး အေမရိကန္နဲ႔ မ်က္ႏွာလႊဲ၊ ေအးေအးပဲေနခ်င္တယ္ဆိုတာမ်ိဳးပါ။ ေတာင္နံေဘးသားႏိုင္ငံေတြ (southern flank) မွာေတာ့ ပိုစိုးရိမ္ေနၾကတာက ဒုကၡသည္ေတြ လွိမ့္ဝင္ေနတဲ့ ကိစၥပဲ။)


ေနာ္ေဝဟာ ကမာၻတဝန္း ၿငိမ္းခ်မ္းေရးပြဲစားလုပ္ေပးတဲ့ ႏိုင္ငံျဖစ္တဲ့နည္းတူ လံုျခံဳေရးနဲ႔ပတ္သက္လာရင္ အေမရိကန္ေနာက္လိုက္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံဆိုတာကိုလဲ မေမ့ၾကဖို ႔လိုပါတယ္။ သူ႕စစ္သမိုင္းျပတိုက္မွာလဲ အီရတ္၊ အာဖဂန္နစၥတန္၊ ယူဂိုစလားဗီးယားျပည္ေထာင္စုေဟာင္း ႏိုင္ငံေတြ၊ ကိုရီးယားစစ္ပြဲစသျဖင့္ ျပည္ပစစ္ဆင္ေရးေပါင္းစံုမွာ ေနာ္ေဝတပ္ေတြက ဘယ္လိုပါဝင္ကူညီေပးခဲ့တယ္ဆိုတာ ဂုဏ္ယူစြာ ျပသထားပါတယ္။




စကားမစပ္ အဂၤါေန႔ ညီလာခံကအျပန္ ဘတ္စ္ကားေပၚမွာ အၿငိမ္းစား ေနာ္ေဝေလတပ္ ဗိုလ္ခ်ဳပ္တစ္ဦးနဲ႕ ခံုေဘးခ်င္းကပ္ထိုင္မိတယ္။ သူက ျမန္မာ ေလတပ္ဦးစီးခ်ဳပ္ေဟာင္းတစ္ေယာက္နဲ႔ ၿဗိတိန္မွာ စစ္ေလယာဥ္ေမာင္းသင္တန္း အတူတူ တက္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ သူ႔မိတ္ေဆြေဟာင္းအေပၚမွာေရာ၊ ျမန္မာႏိုင္ငံနဲ႕ ေဒၚေအာင္ဆန္းစုၾကည္အေပၚမွာေရာ သူ႔ရဲ႕ သေဘာထားအျမင္က အေတာ္ေလးေကာင္းပါတယ္။ ေဒၚစုကိုလဲ ငယ္ငယ္က သိပ္လွတယ္။ အခုေတာ့ အသက္နည္းနည္းႀကီးသြားၿပီလို႕ေျပာတယ္။ ျမန္မာမိတ္ေဆြကိုလဲ သူတို႕သင္တန္းတုန္းက သိပ္အေတာ္ သိပ္အညံ့မဟုတ္တဲ့ အလယ္အလတ္တန္းက ေအာင္တာကို မွတ္မိေနတယ္။ အာရပ္ႏိုင္ငံတစ္ႏိုင္ငံကအရာရွိက စာတမ္းကို ကိုယ္တိုင္မေရးဘဲ အျပင္ကတစ္ေယာက္ကို ပိုက္ဆံေပးေရးခိုင္းသတဲ့။ ဆရာက ရိပ္မိသြားလို႔ ေခၚေျပာေတာ့ ငါပိုက္ဆံေပးေရးခိုင္းလို႔ ျပန္ရတဲ့ဟာ ငါ့ဟာျဖစ္ၿပီေပါ့လို႔ ျပန္ေျဖသတဲ့။ အဲဒီအရာရွိ သင္တန္းဆင္းလက္မွတ္ ရသြားသလားေတာ့ မေမးျဖစ္လိုက္ပါဘူး။


ပိုၿပီး စိတ္ဝင္စားဖို႕ေကာင္းတာက အဲဒီ ေနာ္ေဝ အၿငိမ္းစားဗိုလ္ခ်ဳပ္ အခုလုပ္ေနတဲ့ အလုပ္ပဲ။ သူက ကာကြယ္ေရး၊ လံုျခံဳေရးနဲ႕ပတ္သက္တဲ့ ကိစၥေတြကို သာမန္ျပည္သူေတြ နားလည္သိရွိရေအာင္ ပညာေပး ေဟာေျပာေပးရတဲ့ အဖြဲ႕တစ္ခုမွာ လုပ္ေနတယ္။ သူတို႔အဖြဲ႕လုပ္တာက မူဝါဒေရးရာ ထင္ျမင္ယူဆခ်က္ ေပးတာမဟုတ္ဘူး။ ျဖစ္ခ်င္တဲ့ မူဝါဒတစ္ရပ္အတြက္လဲ စည္းရုံးလႈံ႕ေဆာ္တာမဟုတ္ဘူး။ အစိုးရနဲ႕ လႊတ္ေတာ္တြင္း ေျပာဆိုေဆြးေႏြးေနတဲ့ လံုျခံဳေရး၊ ကာကြယ္ေရးနဲ႔ မဟာဗ်ဴဟာေရးဆိုင္ရာ အေၾကာင္းျခင္းရာေတြကိုပဲ ျပည္သူေတြ နားလည္သေဘာေပါက္ေအာင္ ရွင္းျပတာလို႔ ဆိုပါတယ္။


(SSR/DDR ကို ၾကားဖူးနားဝ ရွိရုံေလာက္နဲ႔ အရပ္တကာလွည့္ ဆရာလုပ္လ်က္ရွိေသာ ျမန္မာျပည္က တခ်ိဳ႕တတ္ေယာင္ကားေလးမ်ားနဲ႕ေတာ့ ကြာပါ့ဗ်ား။)

-------------

 နော်ဝေရဲ့ စစ်သမိုင်းပြတိုက် (Forsvarmuseet) တည်ရှိတဲ့ အဆောက်အဦးကတော့ နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်ရဲ့ ဆယ်ပုံတစ်ပုံလောက်သာ အရွယ်အစားရှိပါတယ်။ ပြတိုက်မှာ အထပ်နှစ်ထပ်ရှိပြီး ပထမထပ်ရဲ့ ပြခန်းအများစုဟာ မကြာမီကာလတုန်းကမှ နော်ဝေစစ်တပ် ပါဝင်ခဲ့တဲ့ ပြည်ပစစ်ဆင်ရေးတွေအကြောင်းနဲ့ လုပ်ဆောင်ချက်တွေကို ပြသထားတာဖြစ်တယ်။



ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီရဲ့ ကျူးကျော်ခံရဖူးတဲ့ အတွေ့အကြုံကြောင့် နော်ဝေဟာ ခဲမှန်ဖူးတဲ့ စာသူငယ်ပမာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အေးခေတ် အစောပိုင်းကတည်းက နေတိုးစာချုပ်ဝင် နိုင်ငံဖြစ်ခဲ့တယ်။ စစ်အေးကာလတလျောက်လုံးမှာလဲ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းခဲ့တယ်။ တကယ်လို့ အင်အားကြီးနိုင်ငံနှစ်ခုအကြား စစ်မက်ဖြစ်ပွားလာခဲ့ရင် နော်ဝေနိုင်ငံဟာ နေတိုးတပ်တွေ စစ်ကူ ရောက်မလာသေးခင်အထိ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိရမယ်။ ကာကွယ်ဖို့အတွက် လိုအပ်သမျှ ရင်းမြစ်တွေကိုလဲ ရယူ စုဆောင်းထားနိုင်ရမယ်ဆိုတဲ့ သဘောတရားကို အခြေခံထားတဲ့ ကာကွယ်ရေးမူဝါဒပါ။ နောက်တစ်ချက်က နော်ဝေဟာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ၁၉၆ ကီလိုမီတာလောက် ရှည်လျားတဲ့ နယ်နိမိတ် ရှိခဲ့တယ်။ ဒါကြောင့် ဆိုဗီယက် (အခု ရုရှ) ရဲ့ သတင်း အချက်အလက်တွေကို ထောက်လှမ်းဖို့နဲ့ စောင့်ကြည့်ဖို့အတွက်လဲ နော်ဝေနိုင်ငံဟာ မဟာဗျူဟာအရ အချက်အချာကျတယ်။

အခုထိလဲ ရုရှဟာ နေတိုးအဖွဲ့ရဲ့ အဓိက ခြိမ်းခြောက်မှု (threat perception) အဖြစ် သတ်မှတ်ရှုမြင်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ နော်ဝေလို နိုင်ငံကို မြောက်ဘက်စွန်းက နံဘေးသားနိုင်ငံ (flank country) လို့ခေါ်တယ်။ ရုရှနဲ့ကလဲ အရှေ့မြောက်ဘက်မှာ နယ်စပ်ရှိတဲ့အခါကျတော့ မသင့်မြတ်ခဲ့ရင် ရုရှက ဝင်ချလာပြီး ကန့်သတ်စစ်ပွဲဆင်၊ ပြန်မထွက်မှာကို နေတိုးနိုင်ငံတွေအနေနဲ့ ပူပင်ကြ၊ တွက်ချက်ကြတယ်။ (ဥရောပလုံခြုံရေးညီလာခံတွေကတော့ ရုရှအကြောင်းက ပဓာနပါပဲ။ အာရှအကြောင်းပါလာလဲ တရုတ်ပဲ။ တရုတ်ကလဲ ရုရှနဲ့ ဆက်စပ်ပြီးမှ တစ်နွယ်ငင် တစ်စင်ပါပြီး ဆွေးနွေးကြတာဖြစ်တယ်။ ဥရောပနိုင်ငံတွေက စစ်တိုက်ဖို့ကို စိတ်မပါတော့ဘူး။ လုံခြုံရေးနဲ့ပတ်သက်ရင် ပိုက်ဆံနည်းနည်းထည့်ပြီး အမေရိကန်နဲ့ မျက်နှာလွှဲ၊ အေးအေးပဲနေချင်တယ်ဆိုတာမျိုးပါ။ တောင်နံဘေးသားနိုင်ငံတွေ (southern flank) မှာတော့ ပိုစိုးရိမ်နေကြတာက ဒုက္ခသည်တွေ လှိမ့်ဝင်နေတဲ့ ကိစ္စပဲ။)

နော်ဝေဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးပွဲစားလုပ်ပေးတဲ့ နိုင်ငံဖြစ်တဲ့နည်းတူ လုံခြုံရေးနဲ့ပတ်သက်လာရင် အမေရိကန်နောက်လိုက် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဆိုတာကိုလဲ မမေ့ကြဖို ့လိုပါတယ်။ သူ့စစ်သမိုင်းပြတိုက်မှာလဲ အီရတ်၊ အာဖဂန်နစ္စတန်၊ ယူဂိုစလားဗီးယားပြည်ထောင်စုဟောင်း နိုင်ငံတွေ၊ ကိုရီးယားစစ်ပွဲစသဖြင့် ပြည်ပစစ်ဆင်ရေးပေါင်းစုံမှာ နော်ဝေတပ်တွေက ဘယ်လိုပါဝင်ကူညီပေးခဲ့တယ်ဆိုတာ ဂုဏ်ယူစွာ ပြသထားပါတယ်။


စကားမစပ် အင်္ဂါနေ့ ညီလာခံကအပြန် ဘတ်စ်ကားပေါ်မှာ အငြိမ်းစား နော်ဝေလေတပ် ဗိုလ်ချုပ်တစ်ဦးနဲ့ ခုံဘေးချင်းကပ်ထိုင်မိတယ်။ သူက မြန်မာ လေတပ်ဦးစီးချုပ်ဟောင်းတစ်ယောက်နဲ့ ဗြိတိန်မှာ စစ်လေယာဉ်မောင်းသင်တန်း အတူတူ တက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သူ့မိတ်ဆွေဟောင်းအပေါ်မှာရော၊ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော သူ့ရဲ့ သဘောထားအမြင်က အတော်လေးကောင်းပါတယ်။ ဒေါ်စုကိုလဲ ငယ်ငယ်က သိပ်လှတယ်။ အခုတော့ အသက်နည်းနည်းကြီးသွားပြီလို့ပြောတယ်။ မြန်မာမိတ်ဆွေကိုလဲ သူတို့သင်တန်းတုန်းက သိပ်အတော် သိပ်အညံ့မဟုတ်တဲ့ အလယ်အလတ်တန်းက အောင်တာကို မှတ်မိနေတယ်။ အာရပ်နိုင်ငံတစ်နိုင်ငံကအရာရှိက စာတမ်းကို ကိုယ်တိုင်မရေးဘဲ အပြင်ကတစ်ယောက်ကို ပိုက်ဆံပေးရေးခိုင်းသတဲ့။ ဆရာက ရိပ်မိသွားလို့ ခေါ်ပြောတော့ ငါပိုက်ဆံပေးရေးခိုင်းလို့ ပြန်ရတဲ့ဟာ ငါ့ဟာဖြစ်ပြီပေါ့လို့ ပြန်ဖြေသတဲ့။ အဲဒီအရာရှိ သင်တန်းဆင်းလက်မှတ် ရသွားသလားတော့ မမေးဖြစ်လိုက်ပါဘူး။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ နော်ဝေ အငြိမ်းစားဗိုလ်ချုပ် အခုလုပ်နေတဲ့ အလုပ်ပဲ။ သူက ကာကွယ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သာမန်ပြည်သူတွေ နားလည်သိရှိရအောင် ပညာပေး ဟောပြောပေးရတဲ့ အဖွဲ့တစ်ခုမှာ လုပ်နေတယ်။ သူတို့အဖွဲ့လုပ်တာက မူဝါဒရေးရာ ထင်မြင်ယူဆချက် ပေးတာမဟုတ်ဘူး။ ဖြစ်ချင်တဲ့ မူဝါဒတစ်ရပ်အတွက်လဲ စည်းရုံးလှုံ့ဆော်တာမဟုတ်ဘူး။ အစိုးရနဲ့ လွှတ်တော်တွင်း ပြောဆိုဆွေးနွေးနေတဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ မဟာဗျူဟာရေးဆိုင်ရာ အကြောင်းခြင်းရာတွေကိုပဲ ပြည်သူတွေ နားလည်သဘောပေါက်အောင် ရှင်းပြတာလို့ ဆိုပါတယ်။

(SSR/DDR ကို ကြားဖူးနားဝ ရှိရုံလောက်နဲ့ အရပ်တကာလှည့် ဆရာလုပ်လျက်ရှိသော မြန်မာပြည်က တချို့တတ်ယောင်ကားလေးများနဲ့တော့ ကွာပါ့ဗျား။)