ရခိုင်ပြည်အရေး (ဝါ) ဘင်္ဂါလီ/ရိုဟင်ဂျာအရေးကို ဖြေရှင်းရာမှာ (၁) သမိုင်းဆိုင်ရာ (၂) ဥပဒေကြောင်းဆိုင်ရာ (၃) ဘာသာရေးဆိုင်ရာ ချဉ်းကပ်မှု သုံးမျိုးလုံး ရလဒ်တစ်စုံတစ်ရာ ပေးနိုင်မယ် မထင်ပါဘူး။
ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ်ဆိုသလိုပဲ ရခိုင်သမိုင်းကို ဆွေးနွေးကြတဲ့အခါမှာလဲ အကျယ်ကျယ်မငြိမ်းဖွယ် ဖြစ်လာဖို့သာရှိတယ်။ သမိုင်းဆိုတာက ပြတ်ပြတ်သားသား အဖြေမပေးနိုင်ဘဲ လမ်းဆုံးမှာ မတိုး မဆုတ်သာ ဖြစ်စေတဲ့သဘောရှိတယ်။
ဥပဒေကြောင်းအရ သေသေချာချာ စကားပြောကြမယ်ဆိုရင် ဘယ်အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့မှ အမှန်တကယ် အံမဝင်ကြောင်း တွေ့ရလိမ့်မယ်။
ဘာသာရေးအရ ပြောမယ်ဆိုရင် ဘာသာတရားတိုင်းမှာ ကောင်းတဲ့အချက်ရော၊
ဆိုးတဲ့အချက်ပါ ဒွန်တွဲ ရှိစမြဲပဲ။ လူ့ရဲ့ လောဘ ဒေါသတွေကြောင့် ဖြစ်လာတဲ့
ပဋိပက္ခတွေအတွက် ယဉ်ကျေးမှုတစ်ခုလုံး၊ ကိုးကွယ်မှုတစ်ရပ်လုံးအပေါ် သိမ်းကြုံး
အပြစ်ရှာတာမျိုးက မလုပ်သင့်ဘူး။ တစ်ဖက်မှာ ဒီလိုမလုပ်သင့်ဘူးထင်ရင်
တခြားတစ်ဖက်မှာလဲ ဆင်ခြင်ကြဖို့လိုတယ်။

No comments:
Post a Comment