ဒီဘက္ေခတ္မွာ ျမန္မာပညာတတ္/ပညာ႐ွင္ဆိုသူမ်ားရဲ႕ အားနည္းခ်က္တစ္ခုက
သူတို႔ေပးသမ်ွအၾကံကို ႏိုင္ငံေရးသမား ဝါ ေပၚလစီခ်မွတ္သူေတြက
လက္သင့္မခံရင္၊ မလုပ္ရင္ကိုဘဲ တိုင္းျပည္ပ်က္ေတာ့မလို၊
အျပစ္ႀကီးျဖစ္သလို ေျပာၾက ေရးျကတာျဖစ္တယ္။
ဒီမိုကရက္တစ္ႏိုင္ငံေတြမွာေတာင္ ပညာ႐ွင္ေတြဟာ ဒီအခြင့္အေရးမ်ိုး
မရွိနိုင္ပါ။ ကိစၥရပ္တစ္ခုကို တကၠသိုလ္ပါေမာကၡ အၾကံေပး (၁၀)
ေယာက္ကို လိုက္ေမးရင္ ထင္ျမင္ယူဆခ်က္ (၁၀) ခု ထြက္လာႏိုင္ပါတယ္။
တကၠသိုလ္ဆရာနဲ႔ ပညာရပ္အသိုင္းအဝိုင္းက
သုေတသီရဲ႕အလုပ္ဟာ သူ႔ကိုယ္ပိုင္သုေတသနနဲ႔ ပညာရပ္ဆိုင္ရာ
အသိဥာဏ္ဖြံ႔ၿဖိဳးတိုးတက္မႈပါ။ တက္ႂကြလႈံ့ေဆာ္မႈက ဝါသနာအေလ်ာက္
ဒုတိယအဆင့္မွာသာ ႐ွိပါတယ္။ ပညာ႐ွင္အေတာ္မ်ားမ်ားက မီဒီယာနဲ႔
မဆက္ဆံပါ။ အင္မတန္အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္မ်ား ခ်မွတ္ရာမွာ
ပါေနရင္ေတာင္ ခပ္လ်ိဳလ်ိဳသာ ေနေလ့႐ွိပါတယ္။
ႏိုင္ငံေရးဆံုးျဖတ္ခ်က္ဟာ ႏိုင္ငံေရးသမားရဲ႕ အလုပ္ျဖစ္ပါတယ္။
ျပည္ေတာ္ျပန္ ျမန္မာပညာတတ္အမ်ားစုမွာ research နဲ႔ advocacy
ေလဝမ္း မကြဲပါ။ ျမန္မာျပည္ ပညာတတ္ေလာကဟာ အာဏာ႐ွင္ႀကီးစိုးမႈကို
ဖယ္႐ွားႏိုင္မယ့္ Gramscian organic intellectuals ေတြလည္း
ျဖစ္မလာဘဲ၊ သူတို႔ကိုယ္တိုင္က အယူဝါဒ (ideology) ခ်ည္တိုင္တစ္ခုမွာ
ခ်ည္ေႏွာင္ခံေနရၿပီး မိမိေနရာနဲ့ အက်ိဳးစီးပြားကို စြဲလမ္းေနတဲ့
elite class လူတန္းစားတစ္ရပ္သာ ျဖစ္လို႔လာပါတယ္။
------------------
ဒီဘက်ခေတ်မှာ မြန်မာပညာတတ်/ပညာရှင်ဆိုသူများရဲ့ အားနည်းချက်တစ်ခုက သူတို့ပေးသမျှအကြံကို နိုင်ငံရေးသမား ဝါ ပေါ်လစီချမှတ်သူတွေက လက်သင့်မခံရင်၊ မလုပ်ရင်ကိုဘဲ တိုင်းပြည်ပျက်တော့မလို၊ အပြစ်ကြီးဖြစ်သလို ပြောကြ ရေးကြတာဖြစ်တယ်။ ဒီမိုကရက်တစ်နိုင်ငံတွေမှာတောင် ပညာရှင်တွေဟာ ဒီအခွင့်အရေးမျိုး မရှိနိုင်ပါ။ ကိစ္စရပ်တစ်ခုကို တက္ကသိုလ်ပါမောက္ခ အကြံပေး (၁၀) ယောက်ကို လိုက်မေးရင် ထင်မြင်ယူဆချက် (၁၀) ခု ထွက်လာနိုင်ပါတယ်။ တက္ကသိုလ်ဆရာနဲ့ ပညာရပ်အသိုင်းအဝိုင်းက သုတေသီရဲ့အလုပ်ဟာ သူ့ကိုယ်ပိုင်သုတေသနနဲ့ ပညာရပ်ဆိုင်ရာ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုပါ။ တက်ကြွလှုံ့ဆော်မှုက ဝါသနာအလျောက် ဒုတိယအဆင့်မှာသာ ရှိပါတယ်။ ပညာရှင်အတော်များများက မီဒီယာနဲ့ မဆက်ဆံပါ။ အင်မတန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ပါနေရင်တောင် ခပ်လျိုလျိုသာ နေလေ့ရှိပါတယ်။ နိုင်ငံရေးဆုံးဖြတ်ချက်ဟာ နိုင်ငံရေးသမားရဲ့ အလုပ်ဖြစ်ပါတယ်။ ပြည်တော်ပြန် မြန်မာပညာတတ်အများစုမှာ research နဲ့ advocacy လေဝမ်း မကွဲပါ။ မြန်မာပြည် ပညာတတ်လောကဟာ အာဏာရှင်ကြီးစိုးမှုကို ဖယ်ရှားနိုင်မယ့် Gramscian organic intellectuals တွေလည်း ဖြစ်မလာဘဲ၊ သူတို့ကိုယ်တိုင်က အယူဝါဒ (ideology) ချည်တိုင်တစ်ခုမှာ ချည်နှောင်ခံနေရပြီး မိမိနေရာနဲ့ အကျိုးစီးပွားကို စွဲလမ်းနေတဲ့ elite class လူတန်းစားတစ်ရပ်သာ ဖြစ်လို့လာပါတယ်။

No comments:
Post a Comment