မြန်မာနိုင်ငံမှာ စစ်တပ်က မြေရှင်ပဒေသရာဇ်လူတန်းစား Feudal Class ၊ မြို့နေပညာတတ်နဲ့ ကုန်သည်လယ်လုပ်က Bourgeoisie and Petite Bourgeoisie ၊ ပျံကျနဲ့ နေ့စားလုပ်သား (၅၀၀၀ စားလို့ အခေါ်ခံနေရသူတွေ)
က Lumpenproletariat ။ စက်ရုံအလုပ်ရုံလုပ်သား Proletariat က Gen Z ၊ CDM စတာတွေကြား မထင်မရှားဖြစ်နေတယ်။ လက်ရှိမြန်မာပြည်မှာ မြင်တွေ့နေရတာက José Nun ပြောတဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဒီမိုကရေစီနည်းနဲ့တင်မြှောက်ထားတဲ့ လက်ဝဲအစိုးရတွေကို ဖြုတ်ချပစ်သော Middle-Class Coup မျိုးနဲ့လည်း မတူဘူး။ ပဒေသရာဇ်နဲ့ ဘူဇွာလူတန်းစားတို့ရဲ့ ပဋိပက္ခအသွင်သာ ဆောင်နေတယ်။ ဒါဟာတော်လှန်ရေးဆိုရင်တောင် Proletariat Revolution မဟုတ်ဘူး။ Bourgeois Revolution သာဖြစ်တယ်။ အဲဒီမှာမှ Lumpenproletariat ဟာ ပဒေသရာဇ်လူတန်းစားရဲ့ အကြမ်းဖက်ဖိနှိပ်မှု အစမ်းသပ်ခံအဖြစ်ရော (မန္တလေးသင်္ဘောကျင်းဖြစ်စဉ်)၊ အကြမ်းဖက်မှုလုပ်ဆောင်ရန် နယ်ရုပ်လေးတွေ (Vigilantes) အဖြစ်ပါ အသုံးချခံနေရတယ်။ ဘူဇွာလူတန်းစားရဲ့ အထင်သေးရှုတ်ချမှုကို ခံရတယ်။
No comments:
Post a Comment