မုဒိတာအိမ်ရာက နိုင်ဂျီးရီးယားတွေနဲ့
မြန်မာနိုင်ငံရောက်လူမည်းတွေအကြောင်း ရေးသားထောက်ပြတဲ့သတင်းတွေ ဖတ်ရပါတယ်။
နိုင်ဂျီးရီးယားဆိုတာ တလောက မြန်မာနိုင်ငံလိုပဲ ထရမ့်ရဲ့ အမေရိကန်မှာ
အခြေချနေထိုင်ခွင့်ဗီဇာ ပိတ်ပင်ခံလိုက်ရတဲ့အထဲ
ပါဝင်တဲ့နိုင်ငံတစ်နိုင်ငံပါ။ ၁၉ လမ်းစားသောက်ဆိုင်မှာ
ညတိုင်းလာထိုင်တယ်ဆိုပြီး သတင်းရေးထားတဲ့ အာဖရိကန်အုပ်စုလို
ပြင်သစ်စကားပြောတာမဟုတ်ပါ။ ဖြစ်စဉ်က သီးခြားဖြစ်၍သော်လည်းကောင်း၊ သို့မဟုတ်
မုဒိတာကိစ္စနဲ့ရောပြီး တခြားအာဖရိကန်တွေကိုပါ ရာဇဝတ်မှုမကင်းဘူးလို့
သတင်းဖြန့်ဝေသူတွေက စွပ်စွဲကောက်ချက်ချချင်၍သော်လည်းကောင်း ဖြစ်ပါလိမ့်မယ်။
တရုတ်ပြည်မှာ မကြာသေးခင်က အဲဒီမှာနေထိုင်နေတဲ့
နိုင်ဂျီးရီးယားနိုင်ငံသားတွေနဲ့ ဒေသခံတရုတ်တွေအကြား
ရုန်းရင်းဆန်ခတ်ဖြစ်ကြပါတယ်။ နိုင်ဂျီးရီးယားတွေက ကိုဗစ်နဲ့ပတ်သက်တဲ့
အသွားအလာကန့်သတ်ချက် စည်းကမ်းကို မလိုက်နာကြလို့ တရုတ်အရပ်သားတွေက
ဝိုင်းဆုံးမရင်း လက်ပါကုန်တာပါ။ နိုင်ဂျီးရီးယားလွှတ်တော်ဥက္ကဋ္ဌက အဲဒါကို
နိုင်ငံရေးအမှတ်ယူဖို့
နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကိုခေါ်ပြီး
ပြောဆိုလုပ်ပါတယ်။ အနောက်နိုင်ငံမီဒီယာတွေကလည်း တရုတ်ကို
လူမျိုးရေးခွဲခြားဆက်ဆံတယ်ဆိုပြီး ဝမ်းသာအားရ တကျော့ သံယောင်ဟစ်
လိုက်အော်လိုက်ကြပါသေးတယ်။
ပြောချင်တာက မြန်မာတွေမှာ လူမည်းအာဖရိကန်တွေနဲ့ပတ်သက်ပြီး ဆက်ဆံဖူးတဲ့အတွေ့အကြုံနည်းပါတယ်။ ကိုဖီအာနန်၊ ဂမ်ဘာရီ၊ ဂမ်ဘီယာ ဘယ်သူနဲ့မှ သိပ်အစေးကပ်ခဲ့တာမဟုတ်ပါ။ လူမျိုးရေးအရ သံသယထား ခွဲခြားတတ်တဲ့ စိတ်အခံမျိုးလည်း မသိလိုက်မသိဘာသာ ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံရောက်နေတဲ့ အာဖရိကန်တွေ ရာဇဝတ်မှုမကင်းတဲ့လုပ်ရပ်တွေ လုပ်နေတယ်ဆိုရင် အာဏာပိုင်တွေအနေနဲ့ ထိရောက်စွာ အရေးယူရမှာပါ။ လူမျိုးရေးဆန်အောင် မလုပ်ကြဖို့လိုပါတယ်။ လူဖြူတွေ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ မြန်မာနိုင်ငံထောင်ထဲ ရောက်နေတာ အများကြီးပါ။ သူတို့သံရုံးတွေလည်း သိပါတယ်။ လူမည်းတွေက အုပ်စုနဲ့ မြင်သာလို့ ကိုယ်က အုပ်စုပြသွားရှင်းမယ်လို့ မလုပ်ပါနဲ့။ အာဏာပိုင်တွေနားပေါက်အောင်သာ သတင်းပေး စုံစမ်းအရေးယူခိုင်းပါ။

No comments:
Post a Comment