Thursday, February 11, 2021

မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားများ ဆန္ဒပြရာမှာ ပါဝင်မှု

 မြန်မာပြည်ဖွား မြန်မာနိုင်ငံသား တရုတ်တွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတာကို ကန့်ကွက်စရာမရှိပေမယ့် တရုတ်နိုင်ငံကို အလွန်အကျွံ သွားဖိအားပေးလို့ အလကားပါပဲ။ တရုတ်စာနဲ့ရေးလို့ တရုတ်ဆိုရှယ်မီဒီယာမှာ #ထိုင်ဝမ်#ဟောင်ကောင် က တရုတ်လူမျိုးတွေဆီကတစ်ဆင့် ပေကျင်းနားကို ပြန်ပေါက်အောင်လုပ်တယ်ဆိုတာမျိုးက ပိုတောင်အဓိပ္ပာယ်မရှိပါဘူး။ တရုတ်အစိုးရက အဲန်အယ်လ်ဒီအစိုးရ သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးကို အတော်နားလည်သိရှိတဲ့ အနေအထား ရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကို သူ့အကျိုးစီးပွားအတွက် သူ့ဘာသာသူကြည့်ပြီး ဆုံးဖြတ်မှာပါပဲ။ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေ အတိုက်ခိုက်ခံရလည်း တရုတ်အစိုးရက ဝင်စွက်ဖက်ဖို့ မရှိပါဘူး။ မြန်မာ့ပြည်တွင်းရေးလို့သာ ပြောမှာပါ။ ဒါဆိုရင် မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ပါဝင်နေတာက ကိုယ်ထူကိုယ်ထသဘော ပိုဆောင်ပါတယ်။ ၁၉၆၇ တုန်းက တရုတ်-ဗမာအရေးအခင်းပုံစံ ဖြစ်မလာစေဖို့ ကြိုတင် ကာကွယ်ချင်တာလည်း တစ်ဝက်မက ပါပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သံရုံးရှေ့ ဆန္ဒသွားပြရုံနဲ့ တရုတ်အစိုးရက နားထောင်မှာမဟုတ်တာတော့ သေချာပါတယ်။

No comments:

Post a Comment