နစက ပြောရေးဆိုခွင့်ရှိသူက အရေးပေါ်အခြေအနေဟာ နှစ်နှစ်ကြာနိုင်တယ်လို့ ပြောသွားတာရယ်၊ တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီနဲ့ အမျိုးသားအင်အားစုတွေ လောလောဆယ် ငြိမ်နေတာရယ်၊ တပ်မတော်နေ့က အငြိမ်းစားတပ်အရာရှိကြီးများကို စုံစုံလင်လင် မြင်တွေ့ရတာရယ်ကို ကြည့်ပြီး အကဲခတ်ရရင် ဒီအခင်းအကျင်းဟာ တပ်ရဲ့ ကာလလတ် ထွက်ရပ်လမ်း ဖြစ်ဟန်တူပါတယ်။
အခုအချိန်မှာ 'အားလုံးအတွက် ငဝက်က ဒဏ်ခံ' ဆိုတာမျိုး ဖြစ်နေပေမယ့် စစ်တပ်ဆိုတာ နိုင်ငံအာဏာကို ထာဝစဉ်ယူထားလို့ မရပါဘူး။ ဒါကြောင့် တပ်က ချန်ထားတဲ့ တစ်ကွက်ကောင်းဟာ နောက်လုပ်ပေးမယ့် ရွေးကောက်ပွဲနဲ့ သူ့မိတ်ဆွေလို့ သဘောထားတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေပဲ ဖြစ်လိမ့်မယ်။
အဲဒီပါတီတွေ၊ အဖွဲ့တွေကို လက်ရှိအခြေအနေမှာ သိပ်ဝင်မပါခိုင်းတော့တာလည်း နေရာ၊ ထွက်ပေါက် ချန်ထားတာပါပဲ။ နောက်သုံးလေးနှစ် တပ်မှာ ခေါင်းဆောင်မှုပြောင်း၊ မျိုးဆက်ပြောင်းချိန်နဲ့ အရပ်သားတစ်ပိုင်းအစိုးရတစ်ရပ် ပြန်ပေါ်ပေါက်လာချိန်ကျရင် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်ဖို့ စဉ်းစားမှာပါ။
ဒီထွက်ပေါက်ကထွက်ရင် ဖက်ဒရယ်ဒီမိုကရေစီကိုတော့ ရောက်ချင်မှ ရောက်မှာဖြစ်တယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံက ပြဋ္ဌာန်းထားသော တပ်စိတ်ကြိုက် စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ကိုတော့ ပြန်ရောက်သွားမှာဖြစ်ပါတယ်။
No comments:
Post a Comment