Wednesday, February 10, 2021

Parody of Resistance

 စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသဖို့ သီဟတင်စိုးရုပ်ရှင်ထဲကလို အံတွေ အတင်းကြိတ်၊ လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အော်ပြရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလို သီချင်းနှစ်ပုဒ်ပဲ လှည့်ဖွင့်ပြီး ဖက်ရှင်ရှိုးလိုလို၊ သင်္ကြန်သံချပ်လိုလို၊ ဘောလုံးအသင်း ချန်ပီယံဆုရသလိုလို ဆင်နွှဲနေတာကတော့ ရေနစ်တဲ့သူက 'ကျွန်တော်ရေနစ်နေပြီ'ဆိုပြီး ရေထဲ ယက်ကန်ယက်ကန်နဲ့ စပ်ဖြီးဖြီး ပြောင်ပြနေသလိုဖြစ်မှာပေါ့။ နောက်ပြီး လွှင့်နေတဲ့အလံအများစုကလည်း ပါတီကြီးတစ်ခုတည်းရဲ့အလံ။ ကြွေးကြော်သံမှာလည်း သစ်တာဆိုလို့ 'ရုံးမတက်နဲ့။ ရုန်းထွက်" တစ်ခုလောက်ပဲ ပါတယ်။ 'နဖူးပြောင်ပြောင် ဦးမောင်မောင်၊ အရူးထောင်ကို ပို့လိုက် ပို့လိုက်' တို့၊ 'ရရင်ရ မရရင်ချ၊ ရရမရရ ချ' တို့လို ၁၉၈၈ က ပေါကြောင်ကြောင် ကြွေးကြော်သံမျိုးတွေ ပေါ်မလာသေးတာပဲ တော်သေးတယ်။ Generation Z ကို မြှောက်ပေးတဲ့အထဲ ကျွန်တော်တော့ မပါဘူး။ အထင်သေးတာမဟုတ်။ အောက်သက် မကြေဘူးထင်လို့။ ကလေးတွေကို နောက်က ‌မြှောက်ပေးပြီး လမ်းမပြတဲ့ထဲမှာ တို့မပါ။ ပါရင်လည်း တို့မဟုတ်။

No comments:

Post a Comment