Tuesday, August 21, 2018

အင္အားႀကီးႏိုင္ငံေတြၾကားမွာ ႏိုင္ငံေရး၊ စစ္ေရး၊ ကုန္သြယ္ေရးယွဥ္ၿပိဳင္မႈေတြ ျပင္းထန္လာတာနဲ႕အမွ် စိတ္ဓာတ္စစ္ဆင္ေရးနဲ႕ ဝါဒျဖန္႔ခ်ီေရးေတြပါ အရွိန္ျမင့္လာတာေတြ႕ရတယ္။ အခုေနာက္ဆံုးျဖစ္စဥ္ကေတာ့ အေမရိကန္က ကြန္ဆာေဗးတစ္အဖြဲ႕တစ္ခုျဖစ္တဲ့ ဟတ္ဆင္အင္စတီက်ဳကို ရုရွဟက္ကာေတြက ထြင္းေဖာက္ဖို႔ ႀကိဳးစားတယ္ဆိုတဲ့ ကိစၥျဖစ္တယ္။ မိုက္ခရုိေဆာ့ဖ္က ဟတ္ဆင္အင္စတီက်ဳကို လွမ္းအေၾကာင္းၾကားတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသားလံုျခံဳေရးအၾကံေပး ဂၽြန္ ေဘာ္လ္တန္ကလည္း အေမရိကန္ေရြးေကာက္ပြဲေတြကို ဝင္ရွဳပ္ေနတာဟာ ရုရွတင္မက တရုတ္၊ ေျမာက္ကိုရီးယား၊ အီရန္စတဲ့ ႏိုင္ငံေတြပါ ပါတယ္လို႔ စြပ္စြဲပါတယ္။

ဒီေနရာမွာ ေျပာဖို႔ရွိလာတာက အာဏာရွင္ႏိုင္ငံက ေထာက္လွမ္းေရးလုပ္ငန္းမ်ားနဲ႕ပတ္သက္ၿပီး မ်ားမ်ားစားစား မသိရွိရေပမယ့္ အပြင့္ႏိုင္ငံျဖစ္တဲ့ အေမရိကန္ စီအိုင္ေအရဲ႕ စစ္​​ေအးကာလက လုပ္ရပ္ေတြကေတာ့ ၾကာၾကာမေစာင့္ရဘဲ ဆယ္စုႏွစ္အနည္းငယ္အတြင္း ျပန္လည္ေပၚေပါက္လာေလ့ရွိတယ္။ အေမရိကန္အမ်ားစုဟာ ေယဘုယ်အားျဖင့္ ပူးေပါင္းၾကံစည္မႈသီအိုရီေတြကို တစ္နည္းမဟုတ္ တစ္နည္း လက္ခံယံုၾကည္တတ္ၾကတယ္။ ဒါကလည္း အံ့ၾသစရာ မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တည္ေဆာက္ေပးထားတဲ့ သူတို႕ရဲ႕စနစ္ကိုယ္တိုင္က ေရွ႕ဖံုး ေနာက္ေပၚ စနစ္မ်ိဳး ျဖစ္ေနလို႔ပဲ။ စီအိုင္ေအဟာ ရုိးသားတဲ့ အႏုပညာဖန္တီးမႈကိုေတာင္ ဝါဒျဖန္႔ဖို႔ သံုးတတ္တယ္။

ဥပမာေပးရရင္ ရုရွစာေရးဆရာ ေဘာရစ္ ပတ္စတာနက္ရဲ႕ ေဒါက္တာဇီဗားဂိုးဝတၳဳဟာ ဆိုဗီယက္ျပည္ေထာင္စုမွာ ပံုႏွိပ္ခြင့္မရခဲ့ဘူး။ အီတလီမွာ ပံုႏွိပ္ထုတ္ေဝခဲ့ရတယ္။ ရုရွေတာ္လွန္ေရးကို ေဝဖန္ၿပီးေရးတဲ့စာမို႕ ဆိုဗီယက္အစိုးရက မႀကိဳက္ဘူး။ ပတ္စတာနက္လည္း စာေပႏိုဘယ္ဆုရေပမယ့္ ဆုကို လက္ခံမယူႏိုင္ခဲ့ဘူး။ ဒါေပမဲ့ စီအိုင္ေအက ေဒါက္တာဇီဗားဂိုးဝတၳဳကို ေထာင္နဲ႕ခ်ီ ရုိက္ႏိွပ္ၿပီး ဥေရာပကိုလာၿပီး ဆိုဗီယက္ကိုျပန္တဲ့ ရုရွခရီးသည္ေတြနဲ႕ ဆိုဗီယက္ျပည္ေထာင္စုထဲကို သြင္းယူျဖန္႔ခ်ိေပးခဲ့တယ္။ သူတို႔မၾကိဳက္တဲ့အစိုးရကို ထိုးႏွက္ဖို႕အတြက္ ေငြေၾကးအကုန္အက်ခံၿပီး စစ္ဆင္ေရးအသြင္ ေဆာင္ရြက္ခဲ့တဲ့ သိမ္ေမြ႕ဥပမာတစ္ခုပဲ ျဖစ္ပါတယ္။ ကာယကံရွင္စာေရးဆရာ ပက္စတာနက္ေတာင္ သိခ်င္မွ သိလိမ့္မယ္။ သိလဲ သေဘာတူခ်င္မွ တူလိမ့္မယ္။
အေမရိကန္မီဒီယာေတြက သူတို႔ႏိုင္ငံရဲ႕ ၿပိဳင္ဘက္ သို႕မဟုတ္ ရန္သူလို႔ သေဘာထားတဲ့ႏိုင္ငံေတြက သတင္းကို ေဖာ္ျပလာရင္ သတိထားဖတ္ရွဳဖို႔ လိုအပ္ပါတယ္။ ရုရွ နဲ႕ တရုတ္အေၾကာင္းဆိုရင္ အေမရိကန္သတင္းဌာနေတြအေနနဲ႕ မေကာင္းေျပာဖို႔၊ ေရးဖို႕က ရာခိုင္ႏႈန္း အေတာ္မ်ားပါတယ္။ အေမရိကန္တင္မဟုတ္၊ ဥေရာပႏိုင္ငံအမ်ားစုမွာလည္း ဒီသေဘာထားရွိတယ္။ အေၾကာင္းရင္းကေတာ့ သမိုင္းေၾကာင္းနဲ႕လည္း သက္ဆိုင္သလို၊ လံုျခံဳေရးအတြက္ အေမရိကန္ရဲ႕ ေနတိုးထီးရိပ္ေအာက္ ေနေနတာလည္းပါတယ္။

အမွီအခိုကင္းစြာ မရပ္တည္ႏိုင္ေသးတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားက မီဒီယာအဖြဲ႕အစည္းေတြအတြက္လည္း ဆင္ျခင္စရာအမ်ားႀကီးရွိပါတယ္။ အေမရိကန္ရဲ႕ သတင္းကုမၸဏီႀကီးေတြဟာ သူ႕အာေဘာ္နဲ႔သူ အခ်င္းခ်င္းတိုက္ရင္း ထိန္း​ေနၾကတာျဖစ္တယ္။ ႏိုင္ငံေရးေလာကမွာလည္း ပါတီႀကီးႏွစ္ခုက သူ႕လူနဲ႕သူ ေစာင့္ၾကည့္ၾက၊ အခ်င္းခ်င္းခ်ဳပ္ဖို႕ႀကိဳးစားၾကတာျဖစ္တယ္။ မီဒီယာဟာ ေစာင့္ၾကည့္သူအဆင့္ပဲျဖစ္တယ္။ ျမန္​မာျပည္​မွာလ္္​ို ကိုယ္​့ကိုယ္​ကိုယ္​ စတုတၳမ႑ိဳင္ဆိုျပီး အခ်ိန္​ျပည္​့ ဘဝင္ေလဟတ္ေနတာမ်ိဳး မရွိပါ။
ျမန္မာျပည္မွာကေတာ့ သတင္းမီဒီယာဟာ တစ္ခါတစ္ရံ မီဒီယာလြတ္လပ္ခြင့္ကို ေၾကြးေၾကာ္ၿပီး ျပည္ပသတင္းေလာကက လုပ္ငန္းစဥ္ေတြနဲ႕ ညိွႏိႈင္းလုပ္ေဆာင္မိတာ၊ ေရးေန ေဖာ္ျပေနတာေတြကို ေတြ႕ရတယ္။ အားလံုးကို မဆိုလိုေပမယ့္ တခ်ိဳ႕လုပ္ငန္းစဥ္ေတြဟာ မိမိတို႔ႏိုင္ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အက်ိဳးရွိတာမ်ိဳး ျဖစ္ခ်င္မွ ျဖစ္လိမ့္မယ္။ အေနမတတ္ရင္ သူ႕အပူက ကိုယ့္အပူျဖစ္မယ္။ သူ႕ရန္သူက ကိုယ့္ရန္သူျဖစ္တယ္။ အေမရိကန္ ပင္မမီဒီယာက အစိုးရကို ဝိုင္းတိုက္တာဟာ သမၼတထရမ့္အစိုးရရဲ႕ ထူးျခားခ်က္ျဖစ္တယ္။ ဒါေတာင္ ထရမ့္ ဘာလုပ္လုပ္ ခုခံကာကြယ္ေပးတဲ့ ေဖာက္စ္လို သတင္းဌာနေတြလည္း ရွိေသးတယ္။

လက္ရွိျမန္မာအစိုးရကို မီဒီယာေတြရဲ႕ ဆက္ဆံတဲ့ပံုက ေလးစားမႈ မရွိသလို အစိုးရဘက္ကလည္း မီဒီယာအေပၚ ျပန္လွန္ေလးစားမႈ သိပ္မရတာဟာ တကယ္ေတာ့ မထူးဆန္းလွပါ။ အစိုးရေလးစားတာမခံရခင္ ျမန္မာမီဒီယာေတြအေနနဲ႕ ျပည္သူရဲ႕ေလးစားမႈကို ရေအာင္ အရင္ႀကိဳးစားသင့္တယ္လို႕ ထင္ပါတယ္။

-------------

 အင်အားကြီးနိုင်ငံတွေကြားမှာ နိုင်ငံရေး၊ စစ်ရေး၊ ကုန်သွယ်ရေးယှဉ်ပြိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးတွေပါ အရှိန်မြင့်လာတာတွေ့ရတယ်။ အခုနောက်ဆုံးဖြစ်စဉ်ကတော့ အမေရိကန်က ကွန်ဆာဗေးတစ်အဖွဲ့တစ်ခုဖြစ်တဲ့ ဟတ်ဆင်အင်စတီကျုကို ရုရှဟက်ကာတွေက ထွင်းဖောက်ဖို့ ကြိုးစားတယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။ မိုက်ခရိုဆော့ဖ်က ဟတ်ဆင်အင်စတီကျုကို လှမ်းအကြောင်းကြားတယ်လို့ ဆိုပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘော်လ်တန်ကလည်း အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရှုပ်နေတာဟာ ရုရှတင်မက တရုတ်၊ မြောက်ကိုရီးယား၊ အီရန်စတဲ့ နိုင်ငံတွေပါ ပါတယ်လို့ စွပ်စွဲပါတယ်။

ဒီနေရာမှာ ပြောဖို့ရှိလာတာက အာဏာရှင်နိုင်ငံက ထောက်လှမ်းရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး များများစားစား မသိရှိရပေမယ့် အပွင့်နိုင်ငံဖြစ်တဲ့ အမေရိကန် စီအိုင်အေရဲ့ စစ်​​အေးကာလက လုပ်ရပ်တွေကတော့ ကြာကြာမစောင့်ရဘဲ ဆယ်စုနှစ်အနည်းငယ်အတွင်း ပြန်လည်ပေါ်ပေါက်လာလေ့ရှိတယ်။ အမေရိကန်အများစုဟာ ယေဘုယျအားဖြင့် ပူးပေါင်းကြံစည်မှုသီအိုရီတွေကို တစ်နည်းမဟုတ် တစ်နည်း လက်ခံယုံကြည်တတ်ကြတယ်။ ဒါကလည်း အံ့သြစရာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တည်ဆောက်ပေးထားတဲ့ သူတို့ရဲ့စနစ်ကိုယ်တိုင်က ရှေ့ဖုံး နောက်ပေါ် စနစ်မျိုး ဖြစ်နေလို့ပဲ။ စီအိုင်အေဟာ ရိုးသားတဲ့ အနုပညာဖန်တီးမှုကိုတောင် ဝါဒဖြန့်ဖို့ သုံးတတ်တယ်။

ဥပမာပေးရရင် ရုရှစာရေးဆရာ ဘောရစ် ပတ်စတာနက်ရဲ့ ဒေါက်တာဇီဗားဂိုးဝတ္ထုဟာ ဆိုဗီယက်ပြည်ထောင်စုမှာ ပုံနှိပ်ခွင့်မရခဲ့ဘူး။ အီတလီမှာ ပုံနှိပ်ထုတ်ဝေခဲ့ရတယ်။ ရုရှတော်လှန်ရေးကို ဝေဖန်ပြီးရေးတဲ့စာမို့ ဆိုဗီယက်အစိုးရက မကြိုက်ဘူး။ ပတ်စတာနက်လည်း စာပေနိုဘယ်ဆုရပေမယ့် ဆုကို လက်ခံမယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ စီအိုင်အေက ဒေါက်တာဇီဗားဂိုးဝတ္ထုကို ထောင်နဲ့ချီ ရိုက်နှိပ်ပြီး ဥရောပကိုလာပြီး ဆိုဗီယက်ကိုပြန်တဲ့ ရုရှခရီးသည်တွေနဲ့ ဆိုဗီယက်ပြည်ထောင်စုထဲကို သွင်းယူဖြန့်ချိပေးခဲ့တယ်။ သူတို့မကြိုက်တဲ့အစိုးရကို ထိုးနှက်ဖို့အတွက် ငွေကြေးအကုန်အကျခံပြီး စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့တဲ့ သိမ်မွေ့ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ ကာယကံရှင်စာရေးဆရာ ပက်စတာနက်တောင် သိချင်မှ သိလိမ့်မယ်။ သိလဲ သဘောတူချင်မှ တူလိမ့်မယ်။

အမေရိကန်မီဒီယာတွေက သူတို့နိုင်ငံရဲ့ ပြိုင်ဘက် သို့မဟုတ် ရန်သူလို့ သဘောထားတဲ့နိုင်ငံတွေက သတင်းကို ဖော်ပြလာရင် သတိထားဖတ်ရှုဖို့ လိုအပ်ပါတယ်။ ရုရှ နဲ့ တရုတ်အကြောင်းဆိုရင် အမေရိကန်သတင်းဌာနတွေအနေနဲ့ မကောင်းပြောဖို့၊ ရေးဖို့က ရာခိုင်နှုန်း အတော်များပါတယ်။ အမေရိကန်တင်မဟုတ်၊ ဥရောပနိုင်ငံအများစုမှာလည်း ဒီသဘောထားရှိတယ်။ အကြောင်းရင်းကတော့ သမိုင်းကြောင်းနဲ့လည်း သက်ဆိုင်သလို၊ လုံခြုံရေးအတွက် အမေရိကန်ရဲ့ နေတိုးထီးရိပ်အောက် နေနေတာလည်းပါတယ်။

အမှီအခိုကင်းစွာ မရပ်တည်နိုင်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက မီဒီယာအဖွဲ့အစည်းတွေအတွက်လည်း ဆင်ခြင်စရာအများကြီးရှိပါတယ်။ အမေရိကန်ရဲ့ သတင်းကုမ္ပဏီကြီးတွေဟာ သူ့အာဘော်နဲ့သူ အချင်းချင်းတိုက်ရင်း ထိန်း​နေကြတာဖြစ်တယ်။ နိုင်ငံရေးလောကမှာလည်း ပါတီကြီးနှစ်ခုက သူ့လူနဲ့သူ စောင့်ကြည့်ကြ၊ အချင်းချင်းချုပ်ဖို့ကြိုးစားကြတာဖြစ်တယ်။ မီဒီယာဟာ စောင့်ကြည့်သူအဆင့်ပဲဖြစ်တယ်။ မြန်​မာပြည်​မှာလ််​ို ကိုယ်​့ကိုယ်​ကိုယ်​ စတုတ္ထမဏ္ဍိုင်ဆိုပြီး အချိန်​ပြည်​့ ဘဝင်လေဟတ်နေတာမျိုး မရှိပါ။

မြန်မာပြည်မှာကတော့ သတင်းမီဒီယာဟာ တစ်ခါတစ်ရံ မီဒီယာလွတ်လပ်ခွင့်ကို ကြွေးကြော်ပြီး ပြည်ပသတင်းလောကက လုပ်ငန်းစဉ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်မိတာ၊ ရေးနေ ဖော်ပြနေတာတွေကို တွေ့ရတယ်။ အားလုံးကို မဆိုလိုပေမယ့် တချို့လုပ်ငန်းစဉ်တွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိတာမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အနေမတတ်ရင် သူ့အပူက ကိုယ့်အပူဖြစ်မယ်။ သူ့ရန်သူက ကိုယ့်ရန်သူဖြစ်တယ်။ အမေရိကန် ပင်မမီဒီယာက အစိုးရကို ဝိုင်းတိုက်တာဟာ သမ္မတထရမ့်အစိုးရရဲ့ ထူးခြားချက်ဖြစ်တယ်။ ဒါတောင် ထရမ့် ဘာလုပ်လုပ် ခုခံကာကွယ်ပေးတဲ့ ဖောက်စ်လို သတင်းဌာနတွေလည်း ရှိသေးတယ်။

လက်ရှိမြန်မာအစိုးရကို မီဒီယာတွေရဲ့ ဆက်ဆံတဲ့ပုံက လေးစားမှု မရှိသလို အစိုးရဘက်ကလည်း မီဒီယာအပေါ် ပြန်လှန်လေးစားမှု သိပ်မရတာဟာ တကယ်တော့ မထူးဆန်းလှပါ။ အစိုးရလေးစားတာမခံရခင် မြန်မာမီဒီယာတွေအနေနဲ့ ပြည်သူရဲ့လေးစားမှုကို ရအောင် အရင်ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

No comments:

Post a Comment