မ်က္ေမွာက္ေခတ္ တ႐ုတ္-ျမန္မာဆက္ဆံေရးအေၾကာင္း
ေလ့လာသံုးသပ္ထားတဲ့ စာတမ္းတစ္ေစာင္မွာ တ႐ုတ္ႏိုင္ငံဟာ သူ႔ရဲ႕
ႏိုင္ငံေရး၊ စီးပြားေရး စီမံကိန္း၊ အေထာက္အပံ႔ေတြနဲ႔
တ႐ုတ္သြင္ျပင္လကၡဏာေဆာင္တဲ့ ျမန္မာ့နည္း ျမန္မာ့ဟန္ဒီမိုကေရစီ
ျဖစ္ေအာင္လုပ္လိမ့္မယ္လို႔ ေကာက္ခ်က္ခ်ထားပါတယ္။
အဲဒီေကာက္ခ်က္ကို ကြၽန္ေတာ္ သေဘာမတူပါ။
ေပက်င္း၊ ႐ွန္ဟိုင္းနဲ႔ နီးစပ္တဲ့ တ႐ုတ္ပညာ႐ွင္အသိုင္းအဝိုင္းကလည္း ဒီအဆိုကို လက္ခံမယ္မထင္ဘူး။ တ႐ုတ္ဟာ သူ႔ရဲ႕ ႏိုင္ငံေရးစနစ္ကို တင္ပို႔တဲ့ႏိုင္ငံမ်ိဳးမဟုတ္ဘူး။ တ႐ုတ္ပံုစံ ဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ ႏိုင္ငံေရးစနစ္အေၾကာင္းကို ဝါႂကြားေျပာဆိုမႈဟာ ၁) သူတို႔ရဲ႕ ျပည္တြင္းႏိုင္ငံေရး အယူဝါဒဆိုင္ရာ တရားဝင္မႈအတြက္ အဓိက လုပ္ေဆာင္တာျဖစ္တယ္။ ၂) အေနာက္ႏိုင္ငံေတြရဲ႕ ႏိုင္ငံေရး ျသဇာနဲ႔ စြက္ဖက္မႈကို လွမ္းကာထားတာျဖစ္တယ္။ ၃) တ႐ုတ္ႏိုင္ငံရဲ႕ ကုန္သြယ္ေရး၊ စီးပြားေရးအက်ိဳးစီးပြားအတြက္ ႏိုင္ငံတကာဆက္ဆံေရးမွာ အေထာက္အကူျဖစ္ေအာင္ အရင္း႐ွင္နီယိုလစ္ဘရယ္ဝါဒကို ျပန္အသံုးခ်ေနတာသာ ျဖစ္ပါတယ္။ ဗီယက္နမ္လို အျပင္ပန္းမွာ တ႐ုတ္နဲ႔ မသင့္ျမတ္တဲ့ႏိုင္ငံကေတာင္ တ႐ုတ္ရဲ႕ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းေတြကို တိတ္တဆိတ္ အတုယူ က်င့္သံုးေနတယ္ဆိုတာ ပညာ႐ွင္ေလာကမွာ ဝိဝါဒမကြဲေလာက္ေအာင္ ထင္႐ွားပါတယ္။

ျမန္မာျပည္က သုေတသီေတြဟာ သိပ္ထင္႐ွားတဲ့ အရာေတြကို မျမင္ၾကတာပဲလား၊
တမင္တကာ ထိန္ခ်န္ၾကတာပဲလားဆိုတာ တစ္ခါတစ္ရံ မကြဲျပားဘူး။
ျမန္မာႏိုင္ငံကို တကယ္တမ္း သူတို႔ရဲ႕ လစ္ဘရယ္သြင္ျပင္လကၡဏာအတိုင္း
ျဖစ္လာေအာင္ အေဝးကေနျပီး အတင္းပံုသြင္းဖို့ ႀကိဳးစားေနတာက
အေမရိကန္၊ ၿဗိတိန္ဦးေဆာင္တဲ့ အေနာက္အုပ္စုပဲ ျဖစ္တယ္။ တ႐ုတ္
မဟုတ္ဘူး။ ျမန္မာအေနနဲ႔လည္း တ႐ုတ္ကို ေၾကာက္ေန႐ုံ၊ သံသယ႐ွိေန႐ုံ၊
မုန္းေန႐ုံနဲ႔ အက်ိဳးေက်းဇူးျဖစ္ထြန္းစရာ အေၾကာင္းမ႐ွိပါ။
ျမန္မာေတြဟာ အယူဝါဒေတြကို စိတ္ဝင္စား႐ုံတင္မက စိတ္ကူးယဥ္ဆန္တဲ့အထိ
အစြဲသန္တတ္ၾကတယ္။ သာလာယံဇရပ္ နီယိုလစ္ဘရယ္ ျမန္မာႏိုင္ငံကို
အိပ္မက္ႀကီးႀကီးမက္ေနၿပီး ကိုယ့္နိုင္ငံရဲ့ ပထဝီႏိုင္ငံေရး
ပကတိတရားေတြကို လိမၼာပါးနပ္စြာ အသံုးမခ်တတ္ရင္ သို႔မဟုတ္
လ်စ္လ်ဴ႐ႈထားရင္လည္း တိုင္းျပည္ဟာ ဆက္လက္ၿပီး ေအာက္တန္း
ေနာက္တန္းက်ေနမွာပါပဲ။
(အေသးအဖြဲအေနနဲ႔ ေဝဖန္ခ်င္တာကေတာ့ စာတမ္းေရးသူဟာ တ႐ုတ္ဘာသာကို တတ္ကြၽမ္းတယ္ဆိုေပမယ့္ ျမန္မာျပန္မွာ တ႐ုတ္ေဝါဟာရေတြကို အသံမွန္ေအာင္ ဖလွယ္ခိုင္းဟန္မတူဘူး။ ဥပမာ 'ကြမ္းယွိ'လို႔ ေျဖာင့္ေျဖာင့္ေရးလို႔ရတဲ့ေနရာမွာ 'ကြန္း႐ွိ'လို႔ အသံဖလွယ္တာ၊ 'ခြန္းမင္' လို႔အသံဖလွယ္လို႔ရတဲ့ၿမိဳ႕ကို 'ကူမင္း'လို႔ပဲ ေရးတာမ်ိဳးပါ။ ေနာက္တစ္ခ်က္က တ႐ုတ္-ျမန္မာဆက္ဆံေရးကို ေလ့လာခ်င္ရင္ ယြင္နန္(ယူနန္)ျပည္နယ္ရဲ႕ ေျမာက္ဘက္က ျပည္နယ္ေတြအထိ သုေတသနနယ္ပယ္ ခ်ဲ့ထြင္သင့္တယ္ဆိုတာပဲ။)
--------------------
မျက်မှောက်ခေတ် တရုတ်-မြန်မာဆက်ဆံရေးအကြောင်း လေ့လာသုံးသပ်ထားတဲ့ စာတမ်းတစ်စောင်မှာ တရုတ်နိုင်ငံဟာ သူ့ရဲ့ နိုင်ငံရေး၊ စီးပွားရေး စီမံကိန်း၊ အထောက်အပံ့တွေနဲ့ တရုတ်သွင်ပြင်လက္ခဏာဆောင်တဲ့ မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ ဖြစ်အောင်လုပ်လိမ့်မယ်လို့ ကောက်ချက်ချထားပါတယ်။ အဲဒီကောက်ချက်ကို ကျွန်တော် သဘောမတူပါ။
ပေကျင်း၊ ရှန်ဟိုင်းနဲ့ နီးစပ်တဲ့ တရုတ်ပညာရှင်အသိုင်းအဝိုင်းကလည်း ဒီအဆိုကို လက်ခံမယ်မထင်ဘူး။ တရုတ်ဟာ သူ့ရဲ့ နိုင်ငံရေးစနစ်ကို တင်ပို့တဲ့နိုင်ငံမျိုးမဟုတ်ဘူး။ တရုတ်ပုံစံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေးစနစ်အကြောင်းကို ဝါကြွားပြောဆိုမှုဟာ ၁) သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေး အယူဝါဒဆိုင်ရာ တရားဝင်မှုအတွက် အဓိက လုပ်ဆောင်တာဖြစ်တယ်။ ၂) အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး သြဇာနဲ့ စွက်ဖက်မှုကို လှမ်းကာထားတာဖြစ်တယ်။ ၃) တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး၊ စီးပွားရေးအကျိုးစီးပွားအတွက် နိုင်ငံတကာဆက်ဆံရေးမှာ အထောက်အကူဖြစ်အောင် အရင်းရှင်နီယိုလစ်ဘရယ်ဝါဒကို ပြန်အသုံးချနေတာသာ ဖြစ်ပါတယ်။ ဗီယက်နမ်လို အပြင်ပန်းမှာ တရုတ်နဲ့ မသင့်မြတ်တဲ့နိုင်ငံကတောင် တရုတ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို တိတ်တဆိတ် အတုယူ ကျင့်သုံးနေတယ်ဆိုတာ ပညာရှင်လောကမှာ ဝိဝါဒမကွဲလောက်အောင် ထင်ရှားပါတယ်။
မြန်မာပြည်က သုတေသီတွေဟာ သိပ်ထင်ရှားတဲ့ အရာတွေကို မမြင်ကြတာပဲလား၊ တမင်တကာ ထိန်ချန်ကြတာပဲလားဆိုတာ တစ်ခါတစ်ရံ မကွဲပြားဘူး။ မြန်မာနိုင်ငံကို တကယ်တမ်း သူတို့ရဲ့ လစ်ဘရယ်သွင်ပြင်လက္ခဏာအတိုင်း ဖြစ်လာအောင် အဝေးကနေပြီး အတင်းပုံသွင်းဖို့ ကြိုးစားနေတာက အမေရိကန်၊ ဗြိတိန်ဦးဆောင်တဲ့ အနောက်အုပ်စုပဲ ဖြစ်တယ်။ တရုတ် မဟုတ်ဘူး။ မြန်မာအနေနဲ့လည်း တရုတ်ကို ကြောက်နေရုံ၊ သံသယရှိနေရုံ၊ မုန်းနေရုံနဲ့ အကျိုးကျေးဇူးဖြစ်ထွန်းစရာ အကြောင်းမရှိပါ။ မြန်မာတွေဟာ အယူဝါဒတွေကို စိတ်ဝင်စားရုံတင်မက စိတ်ကူးယဉ်ဆန်တဲ့အထိ အစွဲသန်တတ်ကြတယ်။ သာလာယံဇရပ် နီယိုလစ်ဘရယ် မြန်မာနိုင်ငံကို အိပ်မက်ကြီးကြီးမက်နေပြီး ကိုယ့်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး ပကတိတရားတွေကို လိမ္မာပါးနပ်စွာ အသုံးမချတတ်ရင် သို့မဟုတ် လျစ်လျူရှုထားရင်လည်း တိုင်းပြည်ဟာ ဆက်လက်ပြီး အောက်တန်း နောက်တန်းကျနေမှာပါပဲ။
(အသေးအဖွဲအနေနဲ့ ဝေဖန်ချင်တာကတော့ စာတမ်းရေးသူဟာ တရုတ်ဘာသာကို တတ်ကျွမ်းတယ်ဆိုပေမယ့် မြန်မာပြန်မှာ တရုတ်ဝေါဟာရတွေကို အသံမှန်အောင် ဖလှယ်ခိုင်းဟန်မတူဘူး။ ဥပမာ 'ကွမ်းယှိ'လို့ ဖြောင့်ဖြောင့်ရေးလို့ရတဲ့နေရာမှာ 'ကွန်းရှိ'လို့ အသံဖလှယ်တာ၊ 'ခွန်းမင်' လို့အသံဖလှယ်လို့ရတဲ့မြို့ကို 'ကူမင်း'လို့ပဲ ရေးတာမျိုးပါ။ နောက်တစ်ချက်က တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာချင်ရင် ယွင်နန်(ယူနန်)ြပည်နယ်ရဲ့ မြောက်ဘက်က ပြည်နယ်တွေအထိ သုတေသနနယ်ပယ် ချဲ့ထွင်သင့်တယ်ဆိုတာပဲ။)

No comments:
Post a Comment