အဲန်အယ်လ်ဒီကို ထောက်ခံတယ်ဆိုသူတွေထဲမှာ မြို့နေ ရေပေါ်ဆီ ဧလိတွေကို ဘယ်တုန်းကမှ အထင်မကြီးမိတာတော့ အမှန်ပဲ။ အဲဒီအထဲ အနုပညာရှင်တွေလည်း ပါသပေါ့။ ငါးပွက်ရာ ငါးစာချတဲ့ အချောင်သမားက များပါတယ်။ ဇာဂနာ ပြောတာ မကြားဖူးဘူးလား။ ၁၉.၀၉.၁၉၈၈ မှာ လမ်းပေါ်ရောက်လာတဲ့အထဲ အနုပညာလောကသားက နှစ်ယောက် တစ်ပိုင်းသာပါတယ်။မြို့နေမဟုတ်ရင်လည်း ကျေးလက်တောရွာက (ဒေါ်အောင်ဆန်းစုကြည်ကို) ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေက အများစုဖြစ်ပါတယ်။
၈၈ တုန်းက ပြည်သူဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ အတော် ကျပ်တည်းလို့ လမ်းမပေါ် ထွက်လာတာဖြစ်တယ်။ အခုကတော့ အာဏာသိမ်းခဲ့ရင်တောင် လမ်းပေါ်မှာ သွေးထွက်သံယို မြင်ရဖို့ အခွင့်အလမ်းနည်းပါတယ်။ ၈၈ နဲ့ ကွာတဲ့ တစ်ချက်က အခုလူတွေဟာ အရင်းရှင်စီးပွားရေးစနစ်အောက်မှာ စိတ်ဓာတ်တွေ ပျက်စီးပြီးနေပြီ။ ဆိုရှယ်မီဒီယာပေါ် ကိုယ်ဘာမှမဖြစ်ဘူးဆိုတာသိလို့ ကီးဘုတ်သူရဲကောင်းလုပ်ပြီး တစ်ရာဖိုးသုံးပုဒ်တွေ လျှောက်တင်နေပေမယ့် တကယ်သွေးထွက်သံယိုဖြစ်လာမယ်ဆို အိမ်ပြင်ထွက် အသေခံမယ့်သူတွေ မဟုတ်ဘူး။
နောက်ကွာခြားတာတစ်ခုက လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်နေတဲ့ စစ်တပ်နဲ့ကြံ့ခိုင်ရေးကို ထောက်ခံသော လက်ဝေခံအဖွဲ့တွေ၊ လူမိုက်တွေနဲ့ ဘုန်းကြီးတွေဖြစ်တယ်။ ထရမ့်လက်ထက် အမေရိကန်မှာလို လူပြိန်းကြိုက်နိုင်ငံရေးနဲ့ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတာမို့ သူတို့ကို လုံးဝတွန်းလှန် ပပျောက်အောင် လုပ်ဖို့လည်း မလွယ်ဘူး။
No comments:
Post a Comment