ဂျော့ခ်ျ
ဖလွိက်သေဆုံးမှုကိုအကြောင်းခံပြီး အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်လာတဲ့
ဆူပူဆန္ဒပြမှုတွေအပေါ် ပြည်တွင်းပြည်ပမြန်မာတွေရဲ့ တုံ့ပြန်မှုကို
ကြည့်လိုက်တဲ့အခါ ဝမ်းစာမပြည့်မှုနှစ်မျိုးကို သွားတွေ့ရပါတယ်။
ပထမတစ်မျိုးက အမေရိကန်လူမည်းတွေကို ဆေးသမားရာဇဝတ်ကောင်တွေ၊ ထောက်ပံ့စာစားတဲ့ လူပျင်းတွေလို့သာ အကဲဖြတ်ရှုမြင်တတ်တဲ့ လူမျိုးရေးခွဲခြားတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ အမေရိကန်လူမည်းတွေကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက တို့ဆီမှာလည်းရှိတာပဲဆိုပြီး တခြားနိုင်ငံကဖြစ်စဉ်ကို ကိုယ့်နိုင်ငံမှာ ပြန်ဆင်ချင်တဲ့ သဘောထားနဲ့လုပ်ရပ်ဖြစ်တယ်။ ဒီအစွန်းနှစ်ဖက်လုံးဟာ မြန်မာလူ့အဖွဲ့အစည်းတွေရဲ့ ပညာရေးဝမ်းစာမပြည့်ဝမှုကြောင့် ပေါ်ပေါက်နေတာဖြစ်တယ်။
ဒုတိယအုပ်စုကို အရင်ဝေဖန်ရရင် အမေရိကန်သမိုင်းကို အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းလောက်၊ ထောမတ်စ် ဂျက်ဖာဆန်နဲ့ ဖောင်းဒင်းဖားသားတွေလောက်၊ ဖက်ဒရယ်လစ်ပေပါလောက်ဖတ်ပြီး လွန်ခဲ့တဲ့အနှစ် နှစ်ရာ့သုံးလေးဆယ်က အမေရိကန်ပြည်လောက်ကိုပဲသိပြီး အဟုတ်ထင်မှတ်နေသူတွေဖြစ်တယ်။ ရေဆစ်ဇင် ဆိုတဲ့ဝေါဟာရကို ထည်လဲသုံးနေသော်လည်း ကမ္ဘာမှာ ဒီဝါဒဆိုးဟာ အမေရိကတိုက်က ကျေးကျွန်စနစ်ကြောင့် တိုက်ရိုက်ပေါ်ပေါက်ခဲ့တယ်ဆိုတာရယ်၊ အမေရိကန်ပြည်ဆိုတာ လူမည်း၊ လူနီတွေကို ကျွန်ပြုနှိပ်စက်ပြီးမှ၊ ဂျီနိုဆိုဒ်လုပ်ပြီးမှ တည်ဆောက်ခဲ့တဲ့နိုင်ငံဖြစ်တယ်ဆိုတာရယ်ကို နားမလည်တဲ့ ဖုတ်လို့ မကျက်တကျက် အုပ်စုပဲ။
သမိုင်းကို ကြေညက်အောင် ဖတ်ကြပါလို့ သူတို့ကို တိုက်တွန်းချင်တယ်။ အထူးသဖြင့် အမေရိကန်ပြည်တွင်းစစ်ကနေစလို့ ၁၉၆၀ အလွန် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုတွေပေါ်ပေါက်လာတဲ့အထိပေါ့လေ။ လစ်ဘရယ်ဝါဒ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ပါပီနဲ့ မာမီအခွင့်အရေးလောက်ပဲ ဖတ်မနေဘဲ အဲနာခစ်ဇင်တို့၊ မာ့က္ခစစ်ဇင်တို့ပါ လေ့လာကြပါ။ ပရိုဂရက်ဆစ်အမည်ခံပြီး လက်ဝဲသဘောတရားရေး မကြေညက်တာလောက် အသုံးမကျတာမရှိပါဘူး။ လုပ်စားကောင်းရုံလောက်ပဲ သိချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။
အခု ပထမအုပ်စုအကြောင်းကို ပြန်ဝေဖန်ပါ့မယ်။ အာရှနွယ်ဖွား-အမေရိကန်တွေ၊ မြန်မာ-အမေရိကန်တွေကတော့ တို့ဟာ အမည်းတွေလို မဟုတ်ဘူး။ အလုပ်ကြိုးစားတယ်၊ စာကြိုးစားတယ်။ တို့လုပ်သလောက် ခရီးရောက်မယ်။ လူဖြူတွေက နေရာပေးလိမ့်မယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဖွဲ့စည်းတည်ဆောက်ပုံအကြမ်းဖက်မှု အုံနဲ့ကျင်းနဲ့ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ဟာ အသားအရောင်ကြောင့် အမြဲတမ်းဒုတိယတန်းစား နိုင်ငံသားတွေပဲဖြစ်တယ်ဆိုတာကို သတိရပါ။ နှစ်ပေါင်းရာနဲ့ချီပြီး ကိုယ့်ရှေ့မှာရှိခဲ့တဲ့ ဒီဖွဲ့စည်းပုံကို အခုထိ မတိုက်ဖျက်နိုင်သေးတာကြည့်ရင် နောက်နောင် ကိုယ့်မျိုးဆက် ကိုယ့်အမျိုးတွေလည်း အလားတူရုန်းကန်မှုမျိုး ကြုံရဦးမယ်ဆိုတာ နားလည်ပါ။ ပြီးပြည့်စုံတဲ့လူ့ဘောင်ဆိုတာ မရှိတဲ့အတွက် မြန်မာနိုင်ငံဟာလည်း လက်ရှိအနေအထားထက် အများကြီး ပိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ယုံကြည်ပါ။

No comments:
Post a Comment