ရခိုင်အရေးကို ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ပတ်မှ စကားထွက်ပြောမယ်ဆိုရင်
နောက်တောင် နောက်ကျနေပြီ။ နိုင်ငံတော်အခြေပြ (State of the Union)
မိန့်ခွန်းလို့ဆိုပြန်တော့ တခြားအကြောင်းအရာတွေပါ လုံးထွေး ပါလာဦးမလားလဲ
မသေချာဘူး။
အခုအချိန်အထိ ဒေါ်စုရဲ့ အမှား တော်တော်များများဟာ လုပ်ခြင်းအမှား (errors of commission) ထက် မလုပ်ခြင်းအမှားတွေ (errors of omission) ဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ နိုင်ငံရေးအလုပ်လုပ်ရမယ်။ ပဋိပက္ခကြီး ဖြစ်လာတဲ့အခါမှာလဲ ကိုယ့်ရဲ့ နိုင်ငံရေးမူဘောင်ထဲ ဝင်လာအောင် ပုံဖော်ရ၊ စည်းရုံးရမယ်။
ရခိုင်အရေးမှာ ARSA နဲ့ တပ်ရဲ့ စစ်ရေး၊ လုံခြုံရေးအသွင် ဖော်ဆောင်မှုကို ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောပြီး နိုင်ငံရေး အမှုကိစ္စ လုပ်ခဲ့သင့်တယ်။
အဆုံးမတော့ သူ့ရဲ့ တိတ်ဆိတ်ခြင်းဟာ ရန်သူပြိုင်ဖက်များကို လက်နက်တပ်ဆင်ပေးလိုက်သလို ဖြစ်စေရုံသာမက မိတ်ဆွေများက ခုခံကာကွယ်ပေးဖို့လဲ ခက်ခဲစေတယ်။ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေရဲ့အာရုံကို လက်နက်ကိုင်တွေရဲ့ ကစားကွင်းဖြစ်တဲ့ လုံခြုံရေးနယ်ပယ်ထဲက ဆွဲမထုတ်နိုင်ဘဲ ဖြစ်သွားစေတယ်။

No comments:
Post a Comment