- မြန်မာနိုင်ငံမှ မနေ့က ဖြစ်သွားတဲ့ဖြစ်စဉ်ကို သမ္မတဘိုင်ဒန်ရဲ့ အမေရိကန်အစိုးရက ကြေညာချက်ထုတ်ရာမှာ အာဏာသိမ်းမှု "coup" လို့တောင် မသုံးနှုန်းပါဘူး။ "The military's seizure of power" လို့သာ သုံးထားပါတယ်။
- အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြန်မာစစ်တပ်ကို အာဏာသိမ်းစစ်အစိုးရအဖြစ် မရှုတ်ချသေးခင် တရုတ်ကို ဝိုင်းချုပ်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မလား စကားပြောကြည့်ချင်သေးကြောင်း ပြသတာပါပဲ။
- တရုတ်ကိုသာ ထိန်းမယ်ဆိုရင် အမေရိကန်က စစ်တပ်နဲ့ပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်တဲ့အထိ စဉ်းစားမှာ အမှန်ပါပဲ။
- ဒါပေမဲ့ မြန်မာစစ်တပ်အနေနဲ့ကလည်း ၁၉၆၈ တုန်းက ဦးနေဝင်းအစိုးရ တရုတ်ကို ကန်ခဲ့သလောက် ဒီနေ့တရုတ်ကို ကန်လို့၊ အာခံလို့ မရနိုင်ပါဘူး။ တရုတ်က စီးပွားရေး၊ နိုင်ငံရေး အင်အားကြီးနိုင်ငံ ဖြစ်လာတဲ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖင် ဟာ ကမ္ဘာမှာ အာဏာအရှိဆုံးခေါင်းဆောင်တစ်ဦး ဖြစ်နေပါပြီ။
- တရုတ်က သူ့ကို လမ်းကြောင်းပေးမယ့်သူဆိုရင် စစ်တပ်ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် မြွေမသေ တုတ်မကျိုး ဆက်လက် ဆက်ဆံမှာဖြစ်ပါတယ်။ သူ့အကျိုးစီးပွားအတွက် ဒေါ်စု ပြန်အာဏာရမှ ဖြစ်မယ်ဆိုလည်း အဲဒါကို ထောက်ခံမှာပါ။
- ဒါကြောင့် မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်သည်ဖြစ်စေ၊ အရပ်သားကအုပ်ချုပ်သည်ဖြစ်စေ အနောက်အုပ်စုနဲ့ တရုတ်အကြား လိမ္မာပါးနပ်စွာ လိုက်လျောညီထွေ နေထိုင်တဲ့ နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးဖို့ လိုပါတယ်။
No comments:
Post a Comment