Monday, February 8, 2021

 ကိုယ်နဲ့ နိုင်ငံရေးအယူအဆ မတူသူတွေကို ဆွေစဉ်မျိုးဆက်အထိ လိုက်ပြီး အရှက်ခွဲ ရှုတ်ချ ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်က လူတစ်ဦးချင်း အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီစနစ်က လာတာမဟုတ်ပါဘူး။ ပဒေသရာဇ် feudal အတွေးအခေါ်ဖြစ်ပါတယ်။ ဒါဆို အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ခဲ့ရာမှာ ဘာကြောင့် မိသားစုဝင်တွေအထိ လိုက်ပိတ်ခဲ့သလဲလို့ မေးစရာဖြစ်ပါတယ်။ မြန်မာ့လူ့ဘောင်ကိုက ပဒေသရာဇ်စနစ် ဖြစ်နေသေးလို့ မိမိစနစ်ကို ပြန်ထင်ဟပ်တဲ့ ဒဏ်ခတ်မှုမျိုးကို အနောက်နိုင်ငံတွေဆီက ရတယ်လို့ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ တော်ဝင် ဘုရင်မသဖွယ် ဖြစ်ပေမဲ့ သူ့ကို ဆက်ခံမယ့် နန်းလျာလောင်းတွေ မရှိပါဘူး။ ဒါကြောင့် အဲန်အယ်လ်ဒီအတွက် ဒေါ်စုအလွန် နိုင်ငံရေးမှာ ပုံမှန်အတိုင်းသွားနေရင်တောင် အခက်အခဲကြုံလာမှာပါ။

No comments:

Post a Comment