Friday, June 19, 2020

  • ၁၉၃၀ ခုနှစ်မှာဖြစ်တဲ့ ကုလား-ဗမာရိုက်ပွဲက ဂေါ်ရင်ဂျီဆိပ်ကမ်းလုပ်သားတွေနဲ့ ဗမာအလုပ်သမားတွေအကြားဖြစ်တယ်။ George Orwell ရဲ့ Shooting an Elephant ဝတ္ထုတိုမှာပါတဲ့ ဆင်နင်းခံရလို့သေတဲ့ကုလားဟာလည်း ဂေါ်ရင်ဂျီကုလားပဲ။ ဥရောပသားတွေက ဆင်တစ်ကောင်ဟာ ဂေါ်ရင်ဂျီကူလီတစ်ယောက်ရဲ့အသက်ထက် တန်ဖိုးရှိတယ်လို့ သဘောထားခဲ့ကြတယ်။
  • ဗြိတိသျှကိုလိုနီနယ်ချဲ့စနစ်အောက် လန်ချားဆွဲတာကအစ အောက်ခြေသိမ်း အလုပ်ကြမ်းလုပ်ဖို့ မြန်မာပြည်ထဲအင်္ဂလိပ်‌တွေ ခေါ်သွင်းလာခဲ့တာကလည်း အိန္ဒိယတောင်ပိုင်းသား ဒြာဝိဒိယန်နွယ် ဂေါ်ရင်ဂျီ (တလဂူ) ကုလားတွေဖြစ်တယ်။
  • အာရှတိုက်က ဗြိတိသျှအင်ပိုင်ယာတစ်ဝန်း ကူလီ‌တွေ‌ပေါ်လာတယ်။ ကူလီဆိုတဲ့‌‌ဝေါဟာရကိုယ်၌က တူရကီဘာသာစကားအရင်းအမြစ်ကလာပြီး ကျွန်အဓိပ္ပာယ်မျိုးပဲ။ ကုလားကူလီရှိသလို၊ ဗမာ၊ တရုတ်နဲ့ အခြားလူမျိုးကူလီတွေလည်း ရှိခဲ့တယ်။ ဧရာဝတီတိုင်းမှာ ဂေါ်ရင်ဂျီကျွန်းဆိုတဲ့နာမည်နဲ့နေရာလည်းရှိတယ်။
  • ပန်ချာပီဆိုတာက အိန္ဒိယမြောက်ပိုင်းသားကုလားတွေ။ မြန်မာရုပ်ရှင်ကားဟောင်းတွေမှာဆို ပန်ချာပီတွေကို ဆရာဝန်ဇာတ်ကောင်နေရာမှာ ထားလေ့ရှိတယ်။ မြန်မာပြည်မှာ ကြီးပွားချမ်းသာလို့ ရန်ကုန်မြို့အပါအဝင် ဗလီကြီးငယ်ဆောက်ခဲ့တာက ဘင်္ဂါလီ၊ စူရတီအပါအဝင် မြောက်ပိုင်းက ကုလားမျိုးစုံ။
  • အိန္ဒိယတိုက်ငယ်ထဲက မွတ်စလင်တွေ ဘာသာရေးအကြောင်းပြုပြီး နိုင်ငံတစ်နိုင်ငံ ခွဲထွက်တော့မှ ပါကစ္စတန်ဆိုတာဖြစ်လာတယ်။ ဘင်္ဂလားဒေ့ရှ်က ၁၉၇၀ ကျော်မှပေါ်လာတဲ့နိုင်ငံ။
  • ကုလားလို့မခေါ်ဖို့ အသံထွက်လာတဲ့အုပ်စုက ဂေါ်ရင်ဂျီ တလဂူတွေတော့မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားမျိုးနွယ်စုများအဖြစ်သတ်မှတ်ခံထားရသော အခြားအုပ်စုများနည်းတူ အုပ်စုတစ်စုသာဖြစ်တယ်။ ရွေးကောက်ပွဲနှစ်မှာ အဲဒီအုပ်စု အသံစွာပြလာတော့ ထူးခြားတယ်။
  • သူတို့ရဲ့ရည်ရွယ်ချက်က ကုလားဆိုတဲ့ဝေါဟာရကို ခွဲခြားနှိမ့်ချတဲ့စကားလုံးအဖြစ် အသိအမှတ်ပြုခံရအောင် ပထမလုပ်မယ်။ ရလာရင် သူတို့ကိုယ်သူတို့ သီးခြားအုပ်စုတစ်ခုအဖြစ် နိုင်ငံရေးအရ အင်အားကြီးထွားလာအောင် လုပ်ချင်တာဖြစ်တယ်။ အတွေးအခေါ်ညံ့ဖျင်းလို့ အသုံးချခံနေရသူတွေလည်း ပါနိုင်တယ်။

No comments:

Post a Comment