Tuesday, March 9, 2021

 နစက အနေနဲ့ ဒေါက်တာဆာဆာ၊ ထင်လင်းအောင် နဲ့ ကုန်ကုန်ပြောရရင် CRPH ခေါင်းဆောင်တွေကိုတောင် သိပ်အရေးပါတယ်လို့ ထင်ဟန်မရှိပါဘူး။ လက်ရည်တူပြိုင်ဘက်များမဟုတ်ဘူးလို့ ယူဆပါလိမ့်မယ်။ ဦးကျော်မိုးထွန်း၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဝင်းမြတ်အေးတို့လို ပုဂ္ဂိုလ်မျိုးတွေကိုတော့ ပညာရှင်တွေလည်းဖြစ်၊ ဩဇာလွှမ်းမိုးမှုလည်း ကြီးမားတဲ့အတွက် သူတို့လှုပ်ရှားဆောင်ရွက်မှု‌မှန်သမျှကို ပိုမိုသတိထားတုံ့ပြန်လိမ့်မယ်။ နစက မီဒီယာက သတင်းတွေမှာလည်း ဒီအချက်ဟာ ပေါ်လွင်ပါတယ်။ CRPH ၊ ဒေါက်တာဆာဆာ တို့ကကျတော့ တစ်ဒင်္ဂမှာ လူကြိုက်များထောက်ခံမှုနဲ့ လူထုစိတ်အင်အားကို အများကြီး ဆွဲတင်ပေးနိုင်ပေမယ့် ရေရှည်တိုက်ပွဲမှာ ခြေမပေါ်နိုင်ပါဘူး။ အပေါ်ယံတက်ကြွလှုပ်ရှားမှု ဆန်ပါတယ်။

No comments:

Post a Comment