Wednesday, January 4, 2017

Floating Democrats ပေါလောမြော ဒီမိုကရက်များ

အင်ဒိုနီးရှားမှာ ဆူဟာတိုအလွန်ကာလ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ စနစ်ဟောင်းကလူတွေ မငြိုငြင်ရအောင် အလိုလိုက် အကြိုက်ဆောင်၊ ပေါင်းသင်းလုပ်ကိုင်ရင်း မိမိတို့ ပေါက်ဖွားရာ အခြေခံ အရင်းအမြစ်များနဲ့ တဖြည်းဖြည်း ကင်းကွာလာခဲ့တယ်။
ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည် ကြီးပွားရေးကိုပဲ ကြည့်ပြီး အစိတ်စိတ် အမြွှာမြွှာ အဖြစ်ခံလာကြတယ်။ နိုင်ငံရေးက အခွာခံပြီး အရပ်ဘက်လူ့အဖွဲ့အစည်းမှာပဲ လူစွာလုပ်လာကြတယ်။ 

အရင်အစိုးရရဲ့ အကျိုးစီးပွားတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ နိုင်ငံရေးစနစ်သစ်ကို ပုံသွင်းကြတဲ့အခါမှာ အရင်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူများဟာ အခု ပေါလောမြောနေတဲ့ ဒီမိုကရက်တွေ (Floating Democrats) ဖြစ်လာတော့တယ်။

ဒို့ဆီမှာရော Floating Democrats တွေ များလာနေပြီလား။ အမြစ်တွေမှ မရှိတာ။ ဘယ်လို ရှင်သန်နိုင်ကြမလဲ။ (December 16, 2016)

No comments:

Post a Comment