Tuesday, June 9, 2020

တရုတ်ကို တရုတ်လို့ခေါ်တာ နာစရာမရှိပါ။ ဒီဝေါဟာရရဲ့မူလအစက မွန်ဂိုတာတာတွေကို ညွှန်းတာဖြစ်နိုင်ပါတယ်။ ရှေးခေတ်မြန်မာဝတ္ထုတွေထဲမှာတွေ့ရတဲ့ ထောင်ကဲဆိုတာက လက်ရှည်စကား 頭家 (thâu-ke) ကလာတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်ရှိ မင်မြစ်ရဲ့တောင်ပိုင်းမှာနေတဲ့ တရုတ်တွေရဲ့ ဒေသိယစကားနဲ့ ထွက်တဲ့ အသံထွက်ပါ။ အခုခေတ် သူဌေးကို လောင်ပန်ခေါ်သလိုဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက မြန်မာစကားမှာ တရုတ်လူမျိုးကို နာမ်နှိမ်ခေါ်တဲ့ အသုံးအနှုန်းမရှိခဲ့တာပါပဲ။ ပေါက်ဖော်ဆိုလည်း ဉီးနုက စတင်သုံးနှုန်းဖို့အားပေးခဲ့ပြီး အဓိပ္ပာယ်ကလည်း တစ်အူတုံဆင်းမွေးချင်းဆိုပြီး ဆွေမျိုးစပ်တဲ့သဘောပါပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်ခန့်အတွင်းမှာ တရုတ်ကို တယုတ်ဆိုပြီး ယပက်လက်နဲ့ပေါင်းပြီး ယုတ်မာတဲ့အနက်နဲ့ တမင်စော်ကားတဲ့ သဘာဝမကျသော ရေးထုံးတစ်မျိုးပေါ်လာပါတယ်။ ဒါလည်း ကြာရှည်ခံမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ အစဉ်အလာအရ မြန်မာနိုင်ငံမှာ တရုတ်လူမျိုးနဲ့ မျိုးနွယ်များအပေါ်လူထုရဲ့ ထင်မြင်ချက်က မဆိုးပါ။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသွေးထိုးသူတွေကသာ ဆိုးအောင် လုပ်နေတာဖြစ်ပါတယ်။

No comments:

Post a Comment