ပါရမီအင်စတီကျုတည်ထောင်သူက VOA အင်တာဗျူးမှာ သူ့အင်စတီကျုအနေနဲ့
ဘာကြောင့် Board of Trustee မထားချင်သေးသလဲဆိုတာကို ပြောသွားတယ်။
မြန်မာပြည် NGO က ဘုတ်အဖွဲ့ဝင်တွေဟာ ထိုင်ရုံပဲ ထိုင်ချင်ပြီး
အလုပ်မလုပ်ချင်ဘူးလို့ ဆိုလိုဟန်ရှိတယ်။
အဖွဲ့တိုင်းအတွက် မမှန်ပေမယ့် ကျွန်တော့်အတွေ့အကြုံအရ ဘုတ်ထဲမှာ လုပ်ငန်းကို တကယ် စိတ်မဝင်စားတဲ့ ရေသာခိုအချောင်လိုက်သူ (free rider) နှစ်ယောက် သုံးယောက်လောက် ပါလာရင်တောင် ဆုံးဖြတ်ချက်တွေဟာ အဆက်မပြတ် ထိတွေ့ဆက်ဆံနေတဲ့ ဘက်တစ်ဘက်ကို ယိမ်းသွားတတ်တယ်။ လုပ်နေရတဲ့ အုပ်စုကလဲ တို့က သိသမျှ တတ်သမျှ လုပ်ပေးနေတယ်ဆိုတဲ့ သဘောထားဝင်လာပြီး program နဲ့ agenda တွေကို အုပ်စီးမိသလို ဖြစ်လာတတ်တယ်။ လုပ်ချင်တာတွေ တူနေသရွေ့၊ ရေသာခို အချောင်လိုက်တဲ့သူက လိုက်နေသရွေ့ကတော့ ပြသနာမရှိဘူး။ မတူတဲ့ အချိန်ကျရင်သာ စည်းမျဉ်းစည်းကမ်းတွေ ချရေးထားတာမရှိရင်၊ ထိတွေ့ဆက်ဆံဖို့ မက်လောက်စရာ ဖွဲ့စည်းပုံ (incentive structure) မျိုး ရှိမနေရင် အကျပ်တွေ့တာပဲ။

ဒါ့ပြင်
ဘုတ်ကလဲ သူ့ကိုယ်သူ လည်တယ်လို့ ထင်မယ်။ Executive Director ကလဲ သူ့ကိုယ်သူ
ကျွမ်းကျင်လိမ်မာတယ်၊ ဘုတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်လို့
ထင်တယ်ဆိုတာမျိုးလဲရှိတယ်။ ဘုတ်ကို သူပိုင်တယ်ပေါ့။ သူကပါ ဘုတ်ထဲမှာ
ပါနေရင် ပိုရှုပ်ပြန်တယ်။ Staff လုပ်ရမယ့်ကိစ္စတွေကို board က အစအဆုံး
လိုက်လုပ်ပေးရင်းနဲ့ ဘုတ်အဖွဲ့ဝင်အနည်းစုနဲ့ executive ကပဲ ကိုယ်ဖြစ်ချင်တာ
ကိုယ်လုပ်သွားတာ၊ ဆုံးဖြတ်ချက်တွေပေးနေတာမျိုး ဖြစ်သွားတတ်တယ်။
စိတ်တူသဘောတူ၊ ရည်ရွယ်ချက်တူ တည်ထောင်ပြီး ဖွဲ့ထားတဲ့ ဘုတ်တွေမှာတောင်
အချိန်ကာလအလျောက် တချို့ ဘုတ်အဖွဲ့ဝင်တွေသော်လည်းကောင်း၊ executive
သော်လည်းကောင်း လူရည်လည် လူပါးဝလာတာမျိုးတွေ အများကြီး ဖြစ်နိုင်ပါတယ်။
No comments:
Post a Comment