အကြမ်းဖက်မှုခံရရင် 'ဥပဒေနဲ့အညီ' မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ စာထုတ်လိုက်တော့ ဘာထူးသွားမှာလဲ။ 'မင်းမဲ့ဝါဒ' အတွေးအခေါ်မှာ အစိုးရရှိတယ်ဆိုတာတောင် လက်မခံချင်လို့ တရားတဲ့ဥပဒေလည်း ချိုးဖောက်ပြကြသေးတာပဲ။ စာမထုတ်လည်း လူတွေက ကိုယ့်အသားထိလာရင် ပြန်လုပ်တာပါပဲ။ 'ဥပဒေနဲ့အညီ' ပြန်ချခွင့်ပေးတယ်ဆိုတာက 'နိုင်ငံရေးကိစ္စ' မဟုတ်ဘူးလား။
အခု နစက ဘက်က ပြောပြနေတဲ့ ဇာတ်ကြောင်းတွေကို တစ်ချက်ကြည့်လိုက်ဦး။ လူအုပ်က ရဲစခန်းကို လာတိုက်တာ၊ စက်ရုံတွေကို မီးရှို့တာ၊ မီးသတ်ကားတွေ မီးငြှိမ်းဖို့လာတာကို ပိတ်ဆို့တာတွေလို့ပဲ ပြောနေပြီ။ လူအကျအဆုံး၊ ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေကိုပြပြီး တပ်ကို "လက်မြှောက်ပါပြီ"လို့ ထွက်လာအောင်၊ ညှိနှိုင်းဆွေးနွေး စကားပြောလာအောင်တော့ လုပ်လို့မရနိုင်ဘူးထင်တာပဲ။
__________________________________
စီအာပီအိပ်ချ်ရဲ့ ယနေ့စာထွက်လာအပြီးမှာ နွေဦးတော်လှန်ရေးကို အကြမ်းမဖက်တဲ့ လှုပ်ရှားမှုလို့ မခေါ်ဆိုနိုင်တော့ပါဘူး။ စီအာပီအိပ်ခ်ျဟာလည်း စစ်တပ်နည်းတူ 'ဥပဒေ'ကို အသုံးချပြီး မိမိကိုယ်ကို ခုခံကာကွယ်ရန် အကြောင်းပြချက်နဲ့ အကြမ်းဖက်မှုကို အားပေးတဲ့ အဖွဲ့အစည်းဖြစ်သွားပါပြီ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသစ်တစ်ခုစီကို လမ်းကြောင်းတင်ပေးရာ ရောက်ပါတယ်။
No comments:
Post a Comment