ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒးဗစ္၊ မသီဆန္ (David Mathieson) ေရးတဲ့ 'ထူးဆန္းစြာ ကြယ္ေပ်ာက္သြားတဲ့ ARSA' အေၾကာင္း ေဆာင္းပါး (The Curious Disappearance of Myanmar's Rohingya Rebels) နဲ႕ မႏွစ္က ဘာေတး၊ လင့္တနာ (Bertil Lintner) ေရးခဲ့တဲ့ 'ARSA ေနာက္ကြယ္က ျဖစ္ရပ္မွန္' ေဆာင္းပါး (The Truth Behind Myanmar's Rohingya Insurgency) ႏွစ္ပုဒ္ကို ဖတ္ရွဳသံုးသပ္ၿပီး သုေတသန နည္းနည္းလုပ္ၾကည့္ရာကေန ဒီအဖြဲ႕နဲ႕ပတ္သက္လို႕ တျခားစိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြကိုပါ ေတြ႕လာမိတယ္။
(၁) ARSA အဖြဲ႕အစည္းရဲ႕ အမွတ္တံဆိပ္ (လိုဂို) မွာ အစၥလာမၼစ္ဆန္တာဆိုလို႔ မြတ္စလင္ႀကိဳက္ အစိမ္းေရာင္ သံုးထားတာ တစ္ခုပဲ ရွိတယ္။
(၂) သူ႕အရင္ရွိခဲ့တဲ့ RSO နဲ႔ အျခားဘဂၤါလီ/ရုိဟင္ဂ်ာအဖြဲ႕အစည္းမ်ားရဲ႕ လိုဂိုေတြမွာ သံုးစြဲေလ့ရွိတဲ့ လျခမ္း၊ ဓားေကာက္နဲ႕ အာရဗီစာမ်ား မပါရွိပါ။ (လက္နက္ေနရာမွာ AR-15 ေသနတ္ႏွစ္လက္ကို သံုးထားပါတယ္။)
(၃) Twitter မွာသံုးတဲ့ ARSA လိုဂိုမွာ ေက်ာက္ဆူးမပါေသာ္လည္း သတင္းထုတ္ျပန္ခ်က္ေတြအတြက္ စာေခါင္းစီးမွာ သံုးထားတဲ့ လိုဂိုမွာ ေက်ာက္ဆူး ပါပါတယ္။ (ေက်ာက္ဆူးဟာ ေရွးဦးခရစ္ယာန္ေတြ အသံုးျပဳခဲ့တဲ့ ခရစ္ယာန္ကိုယ္စားျပဳ လ်ိဳ႕ဝွက္သေကၤတတစ္ခု ျဖစ္ပါတယ္။) ဒါဟာ မူလ လိုဂိုဒီဇိုင္းဆြဲသူရဲ႕ သက္ဝင္ယံုၾကည္မႈကို ထင္ဟပ္တာျဖစ္ႏိုင္သလို ေျမပိုင္နက္ကိုသာမက ေရပိုင္နက္ကိုပါ ေတာင္းဆိုေဖာ္ညႊန္းလိုတာလည္း ျဖစ္ႏိုင္တယ္။ အစၥလာမ္မဆန္တဲ့ သေကၤတတစ္ခုကို လိုဂိုမွာ ေတြ႕ရတာ အေတာ္ထူးဆန္းပါတယ္။
(၄) ဘုရားခ်ီးမြမ္းတဲ့စာသားကိုေတာင္ အဂၤလိပ္လိုပဲ ေရးထည့္ပါတယ္။ ေရးထားတဲ့ အဂၤလိပ္စာကလည္း မြတ္ေနတာပဲ။
(၅) သူတို႕ပစ္မွတ္ထားတဲ့ ပရိသတ္ဟာ အဂၤလိပ္စာတတ္ပရိသတ္ျဖစ္ေၾကာင္း ထင္ရွားတယ္။ (NA-B အဖြဲ႕ေတြက သူတို႔သတင္းထုတ္ျပန္ခ်က္ေတြကို တရုတ္လိုပါ ထုတ္ျပန္တာနဲ႕ ႏိႈင္းယွဥ္ၾကည့္ပါ။)
(၆) Harakah al-Yaqin ဆိုတဲ့ မူလအမည္မွာ ဘာ ရခိုင္၊ ဘာ ရုိဟင္ဂ်ာ မွ မပါပါ။ al-Yaqin ကေန ARSA ကို အသြင္ယူတာဟာ franchise အေရာင္းအဝယ္ လုပ္ဟန္ေပါက္ပါတယ္။
(၇) အာရဗီမွာ Yaqin یقین ပုဒ္ဟာ ဘာသာေရးအဓိပၸာယ္ေဆာင္မႈ အားနည္းပါတယ္။ အိႏၵိယမွ ဆန္းစစ္သူမ်ား၊ မွဴးေဇာ္နဲ႕ Rick Heizman တို႕ရဲ႕ သံုးသပ္ခ်က္ေတြမွာ Harakah al-Yaqin ကို Movement of Certainty လို႔သာ ျပန္ဆိုထားတာကို ေတြ႕ရတယ္။ ဘာသာေရးဆန္တဲ့ ယံုၾကည္မႈကို Iman إيمان လို႕သံုးပါတယ္။ ဒါေပမဲ့ ARSA ကိုယ္တိုင္က အဂၤလိပ္လို Faith Movement ဆိုၿပီး (အဂၤလိပ္စာတတ္ပရိသတ္အတြက္) ဘာသာေရးလႈပ္ရွားမႈေယာင္ေယာင္ ဘာသာျပန္ေဖာ္ျပထားတာကို ေတြ႕ရတယ္။ ဘာသာျပန္သူဟာ အဂၤလိပ္စာကိုသာ ကၽြမ္းက်င္ၿပီး အာရဗီစာ ေသခ်ာမတတ္လို႔လည္း ျဖစ္ႏိုင္တယ္။ အဖြဲ႕ရဲ႕ အာရဗီနာမည္ဟာ မြတ္စလင္အလွဴရွင္ႏိုင္ငံေတြ ၾကားလိုက္ရုံနဲ႕ စိတ္အားတက္ၾကြလာမယ့္ နာမည္မ်ိဳးမဟုတ္ပါ။
(၈) Salvation ဆိုတဲ့ အဂၤလိပ္စကားလံုးဟာ မြတ္စလင္ေတြအၾကား ေရပန္းမစားပါ။ အစၥလာမၼစ္လက္နက္ကိုင္အဖြဲ႕ အမ်ားအျပားထဲမွာမွ ကယ္တင္ျခင္း လို႕အဓိပၸာယ္ရတဲ့ အဲဒီ အဂၤလိပ္ေဝါဟာရကို သံုးစြဲတာ အလြန္ဆံုး ႏွစ္ဖြဲ႕ သံုးဖြဲ႕ပဲ ရွိလိမ့္မယ္။ (Salvation ဟာ တကယ္ေတာ့ ခရစ္ယာန္ဆန္တဲ့ အသံုးအႏႈန္းျဖစ္ပါတယ္။)
(၉) ARSA ျဖန္႕ခ်ိတဲ့ ဓာတ္ပံု၊ ဗြီဒီယိုေတြမွာ ေသနတ္ေတြ ကိုင္ျပေပမယ့္ ရဲကင္းစခန္းေတြနဲ႕ ရြာသူရြာသားေတြကို တိုက္ခိုက္ရာမွာေတာ့ ဓား၊ ဂ်င္ဂလိ၊ မီးက်ိဳးေမာင္းပ်က္ တူမီးေသနတ္နဲ႕ လက္လုပ္ဗံုးေတြကိုပဲ သံုးတာေတြ႕ရတယ္။ ဒါေၾကာင့္ သူတို႔ကို ေမြးလိုက္သူေတြဟာ ေရရွည္ လက္နက္တပ္ဆင္ေပးဖို႕ထက္ လူသားခ်င္းစာနာမႈဆိုင္ရာ ျပႆနာေတြအပါအဝင္ ႏိုင္ငံေရးအက်ပ္အတည္းႀကီးတစ္ခုျဖစ္ပြားလာေအာင္ တစ္ပြဲထိုးေျမွာက္ပင့္ေပးဖို႕သာ ရည္ရြယ္ခ်က္ရွိဟန္တူတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ရဲကင္းစခန္းေတြကို ARSA က တိုက္ခိုက္ခဲ့တဲ့ ျဖစ္စဥ္ေနာက္ပိုင္း ျမန္မာ့အေရးေလ့လာသူ (အထူးသျဖင့္ ျမန္မာပရိသတ္အၾကား) ပူးေပါင္းၾကံစည္မႈ သီအိုရီႏွစ္ခု အဓိက ထြက္ေပၚခဲ့တယ္။ Amnesty International အစီအရင္ခံစာရဲ႕ ေနာက္ဆက္တြဲျဖစ္စဥ္ေတြကို ေလ့လာေစာင့္ၾကည့္ရင္ သီအိုရီႏွစ္ခုထဲက တစ္ခုကို တစ္စိတ္တစ္ပိုင္း အတည္ျပဳႏိုင္မွာျဖစ္တယ္။
http://www.atimes.com/…/truth-behind-myanmars-rohingya-ins…/
http://www.atimes.com/…/the-curious-disappearance-of-myanm…/
http://www.biz-logo.com/logo-symbol.php?symbol=7
Photo Credit: Wikipedia
-------
ပြီးခဲ့တဲ့ရက်ပိုင်းက ဒေးဗစ်၊ မသီဆန် (David Mathieson) ရေးတဲ့ 'ထူးဆန်းစွာ ကွယ်ပျောက်သွားတဲ့ ARSA' အကြောင်း ဆောင်းပါး (The Curious Disappearance of Myanmar's Rohingya Rebels) နဲ့ မနှစ်က ဘာတေး၊ လင့်တနာ (Bertil Lintner) ရေးခဲ့တဲ့ 'ARSA နောက်ကွယ်က ဖြစ်ရပ်မှန်' ဆောင်းပါး (The Truth Behind Myanmar's Rohingya Insurgency) နှစ်ပုဒ်ကို ဖတ်ရှုသုံးသပ်ပြီး သုတေသန နည်းနည်းလုပ်ကြည့်ရာကနေ ဒီအဖွဲ့နဲ့ပတ်သက်လို့ တခြားစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကိုပါ တွေ့လာမိတယ်။
(၁) ARSA အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ် (လိုဂို) မှာ အစ္စလာမ္မစ်ဆန်တာဆိုလို့ မွတ်စလင်ကြိုက် အစိမ်းရောင် သုံးထားတာ တစ်ခုပဲ ရှိတယ်။
(၂) သူ့အရင်ရှိခဲ့တဲ့ RSO နဲ့ အခြားဘင်္ဂါလီ/ရိုဟင်ဂျာအဖွဲ့အစည်းများရဲ့ လိုဂိုတွေမှာ သုံးစွဲလေ့ရှိတဲ့ လခြမ်း၊ ဓားကောက်နဲ့ အာရဗီစာများ မပါရှိပါ။ (လက်နက်နေရာမှာ AR-15 သေနတ်နှစ်လက်ကို သုံးထားပါတယ်။)
(၃) Twitter မှာသုံးတဲ့ ARSA လိုဂိုမှာ ကျောက်ဆူးမပါသော်လည်း သတင်းထုတ်ပြန်ချက်တွေအတွက် စာခေါင်းစီးမှာ သုံးထားတဲ့ လိုဂိုမှာ ကျောက်ဆူး ပါပါတယ်။ (ကျောက်ဆူးဟာ ရှေးဦးခရစ်ယာန်တွေ အသုံးပြုခဲ့တဲ့ ခရစ်ယာန်ကိုယ်စားပြု လျို့ဝှက်သင်္ကေတတစ်ခု ဖြစ်ပါတယ်။) ဒါဟာ မူလ လိုဂိုဒီဇိုင်းဆွဲသူရဲ့ သက်ဝင်ယုံကြည်မှုကို ထင်ဟပ်တာဖြစ်နိုင်သလို မြေပိုင်နက်ကိုသာမက ရေပိုင်နက်ကိုပါ တောင်းဆိုဖော်ညွှန်းလိုတာလည်း ဖြစ်နိုင်တယ်။ အစ္စလာမ်မဆန်တဲ့ သင်္ကေတတစ်ခုကို လိုဂိုမှာ တွေ့ရတာ အတော်ထူးဆန်းပါတယ်။
(၄) ဘုရားချီးမွမ်းတဲ့စာသားကိုတောင် အင်္ဂလိပ်လိုပဲ ရေးထည့်ပါတယ်။ ရေးထားတဲ့ အင်္ဂလိပ်စာကလည်း မွတ်နေတာပဲ။
(၅) သူတို့ပစ်မှတ်ထားတဲ့ ပရိသတ်ဟာ အင်္ဂလိပ်စာတတ်ပရိသတ်ဖြစ်ကြောင်း ထင်ရှားတယ်။ (NA-B အဖွဲ့တွေက သူတို့သတင်းထုတ်ပြန်ချက်တွေကို တရုတ်လိုပါ ထုတ်ပြန်တာနဲ့ နှိုင်းယှဉ်ကြည့်ပါ။)
(၆) Harakah al-Yaqin ဆိုတဲ့ မူလအမည်မှာ ဘာ ရခိုင်၊ ဘာ ရိုဟင်ဂျာ မှ မပါပါ။ al-Yaqin ကနေ ARSA ကို အသွင်ယူတာဟာ franchise အရောင်းအဝယ် လုပ်ဟန်ပေါက်ပါတယ်။
(၇) အာရဗီမှာ Yaqin یقین ပုဒ်ဟာ ဘာသာရေးအဓိပ္ပာယ်ဆောင်မှု အားနည်းပါတယ်။ အိန္ဒိယမှ ဆန်းစစ်သူများ၊ မှူးဇော်နဲ့ Rick Heizman တို့ရဲ့ သုံးသပ်ချက်တွေမှာ Harakah al-Yaqin ကို Movement of Certainty လို့သာ ပြန်ဆိုထားတာကို တွေ့ရတယ်။ ဘာသာရေးဆန်တဲ့ ယုံကြည်မှုကို Iman إيمان လို့သုံးပါတယ်။ ဒါပေမဲ့ ARSA ကိုယ်တိုင်က အင်္ဂလိပ်လို Faith Movement ဆိုပြီး (အင်္ဂလိပ်စာတတ်ပရိသတ်အတွက်) ဘာသာရေးလှုပ်ရှားမှုယောင်ယောင် ဘာသာပြန်ဖော်ပြထားတာကို တွေ့ရတယ်။ ဘာသာပြန်သူဟာ အင်္ဂလိပ်စာကိုသာ ကျွမ်းကျင်ပြီး အာရဗီစာ သေချာမတတ်လို့လည်း ဖြစ်နိုင်တယ်။ အဖွဲ့ရဲ့ အာရဗီနာမည်ဟာ မွတ်စလင်အလှူရှင်နိုင်ငံတွေ ကြားလိုက်ရုံနဲ့ စိတ်အားတက်ကြွလာမယ့် နာမည်မျိုးမဟုတ်ပါ။
(၈) Salvation ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ မွတ်စလင်တွေအကြား ရေပန်းမစားပါ။ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့ အများအပြားထဲမှာမှ ကယ်တင်ခြင်း လို့အဓိပ္ပာယ်ရတဲ့ အဲဒီ အင်္ဂလိပ်ဝေါဟာရကို သုံးစွဲတာ အလွန်ဆုံး နှစ်ဖွဲ့ သုံးဖွဲ့ပဲ ရှိလိမ့်မယ်။ (Salvation ဟာ တကယ်တော့ ခရစ်ယာန်ဆန်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။)
(၉) ARSA ဖြန့်ချိတဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေမှာ သေနတ်တွေ ကိုင်ပြပေမယ့် ရဲကင်းစခန်းတွေနဲ့ ရွာသူရွာသားတွေကို တိုက်ခိုက်ရာမှာတော့ ဓား၊ ဂျင်ဂလိ၊ မီးကျိုးမောင်းပျက် တူမီးသေနတ်နဲ့ လက်လုပ်ဗုံးတွေကိုပဲ သုံးတာတွေ့ရတယ်။ ဒါကြောင့် သူတို့ကို မွေးလိုက်သူတွေဟာ ရေရှည် လက်နက်တပ်ဆင်ပေးဖို့ထက် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေအပါအဝင် နိုင်ငံရေးအကျပ်အတည်းကြီးတစ်ခုဖြစ်ပွားလာအောင် တစ်ပွဲထိုးမြှောက်ပင့်ပေးဖို့သာ ရည်ရွယ်ချက်ရှိဟန်တူတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ARSA က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း မြန်မာ့အရေးလေ့လာသူ (အထူးသဖြင့် မြန်မာပရိသတ်အကြား) ပူးပေါင်းကြံစည်မှု သီအိုရီနှစ်ခု အဓိက ထွက်ပေါ်ခဲ့တယ်။ Amnesty International အစီအရင်ခံစာရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်ရင် သီအိုရီနှစ်ခုထဲက တစ်ခုကို တစ်စိတ်တစ်ပိုင်း အတည်ပြုနိုင်မှာဖြစ်တယ်။
Photo Credit: Wikipedia

No comments:
Post a Comment