အတိတ်မှာ ဒါမဖြစ်ခဲ့ရင် ဘာဖြစ်ခဲ့မလဲဆိုတဲ့ စဉ်းစားချက်မျိုး
(counter-factuals) ဟာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ထရန်းအန်းမဲန်
လူထုအုံကြွမှုကို တရုတ်ကွန်မြူနစ်ပါတီအစိုးရက
အကြမ်းဖက်ဖြိုခွင်းမှုသာမဖြစ်ခဲ့ရင် တရုတ်နိုင်ငံဟာ လက်ရှိအခြေအနေလို
ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါ့မလား။
ဆိုဗီယက်ပြည်ထောင်စုလိုပဲ အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားခဲ့မလား။
ဒီမိုကရက်တစ်တရုတ်ပြည်ကြီးအဖြစ်ပဲ အသွင်ကူးပြောင်းခဲ့မလား။
ဒါပေမဲ့ အာဏာရှင်စနစ်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီပဲဖြစ်ဖြစ် သတိမူရမယ့်အချက်တစ်ချက်ကတော့ အရွယ်အစား (size) ပဲဖြစ်တယ်။ အကောင်ကြီးသူကို အားလုံးက သံသယဖြစ်ကြ၊ ကြောက်ကြတာသဘာဝပဲ။ စီးပွားရေးလုပ်ငန်းတွေလည်း အရွယ်သိပ်ကြီးလာရင် လက်ဝါးကြီးအုပ် (monopoly) မှာကြောက်ပြီး ခွဲဖို့လုပ်တတ်ကြတာပဲ။ Microsoft, Facebook စသဖြင့် စဉ်းစားကြည့်ပါ။ တရုတ်နိုင်ငံက ပထဝီအကျယ်အဝန်းအရရော၊ လူဦးရေအရပါ အရွယ်အစားကြီးတဲ့အခါကျတော့ သူ့ဟာသူနေနေလည်း ခြိမ်းခြောက်သလို (intimidating) ခံစားရတာဖြစ်တယ်။

တခြားတစ်ဖက်မှာလည်း ဆင်သွားရင် လမ်းဖြစ်ဆိုသလိုပဲ အကောင်ကြီးရင်
သူ့အပြုအမူလုပ်ရပ်မှန်သမျှဟာ လေ့လာသင်ခန်းစာယူစရာဖြစ်လာပါတယ်။
လူဦးရေနည်းပြီး အရွယ်အစားငယ်တဲ့နိုင်ငံရဲ့အတွေ့အကြုံဟာ
ကြိမ်ရေအနည်းအများရေတွက်တဲ့ စာရင်းဇယားအခြေပြု (statistical studies with
frequentist logic) လူမှုသိပ္ပံလေ့လာမှုမျိုးမှာ ထူးခြားတယ်လို့ ထုတ်ပြဖို့
အင်မတန်ခက်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့
ခြောက်ပုံတစ်ပုံလောက်ရှိနေတဲ့နိုင်ငံကျတော့ သူဘာပဲလုပ်လုပ်
ထူးခြားဖြစ်စဉ်ထဲဝင်ပြီး တခုတ်တရလေ့လာသင့်တာဖြစ်ပါတယ်။
No comments:
Post a Comment