Tuesday, January 10, 2017

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဘယ်သူ့ကို ခန့်လိုက်တယ်ဆိုတာထက် ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တဲ့ ဒီရာထူးကို NLD အစိုးရအနေနဲ့ ဘာကြောင့် ဖန်တီးရသလဲဆိုတဲ့အချက်က ပိုစိတ်ဝင်စားစရာ ကောင်းတယ်။

လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန သုံးခုလုံးကလဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာရှိတယ်။ တစ်နှစ်နီးပါး အစိုးရသက်တမ်းအတွင်းမှာ မရှူနိုင် မကယ်နိုင် ပေါ်လာတဲ့ ပြဿ နာတွေကလဲ စစ်တပ်ပါဝင်ပတ်သက်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်က အများစုဖြစ်နေတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးကို ဖန်တီးခြင်းအားဖြင့် အရပ်သားအစိုးရနဲ့ စစ်တပ်ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ဖောက်တဲ့သဘော၊ လုံခြုံရေးကိစ္စကို အထူးပြု ကိုင်တွယ်ဖြေရှင်းနိုင်မယ့်သူ ရှာတဲ့သဘောပဲ။

ဒါပေမဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ တက်ရောက်ခွင့်ရှိသူစာရင်းထဲ မပါဘူး။ အစိုးရ မနှစ်က လုပ်ခဲ့သလို တကယ့် ကာ/လုံအစည်းအဝေး အပြည့်အစုံမခေါ်ဘဲ ကာကွယ်ရေး၊ လုံခြုံရေးကို ဆွေးနွေးတဲ့ အစည်းအဝေးဆိုပြီး မလိမ့်တစ်ပတ် ခေါ်တက်ခိုင်းရင်တော့ ရမယ်။

အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးရှုထောင့်က သုံးသပ်ရင်တော့ တိုးတက်မှုရယ်လို့ ပြောလို့မရဘူး။ လူပုဂ္ဂိုလ်အပိုင်းလဲ ပါလာမယ်။ ဒီမိုကရေစီနည်းလမ်းကျ အရပ်သားက စစ်သားရဲ့ လေးစားလိုက်နာမှုကို လိုချင်တယ်ဆိုရင်တော့ သင့်မြတ်မှုတစ်ခုထဲကိုပဲ ကြည့်လို့မရဘူး။ ခန့်အပ်ခံရတဲ့ပုဂ္ဂိုလ်ရဲ့ အရင်ရှိခဲ့ဖူးတဲ့ တပ်နဲ့ ဆက်ဆံရေးအင်အား၊ သူ့ရဲ့ စစ်အစိုးရလက်ထက် လုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်ကြည့်မှ အခုရာထူးမှာလဲ သူဘာလုပ်မယ်ဆိုတာကို သိနိုင်မယ်။

ခေါက်ရိုးကျိုး ဗြူရိုကရက်ဟောင်းတွေကို အလုပ်ဖြစ်ရေးအတွက် ကြားလူသဘောမျိုး စဉ်းစားတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အသစ်အဆန်းတွေ၊ ထူးထူးခြားခြားတွေလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။

No comments:

Post a Comment