Saturday, June 20, 2020

  • မိုက်ကယ် ဆန်းဒါးရဲ့ ဟားဗတ်ဒ်တက္ကသိုလ်၊ ဒဿနိကဗေဒပို့ချချက်တွေမှာပေးတဲ့ ဥပမာတစ်ခုကို အမှတ်ရမိတယ်။ အမေရိကန်က ကင်းဆပ်စ်ပြည်နယ်၊ လယ်တောထဲမှာ တစ်သက်လုံးသွားနေမလား၊ သွားတစ်ချောင်းအနုတ်ခံမလားဆိုတဲ့ ဥပမာပါ။ ယူတီလစ်တေရီယမ်နစ်ဇင်ကို ရှင်းပြတာဖြစ်ပါတယ်။ တောထဲတော့ တစ်သက်လုံးသွားမနေနိုင်ဘူး၊ သွားပဲအနုတ်ခံလိုက်မယ်ဆိုတဲ့ လူတွေလည်းရှိပါတယ်။

  • ကျွန်တော့်မိန်းမကလည်း သူလိုချင်တာတစ်ခုခုရဖို့ဆိုရင် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုပဲ အဆုံးရှုံးခံလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိပါတယ်။ သူကိုယ်တိုင်ရဲ့ကျန်းမာရေးအပါအဝင် နောက်ဆုံး ယောကျာ်းကိုတောင် ဂရုမစိုက်ဘဲ ဇွတ်တရွတ် တစောက်ကမ်းလုပ်တတ်တဲ့ အကျင့်ရှိတယ်။ သူလုပ်ချင်တာကို ရှေ့ကစွတ်လုပ်သွားပြီး နောက်ကလူက အမြန်ပြေးလိုက် လုပ်ပေးရတယ်။ တစ်ခါတစ်ခါကျပြန်တော့ လုပ်သင့်တဲ့အလုပ်တစ်ခုကို သူလုပ်ဖို့ကို အချိန်ယူပြီး တဂျီဂျီနဲ့တွန်းမှရတယ်။ သူက သွားအနုတ်ခံမယ့် လူစားမျိုးဖြစ်တယ်။ သူ့ကိုယ်သူနဲ့ တချို့သူငယ်ချင်း‌တွေက အဲဒါကို အရည်အချင်းလို့ မြင်ချင်မြင်နိုင်ပေမဲ့ ကျွန်တော်ကတော့ အားနည်းချို့ယွင်းချက်အဖြစ် ရှုမြင်ပါတယ်။

  • နောက်ထပ် ကျွန်တော့်သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ သူကလည်း မျက်စိပိုမွဲရင် မွဲပလေ့စေ လိုချင်တဲ့ ဘွဲ့တစ်ခုကို ရအောင်ယူမယ်ဆိုတဲ့ သဘောထားမျိုးပဲ။ လောင်းကစားစိတ်ဓာတ် အရဲစွန့်တယ်ဆိုတာမျိုးထက် တစ်ခုကိုအဆုံးရှုံးခံပြီး တစ်ခုကိုရအောင်လုပ်မယ်ဆိုတဲ့ အပေးအယူ ကုန်ဖလှယ်တဲ့စိတ်ဓာတ်လို့ ပြောရမယ်ထင်တယ်။

  • ကျွန်တော့်ဘဝနေထိုင်မှု စိတ်ဓာတ်ကတော့ ကွာခြားပါတယ်။ အသက် ၃၀ ကျော်ကတည်းက လောကကို ငါလည်းမြင်သင့်သလောက် မြင်ပြီးပြီ၊ ကမ္ဘာလည်း အတန်အသင့်ပတ်ခဲ့ပြီးပြီ။ သွားသင့်သွားထိုက်၊ စားသင့်စားထိုက်တာတွေလည်း သွားခဲ့၊ စားခဲ့ပြီးပြီဆိုပြီး စိတ်ကဖြစ်ပါတယ်။ အခုနေ ကောက်သေသွားရင်တောင် သေပျော်ပြီဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။

  • လူ့ဘဝသက်တမ်းလည်း ထက်ဝက်ကျိုးမက ကျော်လာပြီမို့ ကျန်တဲ့အပိုင်းကို ကိုယ်တကယ် စိတ်မပါတဲ့အလုပ်ကို မလုပ်တော့ပါဘူး။ ဘဝကို ကျစ်ကျစ်လစ်လစ်နေချင်လာပါတယ်။ ဘဝကို ဖြည်းဖြည်းမှန်မှန်သာ ဖြတ်သန်းချင်တယ်။ အနောက်တိုင်းမှာ သက်လတ်ပိုင်း အကျပ်အတည်း (midlife crisis) ဆိုပြီး ပြောကြတဲ့လက္ခဏာတွေရှိပါတယ်။ ကျား/မ မရွေး လေးဆယ်ကျော်ငါးဆယ်ရောက်လာရင် ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝကို နောက်ကြောင်းပြန်ကြည့်ရင်း အရင်မဝတ်ခဲ့၊ မစားခဲ့၊ မနေခဲ့ရတာတွေကို ပြန်ဖြည့်ပြီး ဝတ်ချင်၊ စားချင်၊ နေချင်လာတာပါ။ အဲဒါမျိုး ကျွန်တော့်မှာ မရှိပါဘူး။ အသက် ၅၀ ကျော်မှ ပေါ်လာရင်တော့ မပြောတတ်ဘူး။

  • ကိုယ့်ဘဝမှာ အပြည့်စုံကြီးမဟုတ်ရင်တောင် အတော်လေး အဆင်ပြေတဲ့ ငယ်ဘဝရှိခဲ့တယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ရှေ့လာမယ့်ဘဝကိုလည်း ဘာမှ သိပ်မတောင့်တမိပါဘူး။ ညအိပ်ရာဝင်တိုင်း နောက်တစ်နေ့‌ ရောက်လာမလာကို စိတ်ထဲ မထားပါဘူး။ ဘဝဆိုတာ အစိုးမရတဲ့အရာအဖြစ် အမြဲနှလုံးသွင်းပါတယ်။ ကျွန်တော်က ကင်းဆပ်စ်က လယ်တောထဲ တစ်သက်လုံးသွားနေနိုင်တဲ့ လူစားမျိုးဖြစ်နိုင်ပါတယ်။

Friday, June 19, 2020

  • US Hegemony က သိပ်ကြီးတာပေါ့။ ကျားကြီးတော့ ခြေရာကြီးဆိုတဲ့စကားလို သူအန္တရာယ်ကြီးပုံက ရုပ်ဝတ္ထုပိုင်းတင်မက အတွေးအခေါ်ပိုင်းမှာပါဖြစ်တယ်။ အီတာလျံ မာက့်စ်ဝါဒီ ဂရမ်ချီ ကို ရည်ညွှန်းရမယ်ဆိုရင်ပေါ့။

  • တရုတ်ယဉ်ကျေးမှုတော်လှန်ရေးတုန်းက ရှေးဟောင်းအမွေအနှစ်တွေဖျက်ဆီးတာနဲ့ အမေရိကန်၊ ဥရောပမှာ ကျေးကျွန်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်ကို မြှင့်တင်ခဲ့သူတွေရဲ့ရုပ်တုတွေကို ဖြိုချတာကိုနှိုင်းယှဉ်တဲ့ ပို့စ်တွေလည်း တွေ့မိတယ်။ တကယ်တူမတူတော့ မှတ်ချက်မပေးချင်ဘူး။ မှတ်ချက်ပေးချင်တာက မနောကံရဲ့ စေ့ဆော်မှုအပိုင်းပဲ။ အတွေးအခေါ်မှိုင်းရဲ့ အန္တရာယ်ပေါ့။

  • ကမ္ဘာမှာ အတွေးအခေါ်ပိုင်းက ကြီးစိုးထားတဲ့နိုင်ငံကြီးတစ်နိုင်ငံရဲ့ မောင်းနှင်ရာနောက်ကို ဘယ်လောက်ထိလိုက်သင့်သလဲ။ အတွေးအခေါ်အရ ကျွန်ပြုတာကို ဘယ်လောက်ခံသင့်သလဲ။ စီးပွားရေးမှာ နီယိုလစ်ဘရယ်လစ်ဇင်ကို တိုက်သလို နိုင်ငံရေးမှာလည်း လစ်ဘရယ်လစ်ဇင်ကို အလွန်အကျွံမလိုက်သင့်တာ အဲဒီအကြောင်းကြောင့်ပဲ။

  • ဂလိုဘယ်လိုက်ဇေးရှင်းဆိုပြီး ခေါင်းစဉ်တင်ထားပြီး ကမ္ဘာ့အနောက်ခြမ်းနဲ့ မြောက်ခြမ်းက လူတွေ တွေးတာ၊ ကြံတာ၊ လုပ်ကိုင်တာတွေကိုပဲ အမှန်လို့ ထင်လာကြတယ်။ ဒေသန္တရအသိအမြင်၊ ဗဟုသုတတွေပျောက်ကုန်တယ်။ သူတို့နိုင်ငံမှာ နားလည်လက်ခံပြီးသား ပုံစံခွက်တွေထဲ အဓမ္မသိမ်းသွင်းပြီး ဆုပေး ဒဏ်ပေးလုပ်ကြတယ်။ ကိုယ်ခံအားမကောင်းတဲ့ နိုင်ငံငယ်တွေ ပျက်ကြ၊ ဒုက္ခရောက်ကြတယ်။ တစ်နိုင်ငံအတွက် အစာက တခြားတစ်နိုင်ငံအတွက် အဆိပ်ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

  • Black Lives Matter ဟာ အမေရိကန်ကျေးကျွန်စနစ်ကို အခြေတည်ပြီး ပေါက်ကွဲထွက်လာတဲ့ လှုပ်ရှားမှုဖြစ်တယ်။ ဥရောပက လူမည်းတွေရဲ့ ပကတိအခြေအနေနဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ အမေရိကန်အတွေးအခေါ်ပုံစံက လွှမ်းမိုးကြီးစိုးထားတဲ့အခါကျတော့ ဥရောပမှာလည်း ရိုက်ခတ်မှုတွေခံရတယ်။ တချို့ ဖြစ်သင့်တယ်။ တချို့မဖြစ်သင့်ဘူး။

  • ဒါပေမဲ့ အမေရိကန်တွေက ဒါကို နားမလည်ဘူး။ ကမ္ဘာကို သူ့ပုံရိပ်နဲ့ပဲ အကဲဖြတ်တယ်။ ဝေဖန်တယ်။ ရှုတ်ချတယ်။ အားပေးမြှောက်ပင့်တယ်။ ပြင်သစ်မှာ Charlie Hebdo ကာတွန်းတိုက်ကို အကြမ်းဖက်သမားတွေက ဝင်စီးပြီး ကာတွန်းဆရာတွေကို သတ်တယ်။ လိပ်/ကန်မီဒီယာက ကာတွန်းဆရာတွေက လူမျိုးရေး၊ ဘာသာရေးစော်ကားတဲ့ ကာတွန်းတွေဆွဲတယ်၊ ဟာသလုပ်တယ်လို့ အပြစ်တင်တယ်။ ပြင်သစ်ယဉ်ကျေးမှုမှာ အမေရိကန်ပုံစံ political correctness ကအရေးမပါတာကို သူတို့နားမလည်ဘူး။

  • အမေရိကန်ပြောတော့ တခြားအနောက်နိုင်ငံတွေကပါ ဟုတ်မှာပါပဲဆိုပြီး လိုက်ခေါင်းငြိမ့်ကြတယ်။ မွတ်စလင်တွေကိုတော့ မထိရဲဘူး။ မိုဟာမက်ပုံ အရုပ်ဆွဲတာနဲ့ လည်လှီး ခေါင်းဖြတ်ခံရမှာ ကြောက်လို့။ တခြားလူမျိုး၊ ဘာသာတွေကျတော့ စော်ကားလည်း ပြန်မလှန်နိုင်ဘူးဆိုတာသိတော့ လွယ်လင့်တကူ လှောင်တယ်၊ ပြောင်တယ်၊ ခွဲခြားတယ်။ ကိုဗစ်ဖြစ်ခါစက တရုတ်နိုင်ငံကို လူမျိုးရေးအရတိုက်ခိုက်တဲ့ ကာတွန်းတွေဆွဲ၊ စာတွေရေးပြီး တိုက်ခိုက်တယ်။ အဲဒါကျ ရေ့ဆစ်ဇင်မဟုတ်၊ ဖရီးစပိခ်ျတဲ့။

  • အဲဒါကြောင့် အမေရိကန်လုပ်တိုင်း သိပ်အဟုတ်ထင်မနေကြနဲ့။ ကိုလိုနီခေတ်အမွေအနှစ်တွေကို တယုတယပြုပြင်ထိန်းသိမ်းပြီး သေချာလည်းပြမစားနိုင်တာ ရှက်ဖို့ကောင်းတယ်လို့ ရေးခဲ့တယ်။ အဲဒါကိုတော့မလုပ်ဘဲ ခင်ဗျားတို့မျက်နှာဖြူအဘတွေက မင်းသုံးပါးရုပ်တုတွေ၊ ဗိုလ်ချုပ်ရုပ်တုတွေ၊ အာဇာနည်ရုပ်တုတွေအထိ ဘာမင်နိုင်ဇေးရှင်း၊ ဗမာ့ပြည်တွင်းကိုလိုနီနယ်ချဲ့စနစ်တို့၊ စစ်ကျွန်စနစ်တို့ဆိုပြီး ဖျက်ချဖို့ လျှောက်မြှောက်ပေးနေဦးမယ်။ မမြှောက်ပေးဘူးမထင်နဲ့။ ကိုယ့်လူတွေကလည်း သိပ်အတွေးအခေါ်ကိုယ်ခံအားမကောင်းတော့ ဘုန်းကြီးရူးနဲ့ လှေလူးတွေ့နေဦးမယ်။
သေရင်အေးတာပဲကွာဆိုတာကလည်း ဝိဘဝတဏှာပဲ။ မသေ‌သေးဘဲနဲ့ နေနေရတော့လည်း သံယောဇဉ်အထွေထွေနဲ့ ဘဝတဏှာဖြစ်။
လူ့ဘဝဆိုတာ နေချင်တိုင်း မနေရ၊ သေချင်တိုင်းလည်း သေလို့မရ။ ဒီတစ်နှစ်ခွဲအတွင်း စိတ်ညစ်ညူးရှုပ်ထွေးစရာတွေများလွန်းလို့ ကိုယ့်ရှိနေတဲ့ရောဂါအခံတွေနဲ့ တစ်ခါတစ်ခါ နောက်သုံးလေးနှစ်ထက် အသက်ပိုရှည်ပါ့မလားစဉ်းစားမိတယ်။ ဒါပေမဲ့ တချို့အဖိုးကြီးအချင်းချင်း နောက်တတ်တဲ့ I refuse to die ဆိုတဲ့အရွှန်းဖောက်တာမျိုးလို အခုနေ သေမင်းနဲ့တွေ့ပြီး သေရမယ်ဆိုရင်တောင် I refuse to die ဆိုပြီးငြင်းမိမယ်ထင်တယ်။ ဒီလိုပြောလို့ ဘဝမှာ ဆက်နေထိုင်ရှင်သန်ချင်သလားဆိုတော့လည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် တဏှာပါပဲ။ ဘဝတဏှာမဟုတ်လည်း ဝိဘဝတဏှာဖြစ်တယ်။
  • ၁၉၃၀ ခုနှစ်မှာဖြစ်တဲ့ ကုလား-ဗမာရိုက်ပွဲက ဂေါ်ရင်ဂျီဆိပ်ကမ်းလုပ်သားတွေနဲ့ ဗမာအလုပ်သမားတွေအကြားဖြစ်တယ်။ George Orwell ရဲ့ Shooting an Elephant ဝတ္ထုတိုမှာပါတဲ့ ဆင်နင်းခံရလို့သေတဲ့ကုလားဟာလည်း ဂေါ်ရင်ဂျီကုလားပဲ။ ဥရောပသားတွေက ဆင်တစ်ကောင်ဟာ ဂေါ်ရင်ဂျီကူလီတစ်ယောက်ရဲ့အသက်ထက် တန်ဖိုးရှိတယ်လို့ သဘောထားခဲ့ကြတယ်။
  • ဗြိတိသျှကိုလိုနီနယ်ချဲ့စနစ်အောက် လန်ချားဆွဲတာကအစ အောက်ခြေသိမ်း အလုပ်ကြမ်းလုပ်ဖို့ မြန်မာပြည်ထဲအင်္ဂလိပ်‌တွေ ခေါ်သွင်းလာခဲ့တာကလည်း အိန္ဒိယတောင်ပိုင်းသား ဒြာဝိဒိယန်နွယ် ဂေါ်ရင်ဂျီ (တလဂူ) ကုလားတွေဖြစ်တယ်။
  • အာရှတိုက်က ဗြိတိသျှအင်ပိုင်ယာတစ်ဝန်း ကူလီ‌တွေ‌ပေါ်လာတယ်။ ကူလီဆိုတဲ့‌‌ဝေါဟာရကိုယ်၌က တူရကီဘာသာစကားအရင်းအမြစ်ကလာပြီး ကျွန်အဓိပ္ပာယ်မျိုးပဲ။ ကုလားကူလီရှိသလို၊ ဗမာ၊ တရုတ်နဲ့ အခြားလူမျိုးကူလီတွေလည်း ရှိခဲ့တယ်။ ဧရာဝတီတိုင်းမှာ ဂေါ်ရင်ဂျီကျွန်းဆိုတဲ့နာမည်နဲ့နေရာလည်းရှိတယ်။
  • ပန်ချာပီဆိုတာက အိန္ဒိယမြောက်ပိုင်းသားကုလားတွေ။ မြန်မာရုပ်ရှင်ကားဟောင်းတွေမှာဆို ပန်ချာပီတွေကို ဆရာဝန်ဇာတ်ကောင်နေရာမှာ ထားလေ့ရှိတယ်။ မြန်မာပြည်မှာ ကြီးပွားချမ်းသာလို့ ရန်ကုန်မြို့အပါအဝင် ဗလီကြီးငယ်ဆောက်ခဲ့တာက ဘင်္ဂါလီ၊ စူရတီအပါအဝင် မြောက်ပိုင်းက ကုလားမျိုးစုံ။
  • အိန္ဒိယတိုက်ငယ်ထဲက မွတ်စလင်တွေ ဘာသာရေးအကြောင်းပြုပြီး နိုင်ငံတစ်နိုင်ငံ ခွဲထွက်တော့မှ ပါကစ္စတန်ဆိုတာဖြစ်လာတယ်။ ဘင်္ဂလားဒေ့ရှ်က ၁၉၇၀ ကျော်မှပေါ်လာတဲ့နိုင်ငံ။
  • ကုလားလို့မခေါ်ဖို့ အသံထွက်လာတဲ့အုပ်စုက ဂေါ်ရင်ဂျီ တလဂူတွေတော့မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားမျိုးနွယ်စုများအဖြစ်သတ်မှတ်ခံထားရသော အခြားအုပ်စုများနည်းတူ အုပ်စုတစ်စုသာဖြစ်တယ်။ ရွေးကောက်ပွဲနှစ်မှာ အဲဒီအုပ်စု အသံစွာပြလာတော့ ထူးခြားတယ်။
  • သူတို့ရဲ့ရည်ရွယ်ချက်က ကုလားဆိုတဲ့ဝေါဟာရကို ခွဲခြားနှိမ့်ချတဲ့စကားလုံးအဖြစ် အသိအမှတ်ပြုခံရအောင် ပထမလုပ်မယ်။ ရလာရင် သူတို့ကိုယ်သူတို့ သီးခြားအုပ်စုတစ်ခုအဖြစ် နိုင်ငံရေးအရ အင်အားကြီးထွားလာအောင် လုပ်ချင်တာဖြစ်တယ်။ အတွေးအခေါ်ညံ့ဖျင်းလို့ အသုံးချခံနေရသူတွေလည်း ပါနိုင်တယ်။
၁၉၉၀ မှာ ပီသုံးလုံးဆိုတာ လက်ဝဲဘက်က ကွန်မြူနစ်ဝါဒကို ထောက်ခံတဲ့ပါတီ။
၂၀၂၀ မှာ ပီသုံးလုံးဆိုတာ လက်ယာဘက်က အရင်းရှင်ဝါဒကို ထောက်ခံတဲ့ပါတီ။
အဲဒါမြန်မာနိုင်ငံရဲ့ နှစ်သုံးဆယ်အတွင်း အသွင်ကူးပြောင်းမှုပဲ။
၂၀၂ဝ ပီသုံးလုံးလည်း နိုင်မှာမဟုတ်ပါ။ ဒေါက်တာသက်သက်ခိုင် ကလည်း ခါတော်မီ နိုင်ငံရေးသမားပဲဟာ။ ပါတီကလည်း movement party မဟုတ်။ မြန်မာပြည်မှာက movement party နဲ့ military party နှစ်မျိုးသာ အဓိကရှိတယ်။ Electoralist party သက်သက်က ၂၀၁၀ ရွေးကောက်ပွဲတစ်ကြိမ်ထဲမှာပဲ အဲန်အယ်လ်ဒီ သပိတ်မှောက်ထားလို့ နည်းနည်းပါးပါးမဲရခဲ့တာ။
  • စစ်အစိုးရခေတ် သတင်းစာတွေထဲမှာ အခန်းဆက်ပါခဲ့တဲ့ သမ္မတအုပ်ချုပ်သောစနစ်ကို လိုလားပါသည်ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရှိတယ်။ ဆောင်းပါးရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ အရင်မကျင့်သုံးခဲ့ဘူးတဲ့ သမ္မတစနစ်ကို ဘာကြောင့် ပြောင်းချင်တယ်ဆိုတာကို ရှင်းပြလိုရင်းဖြစ်တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသက်ဝင်လာတော့လည်း အုပ်ချုပ်ရေးမဏ္ဍိုင်ကသာ အရေးပါပြီး ဥပဒေပြုရေးမဏ္ဍိုင်ဟာ ဇာတ်ပို့ရုံသာသာဖြစ်တယ်ဆိုတာ ပိုမိုထင်ရှားလာတယ်။ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးရဲ့ ခိုင်းဖက်မျှအဆင့်တောင်ဖြစ်နေတယ်။
  • ဒါတွေအကုန်လုံးက ဒီလိုပုံစံဖြစ်လာမယ်ဆိုတာ ပညာရပ်ဆိုင်ရာရှုထောင့်က ခန့်မှန်းလို့ရနေခဲ့တာတွေပါ။ တတိယအုပ်စုတွေကသာ အပြန်အလှန်ထိန်းကျောင်းမှုဘာညာနဲ့ အမေရိကန်သမ္မတစနစ်ကို နမူယူထားတာဆိုပြီး ကြီးကြီးကျယ်ကျယ် ရောင်းခဲ့တာပါ။ သမ္မတစနစ်ရဲ့အားနည်းချက်တစ်ခုက နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ထဲက ပါတီဝင်ကိုယ်စားလှယ်တွေကို ထိန်းသိမ်းနိုင်မှုမရှိတာပါ။ နိုင်ငံတော်ဟာ သမ္မတစနစ်ကျင့်သုံးတယ်ဆိုသော်လည်း အဲန်အယ်လ်ဒီက လွှတ်တော်ကို ဝက်စ်မင်စတာပုံစံ ပါလီမန်စနစ်မှာလို ကိုင်တွယ်နေတာဖြစ်ပါတယ်။ အကျိုးဆက်က နောင်မှာ လွှတ်တော်ထဲ လူတော်လူကောင်းတွေရဖို့ ပိုခက်ခဲသွားပါမယ်။ အကျိုးခံစားခွင့်၊ လစာ၊ လုပ်ပိုင်ခွင့်အားလုံးနည်းပြီး ပါတီမူဝါဒအတိုင်း အဆိုတင်ရုံ၊ ထောက်ခံ/ကန့်ကွက်မဲပေးရုံဆိုရင် ဥပဒေပြုရေးမဏ္ဍိုင်ဟာ စွဲဆောင်မှုရှိသောအဖွဲ့အစည်းဖြစ်မလာနိုင်ပါ။ လစာ၊ အကျိုးခံစားခွင့် အစစအရာရာ ပိုသာတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ပဲ သွားချင်ကြပါလိမ့်မယ်။ ငါးနှစ်အချိန်ကုန်တာချင်းကတော့ အတူတူပဲမဟုတ်လား။
  • နေပြည်တော်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီက မြေကွက်တွေချပေးတယ်ဆိုလို့ စဉ်းစားမိတာပါ။ ရေရှည်မှာ မဏ္ဍိုင်သုံးခုလုံးက တို့ဒီမိုကရေစီနည်းအရ အာဏာယူထားတာပဲဆိုပြီး ပြည်သူကို လူပေါ်လူဇော်လုပ်သလိုဖြစ်မနေဖို့ အရေးကြီးပါတယ်။ အုပ်ချုပ်သူလူတန်းစားအတွင်း ဝေစုတည့်ဖို့လိုသလို အုပ်ချုပ်ခံလူတန်းစားအတွက်လည်း လူမှုဖူလုံရေးစနစ်ကောင်းကောင်း အကောင်အထည်ဖော်ပေးရပါမယ်။ မဟုတ်ရင် စနစ်က အနှေးနဲ့အမြန် အတွင်းကနေပေါက်ထွက် (implode) ဖြစ်ပါလိမ့်မယ်။

Friday, June 12, 2020

  • နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို ဝင်လာတဲ့အချိန်မှာ generic knowledge ပဲပါလာကြပါတယ်။ ဒေသန္တရအသိ local knowledge မရှိပါဘူး။ နိုင်ငံတစ်နိုင်ငံအကြောင်း သိနားလည်ဖို့ကလည်း အဲဒီနိုင်ငံမှာနေတဲ့ လူမျိုးစုံ၊ နောက်ခံစုံနဲ့ ဘာသာစကား အနည်းဆုံးတစ်ခုတော့ တတ်မြောက်ဖို့လိုတာမို့ အချိန်အများကြီးပေးရပါတယ်။ အဲဒါတွေကို နားလည်တတ်မြောက်သွားတဲ့အခါကျရင်လည်း သူတို့မှာဆန္ဒစွဲတစ်ခုခု၊ ခံယူယုံကြည်ချက်တစ်မျိုးမျိုး ဆုပ်ကိုင်ပြီးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သံတမန်တွေကို ရာထူးကြီးလေ၊ တာဝန်ကျရာနိုင်ငံမှာ နှစ်အကြာကြီးမထားလေဖြစ်တာပါ။ သူတို့ရဲ့ဆုံးဖြတ်ချက်မှာ ပုဂ္ဂလဓိဋ္ဌာန်နဲ့ အဂတိတရားတွေ မစွန်းထင်းရအောင်ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေကတော့ ထူးခြားပါတယ်။ ၂၀၁၁ ခုနှစ် တိုင်းပြည်ထဲရောက်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ တစ်မျိုးက နိုင်ငံအကြောင်း နကန်းတစ်လုံးမှမသိဘဲ ပရောဂျက်ပေါ်လာလို့ ပေါက်ချလာတဲ့ generic knowledge နဲ့လူတွေဖြစ်ပါတယ်။ နောက်တစ်မျိုးက နယ်စပ် သို့မဟုတ် တတိယနိုင်ငံမှာ ပြည်ပြေးတွေ၊ သူပုန်တွေနဲ့ ဒွေးရောယှက်တင်နေခဲ့တဲ့ local knowledge ရှိသူတွေဖြစ်ပါတယ်။ တချို့ဆို backpacker အဖြစ်နဲ့ ထိုင်းလိုနိုင်ငံမျိုးကို ရောက်လာမယ်။ လူနည်းစုတော်လှန်ရေးထဲဝင်ပါရင်း တချို့လူမျိုးစုတွေကို အကြောင်းပြုပြီး မြန်မာနိုင်ငံကို သံယောဇဉ်တွယ်သွားကြတဲ့အုပ်စုတွေပါ။ နိုင်ငံတံခါးဖွင့်တော့လည်း ပြည်တွင်းထဲရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့ရှိပြီးသား local knowledge အပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် အမြင်မရှင်းသူတွေလည်း ပါလာပါတယ်။ ဝေဖန်ချင်တဲ့အချက်ကို ရောက်လာပါပြီ။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးရဲ့အကြောင်း local knowledge ဝမ်းစာမဖြည့်ဘဲ ပြည်ပက generic knowledge ကိုပဲ အတင်းသွတ်သွင်းချင်နေတဲ့ နိုင်ငံတွင်းက အရပ်ဖက်အဖွဲ့အစည်းဆိုတဲ့ အုပ်စုတချို့အကြောင်းပါ။ Generic knowledge မှာတောင် ဘယ်ဟာက ပညာရပ်စာပေ၊ ဘယ်ဟာက စည်းရုံးလှုံ့ဆော်ရေး၊ ဘယ်ဟာက သုတေသန၊ ဘယ်ဟာက နိုင်ငံရေးအရအသုံးချခြင်းဆိုတာ ခွဲခြားမသိတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့တွေဖြစ်ပါတယ်။ သိဖို့အရေးပါတယ်လို့လည်း သိဟန်မတူပါဘူး။ ဒါကြောင့် လွတ်လပ်သယောင်နဲ့ ကိုလိုနီနယ်ချဲ့စနစ်လောင်းရိပ်အောက်က မလွတ်မြောက်နိုင်ဘဲ ဖြစ်နေရရှာသူတွေပါ။ သူတို့ကိုယ်သူတို့ အကျင့်သီလမြင့်မြတ်သူနေရာကယူပြီး လူတကာကို လှည့်ပတ်ပြီး ရေ့စစ်၊ ဆက်စစ် ခေါ်နေတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ သူတို့အဖိနှိပ်ခံနေရတဲ့စနစ်က သူတို့ထင်နေတဲ့အရာတွေမဟုတ်ပါဘူး။ သူတို့ရပ်တည်မှုအတွက် အတွေးအခေါ်‌ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနယ်ပယ်တွေမှာ သူတို့ကို ကျွန်ပြုကြီးစိုးထားတဲ့ အနောက်တိုင်းအရင်းရှင်နယ်ချဲ့ဝါဒရဲ့ Cultural Hegemony သာဖြစ်ပါတယ်။

Wednesday, June 10, 2020

အာဖျံကွီး နဲ့ အိစံကွား
  • မြန်မာပြည်မှာ လူရွှင်‌တော်တွေက တရုတ်လူမျိုးတွေကို ပြက်လုံးထုတ်ချင်ရင် 'ဝ'တို့၊ 'လု'တို့နဲ့ ပြက်လေ့ရှိကြပါတယ်။ သူတို့မသိတာက ဝ၊ လု ဆိုတာ တရုတ်ပြည်၊ ဖူကျန့်ပြည်နယ်ကလာတဲ့ လက်ရှည်တရုတ်တွေရဲ့ ဘာသာစကားမှာပဲ 'ငါ'၊ 'မင်း' လို့သုံးစွဲတာဖြစ်ပြီး တရုတ်တစ်နိုင်ငံလုံးမှာသုံးတဲ့ တရုတ်စကားမဟုတ်ဘူးဆိုတာပါပဲ။
  • ဒီအချက်က ဘာကိုပြသလဲဆိုရင် ကိုလိုနီခေတ်မှသည် ပါလီမန်ခေတ်တလျောက် တနင်္သာရီမှသည် မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအလယ် ပဲခူးတိုင်း၊ မြေလတ်ဒေသအထိ ဖူကျန့်နယ်သား လက်ရှည်တရုတ်လူမျိုးတွေရဲ့ လူမှုစီးပွားဩဇာ ပျံ့နှံ့ခဲ့တဲ့သမိုင်းကို ဖော်ပြနေတာပါ။
  • လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထိုင်ဝမ်စပ် ပညာရှင်တစ်ဦးက ရန်ကုန်မြို့၊ တရုတ်တန်းက ဖူကျန့်နယ်သားတွေအကြောင်း မနုဿဗေဒဆိုင်ရာ စာအုပ်တစ်အုပ်ရေးထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူရေးထားတာမှာ မပြည့်စုံတာ၊ နားလည်မှုလွဲနေတာလေးတွေ မြင်မိပါတယ်။ (ဒီနေရာမှာ အသေးစိတ် မရေးတော့ပါ။)
  • ပြောပြချင်တာက တိမ်မြုပ်ရွေ့လျောသွားတဲ့ လက်ရှည်စကားအကြောင်းပါ။ ယနေ့ခေတ် ဖူကျန့်ပြည်နယ်မှာတောင် ဖူကျန့်ဒေသိယစကား (လက်ရှည်စကား) ကိုပြောသူနည်းလာတဲ့အတွက် တိမ်ကောစပြုပြီလို့ဆိုပါတယ်။
  • မြန်မာစကားထဲဝင်နေတဲ့ လက်ရှည်တရုတ်စကားလုံးတွေ အတော်အတန်ရှိပါတယ်။ အခုခေတ်မြန်မာတွေရော၊ တရုတ်နွယ်ဖွားများပါ မသိကြတော့ပါ။ ပထမတစ်ခုက အာဖျံကွီး (鴉片鬼) ပါ။ 'ဘိန်းစားကောင်'လို့ အဓိပ္ပာယ်ရပါတယ်။ မောင်ဝဏ္ဏက စုံထောက်ကြီးအာဖျံကွီးနာမည်နဲ့ ကာတွန်းဇာတ်‌ကောင်လုပ်လိုက်တဲ့အခါကျတော့ ဘိန်းစားအနက်ကနေ ရယ်စရာနှစ်လိုဖွယ်ရာသဘောဖြစ်သွားပါတယ်။
  • ဒုတိယတစ်ခုက အိစံကွား (你傻瓜 - လိစာကွား) 'နင်က ငနုံ'လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ငယ်ငယ်က မျက်စိမှေးမှေး၊ သွားခေါခေါနဲ့ မျက်ခုံးမကောင်းတဲ့ တရုတ်သွင်ပြင် သိပ်ပေါက်သော တရုတ်ကလေးတွေကို အိစံကွားလို့ လှောင်ပြောင်ခေါ်တတ်ကြပါတယ်။ ဗမာတွေက လုပ်သလို၊ တရုတ်အချင်းချင်းလည်း တစ်ခါတစ်ရံ လုပ်တတ်ကြပါတယ်။ ခေါ်သူရဲ့စေတနာအပေါ်မူတည်ပြီး နှိမ်တာဆဲတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစကားလည်း မူလအဓိပ္ပာယ် ပျောက်ကွယ်သွားပါပြီ။ တရုတ်တွေကိုယ်တိုင်တောင် သူတို့ကို အိစံကွားသွားခေါ်ရင် ဆဲချင်မှန်းမသိတော့ပါ။ ပေါရာဏဖြစ်သွားလို့ အသုံးမရှိတော့ပါဘူး။
  • မြန်မာစကားထဲဝင်နေတဲ့ ပိုရိုင်းစိုင်းတဲ့ လက်ရှည်စကားလုံးတစ်ခုက 'ဖော်လံဖား' လုပ်တယ်ဆိုတာပါ။ အခုခေတ်မှာ အသုံးများတဲ့ 'ဘောမတယ်' ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ 'လံဖား' (𡳞脬) ဝှေးစေ့ကို ပြောတာပါ။ မြန်မာတွေကတော့ ဖားတယ်ဆိုတဲ့သဘောပဲဆွဲသုံးကြတာဖြစ်ပါတယ်။ သူ့မူရင်းအဓိပ္ပာယ်က ပိုဆိုးပါတယ်။

*(ကျွန်တော်မသိတဲ့အချက်တွေနဲ့ပတ်သက်ပြီး ညွှန်ပြပေးတဲ့ ညီငယ် Kyi Boom နဲ့ အစ်ကိုကြီး Nyan Soe Chénzhǎngguó တို့ကို ကျေးဇူးတင်ပါတယ်။)*
  • မြန်မာပြည်က တောင်အာရှအနွယ် မွတ်စလင်အများစုရဲ့ အနေအထားက ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာအကြမ်းဖက်မှု (structural violence) ကိုအကြောင်းပြပြီး အုပ်စုအခွင့်အရေးကိုတောင်းနိုင်တဲ့ သမိုင်းပေးထားချက်နဲ့ ပကတိအခြေအနေမျိုးမရှိပါဘူး။
  • ဘာကြောင့်လည်းဆိုတော့ မြန်မာဘုရင်များလက်ထက်အထိ ပြန်ကြည့်လိုက်ရင် သူတို့ဟာ ပါဠိစာ၊ သက္ကဋစာအထိ တတ်ကျွမ်းတဲ့ ပညာရေး၊ အုပ်ချုပ်ရေးထိပ်ပိုင်းက လူတွေဖြစ်ခဲ့တယ်။ ကိုလိုနီခေတ်ရောက်တော့လည်း လူဉီးရေတိုးတက်လာတဲ့အပြင် စီးပွားရေးနဲ့နိုင်ငံရေးမှာပါ အင်အားကြီးလာတယ်။ အမြို့မြို့အနယ်နယ်မှာ ဆောက်ခဲ့ကြတဲ့ ဗလီကြီးငယ်တွေက သက်သေပဲ။ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ မြန်မာတွေက လူနည်းစုဖြစ်ခဲ့တယ်။ အထက်ပိုင်း ရာထူးဌာနန္တရမှာ မြန်မာနည်းသလို အောက်ခြေသိမ်းလုပ်ငန်းတွေမှာလည်း မြန်မာက လူနည်းစုပဲ။
  • ဉီးနေဝင်းတက်ပြီး တခြားနိုင်ငံကို ထွက်သွားရတာ၊ အက်ဖ်အာစီတွေ နှိပ်ကွပ်ခံရတာ၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားရေးမှာ အဖိနှိပ်ခံရတာမှာ မွတ်စလင်တွေဟာ တရုတ်၊ ဟိန္ဒူ၊ အခြားသွေးနှောလို့သတ်မှတ်ခံရသူ ကပြားလူမျိုးများနဲ့ ဘာမှမထူးပါဘူး။ လဝကရုံးရောက်ရင် ဘိုးစဉ်ဘောင်ဆက် အားလုံးတို့ဗမာဆိုပြီး ခပ်တည်တည်နဲ့ အခိုင်အမာပြောတတ်တာမှာတော့ သူတို့က နည်းနည်းသာပါတယ်။ မလေးရှားမှာဆိုလည်း မလေးတွေက သူတို့ကိုယ်သူတို့ ဘူမိပုတ္တရလုပ်ပြီး တမီလ်ကုလားနဲ့ တရုတ်တွေကို ခွဲခြားတော့လည်း ခံကြရတာပဲ။
  • ဒီလိုမျိုးခွဲခြားဆက်ဆံခံရမှုက ဥပဒေရေးရာ၊ အဖွဲ့အစည်းရေးရာနဲ့သာ သက်ဆိုင်ပြီး လူမှုစီးပွားတည်ဆောက်ပုံအထိ စွပ်စွဲပြစ်တင်ရလောက်အောင် နက်ရှိုင်းမှုမရှိပါဘူး။ အခု တချို့လူပုဂ္ဂိုလ်နဲ့ အဖွဲ့များက ကုလားလို့မခေါ်ဖို့ ကမ်ပိန်းလုပ်ကြတယ်ဆိုတာက မြန်မာနိုင်ငံနဲ့ လုံးဝမတူညီသော ကျေးကျွန်စနစ် သမိုင်းကြောင်းနောက်ခံရှိတဲ့ အမေရိကန်ပြည်က လူမည်းတွေရဲ့အနေအထားနဲ့နှိုင်းယှဉ်ပြီး ပုံစံခွက်တစ်ခုထဲကို အတင်းသွင်းနေတာသာဖြစ်ပါတယ်။
  • လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ကုန်သွယ်ဖောက်ကားခွင့်၊ ပညာသင်ကြားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေကို တရားဥပဒေအရ ပိတ်ဆို့ခံနေရတာမဟုတ်ဘူး။ လူမျိုးနဲ့ဘာသာကိုအခြေခံပြီး အပြစ်ဒဏ်ပေး ထောင်ထဲပို့ ကွပ်မျက်ခံနေရတာလည်းမဟုတ်ဘူး။ ဒါကြောင့် နာဇီအစိုးရလက်ထက် ဥရောပက ဂျူးလူမျိုးတွေရဲ့အခြေအနေမျိုးနဲ့လည်းမတူပါဘူး။
  • မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စမဟုတ်သလို စည်းလုံးညီညွတ်မှုကို ပိုပြိုကွဲစေမယ့်ကိစ္စသာဖြစ်ပါတယ်။ မြန်မာပြည်ဖွား တရုတ်မျိုးနွယ်များ၊ တောင်အာရှနွယ် ဟိန္ဒူဘာသာဝင်များနဲ့လည်း နှိုင်းယှဉ်ချိန်ထိုးလို့ရပါတယ်။ သူတို့လည်း စနစ်ရဲ့ခွဲခြားဆက်ဆံမှုဒဏ်ကို ခံခဲ့ကြ၊ ခံနေရဆဲသူတွေပါ။ ဒါပေမဲ့ ကြွက်မနိုင်လို့ ကျီကိုမီးမရှို့ရပါဘူး။

Tuesday, June 9, 2020

တရုတ်ကို တရုတ်လို့ခေါ်တာ နာစရာမရှိပါ။ ဒီဝေါဟာရရဲ့မူလအစက မွန်ဂိုတာတာတွေကို ညွှန်းတာဖြစ်နိုင်ပါတယ်။ ရှေးခေတ်မြန်မာဝတ္ထုတွေထဲမှာတွေ့ရတဲ့ ထောင်ကဲဆိုတာက လက်ရှည်စကား 頭家 (thâu-ke) ကလာတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်ရှိ မင်မြစ်ရဲ့တောင်ပိုင်းမှာနေတဲ့ တရုတ်တွေရဲ့ ဒေသိယစကားနဲ့ ထွက်တဲ့ အသံထွက်ပါ။ အခုခေတ် သူဌေးကို လောင်ပန်ခေါ်သလိုဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက မြန်မာစကားမှာ တရုတ်လူမျိုးကို နာမ်နှိမ်ခေါ်တဲ့ အသုံးအနှုန်းမရှိခဲ့တာပါပဲ။ ပေါက်ဖော်ဆိုလည်း ဉီးနုက စတင်သုံးနှုန်းဖို့အားပေးခဲ့ပြီး အဓိပ္ပာယ်ကလည်း တစ်အူတုံဆင်းမွေးချင်းဆိုပြီး ဆွေမျိုးစပ်တဲ့သဘောပါပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်ခန့်အတွင်းမှာ တရုတ်ကို တယုတ်ဆိုပြီး ယပက်လက်နဲ့ပေါင်းပြီး ယုတ်မာတဲ့အနက်နဲ့ တမင်စော်ကားတဲ့ သဘာဝမကျသော ရေးထုံးတစ်မျိုးပေါ်လာပါတယ်။ ဒါလည်း ကြာရှည်ခံမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ အစဉ်အလာအရ မြန်မာနိုင်ငံမှာ တရုတ်လူမျိုးနဲ့ မျိုးနွယ်များအပေါ်လူထုရဲ့ ထင်မြင်ချက်က မဆိုးပါ။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသွေးထိုးသူတွေကသာ ဆိုးအောင် လုပ်နေတာဖြစ်ပါတယ်။

Saturday, June 6, 2020

  • ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီကို တရုတ်နဲ့ပတ်သက်ပြီး စိတ်ခုနေတာ အဲန်အယ်လ်ဒီမဟုတ်တဲ့အုပ်စုအားလုံးနီးပါးကပဲ။ အနောက်အုပ်စုမွေး အရပ်ဖက်အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေကစလို့ ယူအက်စ်ဒီပီနဲ့ တပ်မတော်အလယ် တတိယပါတီတွေနဲ့မျိုးချစ်တွေအဆုံးပဲ။
  • သူတို့အမြင်မှာ အဲန်အယ်လ်ဒီအစိုးရဟာ တရုတ်နဲ့သိပ်နီးစပ်သွားတဲ့အတွက် သူတို့ကိုယ်တိုင်အတွက် လုပ်ကွက်မကျန်ဘူးဖြစ်ကုန်တယ်။ ၂၀၀၉ ခုနှစ်မှာ ထူးဆန်းစွာ ဂျွန် ယက်တောအမှုပေါ်ပေါက်ခဲ့ပြီး ဆီနတ်တာ ဂျင်မ် ဝက်ဘ်ကစလို့အမေရိကန်ဝင်လာဖို့ ချောင်းပေါက်သွားတယ်။ အမှန်က နှစ်ကုန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပေါ်လစီကို ပြန်သုံးသပ်ဖို့က လုပ်ပြီးသား။ တရုတ် အင်အားကြီးနိုင်ငံဖြစ်လာတာကို မြန်မာပြည်ကနေ ဝင်ထိန်းချင်တာက အဓိကပဲ။ ဂျင်မ် ဝက်ဘ်၊ ကာ့တ် ကမ်းဘဲ၊ ဒဲရက် မစ်ရှဲ ဒီအမေရိကန်တွေအကုန်လုံးက အာရှရေးရာနဲ့ တရုတ်အကြောင်း လေ့လာလိုက်စားသူတွေဖြစ်တယ်။ သူတို့ကို အကြောင်းမဲ့ တာဝန်‌ပေးခဲ့တာမဟုတ်ဘူး။ အခုအသစ်ခန့်မယ့် အမေရိကန်သံအမတ်ကြီးကလည်း ယက်တောကိစ္စမှာ ဝါရှင်တန်ကို အစီအရင်ခံရတဲ့ အဲဒီအချိန်က သံရုံးဒုတိယအကြီးအကဲဖြစ်တယ်။
  • ၂၀၁၁ မှာ အိုဘားမား၊ ကလင်တန်ပေါင်းပြီး "ပီဗော့တူအေးရှား" (အာရှကိုဗဟိုချက်ပြောင်း) တဲ့ မူဝါဒပုံပေါ်လာတယ်။ သမ္မတဦးသိန်းစိန်ကို အသိအမှတ်ပြုပြီး မြန်မာနိုင်ငံကို အနောက်အုပ်စုရင်ခွင်ထဲ ဆွဲသွင်းတယ်။ စစ်အစိုးက တရုတ်ကြောက်လို့ ပြောင်းပေးတယ်မထင်လေနဲ့။ သူက နောက်ဆယ်နှစ်လောက်တော့ အသာလေးစိမ်စောင့်နိုင်တယ်။ အဲဒီအချိန်မှာ မြန်မာနဲ့ပေါင်းဖို့ မအောင့်နိုင်တော့တာက အမေရိကန်နဲ့ အီးယူ။
  • ဖြစ်ချင်တော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကြိုးဆွဲရာမပါဘူး။ လက်ပန်းတောင်းမှာ စပြီးခွာပြဲတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကန့်လန့်တိုက်တော့ ဆက်ဆံရေးက ပိုမပြေမလည်ဖြစ်လာတယ်။ ဦးသိန်းစိန်ကမှ မြစ်ဆုံမှာ တရုတ်ကို ကန်ပြသေးတယ်။ ဒေါ်စုက သူတို့ကိုကျော်ပြီး တရုတ်ဘက် အသာပေးလိုက်တဲ့အခါကျတော့ အနောက်ဆရာများ စိတ်မဆိုးပေမဲ့ ကျွဲမြီးတိုကြတယ်။
  • အဲန်အယ်လ်ဒီအစိုးရလည်းဖြစ်လာရော ဒေါ်စုကို အသုံးမကျတော့ဘူးယူဆလို့ ဘင်္ဂါလီ/ရိုဟင်ဂျာအရေးနဲ့ ဖယ်ထုတ်ဖို့ကြိုးစားတယ်။ အဲဒါ အနောက်အုပ်စုနဲ့ သူတို့အောက်ဆွဲ တစ်တွဲလုံးပဲ။ တခြားတစ်ဖက်မှာလည်း တရုတ်က ထုံးစံအတိုင်း အာဏာရတဲ့အစိုးရနဲ့ပစ်ပေါင်းတယ်။ အနောက်အဖွဲ့တွေနဲ့တရုတ်ရဲ့အနေအထားက ဉီးသိန်းစိန်လက်ထက်ကနဲ့ ပြောင်းပြန်ဖြစ်သွားတယ်။
  • တခြားပါတီတွေနဲ့ တပ်ကအရေးမပါသလို၊ ဘေးဖယ်ခံရသလိုဖြစ်လာတယ်။ ဒါပေမဲ့မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်လို့ တရုတ်ဘက်ဗုံးဆံကျရင်တော့ တပ်က တရုတ်ရဲ့ အပြောဆိုခံထိတယ်။ ဒီလိုနဲ့ ဒေါ်စုနဲ့ အဲန်အယ်လ်ဒီကို တခြားအဖွဲ့အားလုံးလိုလိုက အစာမကြေဖြစ်လာတယ်။
  • အဲဒီအစာမ‌ကြေခြင်းများဟာလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်နေတယ်။ ဒါကြောင့် အနောက်နိုင်ငံသား သတင်းစာဆရာတွေရေးတာကိုလည်း သိပ်အဟုတ်ထင်မနေကြနဲ့။ သူတို့လည်း ပိုက်ဆံမရဘဲ ထိုင်ရေးနေတာမဟုတ်ဘူး။ အချက်အလက်ကိုပဲ ယူချင်ယူ။ သုံးသပ်ချက်က ကိုယ့်နိုင်ငံအကြောင်း ကိုယ်အသိဆုံးမို့ ဦးနှောက်ကလေးကိုသုံးပြီး စဉ်းစားကြပါ။
  • အမေရိကန်ပြည်က လူထုဆူပူအုံကြွမှုပုံရိပ်တွေကို မြင်ရတော့ ဝါရှင်တန်ဒီစီကိုရောက်စဉ်က Jefferson Memorial နဲ့ Lincoln Memorial မှာ ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို ပြန်တင်ချင်စိတ်ပေါက်သွားပါတယ်။
  • ထောမတ်စ် ဂျက်ဖာဆန် နဲ့ အေဘရာဟမ် လင်းခင်း ဟာ အမေရိကန်သမိုင်းမှာ ကျွန်တော်အနှစ်သက်ဆုံး သမ္မတနှစ်ဉီးပါ။ တတိယမြောက်နဲ့ ၁၆ ယောက်မြောက် သမ္မတတွေဖြစ်ပါတယ်။ ကျွန်တော် အသက်နှစ်ဆယ်လောက်က ဂျက်ဖာဆန်ကို ကြိုက်လွန်းလို့ သူ့ဓာတ်ပုံမိတ္တူကို ပိုက်ဆံအိတ်ထဲ ဆောင်ထားပါတယ်။ တချို့ အဲဒီခေတ်က လူကြီးတွေ ပိုက်ဆံအိတ်ထဲ ဘုရားပုံ၊ ဘုန်းကြီးပုံဆောင်ကြသလိုမျိုးပါ။ ဂျက်ဖာဆန်က သူ့အိမ်မှာ လူမည်းအမျိုးသမီးတစ်ဉီးကို တိတ်တိတ်ပုန်းဇနီးမယားအဖြစ် ပေါင်းသင်းခဲ့ပြီး လူမည်းသားစဉ်မြေးဆက်တွေ ကျန်နေခဲ့တယ်ဆိုတာ နောက်ကျတော့ သိလာပါတယ်။ သူကိုယ်တိုင်ကလည်း ကျွန်စနစ်ကို တိုက်ဖျက်မသွားပါဘူး။ သူ့ဆီမှာရှိတဲ့ လူမည်းကျွန်တွေကို စီးပွားရေးအခြေအနေကြောင့် လွတ်လပ်ခွင့်မပေးခဲ့ပါဘူး။ ဒီအချက်တွေကြောင့် အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းရေးခဲ့တဲ့ ထောမတ်စ် ဂျက်ဖာဆန်ကို အရင်ကလို မကြည်ညိုတော့ပါဘူး။ ဒါပေမဲ့ Jefferson Memorial ကတော့ ကျွန်တော့်အကြိုက်ဆုံး ဗိသုကာလက်ရာထဲမှာပါပါတယ်။ စကားမစပ် ဖူးစာမဆုံလိုက်တဲ့ ရည်းစားကလည်း တိုက်တိုက်ဆိုင်ဆိုင် ဂျက်ဖာဆန်နဲ့ မွေးနေ့တူဖြစ်ပါတယ်။
  • အေဘရာဟမ် လင်းခင်း ကတော့ အမေရိကန်သမ္မတတွေကို လုံးဝမကြိုက်တဲ့သူတွေတောင် နှစ်သက်ကြတဲ့သမ္မတဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို တည်ထောင်သူဖခင်ကြီးများ မလုပ်ဆောင်သွားနိုင်ခဲ့တဲ့ ကျေးကျွန်စနစ်ကိုတိုက်ဖျက်ဖို့ ပြည်တွင်းစစ်အဖြစ်ခံကာ အသက်စွန့်သွားရသူပါ။ သူနဲ့ပတ်သက်ပြီး အမှတ်တရရှိနေတာက ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက မြန်မာ့ရုပ်မြင်သံကြားမှာလာတဲ့ ဇာတ်လမ်းတစ်ခုမှာပါတဲ့ လင်းခင်း အလုပ်အကြံခံရပြီး မှိတ်သွားတဲ့ သူ့မျက်စိနှစ်ဖက်အပေါ် ကူးတို့ခအဖြစ် ဒင်္ဂါးပြားတွေအုပ်ပေးလိုက်တဲ့ ဇာတ်ဝင်ခန်းပါ။ နောက်တစ်ခုက စာရေးဆရာတင့်တယ် ဘာသာပြန်တဲ့စာအုပ်လို့ထင်ပါတယ်။ နိုင်ငံရေးမှာ သူ့ပြိုင်ဖက် စတီဖင် ဒေါက်ဂလတ်စ်နဲ့ စကားစစ်ထိုးပြီး ခက်ခက်ခဲခဲပြိုင်ခဲ့ရတာတွေ၊ သူ့မိန်းမ မေရီ တော့ဒ်ကြောင့် လင်းခင်း စိတ်ဆင်းရဲရတာတွေဖတ်လို့ သိပ်ကောင်းပါတယ်။ အခုလည်း မိန်းမက ဂျီကျပြီး ဆိုးရင် သူက မေရီ တော့ဒ်လို့ပဲ သဘောထားလိုက်တယ်။ ကိုယ်ကတော့ လင်းခင်းပေါ့လေ။
အမျိုးသမီးအခွင့်အရေးလို့ဆိုရာမှာ အမျိုးသမီးတွေအတွက် လွတ်မြောက်မှု (emancipation) အစွန်းနှစ်မျိုးကို မြင်မိတယ်။
ပထမတစ်မျိုးက မော်ဒယ်တွေရဲ့လွတ်မြောက်မှုပေါ့လေ။ လှလှပပ ဝတ်မယ်စားမယ်၊ ရှိတာတွေကိုထုတ်ကြွားမယ်၊ ပုရိသတွေကိုဖမ်းစားဖို့ အဖော်အချွတ်လုပ်ချင်လည်းလုပ်ကြမယ်။ အဆိုးမြင်စိတ်နဲ့ဝေဖန်ရင်တော့ အမျိုးသမီးထုကို လိင်မှုပစ္စည်း (sex objects) အဖြစ် အလုပ်ခံနေတယ်၊ မလိုအပ်ဘဲ လိင်သဘောလွန်ကဲအောင် (sexualize) လုပ်ကြတယ်လို့ ဝေဖန်စရာရှိတယ်။ သူတို့လိုမဟုတ်သော အမျိုးသမီးထုကိုလည်း အမျိုးသားတွေက ဒီပုံစံနဲ့ နှိမ့်ချရှုမြင်လာရင် ဖိုကြီးစိုးရေးဝါဒ (ဝါ) ပက်ထရစ်အာခီ (patriarchy) ကို အားပေးအားမြှောက်ပြုရာရောက်တယ်လို့ ဝေဖန်ကြလိမ့်မယ်။ ဒါပေမဲ့ ဒီအမျိုးအစားထဲပါတဲ့ အမျိုးသမီးတွေက သူ့ဟာနဲ့သူတော့ လွတ်မြောက်နေကြတယ်လို့ ပြောရမှာပဲ။
ဒုတိယတစ်မျိုးမှာတော့ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာနဲ့ လွတ်မြောက်နေကြတဲ့ ၁၉၅၀ ပြည့်လွန်စတိုင် အမျိုးသမီးတွေလည်း ယနေ့ခေတ်တိုင်ရှိကြတယ်။ အိမ်မှုကိစ္စကို ကျကျနနလုပ်မယ်၊ ထမင်းဟင်းကောင်းချက်မယ်၊ ခင်ပွန်းနဲ့ကလေးတွေရှိရင် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေနိုင်အောင်ထားမယ်ဆိုတဲ့ အမျိုးအစားဖြစ်တယ်။ အသက်မွေးဝမ်းကြောင်းပညာရှိပြီး အပြင်ထွက်အလုပ်လုပ်တဲ့အမျိုးသမီးဆိုလည်း မိသားစုတာဝန်ကို မလစ်ဟင်းအောင် ဆောင်ရွက်မယ်ပေါ့။ သူတို့အတွက်ကတော့ စည်းကမ်းသည် လွတ်လပ်ခြင်းပဲ။ ဒီအမျိုးအစားကလည်း သူ့နည်းသူ့ဟန်နဲ့တော့ လွတ်မြောက်နေကြတာပဲ။
အဲဒီနှစ်မျိုးလုံးကို အမျိုးသမီးလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသော ဖင်းမနစ် (feminist) များက မကြိုက်ကြဘူး။
အဲဒီမှာမှ တကယ် မလွတ်မြောက်နိုင်ကြရှာတာက ဖိုကြီးစိုးရေးဝါဒ/ပက်ထရီအာခီကို စိတ်ကူးနဲ့ သွားသွားတိုက်နေကြရှာတဲ့ ဖင်းမနစ်ဝါဒီအမျိုးသမီးတွေဖြစ်နေတယ်။ အစဉ်အလာအမျိုးသားတွေကြီးစိုးလာတဲ့ကမ္ဘာမှာ တန်းတူညီမျှရေး၊ ထိုက်တန်တဲ့ ကိုယ်စားပြုမှုရရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ကြတာကတော့ လေးစားဖွယ်လုပ်ရပ်ပါ။ ဒါပေမဲ့ ကွန်မြူနစ်ဝါဒမှာလိုပဲ တစ်ခါတစ်ခါ သူတို့တိုက်ဖျက်ချင်တဲ့အရာက မရှင်းပါ။ ကွန်မြူနစ်တွေက အရင်းရှင်တွေကို ရှုတ်ချသလိုပဲ ဖင်းမနစ်ဝါဒီတွေက ယောကျာ်းအားလုံးကို ရှုတ်ချရမှာလား၊ တိုက်ဖျက်ပစ်ရမယ်လို့ဆိုလိုသလားမသိပါ။ အမျိုးသားတွေကို အနိုင်ရလိုက်ပြီးတော့ ပက်ထရီအာခီဆိုတာကြီးပြိုလဲသွားရင်‌ရော ဘာလူ့ဘောင်ကြီး ပေါ်ပေါက်လာမယ်ဆိုတာလည်း မသဲကွဲပါ။
လတ်တလောမှာတော့ ဖင်းမနစ်တွေအနေနဲ့ မလွတ်မြောက်နိုင်သေးတာတော့ အမှန်ပါပဲ။ ဒါကြောင့် ဖင်းမနစ်ဝါဒဆိုတာက အယူဝါဒ (ideology) လား၊ နေထိုင်မှုပုံစံ (lifestyle) လား၊ အသက်မွေးအလုပ်အကိုင် (career) လားတောင် ပြောရအတော်ခက်ပါတယ်။ ဖင်းမနစ်တွေက တစ်ခါတစ်ခါ အစွန်းနှစ်ဖက်က လွတ်မြောက်မှုအခွင့်အရေးကလေးတွေကိုလည်း ဝင်နှိုက်ယူလိုက်သေးတာကိုး။ ယောကျာ်းတွေလို ပေတာဆိုးတာ၊ သောက်စားမူးယစ်တာကတစ်ခြမ်း၊ လုပ်ငန်းခွင်မှာ ရင်ဘောင်တန်းနိုင်သော စွမ်းဆောင်ရည်ကို အသိအမှတ်ပြုစေချင်တာက တစ်ခြမ်းပေါ့လေ။ အစွန်းနှစ်ဖက်မှာရှိနေတဲ့ သူ့နည်းသူ့ဟန်လွတ်မြောက်တယ်ထင်နေတဲ့ အမျိုးသမီးများကိုတော့ ဖင်းမနစ်တွေက မာ့က်စ်ဘာသာစကားနဲ့ဆိုရင် အသိမှားဝင်နေကြသူများ (false consciousness) လို့ ပြောကြမယ်ထင်ပါရဲ့။

Thursday, June 4, 2020

မုဒိတာအိမ်ရာက နိုင်ဂျီးရီးယားတွေနဲ့ မြန်မာနိုင်ငံရောက်လူမည်းတွေအကြောင်း ရေးသားထောက်ပြတဲ့သတင်းတွေ ဖတ်ရပါတယ်။ နိုင်ဂျီးရီးယားဆိုတာ တလောက မြန်မာနိုင်ငံလိုပဲ ထရမ့်ရဲ့ အမေရိကန်မှာ အခြေချနေထိုင်ခွင့်ဗီဇာ ပိတ်ပင်ခံလိုက်ရတဲ့အထဲ ပါဝင်တဲ့နိုင်ငံတစ်နိုင်ငံပါ။ ၁၉ လမ်းစားသောက်ဆိုင်မှာ ညတိုင်းလာထိုင်တယ်ဆိုပြီး သတင်းရေးထားတဲ့ အာဖရိကန်အုပ်စုလို ပြင်သစ်စကားပြောတာမဟုတ်ပါ။ ဖြစ်စဉ်က သီးခြားဖြစ်၍သော်လည်းကောင်း၊ သို့မဟုတ် မုဒိတာကိစ္စ‌နဲ့ရောပြီး တခြားအာဖရိကန်တွေကိုပါ ရာဇဝတ်မှုမကင်းဘူးလို့ သတင်းဖြန့်ဝေသူတွေက စွပ်စွဲကောက်ချက်ချချင်၍သော်လည်းကောင်း ဖြစ်ပါလိမ့်မယ်။
တရုတ်ပြည်မှာ မကြာသေးခင်က အဲဒီမှာနေထိုင်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေနဲ့ ဒေသခံတရုတ်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ကြပါတယ်။ နိုင်ဂျီးရီးယားတွေက ကိုဗစ်နဲ့ပတ်သက်တဲ့ အသွားအလာကန့်သတ်ချက် စည်းကမ်းကို မလိုက်နာကြလို့ တရုတ်အရပ်သားတွေက ဝိုင်းဆုံးမရင်း လက်ပါကုန်တာပါ။ နိုင်ဂျီးရီးယားလွှတ်တော်ဥက္ကဋ္ဌက အဲဒါကို နိုင်ငံရေးအမှတ်ယူဖို့ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကိုခေါ်ပြီး ပြောဆိုလုပ်ပါတယ်။ အနောက်နိုင်ငံမီဒီယာတွေကလည်း တရုတ်ကို လူမျိုးရေးခွဲခြားဆက်ဆံတယ်ဆိုပြီး ဝမ်းသာအားရ တကျော့ သံယောင်ဟစ် လိုက်အော်လိုက်ကြပါသေးတယ်။
ပြောချင်တာက မြန်မာတွေမှာ လူမည်းအာဖရိကန်တွေနဲ့ပတ်သက်ပြီး ဆက်ဆံဖူးတဲ့အတွေ့အကြုံနည်းပါတယ်။ ကိုဖီအာနန်၊ ဂမ်ဘာရီ၊ ဂမ်ဘီယာ ဘယ်သူနဲ့မှ သိပ်အစေးကပ်ခဲ့တာမဟုတ်ပါ။ လူမျိုးရေးအရ သံသယထား ခွဲခြားတတ်တဲ့ စိတ်အခံမျိုးလည်း မသိလိုက်မသိဘာသာ ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံရောက်နေတဲ့ အာဖရိကန်တွေ ရာဇဝတ်မှုမကင်းတဲ့လုပ်ရပ်တွေ လုပ်နေတယ်ဆိုရင် အာဏာပိုင်တွေအနေနဲ့ ထိရောက်စွာ အရေးယူရမှာပါ။ လူမျိုးရေးဆန်အောင် မလုပ်ကြဖို့လိုပါတယ်။ လူဖြူတွေ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ မြန်မာနိုင်ငံထောင်ထဲ ရောက်နေတာ အများကြီးပါ။ သူတို့သံရုံးတွေလည်း သိပါတယ်။ လူမည်းတွေက အုပ်စုနဲ့ မြင်သာလို့ ကိုယ်က အုပ်စုပြသွားရှင်းမယ်လို့ မလုပ်ပါနဲ့။ အာဏာပိုင်တွေနားပေါက်အောင်သာ သတင်းပေး စုံစမ်းအရေးယူခိုင်းပါ။
ဂျော့ခ်ျ ဖလွိက်သေဆုံးမှုကိုအကြောင်းခံပြီး အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ဆူပူဆန္ဒပြမှုတွေအပေါ် ပြည်တွင်းပြည်ပမြန်မာတွေရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်တဲ့အခါ ဝမ်းစာမပြည့်မှုနှစ်မျိုးကို သွားတွေ့ရပါတယ်။
ပထမတစ်မျိုးက အမေရိကန်လူမည်းတွေကို ဆေးသမားရာဇဝတ်ကောင်တွေ၊ ထောက်ပံ့စာစားတဲ့ လူပျင်းတွေလို့သာ အကဲဖြတ်ရှုမြင်တတ်တဲ့ လူမျိုးရေးခွဲခြားတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ အမေရိကန်လူမည်းတွေကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက တို့ဆီမှာလည်းရှိတာပဲဆိုပြီး တခြားနိုင်ငံကဖြစ်စဉ်ကို ကိုယ့်နိုင်ငံမှာ ပြန်ဆင်ချင်တဲ့ သဘောထားနဲ့လုပ်ရပ်ဖြစ်တယ်။ ဒီအစွန်းနှစ်ဖက်လုံးဟာ မြန်မာလူ့အဖွဲ့အစည်းတွေရဲ့ ပညာရေးဝမ်းစာမပြည့်ဝမှုကြောင့် ပေါ်ပေါက်နေတာဖြစ်တယ်။
ဒုတိယအုပ်စုကို အရင်ဝေဖန်ရရင် အမေရိကန်သမိုင်းကို အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းလောက်၊ ထောမတ်စ် ဂျက်ဖာဆန်နဲ့ ဖောင်းဒင်းဖားသားတွေလောက်၊ ဖက်ဒရယ်လစ်ပေပါလောက်ဖတ်ပြီး လွန်ခဲ့တဲ့အနှစ် နှစ်ရာ့သုံးလေးဆယ်က အမေရိကန်ပြည်လောက်ကိုပဲသိပြီး အဟုတ်ထင်မှတ်နေသူတွေဖြစ်တယ်။ ရေဆစ်ဇင် ဆိုတဲ့ဝေါဟာရကို ထည်လဲသုံးနေသော်လည်း ကမ္ဘာမှာ ဒီဝါဒဆိုးဟာ အမေရိကတိုက်က ကျေးကျွန်စနစ်ကြောင့် တိုက်ရိုက်ပေါ်ပေါက်ခဲ့တယ်ဆိုတာရယ်၊ အမေရိကန်ပြည်ဆိုတာ လူမည်း၊ လူနီတွေကို ကျွန်ပြုနှိပ်စက်ပြီးမှ၊ ဂျီနိုဆိုဒ်လုပ်ပြီးမှ တည်ဆောက်ခဲ့တဲ့နိုင်ငံဖြစ်တယ်ဆိုတာရယ်ကို နားမလည်တဲ့ ဖုတ်လို့ မကျက်တကျက် အုပ်စုပဲ။
သမိုင်းကို ကြေညက်အောင် ဖတ်ကြပါလို့ သူတို့ကို တိုက်တွန်းချင်တယ်။ အထူးသဖြင့် အမေရိကန်ပြည်တွင်းစစ်ကနေစလို့ ၁၉၆၀ အလွန် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှု‌တွေပေါ်ပေါက်လာတဲ့အထိပေါ့လေ။ လစ်ဘရယ်ဝါဒ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ပါပီနဲ့ မာမီအခွင့်အရေးလောက်ပဲ ဖတ်မနေဘဲ အဲနာခစ်ဇင်တို့၊ မာ့က္ခစစ်ဇင်တို့ပါ လေ့လာကြပါ။ ပရိုဂရက်ဆစ်အမည်ခံပြီး လက်ဝဲသဘောတရားရေး မကြေညက်တာလောက် အသုံးမကျတာမရှိပါဘူး။ လုပ်စားကောင်းရုံလောက်ပဲ သိချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။
အခု ပထမအုပ်စုအကြောင်းကို ပြန်ဝေဖန်ပါ့မယ်။ အာရှနွယ်ဖွား-အမေရိကန်တွေ၊ မြန်မာ-အမေရိကန်တွေကတော့ တို့ဟာ အမည်းတွေလို မဟုတ်ဘူး။ အလုပ်ကြိုးစားတယ်၊ စာကြိုးစားတယ်။ တို့လုပ်သလောက် ခရီးရောက်မယ်။ လူဖြူတွေက နေရာပေးလိမ့်မယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဖွဲ့စည်းတည်ဆောက်ပုံအကြမ်းဖက်မှု‌ အုံနဲ့ကျင်းနဲ့ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ဟာ အသားအရောင်ကြောင့် အမြဲတမ်းဒုတိယတန်းစား နိုင်ငံသားတွေပဲဖြစ်တယ်ဆိုတာကို သတိရပါ။ နှစ်ပေါင်းရာနဲ့ချီပြီး ကိုယ့်ရှေ့မှာရှိခဲ့တဲ့ ဒီဖွဲ့စည်းပုံကို အခုထိ မတိုက်ဖျက်နိုင်သေးတာကြည့်ရင် နောက်နောင် ကိုယ့်မျိုးဆက် ကိုယ့်အမျိုးတွေလည်း အလားတူရုန်းကန်မှုမျိုး ကြုံရဦးမယ်ဆိုတာ နားလည်ပါ။ ပြီးပြည့်စုံတဲ့လူ့ဘောင်ဆိုတာ မရှိတဲ့အတွက် မြန်မာနိုင်ငံဟာလည်း လက်ရှိအနေအထားထက် အများကြီး ပိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ယုံကြည်ပါ။

Wednesday, June 3, 2020

အတိတ်မှာ ဒါမဖြစ်ခဲ့ရင် ဘာဖြစ်ခဲ့မလဲဆိုတဲ့ စဉ်းစားချက်မျိုး (counter-factuals) ဟာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ထရန်းအန်းမဲန် လူထုအုံကြွမှုကို တရုတ်ကွန်မြူနစ်ပါတီအစိုးရက အကြမ်းဖက်ဖြိုခွင်းမှုသာမဖြစ်ခဲ့ရင် တရုတ်နိုင်ငံဟာ လက်ရှိအခြေအနေလို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါ့မလား။ ဆိုဗီယက်ပြည်ထောင်စုလိုပဲ အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားခဲ့မလား။ ဒီမိုကရက်တစ်တရုတ်ပြည်ကြီးအဖြစ်ပဲ အသွင်ကူးပြောင်းခဲ့မလား။
ဒါပေမဲ့ အာဏာရှင်စနစ်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီပဲဖြစ်ဖြစ် သတိမူရမယ့်အချက်တစ်ချက်ကတော့ အရွယ်အစား (size) ပဲဖြစ်တယ်။ အကောင်ကြီးသူကို အားလုံးက သံသယဖြစ်ကြ၊ ကြောက်ကြတာသဘာဝပဲ။ စီးပွားရေးလုပ်ငန်းတွေလည်း အရွယ်သိပ်ကြီးလာရင် လက်ဝါးကြီးအုပ် (monopoly) မှာကြောက်ပြီး ခွဲဖို့လုပ်တတ်ကြတာပဲ။ Microsoft, Facebook စသဖြင့် စဉ်းစားကြည့်ပါ။ တရုတ်နိုင်ငံက ပထဝီအကျယ်အဝန်းအရရော၊ လူဦးရေအရပါ အရွယ်အစားကြီးတဲ့အခါကျတော့ သူ့ဟာသူနေနေလည်း ခြိမ်းခြောက်သလို (intimidating) ခံစားရတာဖြစ်တယ်။
တခြားတစ်ဖက်မှာလည်း ဆင်သွားရင် လမ်းဖြစ်ဆိုသလိုပဲ အကောင်ကြီးရင် သူ့အပြုအမူလုပ်ရပ်မှန်သမျှဟာ လေ့လာသင်ခန်းစာယူစရာဖြစ်လာပါတယ်။ လူဦးရေနည်းပြီး အရွယ်အစားငယ်တဲ့နိုင်ငံရဲ့အတွေ့အကြုံဟာ ကြိမ်ရေအ‌နည်းအများရေတွက်တဲ့ စာရင်းဇယားအခြေပြု (statistical studies with frequentist logic) လူမှုသိပ္ပံလေ့လာမှုမျိုးမှာ ထူးခြားတယ်လို့ ထုတ်ပြဖို့ အင်မတန်ခက်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ခြောက်ပုံတစ်ပုံလောက်ရှိနေတဲ့နိုင်ငံကျတော့ သူဘာပဲလုပ်လုပ် ထူးခြားဖြစ်စဉ်ထဲဝင်ပြီး တခုတ်တရလေ့လာသင့်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြောင့် သေကြေနစ်နာဆုံးရှုံးရတဲ့အမှုတွေကို Justice for George Floyd ၊ Black Lives Matter အမှုတွေနဲ့နှိုင်းယှဉ်ပြီး တို့ဆီမှာလည်း ဒါတွေရှိတယ်၊ အတူတူပါပဲလို့ ပြောလို့မရပါဘူး။ အဲဒါမျိုးသွားပြောရင် BLM ကိုတန်ပြန်ဖို့ အမေရိကန်လူဖြူကြီးစိုးရေးဝါဒီတွေလုပ်ခဲ့တဲ့ All Lives Matter အစွန်းရောက်သဘောတောင် ဖြစ်သွားနိုင်ပါတယ်။ အမေရိကန်မှာ အာရှနွယ်ဖွားအမေရိကန်တွေရှိပေမယ့် George Floyd လို ရဲအသတ်ခံရရင် လူမျိုးရေးကိုအကြောင်းပြုပြီး ဘယ်သူမှ ဆန္ဒပြဆူပူမှာမဟုတ်ပါ။ အမေရိကန်လူမည်းတွေကတော့ အမေရိကန်ပြည်မှာ ရက်စက်ကြမ်းကြုတ်လှတဲ့ ကျေးကျွန်စနစ်ရဲ့ သားကောင်တွေဖြစ်ခဲ့လို့၊ ဖြစ်နေဆဲမို့ ဒီလိုဆူပူလှုံ့ဆော်မှုကို လုပ်ရတာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဖွဲ့စည်းတည်ဆောက်ပုံအကြမ်းဖက်မှု (Structural Violence) ဒဏ်ကို စနစ်တကျ ခံကြရလို့ဖြစ်တယ်။ ဒီလိုပြောလိုက်လို့ မြန်မာနိုင်ငံက တချို့တိုင်းရင်းသားနဲ့ အုပ်စုတွေက ဒီမှတ်ကျောက်နဲ့ဆို မိမိတို့အတွက်လည်း အကျုံးဝင်မယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဘယ်အုပ်စုမှ အမေရိကန်လူမည်းတွေရဲ့ အခြေအနေမျိုးမှာ မရှိကြပါ။ လူမျိုးစုတစ်စုချင်း၊ နိုင်ငံရေးအုပ်စုတစ်ခုချင်းကိုတော့ အသေးစိပ် ဝေဖန်ဆန်းစစ် မပြတော့ပါဘူး။ ဖွဲ့စည်းတည်ဆောက်ပုံအကြမ်းဖက်မှုလို့ဆိုရာမှာ အမေရိကန်လူမည်းတွေက သမိုင်းကြောင်းအရသာမက လူမျိုးရေးနဲ့ လူတန်းစားရေးပါ ပေါင်းခံရတာဖြစ်တယ်။ လူမည်းချင်းတူပေမဲ့ လက်တင်အမေရိကားနဲ့ ဥရောပက လူမည်းတွေ၊ အာဖရိကတိုက်ကလူမည်းတွေနဲ့တောင် အနေအထားချင်းနှိုင်းယှဉ်လို့မရပါ။ ပြည်ပက ပေါ်ပင် template တွေကို ပြည်တွင်းမှာ မဆန့်ဆန့်အောင် သွင်းနေလို့ကတော့ တိုင်းပြည်တည်ဆောက်ရေး (Nation-building) အတွက် ဘာအကျိုးမှမရှိပါဘူး။

Monday, June 1, 2020

အမေရိကန်မှာ နိုင်ငံတော်ဆိုတာကြီးက သိပ်အားကောင်းမောင်းသန်ရှိလွန်းတော့ အမေရိကန်လူမည်းတွေခမျာ တော်လှန်ပုန်ကန်ချင်ရင်တောင် လူမျိုးရေးလက်နက်ကိုင်အဖွဲ့တွေ ခမ်းခမ်းနားနားဖွဲ့၊ ပွဲလမ်းတက် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဖို့တွေ မလုပ်နိုင်ရှာ။ ခိုစရာတောလည်းမရှိ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းစရာ နေရာလည်းမရှိ။ ဘာမှမလုပ်ဘဲတောင် ရဲကနှိပ်စက်၊ ထောင်ထဲနှစ်နဲ့ချီပြီးသွားနေရ။ ဒါကြောင့် ဆူပူလုယက်မီးရှို့၊ ကိုယ့်နယ်လေးအတွင်း ရာဇတ်မှုလေးတွေ ဂိုဏ်းလုပ်ငန်းလေးတွေနဲ့ တစ်ဘဝကုန်ဆုံးကြရရှာတာ။ အခုပဲကြည့်လေ။ အမရေိကနျတစျပွညျလုံး ဒီလောကျ ဆူပူအုံကွှမှုဖွစျနတောတောငျ ဘယျအနောကျတိုငျးနိုငျငံတှကေ လုံခွုံရေးတပျဖှဲ့တှအေနနေဲ့ အငျအားအလှနျအကြှံမသုံးဖို့တို့၊ လူနညျးစုတှရေဲ့ အခှငျ့အရေးနဲ့ သမိုငျးဆိုငျရာ မကြနေပျခကြျ နစျနာခကြျတှကေို ထညျ့သှငျးစဉျးစားပေးဖို့တို့ တောငျးဆိုကွလို့လဲ။ ကုလသမဂ်ဂလုံခွုံရေးကောငျစီမှာ အမရေိကနျအရေးဆှေးနှေးမယျလို့ တငျရဲကွသလဲ။ သူ့ဟာသူ ဘယျလောကျ ဆူဆူ လုလု၊ သူတို့ခမြာ ဒီလိုနဲ့ပဲ တစျခနျးရပျသှားရရှာဦးမှာ။ တခွားနိုငျငံသာဆိုရငျတော့ နညျးနညျးအကွမျးဖကျနှိမျနငျးကွညျ့ပါလား။ အရေးယူပိတျဆို့မယျဆိုပွီး အနောကျနိုငျငံတှကေ ကြီးလို ဝိုငျးအာကွမယျ။ သူပုနျအဖှဲ့တှပေေါျလာရငျ မွှောကျပငျ့ထောကျခံမယျ။ အမရေိကနျကို ကမ်ဘာ့ခေါငျးဆောငျနရောက ဖွုတျခသြငျ့ပွီ။ အနောကျအုပျစုကွီးစိုးနတေဲ့ကမ်ဘာကွီးကိုလညျး ပွညျဖုံးကားခသြငျ့ပွီ။ ဒါတှဟော ထရမျ့တစျဦးတညျးရဲ့ ဆိုးရှားမှုကွောငျ့မဟုတျဘူး။ တရားမြှတမှု၊ တနျးတူညီမြှမှုမရှိသော ကွောငျသူတောျကမ်ဘာ့စနစျကွီးကွောငျ့ဖွစျနတော။